ကျောက်တော်မှာ ပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် ကလေးတစ်ဦးသေပြီး ကိုယ်ဝန်သည်တစ်ဦးနဲ့ ကလေး ၄ ဦးဒဏ်ရာရ

ကျောက်တော်မှာ ပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် ကလေးတစ်ဦးသေပြီး ကိုယ်ဝန်သည်တစ်ဦးနဲ့ ကလေး ၄ ဦးဒဏ်ရာရ

ကျောက်တော်၊ ဖေဖော်ဝါရီ ၁၁- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဂါပုနဲ့ မျောက်တောင်ကျေးရွာတွေမှာ မနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ က ပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် အသက် ၉ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ် ၄ ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဂါပုကျေးရွာ ပေါက်ကွဲမှုဖြစ်စဉ်မှာ ကလေးငယ် ၅ ဦးပါဝင်ပြီး၊ ၉ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားပြီး ကျန်လေးဦးဟာ ဒဏ်ရာရရှိကာ ကျောက်တော်ဆေးရုံကို ရောက်ရှိနေတယ်လို့လည်း သိရပါတယ်။

” ဒဏ်ရာရတာက ၅ ယောက်နဲ့ သေဆုံးသွားတာ ၁ ယောက်ရှိတယ်။ ယင်းမှာက လူတွေပြောတာက လက်နက်ကြီးတစ်ခုခု ကောက်ရလာတယ်။ အဲ့ဒါကိုကလေးတွေက မသိပဲနဲ့ ကစားကြတာမှာ ပေါက်ကွဲပြီးတော့ ဒဏ်ရာရကြတာလို့ ပြောကြတယ်။” လို့ ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီ ကလေးတစ်ဦးသေပြီး ၄ ဦးဒဏ်ရာရရှိသွားတဲ့ ဂါပုကျေးရွာက ကလေးတွေကတော့ မနှင်းအေး အသက် (၆) နှစ်၊ မောင်ဟိန်းထိုက် အသက် (၄) နှစ်၊ မောင်ခိုင်ကျော်လင်း (၉) နှစ်၊ မနေယံမိုး အသက်(၉) နှစ်၊ မမဲမနု အသက် (၁၂) နှစ်နဲ့ မနေယံစိုး အသက် (၇) နှစ် တို့ဖြစ်ပြီး အသက် (၉) နှစ်အရွယ် မောင်ခိုင်ကျော်လင်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒဏ်ရာရှိသွားတဲ့ ကလေးတွေမှာ ခန္ဓာကိုယ်တွေအနှံ့အပြား ဒဏ်ရာရရှိသွားတာ ဖြစ်တယ်လို့ ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မျောက်တောင်ကျေးရွာက ဒဏ်ရာရရှိသူ ဒေါ်ဆန်းဆန်းဌေး အသက် ၂၅ နှစ်မှာ ကိုယ်ဝန်သည် ၄ လရှိတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး လည်ပင်းနောက်ဖက်မှာ ဒဏ်ရာရရှိသွားပြီး လက်နက်ကြီးကျည်ကျသွားတယ်လို့ သိရပါတယ်။

အဲ့ဒီ လက်နက်ကြီးကျည်ဒဏ်ရာတွေကြောင့် ကျောက်တော်ဆေးရုံကို ကူညီပို့ဆောင်ပေးတဲ့ ဖြူစင်မေတ္တာပရဟိတအဖွဲ့က တာဝန်ရှိသူတစ်ဦးက ” လက်နက်ကြီးကျရောက်ပြီးတော့ ပေါက်ပြီးတော့ လက်နက်ကြီးကျည်စ ကျသွားတာလို့ သိရပါတယ်။ ဂုတ်ဆစ်( လည်ပင်းနောက်ကျောဖက်) မှာထိသွားတာ။” လို့ ပြောပါတယ်။

ကျောက်တော်မြို့နယ် ကုလားတန်မြစ်ကမ်းဖက်မှာရှိတဲ့ ကျေးရွာတွေဖက်မှာ ယနေ့ ဖေဖော်ဝါရီလ ၁၁ရက် ၃ နာရီကျော်ကဆက်သွယ်ရာ ယခုအချိန်ထိ ပစ်ခတ်သံတွေကြားနေရကြောင်း ကျောက်တော်မြို့ဒေသခံတွေက ပြောပြချက်အရ သိရပါတယ်။

ကျောက်တော်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က” အဲ့ဒီသတင်တွေတော့ကြားမိတယ်။ နေရာတိုင်းမှာတော့ ဟိုနားဒီနားတော့ ပေါက်သံတွေကြားတယ်။ နေ့တိုင်းလိုလိုကြားရတယ်။ မနက်မိုးလင်းက နေဝင်တဲ့အထိပဲ။ ထိခိုက်ဒဏ်ရာရတာကတော့ လူတွေကတော့ အများကြီးရှိဖို့ထင်တယ်။ ကျနော်တ့ိုကြားသလောက်ကတော့ တစ်ယောက်နှစ်ယောက်ပဲ။ ကျွဲ၊နွားတိရစ္ဆာန်တွေရော အရပ်သားပြည်သူတွေပါ ရှိမယ်ထင်တယ်။” လို့ ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကုလားတန်မြစ်ကြောင်းဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးငယ်တွေကျရောက် ထိမှန်တဲ့အတွက် ကျောက်တော်မြို့နယ်၊ ဒက်ဖြူကျေးရွာက နွား ၃ ကောင်သေဆုံးသွားပြီး ဒဏ်ရာရရှိသွားတဲ့ နွားအချို့လည်းရှိတယ်လို့ သိရပါတယ်။

မနေ့က ကျောက်တော်မြို့နယ်၊ တောင်ဘွေကျေးရွာမှာ လက်နက်ကြီးကျည်ထိမှန်ပြီး မူဆလင်အရပ်သား ၃ ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ကျောက်တော် #သမီးလှကျေးရွာ #ပေါက်ကွဲမှု #အိမ်၁၅လုံးမီးလောင်

Zawgyi

ေက်ာက္ေတာ္မွာ ေပါက္ကြဲမႈျဖစ္စဥ္ေတြေၾကာင္႔ ကေလးတစ္ဦးေသၿပီး ကိုယ္ဝန္သည္တစ္ဦးနဲ႔ ကေလး ၄ ဦးဒဏ္ရာရ

ေက်ာက္ေတာ္၊ ေဖေဖာ္ဝါရီ ၁၁- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ဂါပုနဲ႔ ေမ်ာက္ေတာင္ေက်းရြာေတြမွာ မေန႔ ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔ က ေပါက္ကြဲမႈျဖစ္စဥ္ေတြေၾကာင္႔ အသက္ ၉ ႏွစ္အရြယ္ကေလးတစ္ဦးေသဆံုးၿပီး ကိုယ္ဝန္သည္ အမ်ိဳးသမီးတစ္ဦးနဲ႔ ကေလးငယ္ ၄ ဦးဒဏ္ရာရ႐ွိသြားတယ္လုိ႔ သိရပါတယ္။

ဂါပုေက်းရြာ ေပါက္ကြဲမႈျဖစ္စဥ္မွာ ကေလးငယ္ ၅ ဦးပါဝင္ၿပီး၊ ၉ ႏွစ္အရြယ္ကေလးငယ္တစ္ဦး ေသဆံုးသြားၿပီး က်န္ေလးဦးဟာ ဒဏ္ရာရ႐ွိကာ ေက်ာက္ေတာ္ေဆးရံုကို ေရာက္႐ွိေနတယ္လို႔လည္း သိရပါတယ္။

” ဒဏ္ရာရတာက ၅ ေယာက္နဲ႔ ေသဆံုးသြားတာ ၁ ေယာက္႐ွိတယ္။ ယင္းမွာက လူေတြေျပာတာက လက္နက္ႀကီးတစ္ခုခု ေကာက္ရလာတယ္။ အဲ့ဒါကိုကေလးေတြက မသိပဲနဲ႔ ကစားၾကတာမွာ ေပါက္ကြဲၿပီးေတာ့ ဒဏ္ရာရၾကတာလို႔ ေျပာၾကတယ္။” လို႔ ေက်ာက္ေတာ္ၿမိဳ႕ ျဖဴစင္ေမတၱာပရဟိတအဖြဲ႔မွ တာဝန္႐ွိသူတစ္ဦးက ေျပာပါတယ္။

အဲ့ဒီ ကေလးတစ္ဦးေသၿပီး ၄ ဦးဒဏ္ရာရ႐ွိသြားတဲ႔ ဂါပုေက်းရြာက ကေလးေတြကေတာ့ မႏွင္းေအး အသက္ (၆) ႏွစ္၊ ေမာင္ဟိန္းထိုက္ အသက္ (၄) ႏွစ္၊ ေမာင္ခိုင္ေက်ာ္လင္း (၉) ႏွစ္၊ မေနယံမိုး အသက္(၉) ႏွစ္၊ မမဲမႏု အသက္ (၁၂) ႏွစ္နဲ႔ မေနယံစိုး အသက္ (၇) ႏွစ္ တို႔ျဖစ္ၿပီး အသက္ (၉) ႏွစ္အရြယ္ ေမာင္ခိုင္ေက်ာ္လင္းမွာ ေသဆံုးသြားတယ္လို႔ သိရပါတယ္။

ဒဏ္ရာ႐ွိသြားတဲ႔ ကေလးေတြမွာ ခႏၶာကိုယ္ေတြအႏွံ႔အျပား ဒဏ္ရာရရွိသြားတာ ျဖစ္တယ္လို႔ ေက်ာက္ေတာ္ၿမိဳ႕ ျဖဴစင္ေမတၱာပရဟိတအဖြဲ႔မွ တာဝန္႐ွိသူတစ္ဦးက ေျပာပါတယ္။

ေမ်ာက္ေတာင္ေက်းရြာက ဒဏ္ရာရ႐ွိသူ ေဒၚဆန္းဆန္းေဌး အသက္ ၂၅ ႏွစ္မွာ ကိုယ္ဝန္သည္ ၄ လရွိတဲ႔ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး လည္ပင္းေနာက္ဖက္မွာ ဒဏ္ရာရ႐ွိသြားၿပီး လက္နက္ႀကီးက်ည္က်သြားတယ္လို႔ သိရပါတယ္။

အဲ႔ဒီ လက္နက္ႀကီးက်ည္ဒဏ္ရာေတြေၾကာင့္ ေက်ာက္ေတာ္ေဆးရံုကို ကူညီပို႔ေဆာင္ေပးတဲ႔ ျဖဴစင္ေမတၱာပရဟိတအဖြဲ႔က တာဝန္႐ွိသူတစ္ဦးက ” လက္နက္ႀကီးက်ေရာက္ၿပီးေတာ့ ေပါက္ၿပီးေတာ့ လက္နက္ႀကီးက်ည္စ က်သြားတာလို႔ သိရပါတယ္။ ဂုတ္ဆစ္( လည္ပင္းေနာက္ေက်ာဖက္) မွာထိသြားတာ။” လို႔ ေျပာပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ ကုလားတန္ျမစ္ကမ္းဖက္မွာ႐ွိတဲ့ ေက်းရြာေတြဖက္မွာ ယေန႔ ေဖေဖာ္ဝါရီလ ၁၁ရက္ ၃ နာရီေက်ာ္ကဆက္သြယ္ရာ ယခုအခ်ိန္ထိ ပစ္ခတ္သံေတြၾကားေနရေၾကာင္း ေက်ာက္ေတာ္ၿမိဳ႕ေဒသခံေတြက ေျပာျပခ်က္အရ သိရပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္က” အဲ့ဒီသတင္ေတြေတာ့ၾကားမိတယ္။ ေနရာတိုင္းမွာေတာ့ ဟိုနားဒီနားေတာ့ ေပါက္သံေတြၾကားတယ္။ ေန႔တိုင္းလိုလိုၾကားရတယ္။ မနက္မိုးလင္းက ေနဝင္တဲ႔အထိပဲ။ ထိခိုက္ဒဏ္ရာရတာကေတာ့ လူေတြကေတာ့ အမ်ားႀကီး႐ွိဖို႔ထင္တယ္။ က်ေနာ္တ႔ိုၾကားသေလာက္ကေတာ့ တစ္ေယာက္ႏွစ္ေယာက္ပဲ။ ကြၽဲ၊ႏြားတိရစာၦန္ေတြေရာ အရပ္သားျပည္သူေတြပါ ႐ွိမယ္ထင္တယ္။” လို႔ ေျပာပါတယ္။

မေန႔ ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔က ကုလားတန္ျမစ္ေၾကာင္းဘက္က ပစ္ခတ္လိုက္တဲ့ လက္နက္ႀကီးငယ္ေတြက်ေရာက္ ထိမွန္တဲ့အတြက္ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ဒက္ျဖဴေက်းရြာက ႏြား ၃ ေကာင္ေသဆံုးသြားၿပီး ဒဏ္ရာရရွိသြားတ႔ဲ ႏြားအခ်ိဳ႕လည္းရွိတယ္လို႔ သိရပါတယ္။

မေန႔က ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေတာင္ေဘြေက်းရြာမွာ လက္နက္ႀကီးက်ည္ထိမွန္ၿပီး မူဆလင္အရပ္သား ၃ ဦးဒဏ္ရာရ႐ွိသြားတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ေက်ာက္ေတာ္ #သမီးလွေက်းရြာ #ေပါက္ကြဲမွဳ #အိမ္၁၅လံုးမီးေလာင္

Related posts

Leave a Comment

VOM News

FREE
VIEW