ရသေ့တောင် သမီးလှရွာဟောင်းမှာ နေအိမ် ၁၅ လုံးမီးလောင်ပျက်စီးသွား

ရသေ့တောင် သမီးလှရွာဟောင်းမှာ နေအိမ် ၁၅ လုံးမီးလောင်ပျက်စီးသွား

ရသေ့တောင်၊ဖေဖော်ဝါရီ ၁၁- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ရက္ခူ တိုင်(သမီးလှရွာဟောင်း ကုန်တန်း) ကျေးရွာမှာ လူနေအိမ် ၁၅ လုံးတိတိ မီးလောင်ပျက်စီးသွာကြောင်း မနေ့ ဖေဖော်ဝါရီလ ၁၀ ရက်က ဒေသခံတွေရဲ့သတင်းပေးပို့ချက်အရ သိရပါတယ်။

အဲ့ဒီလိုမျိုး မိမိတို့ရဲ့ ကျေးရွာတွင်းက နေအိမ် ၁၅ လုံးတိတိ မီးလောင်မှုကြောင့်ဆုံးရှူုံးသွားခြင်းမှာ တပ်မတော်ရဲ့ လက်ချက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

” သမီးလှရွာဟောင်း ရက္ခူ တိုင်ရွာမှာ အိမ်တွေကို မီးလောင်တာမှာ အိမ်တွေစရင်းအတိကျ ပြောပြပါမယ်။ မီးလောင်သွာတာနေ အိမ်အားလုံး ၁၅ လုံးလောက်ရှိတယ်။ တပ်မတော်စစ်ကြောင်းက အခုပဲရွာကထွက်သွားတယ်။ ” လို့ သမီးလှရွာဟောင်းက ဒေသခံပညာရေးဝန်ထမ်းတစ်ဦးက မနေ့က ဆက်သွယ်စဉ် ပြောပါတယ်။

မီးလောင်ပျက်စီးသွားတဲ့ နေအိမ်ပိုင်ရှင်တွေမှာ ဦးဦးကျော်ဝင်း၊ ဦးမောင်သိန်း၊ ဒေါ်ဝေကျန်ဖြူ ၊ ဦးဘိုချေ၊ ဦးစောလဖော်၊ ဦးစောအောင်သိန်း၊ ဦးမောင်အေးသိန်း၊ ဦးမောင်စောဝင်း မိခင်၊ ဦးဦးသိန်းမောင်၊ ဦးသိန်းထွန်းမောင်၊ ဦးလှစိန်ထွန်း၊ ဦးဗက်သာအောင်၊ ဦးကျော်ဝင်း၊ ဦးစိုးသိန်းမောင်နဲ့ ဦးမောင်ထွန်းလှ နေအိမ်တို့ဖြစ်ကြောင်း သမီးလှရွာဟောင်းက ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။

” သူတို့က ကျနော်တို့ သမီးလှရွာဟောင်းကို တမင်သက်သက် မီးတိုက်သလို့ဖြစ်နေတယ်။ ရွာတစ်ရွာမှာ အိမ်ပေါင်း ၁၅ ဆောင်၊ ၁၆ ဆောင်လောက်မီးလောင်သွားတယ် ဆိုကတည်းက စဉ်းစားလို့ရတယ်။ စစ်သားတွေမရှိတော့ဘူး။ ရွာကအကုန်ထွက်သွားပြီ။” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

ဒီသမီးလှရွာဟောင်းက နေအိမ် ၁၅ လုံးတိတိ မီးလောင်မှု အကြောင်းအရာနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူ းကြီးဝင်းဇော်ဦးနဲ့ အတွင်းရေးမှူ းဗိုလ်မှူ းချုပ်ဇောမင်းထွန်းတို့ကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း အဲ့ဒီ သမီးလှရွာဟောင်းကျေးရွာမှာ မီးလောင်မှုတစ်ချို့ဖြစ်ပွားခဲ့ပြီး မီးလောင်တယ်လို့သာသိရှိရပေမယ့် အိမ်ဘယ်နှစ်ဆောင်လောင်သွားတယ်ဆိုတာ အတိအကျမသိရှိခဲ့တာ ဖြစ်ပါတယ်။

#vom #voiceofmyanmar #ရသေ့တောင် #သမီးလှရွာဟောင်း #နေအိမ်၁၅လုံးမီးလောင်

zawgyi


ခိုင်လင်းစံ (VOM)









Related posts

Leave a Comment

VOM News

FREE
VIEW