တရားမဝင်ဝင်ရောက်နေတဲ့ ပြည်ပနိုင်ငံသားတွေကို အထူးစီမံချက်တွေနဲ့ စဉ်ဆက်မပြတ်ဖော်ထုတ်ပြီး အရေးယူဖို့တင်တဲ့အဆို ရှုံးနိမ့်

တရားမဝင်ဝင်ရောက်နေတဲ့ ပြည်ပနိုင်ငံသားတွေကို အထူးစီမံချက်တွေနဲ့ စဉ်ဆက်မပြတ်ဖော်ထုတ်ပြီး အရေးယူဖို့တင်တဲ့အဆို ရှုံးနိမ့်

မန္တလေး ဖေဖော်ဝါရီ ၁၁-၂၀၂၀
ဖြူဖြူ(VOM)

မန္တလေးတိုင်းအတွင်းမှာ တရားမဝင်နည်းလမ်းမျိုးစုံနဲ့ ဝင်ရောက်နေထိုင်တဲ့ ပြည်ပနိုင်ငံသားတွေကို အထူးစီမံချက်နဲ့ စဉ်ဆက်မပြတ် စစ်ဆေးဖော်ထုတ်ပြီး ထိရောက်စွာအရေးယူဆောင်ရွက်ဖို့ တိုက်တွန်းတဲ့အဆိုကို ဒီကနေ့မနက်ပိုင်းက မန္တလေးတိုင်းလွှတ်တော်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ခဲ့ရာ အဆိုရှုံးနိမ့်ပြီး ပျက်ပြယ်ခဲ့ပါတယ်။

မိတ္တီလာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းလွှွတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုးက ဖေဖော်ဝါရီ ၅ ရက်နေ့က အဆိုတင်သွင်းခဲ့တာဖြစ်ပြီး ဒီကနေ့မှာ လွှတ်တော်ကိုယ်စားလှယ်ခြောက်ဦးက ပါဝင်ဆွေးနွေးခဲ့ပြီးနောက် အဆိုကိုမဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ (၃၃)မဲ၊ ကန့်ကွက်မဲ (၃၄) မဲ၊ ကြားနေမဲ (၁)မဲနဲ့ အဆိုရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂)ဦးနဲ့ ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်(၂)ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး NLDပါတီဝင် လွှတ်တော်ကိုယ်စားလှယ်(၂) ဦးကတော့ တိုင်းဒေသကြီးအစိုးရအနေနဲ့မဟုတ်ဘဲ ပြည်ထောင်စုအဆင့်ကနေ ဆောင်ရွက်မှသာ ပိုသင့်တော်တယ်ဆိုတဲ့ သဘောသက်ရောက်မှုနဲ့ ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အဆိုရှုံးနိမ့်တာနဲ့ပတ်သက်ပြီး အဆိုတင်သွင်းသူ ဦးအောင်ကျော်မိုးက “ ကိုယ့်အရပ် ကိုယ့်ဒေသမှာဖြစ်နေတဲ့ကိစ္စကို သာမန်အားဖြင့် ပြောမယ်ဆိုရင်တောင် သာမန်ရာဇဝတ်မှုလို့ပဲပြောပြော၊ သာမန် လ.ဝ.က ရဲ့ ဥပဒေချိုးဖောက်မှုလို့ပြောပြော ဆောင်ရွက်လို့ရနိုင်တဲ့ ကိစ္စတစ်ခုကို တိုင်းအစိုးရအစီအစဉ်နဲ့ မဆောင်ရွက်ဘဲ ပြည်ထောင်စုအဆင့်ကဆောင်ရွက်မှ ကောင်းပါမယ်ဆိုတာက ကိုယ့်အိမ်ထဲမှာ လောင်နေတဲ့မီးကို မီးသတ်ကားလာမှ ငြိမ်းရအောင် ငုတ်တုတ်ထိုင်ကြည့်ပြီး စောင့်နေရမယ့်သဘော သက်ရောက်နေတာ တွေ့ရတာပေါ့။”လို့ ပြောပါတယ်။

မန္တလေးဟာ စီးပွားရေးအရလည်း အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပြီး ကျောက်စိမ်း ကျောက်မျက်ထွက်ရှိရာဒေသလည်းဖြစ်တဲ့အလျောက် တရုတ်တွေအများဆုံးဝင်ထွက်သွားလာနေရာမှာ တရားဝင်ရော၊ တရားမဝင်ပါရှိနေနိုင်တာဖြစ်တယ်လို့ အဆိုရှင်က ပြောပါတယ်။

ဒါ့အပြင ်တရားမဝင် ဝင်ရောက်လာမှုကို ဖမ်းဆီးရမိတဲ့အခါမှာလည်း အရေးယူမှုတွေဆောင်ရွက်ပြီး ချမှတ်တဲ့ ပြစ်ဒဏ်တွေမှာ ငွေဒဏ် ဒါမှမဟုတ် ပြည်နှင်ဒဏ်ပေးတာတွေကလည်း ထိရောက်မှုမရှိဘူးလို့ ထောက်ပြပါတယ်။

မန္တလေးတိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဝန်ကြီး ဦးအောင်ကြည်ကတော့ အဆိုရှင်နဲ့ ပါဝင်ဆွေးနွေးခဲ့သူတွေဟာ တိုင်းအတွင်းမှာ တရားမဝင်ဝင်ရောက်မှုကြောင့် ဖြစ်ပေါ်နေတဲ့ ပြသနာတွေကို တိတိကျကျ ထောက်ပြတာမရှိသလို သူတို့အနေနဲ့ အခြားတိုင်းတွေမှာဖြစ်ပေါ်နေတဲ့ ကိစ္စတွေနဲ့သာ စိုးရိမ်ပူပန်ပြောဆိုခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဝန်ကြီးဦးအောင်ကြည်က “ကျနော်တို့မန္တလေးတိုင်းဒေသကြီးမှာ တရားမဝင် ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားတွေ တားမနိုင်၊ ဆီးမနိုင်ဝင်ရောက်နေတယ်ဆိုတဲ့ အထောက်အထားကို အဆိုရှင်ရော ဆွေးနွေးသူတွေရော တင်ပြထားတာလုံးဝမရှိပါဘူး။ အဲဒီတရားမဝင် ဝင်ရောက်လာသူတွေ ထိန်းမနိုင် သိမ်းမနိုင်ဆိုမှသာ စီမံချက်တွေချမှတ်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ မန္တလေးတိုင်းမှာ တရားမဝင်ဝင်ရောက်လာသူတွေကို ကျနော်တို့ ထိန်းသိမ်းထားရှိတဲ့အတွက် ပြသနာကြီးကြီးကျယ်ကျယ်မရှိပါဘူး။” လို့လည်း ပြောပါတယ်။

အခုအစိုးရလက်ထက်မှာ မန္တလေးတိုင်းအတွင်း တရားမဝင်ခိုးဝင်လာတဲ့ နိုင်ငံခြားသား (၁၁)ဦးရှိပြီး၊ (၇) ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ကာ (၄)ဦးကို ပြစ်ဒဏ်ချမှတ်စဲဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #တိုင်းလွှတ်တော်

Zawgyi

တရားမဝင္ဝင္ေရာက္ေနတဲ့ ျပည္ပႏိုင္ငံသားေတြကို အထူးစီမံခ်က္ေတြနဲ႔ စဥ္ဆက္မျပတ္ေဖာ္ထုတ္ၿပီး အေရးယူဖို႔တင္တဲ့အဆို ရံႈးနိမ့္

မႏၲေလး ေဖေဖာ္ဝါရီ ၁၁-၂၀၂၀
ျဖဴျဖဴ(VOM)

မႏၲေလးတိုင္းအတြင္းမွာ တရားမဝင္နည္းလမ္းမ်ိဳးစုံနဲ႔ ဝင္ေရာက္ေနထိုင္တဲ့ ျပည္ပႏိုင္ငံသားေတြကို အထူးစီမံခ်က္နဲ႔ စဥ္ဆက္မျပတ္ စစ္ေဆးေဖာ္ထုတ္ၿပီး ထိေရာက္စြာအေရးယူေဆာင္႐ြက္ဖို႔ တိုက္တြန္းတဲ့အဆိုကို ဒီကေန႔မနက္ပိုင္းက မႏၱေလးတိုင္းလႊတ္ေတာ္အစည္းအေဝးမွာ မဲခြဲဆုံးျဖတ္ခဲ့ရာ အဆိုရႈံးနိမ့္ၿပီး ပ်က္ျပယ္ခဲ့ပါတယ္။

မိတၱီလာၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) တိုင္းလႊြတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္မိုးက ေဖေဖာ္ဝါရီ ၅ ရက္ေန႔က အဆိုတင္သြင္းခဲ့တာျဖစ္ၿပီး ဒီကေန႔မွာ လႊတ္ေတာ္ကိုယ္စားလွယ္ေျခာက္ဦးက ပါဝင္ေဆြးေႏြးခဲ့ၿပီးေနာက္ အဆိုကိုမဲခြဲဆုံးျဖတ္ရာမွာ ေထာက္ခံမဲ (၃၃)မဲ၊ ကန႔္ကြက္မဲ (၃၄) မဲ၊ ၾကားေနမဲ (၁)မဲနဲ႔ အဆိုရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္(၂)ဦးနဲ႔ ျပည္ခိုင္ၿဖိဳးလႊတ္ေတာ္ကိုယ္စားလွယ္(၂)ဦးတို႔က ေထာက္ခံေဆြးေႏြးခဲ့ၾကၿပီး NLDပါတီဝင္ လႊတ္ေတာ္ကိုယ္စားလွယ္(၂) ဦးကေတာ့ တိုင္းေဒသႀကီးအစိုးရအေနနဲ႔မဟုတ္ဘဲ ျပည္ေထာင္စုအဆင့္ကေန ေဆာင္႐ြက္မွသာ ပိုသင့္ေတာ္တယ္ဆိုတဲ့ သေဘာသက္ေရာက္မႈနဲ႔ ပါဝင္ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။

အဆိုရႈံးနိမ့္တာနဲ႔ပတ္သက္ၿပီး အဆိုတင္သြင္းသူ ဦးေအာင္ေက်ာ္မိုးက “ ကိုယ့္အရပ္ ကိုယ့္ေဒသမွာျဖစ္ေနတဲ့ကိစၥကို သာမန္အားျဖင့္ ေျပာမယ္ဆိုရင္ေတာင္ သာမန္ရာဇဝတ္မႈလို႔ပဲေျပာေျပာ၊ သာမန္ လ.ဝ.က ရဲ႕ ဥပေဒခ်ိဳးေဖာက္မႈလို႔ေျပာေျပာ ေဆာင္႐ြက္လို႔ရႏိုင္တဲ့ ကိစၥတစ္ခုကို တိုင္းအစိုးရအစီအစဥ္နဲ႔ မေဆာင္႐ြက္ဘဲ ျပည္ေထာင္စုအဆင့္ကေဆာင္႐ြက္မွ ေကာင္းပါမယ္ဆိုတာက ကိုယ့္အိမ္ထဲမွာ ေလာင္ေနတဲ့မီးကို မီးသတ္ကားလာမွ ၿငိမ္းရေအာင္ ငုတ္တုတ္ထိုင္ၾကည့္ၿပီး ေစာင့္ေနရမယ့္သေဘာ သက္ေရာက္ေနတာ ေတြ႕ရတာေပါ့။”လို႔ ေျပာပါတယ္။

မႏၲေလးဟာ စီးပြားေရးအရလည္း အခ်က္အခ်ာက်တဲ့ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ေက်ာက္စိမ္း ေက်ာက္မ်က္ထြက္ရွိရာေဒသလည္းျဖစ္တဲ့အေလ်ာက္ တ႐ုတ္ေတြအမ်ားဆုံးဝင္ထြက္သြားလာေနရာမွာ တရားဝင္ေရာ၊ တရားမဝင္ပါရွိေနႏိုင္တာျဖစ္တယ္လို႔ အဆိုရွင္က ေျပာပါတယ္။

ဒါ့အျပင ္တရားမဝင္ ဝင္ေရာက္လာမႈကို ဖမ္းဆီးရမိတဲ့အခါမွာလည္း အေရးယူမႈေတြေဆာင္႐ြက္ၿပီး ခ်မွတ္တဲ့ ျပစ္ဒဏ္ေတြမွာ ေငြဒဏ္ ဒါမွမဟုတ္ ျပည္ႏွင္ဒဏ္ေပးတာေတြကလည္း ထိေရာက္မႈမရွိဘူးလို႔ ေထာက္ျပပါတယ္။

မႏၲေလးတိုင္း လူဝင္မႈႀကီးၾကပ္ေရးနဲ႔ လူ႔စြမ္းအားအရင္းအျမစ္ဦးစီးဌာန ဝန္ႀကီး ဦးေအာင္ၾကည္ကေတာ့ အဆိုရွင္နဲ႔ ပါဝင္ေဆြးေႏြးခဲ့သူေတြဟာ တိုင္းအတြင္းမွာ တရားမဝင္ဝင္ေရာက္မႈေၾကာင့္ ျဖစ္ေပၚေနတဲ့ ျပသနာေတြကို တိတိက်က် ေထာက္ျပတာမရွိသလို သူတို႔အေနနဲ႔ အျခားတိုင္းေတြမွာျဖစ္ေပၚေနတဲ့ ကိစၥေတြနဲ႔သာ စိုးရိမ္ပူပန္ေျပာဆိုျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ဝန္ႀကီးဦးေအာင္ၾကည္က “က်ေနာ္တို႔မႏၲေလးတိုင္းေဒသႀကီးမွာ တရားမဝင္ ဝင္ေရာက္လာတဲ့ျပည္ပႏိုင္ငံသားေတြ တားမႏိုင္၊ ဆီးမႏိုင္ဝင္ေရာက္ေနတယ္ဆိုတဲ့ အေထာက္အထားကို အဆိုရွင္ေရာ ေဆြးေႏြးသူေတြေရာ တင္ျပထားတာလုံးဝမရွိပါဘူး။ အဲဒီတရားမဝင္ ဝင္ေရာက္လာသူေတြ ထိန္းမႏိုင္ သိမ္းမႏိုင္ဆိုမွသာ စီမံခ်က္ေတြခ်မွတ္ေဆာင္႐ြက္သြားရမွာျဖစ္ပါတယ္။ မႏၲေလးတိုင္းမွာ တရားမဝင္ဝင္ေရာက္လာသူေတြကို က်ေနာ္တို႔ ထိန္းသိမ္းထားရွိတဲ့အတြက္ ျပသနာႀကီးႀကီးက်ယ္က်ယ္မရွိပါဘူး။” လို႔လည္း ေျပာပါတယ္။

အခုအစိုးရလက္ထက္မွာ မႏၲေလးတိုင္းအတြင္း တရားမဝင္ခိုးဝင္လာတဲ့ ႏိုင္ငံျခားသား (၁၁)ဦးရွိၿပီး၊ (၇) ဦးကို ျပည္ႏွင္ဒဏ္ေပးခဲ့ကာ (၄)ဦးကို ျပစ္ဒဏ္ခ်မွတ္စဲျဖစ္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #မႏၱေလး #တိုင္းလႊတ္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW