စိန့်မာတင်ကျွန်းအနီး ဘင်္ဂါလီစက်လှေတိမ်းမှောက်၊ ဒုက္ခသည် ၁၆ ဦးသေဆုံး

စိန့်မာတင်ကျွန်းအနီး ဘင်္ဂါလီစက်လှေတိမ်းမှောက်၊ ဒုက္ခသည် ၁၆ ဦးသေဆုံး

ဒါကာ၊ ဖေဖော်ဝါရီ-၁၁-၂၀၂၀
မျိုးဆက် (VOM)

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွေမှ ဘင်္ဂါလီ၁၂၅ ဦးကိုတင်ဆောင်ထားတဲ့ စက်လှေတစ်စီးဟာ ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖေဖော်ဝါရီ ၁၁ ရက်အစောပိုင်းက နစ်မြုပ်သွားတာကြောင့် ၁၆ ဦးထက်မနည်းသေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

အဲဒီလှေဟာ ဘင်္ဂလားပင်လယ်အော်ထဲက စိန့်မာတင်ကျွန်းမှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး အမျိုးသမီး ၁၄ ဦး၊ ကလေးငယ်တစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ရဲ့ ရုပ်အလောင်းတွေကို ကမ်းခြေစောင့်တပ်ဖွဲ့၊ ရေတပ်က ရေငုပ်သမားတွေနဲ့ အခြားကယ်ဆယ်ရေးသမားတွေဟာ ဆယ်ယူခဲ့ကြပါတယ်။

အခင်းဖြစ်ပွားရာနေရာမှ ဘင်္ဂါလီဒုက္ခသည် ၆၂ ဦးကို ကယ်တင်နိုင်ခဲ့ပြီး အဲဒီစက်လှေဟာ မလေးရှားကို ဦးတည်သွားရောက်နေတာဖြစ်ပြီး အချိန်းအချက်နေရာတွေကနေ ဒုက္ခသည်တွေကို တင်ဆောင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဆယ်ယူရရှိခဲ့တဲ့ ရုပ်အလောင်းတွေကို အနီးအနားမှာရှိတဲ့ ဆာဟာပိုရစ်ကျွန်းကို ပို့ဆောင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်နေကြပါတယ်။ ဒါပေမယ့် လူဘယ်လောက်ပျောက်ဆုံး နေတယ်ဆိုတာကိုတော့ တာဝန်ရှိသူတွေက အတိအကျပြောဆိုတာမျိုးမရှိသေးပါဘူး။

လူကုန်ကူးသူတွေဟာ နိုင်ငံရပ်ခြားမှာ ကောင်းမွန်တဲ့ ဘဝနေထိုင်မှုတွေရှိမယ်ဆိုတဲ့ မက်လုံးတွေနဲ့ ဒုက္ခသည်တွေကို ဆွဲဆောင်စည်းရုံးလေ့ရှိပြီး တစ်ခြားနိုင်ငံတွေကို စက်လှေတွေနဲ့ တရားမဝင်သွားရောက်ဖို့ ကြိုးစားမှုတွေကို ကမ်းခြေစောင့်တပ်တွေက တားဆီးမှုတွေပြုခဲ့ရပါတယ်။

Ref :AP
Photo: Getty Images
#vom #voiceofmyanmar #စိန့်မာတင်ကျွန်းအနီးဘင်္ဂါလီစက်လှေတိမ်းမှောက်

Zawgyi

စိန္႔မာတင္ကြ်န္းအနီး ဘဂၤါလီစက္ေလွတိမ္းေမွာက္၊ ဒုကၡသည္ ၁၆ ဦးေသဆံုး

ဒါကာ၊ ေဖေဖာ္၀ါရီ-၁၁-၂၀၂၀
မ်ိဳးဆက္ (VOM)

ဘဂၤလားေဒ႔ရွ္ရိွ ဒုကၡသည္စခန္းေတြမွ ဘဂၤါလီ၁၂၅ ဦးကိုတင္ေဆာင္ထားတဲ႔ စက္ေလွတစ္စီးဟာ ဘဂၤလားပင္လယ္ေအာ္ထဲမွာ ေဖေဖာ္၀ါရီ ၁၁ ရက္အေစာပိုင္းက နစ္ျမဳပ္သြားတာေၾကာင္႔ ၁၆ ဦးထက္မနည္းေသဆံုးသြားတယ္လို႔ တာ၀န္ရိွသူေတြကေျပာပါတယ္။

အဲဒီေလွဟာ ဘဂၤလားပင္လယ္ေအာ္ထဲက စိန္႔မာတင္ကြ်န္းမွာ နစ္ျမဳပ္ခဲ႔တာျဖစ္ျပီး အမ်ိဳးသမီး ၁၄ ဦး၊ ကေလးငယ္တစ္ဦးနဲ႔ အမ်ိဳးသားတစ္ဦးတို႔ရဲ႕ ရုပ္အေလာင္းေတြကို ကမ္းေျခေစာင္႔တပ္ဖြဲ႔၊ ေရတပ္က ေရငုပ္သမားေတြနဲ႔ အျခားကယ္ဆယ္ေရးသမားေတြဟာ ဆယ္ယူခဲ႔ၾကပါတယ္။

အခင္းျဖစ္ပြားရာေနရာမွ ဘဂၤါလီဒုကၡသည္ ၆၂ ဦးကို ကယ္တင္နုိင္ခဲ႔ျပီး အဲဒီစက္ေလွဟာ မေလးရွားကို ဦးတည္သြားေရာက္ေနတာျဖစ္ျပီး အခ်ိန္းအခ်က္ေနရာေတြကေန ဒုကၡသည္ေတြကို တင္ေဆာင္ခဲ႔တယ္လို႔ တာ၀န္ရိွသူေတြက ေျပာပါတယ္။

ဆယ္ယူရရိွခဲ႔တဲ႔ ရုပ္အေလာင္းေတြကို အနီးအနားမွာရိွတဲ႔ ဆာဟာပိုရစ္ကြ်န္းကို ပို႔ေဆာင္ခဲ႔ျပီး ကယ္ဆယ္ေရးလုပ္ငန္းေတြကို ဆက္လက္လုပ္ေနၾကပါတယ္။ ဒါေပမယ္႔ လူဘယ္ေလာက္ေပ်ာက္ဆံုး ေနတယ္ဆိုတာကိုေတာ႔ တာ၀န္ရိွသူေတြက အတိအက်ေျပာဆိုတာမ်ိဳးမရိွေသးပါဘူး။

လူကုန္ကူးသူေတြဟာ နုိင္ငံရပ္ျခားမွာ ေကာင္းမြန္တဲ႔ ဘ၀ေနထိုင္မႈေတြရိွမယ္ဆိုတဲ႔ မက္လုံးေတြနဲ႔ ဒုကၡသည္ေတြကို ဆြဲေဆာင္စည္းရံုးေလ႔ရိွျပီး တစ္ျခားနုိင္ငံေတြကို စက္ေလွေတြနဲ႔ တရားမ၀င္သြားေရာက္ဖို႔ ၾကိဳးစားမႈေတြကို ကမ္းေျခေစာင္႔တပ္ေတြက တားဆီးမႈေတြျပဳခဲ႔ရပါတယ္။

Ref :AP
Photo: Getty Images
#vom #voiceofmyanmar #စိန္႕မာတင္က်ြန္းအနီးဘဂၤါလီစက္ေလွတိမ္းေမွာက္

Related posts

Leave a Comment

VOM News

FREE
VIEW