မြန်မာနိုင်ငံကိုရောက်နေတဲ့ ချက်ရီပတ်ဘလစ်နိုင်ငံက လွှတ်တော်ဒုဥက္ကဋ္ဌ H.E. Mr. Jan Hornik နဲ့တွေ့ဆုံခြင်း

မြန်မာနိုင်ငံကိုရောက်နေတဲ့ ချက်ရီပတ်ဘလစ်နိုင်ငံက လွှတ်တော်ဒုဥက္ကဋ္ဌ H.E. Mr. Jan Hornik နဲ့တွေ့ဆုံခြင်း ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃-၂၀၂၀ သိင်္ဂ ီ(VOM) မြန်မာနိုင်ငံကိုရောက်နေတဲ့ ချက်ရီပတ်ဘလစ်နိုင်ငံက လွှတ်တော်ဒုဥက္ကဋ္ဌ H.E. Mr. Jan Hornik ဟာ နေပြည်တော်မှာ အစိုးရအဖွဲ့ဝင်တွေ လွှတ်တော်ဥက္ကဋ္ဌတွေတွေ့ဆုံခဲ့ပါတယ်။ ဒီကနေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာတော့ ရွှေတိဂုံခြေရင်းက အာဇာနည်ဗိမာန်မှာ လွမ်းသူပန်းခွေချ ဂါရဝပြုခဲ့ပါတယ်။ ရန်ကုန်က ဗီအိုအမ်သတင်းထောက် မသိင်္ဂ ီက H.E. Mr. Jan Hornik, ကို မြန်မာပြည်လာတဲ့အကြောင်းအရင်းနဲ့ ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေအပြင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အိုင်စီဂျေတရားရုံးမှာ တရားစွဲဆိုတာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဖြေကြားပေးတဲ့ တွေ့ဆုံမေးမြန်းချက်ကို တင်ပြပေးလိုက်ပါတယ်။ #VOM #voiceofmyanmar #ရန်ကုန် #ချက်ရီပတ်ဘလစ်နိုင်ငံလွှတ်တော်ဒုဥက္ကဋ္ဌ #H.E. Mr. Jan Hornik Zawgyi မြန်မာနိုင်ငံကိုရောက်နေတဲ့…

Read More

Voice Of Myanmar (VOM) ရဲ့ ညနေခင်းသတင်း

Voice Of Myanmar (VOM) ရဲ့ ညနေခင်းသတင်း နေပြည်တော် သပြေကုန်းအဝိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုဖွင့်ပြီး ထူးခြားတဲ့ ကံစမ်းမဲအစီအစဉ်တွေ ဖျော်ဖြေပွဲတွေပါတဲ့သတင်း၊ ချက်ရီပတ်ဘလစ်နိုင်ငံက လွှတ်တော်ဒု-ဥက္ကဋ္ဌ အာဇာနည်ဗိမာန်မှာ လာရောက်ဂါရဝပြုတဲ့ သတင်း၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၅လမ်းနဲ့ ကမ်းနားလမ်းဒေါင့်ရှိ စည်ပင်သန့်ရှင်းရေး ယာယီဝန်ထမ်းတွေနေတဲ့ တန်းလျားမှာ ဒီကနေ့မနက်ပိုင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အသက်(၅)နှစ်အရွယ်မိန်းကလေးတစ်ဦး မီးလောင်သေဆုံးခဲ့တဲ့သတင်း၊ ဘူးသီးတောင်မှာ လက်နက်ကြီကျည်ကြောင့် ဒဏ်ရာရတဲ့ ကျောင်းသား(၂၁)ဦးကို စကခ ၁၅ ကခေါ်ဆောင်ထားတဲ့သတင်းနဲ့ ကျောက်တော်မြို့နယ် တင်းမကြီးရွာမှာ လက်နက်ကြီးကျည်ကျပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ၊ နွား၁၀ကောင်သေဆုံးတဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ #VOM #voiceofmyanmar #ညနေခင်းသတင်း Zawgyi Voice Of Myanmar (VOM) ရဲ့ ညနေခင်းသတင်း နေပြည်တော် သပြေကုန်းအဝိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုဖွင့်ပြီး ထူးခြားတဲ့ ကံစမ်းမဲအစီအစဉ်တွေ…

Read More

ရသေ့တောင်မြို့ပေါ်မှာ တိုက်ပွဲရှောင်ဦးရေ (၇) ထောင်နီးပါးအထိရှိလာ

ရသေ့တောင်မြို့ပေါ်မှာ တိုက်ပွဲရှောင်ဦးရေ (၇) ထောင်နီးပါးအထိရှိလာ ရသေ့တောင်၊ ဖေဖော်ဝါရီ ၁၃- ၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ပေါ်မှာ ခုတစ်ပတ်အတွင်း တပ်မတော်နဲ့အေအေတို့ရဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် တိုက်ပွဲရှောင်ဦးရေ ၇ ထောင်နီပါးထိ ရှိလာပြီး တိုက်ပွဲရှောင်တွေဟာ စားဝတ်နေရေးအခက်အခဲတွေနဲ့ ကြုံတွေ့ရင်ဆိုင်နေရပါတယ်။ အစိုးရကထောက်ပံ့တာတွေရှိပေမယ့် လုံလောက်မှုမရှိကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။ ” ကျမတို့ ရသေ့တောင်မြို့ပေါ်မှာကလေ စစ်ဘေးရှောင်တွေက တော်တော်များနေပြီ။ ရသေ့တောင် သမီးလှ၊ ရက်ခုန်တိုင်ဖက်က စစ်ပွဲရှောင်တွေ ရွာထဲကို စစ်ကြောင်းတွေဝင်လာလို့ ပြေးလာတာတွေရေ၊ လက်နက်ကြီးတွေကြောင့် ပြေးလာတာတွေ အများကြီးရှိတယ်။ စားဝတ်နေရေးက အခက်အခဲ အများကြီးရှိတယ်။ အစိုးရက ထောက်ပံ့မှုတွေလည်း နည်းတယ်။” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။ ရသေ့တောင်မြို့ပေါ်က တိုက်ပွဲရှောင်ပြည်သူတွေအတွက် အစိုးရကနေ ဆန်ရိက္ခာတွေ လစဉ်ထောက်ပံ့ ပေနေတယ်ပြီး အဆက်မပြတ်ဆိုသလို ထောက်ပံ့တာတွေရှိကြောင်း…

Read More

ဘူးသီးတောင်မှာ လက်နက်ကြီကျည်ကြောင့် ဒဏ်ရာရတဲ့ ကျောင်းသား(၂၁)ဦးကို စကခ ၁၅ ကခေါ်ဆောင်ထား

ဘူးသီးတောင်မှာ လက်နက်ကြီကျည်ကြောင့် ဒဏ်ရာရတဲ့ ကျောင်းသား(၂၁)ဦးကို စကခ ၁၅ ကခေါ်ဆောင်ထား ဘူးသီးတောင်၊ ဖေဖော်ဝါရီ ၁၃ – ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပြီး စာသင်ကျောင်းအတွင်း လက်နက်ကြီးကျည်ကျရောက်ကာ ခမွီချောင်းကျေးရွာက ကျောင်းသား ၁၁ မူလတန်းကျောင်းသား (၂၁)ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ အဲ့ဒီ ဒဏ်ရာရရှိသွားတဲ့ ကျောင်းသား ၂၁ ယောက်ကို ဘူးသီးတောင်ဆေးရုံကို ပို့ဆောင်ချိန် လမ်းခုလတ်မှာ ဘူးသီးတောင် စကခ ၁၅(ဘူးသီးတောင် စစ်ဗျူဟာကွပ်ကဲရေးဌာနချုပ်)က ခေါ်ဆောင်ထားတယ်လို့ ကြားသိရပါတယ်။ ” ခမွီချောင်းမှာ မနက် ၉ နာရီက တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်ရင်းဖြစ်ရင်း ၉ လောက်နာရီလောက်မှာ ဖြစ်တဲ့ တိုက်ပွဲက ပြီးသွားတယ်။ စာသင်ကျောင်းမှာ ကျောင်းသားတွေကျောင်းတက်နေတယ်။ ၁၀ နာရီလောက်မှာ အမြောက် လက်နက်ကြီးကျည်က ကျောင်းကို…

Read More

စည်ပင်၀န်ထမ်းတန်းလျား မီးလောင်၊ အသက်(၅)နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံး

စည်ပင်၀န်ထမ်းတန်းလျား မီးလောင်၊ အသက်(၅)နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံး မန္တလေး ၊ဖေဖော်ဝါရီ ၁၃-၂၀၂၀ လင်းခိုင်(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၅လမ်းနဲ့ ကမ်းနားလမ်းဒေါင့်ရှိ စည်ပင်သန့်ရှင်းရေး ယာယီ၀န်ထမ်းတွေနေတဲ့ တန်းလျားမှာ ဒီကနေ့မနက်ပိုင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အသက်(၅)နှစ်အရွယ်မိန်းကလေးတစ်ဦး မီးလောင်သေဆုံးခဲ့ပါတယ်။ အဲ့ဒီတန်းလျားမှာ မိဘတွေမရှိချိန်အသက်(၉)နှစ်အရွယ် ယောင်္ကျားလေးနဲ့ အသက်(၅)နှစ်အရွယ် မိန်းကလေးတစ်ဦးကျန်နေခဲ့ရာ အသက်(၉)အရွယ် ယောင်္ကျားလေးက ထင်းမီးနဲ့ ထမင်းအိုးတည်ရာကနေ အနီးရှိ ထရံကိုမီးစွဲကာ မီးစတင်လောင်ကျွမ်းခဲ့တယ်လို့ မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီးဌာနကနေ အတည်ပြုပြောပါတယ်။ မီးလောင်မှုကို Level_2အဆင့်သက်မှတ်ကာ မီးငြိမ်းသတ်ယာဉ်နဲ့ ရေသယ်ယာဉ် အစီး(၃၀)ဖြင့် မီးငြိမ်းသတ်ခဲ့ကြပြီး မီးလောင်မှုကြောင့် ၀န်ထမ်းတန်းလျား ၁၀ခန်းမီးလောင်ပျက်စီးကာ တန်ဖိုးငွေ(၃)သိန်းဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုစတင်ဖြစ်ပွားတဲ့ နေအိမ်ကို မီးပေါ့ဆစွာသုံးစွဲမှုနဲ့ သက်ဆိုင်ရာနယ်မြေရဲစခန်းက အရေးယူဖို့ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ #VOM #voiceofmyanmar #မန္တလေး #စည်ပင်တန်လျားမီးလောင် #ကလေးတစ်ဦးသေဆုံး Zawgyi စည်ပင်ဝန်ထမ်းတန်းလျား မီးလောင်၊…

Read More

ကျောက်တော်မြို့နယ် တင်းမကြီးရွာမှာ လက်နက်ကြီးကျည်ကျပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ နွား၁၀ကောင်သေဆုံး ကျောက်တော်၊ ဖေဖော်ဝါရီ ၁၃- ၂၀၂၀

ကျောက်တော်မြို့နယ် တင်းမကြီးရွာမှာ လက်နက်ကြီးကျည်ကျပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ နွား၁၀ကောင်သေဆုံး ကျောက်တော်၊ ဖေဖော်ဝါရီ ၁၃- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်တွေခရိုင် ကျောက်တော်မြို့နယ်မှာ မနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တင်းမကြီးကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးကြီးတဦး ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။ ” လက်နက်ကြီးကျသွားတာ။ လေယာဉ်လာတယ်။ လေယာဉ်က ရွာပတ်ပြီး အမြောက်ပစ်တာမှာ ကျသွားတာပါ။ သူအသက်က ၄၈ နှစ်လောက်ရှိပြီ။ သူ့နာမည်က ဒေါ်ဦးကျော့စိန်ပါ။ ဒဏ်ရာက ခြေထောက်မှာကျသွားတာပါ။” လို့ ကျောက်တော်မြို့နယ် တင်းမကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းကပြောပါတယ်။ မနေ့က ညနေခင်းမှာ တပ်မတော်ဖက်က လေယာဉ်နဲ့ ပစ်စဉ်မှာ လက်နက်ကြီးကျည်ကျပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကြောင်း ကြားသိရကာ ဒဏ်ရာက ဘယ်နေရာ ဘယ်လိုအခြေအနေတွေဆိုတာကို အတိအကျမသိသေးဘူးလို့ ကျောက်တော်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)က ဦးမောင်မောင်က…

Read More

စည်ပင်ဝန်ထမ်းတန်းလျား မီးလောင်၊ အသက်(၅)နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံး

စည်ပင်ဝန်ထမ်းတန်းလျား မီးလောင်၊ အသက်(၅)နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံး မန္တလေး ၊ဖေဖော်ဝါရီ ၁၃-၂၀၂၀ လင်းခိုင်(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၅လမ်းနဲ့ ကမ်းနားလမ်းဒေါင့်ရှိ စည်ပင်သန့်ရှင်းရေး ယာယီဝန်ထမ်းတွေနေတဲ့ တန်းလျားမှာ ဒီကနေ့မနက်ပိုင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အသက်(၅)နှစ်အရွယ်မိန်းကလေးတစ်ဦး မီးလောင်သေဆုံးခဲ့ပါတယ်။ အဲ့ဒီတန်းလျားမှာ မိဘတွေမရှိချိန်အသက်(၉)နှစ်အရွယ် ယောင်္ကျားလေးနဲ့ အသက်(၅)နှစ်အရွယ် မိန်းကလေးတစ်ဦးကျန်နေခဲ့ရာ အသက်(၉)အရွယ် ယောင်္ကျားလေးက ထင်းမီးနဲ့ ထမင်းအိုးတည်ရာကနေ အနီးရှိ ထရံကိုမီးစွဲကာ မီးစတင်လောင်ကျွမ်းခဲ့တယ်လို့ မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီးဌာနကနေ အတည်ပြုပြောပါတယ်။ မီးလောင်မှုကို Level_2အဆင့်သက်မှတ်ကာ မီးငြိမ်းသတ်ယာဉ်နဲ့ ရေသယ်ယာဉ် အစီး(၃၀)ဖြင့် မီးငြိမ်းသတ်ခဲ့ကြပြီး မီးလောင်မှုကြောင့် ဝန်ထမ်းတန်းလျား ၁၀ခန်းမီးလောင်ပျက်စီးကာ တန်ဖိုးငွေ(၃)သိန်းဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုစတင်ဖြစ်ပွားတဲ့ နေအိမ်ကို မီးပေါ့ဆစွာသုံးစွဲမှုနဲ့ သက်ဆိုင်ရာနယ်မြေရဲစခန်းက အရေးယူဖို့ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ #VOM #voiceofmyanmar #မန္တလေး #စည်ပင်တန်လျားမီးလောင် #ကလေးတစ်ဦးသေဆုံး Zawgyi စည်ပင်ဝန်ထမ်းတန်းလျား မီးလောင်၊…

Read More
VOM News

FREE
VIEW