ငွေစက္ကူကတဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ဖို့ Mandalay Smart Payကိုပြုလုပ်

ငွေစက္ကူကတဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ဖို့ Mandalay Smart Payကိုပြုလုပ်

မန္တလေး၊ မတ် ၁၄-၂၀၂၀
လင်းခိုင်(VOM)

ငွေစက္ကူကတဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ဖို့အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကနေ Mandalay Smart Pay အက်ပလီကေးရှင်းကို ဒီနေ့မနက်ပိုင်းက မန္တလေးမြို့၊ ကွန်ဗင်းရှင်းစင်တာမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။

မန္တလေးမြို့တော်စည်ပင်သာယာနယ်နိအတွင်းက အိမ်ခွန်၊မြေခွန်၊ မီးခွန်၊ ရေခွန်၊ အမှိုက်သိမ်းဆည်းခ စတာတွေကို အဲ့ဒီ MSPအက်ပလီကေးရှင်းနဲ့ ပေးဆောင်နိုင်ဖို့ပြုလုပ်ထားတယ်လို့ မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင်ကပြောပါတယ်။

အခွန်အခပေးဆောင်ရမှာလည်း ငွေအစွန်းအထွက်ပြဿနာဖြစ်တဲ့ အနုတ်ငွေပြန်မအမ်းနိုင်တဲ့တာကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

” ခုဟာက ငွေတွေကိုလွယ်ကူစွာလွဲနိုင်တယ်။ ငွေကြောင့်ရနိုင်တဲ့ပိုးမွှားအန္တရာယါကလဲ ကင်းဝေးနိုင်ပါတယ်။ ညီမတို့အလုပ်နဲ့ဆိုရင် အခွန်အခတွေကို လူကိုယ်တိုင်သွားစရာမလိုတော့ပဲ ရောက်နေတဲ့နေရာမှာပဲ ပေးချေနိုင်တဲ့အတွက်ကြောင့်မို့လို့ လုယက်မှုတွေကလည်း ကင်းဝေးစေနိုင်ပါတယ်”လို့ ဟိုတယ်၀န်ထမ်းဖြစ်သူ မမီမီအောင်ကပြောပါတယ်။

MSPအက်ပလီကေးရှင်းကို အသုံးပြုတဲ့သူတိုင်း ငွေထုတ်သည်ဖြစ်စေ ငွေသွင်းဖြစ်စေ ၀န်ဆောင်ခအနေနဲ့ ငွေကြေးတစုံတရာမှ ဖြတ်တောက်မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

အခွန်အခတွေကို ဖုန်းတလုံးရှိရုံနဲ့ အလွယ်တကူပေးဆောင်နိုင်မယ့် MSPအက်ပလီကေးရှင်းကို မန္တလေးမြို့မှာမဟုတ်ဘဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ သုံးစွဲရနိုင်အောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #အခွန်အခ #MandalaySmartPay

Zawgyi

ေငြစကၠဴကတဆင့္ ကူးစက္တဲ့ေရာဂါေတြကို ကာကြယ္ဖို႔ Mandalay Smart Payကိုျပဳလုပ္

မႏၲေလး၊ မတ္ ၁၄-၂၀၂၀
လင္းခိုင္(VOM)

ေငြစကၠဴကတဆင့္ ကူးစက္တဲ့ေရာဂါေတြကို ကာကြယ္ဖို႔အတြက္ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီကေန Mandalay Smart Pay အက္ပလီေကးရွင္းကို ဒီေန႔မနက္ပိုင္းက မႏၲေလးၿမိဳ႕၊ ကြန္ဗင္းရွင္းစင္တာမွာ စတင္မိတ္ဆက္ခဲ့ပါတယ္။

မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာနယ္နိအတြင္းက အိမ္ခြန္၊ေျမခြန္၊ မီးခြန္၊ ေရခြန္၊ အမႈိက္သိမ္းဆည္းခ စတာေတြကို အဲ့ဒီ MSPအက္ပလီေကးရွင္းနဲ႔ ေပးေဆာင္ႏိုင္ဖို႔ျပဳလုပ္ထားတယ္လို႔ မႏၲေလးၿမိဳ႕ေတာ္၀န္ ေဒါက္တာရဲလြင္ကေျပာပါတယ္။

အခြန္အခေပးေဆာင္ရမွာလည္း ေငြအစြန္းအထြက္ျပႆနာျဖစ္တဲ့ အႏုတ္ေငြျပန္မအမ္းႏိုင္တဲ့တာကို ေျဖရွင္းႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

” ခုဟာက ေငြေတြကိုလြယ္ကူစြာလြဲႏိုင္တယ္။ ေငြေၾကာင့္ရႏိုင္တဲ့ပိုးမႊားအႏၲရာယါကလဲ ကင္းေဝးႏိုင္ပါတယ္။ ညီမတို႔အလုပ္နဲ႔ဆိုရင္ အခြန္အခေတြကို လူကိုယ္တိုင္သြားစရာမလိုေတာ့ပဲ ေရာက္ေနတဲ့ေနရာမွာပဲ ေပးေခ်ႏိုင္တဲ့အတြက္ေၾကာင့္မို႔လို႔ လုယက္မႈေတြကလည္း ကင္းေဝးေစႏိုင္ပါတယ္”လို႔ ဟိုတယ္၀န္ထမ္းျဖစ္သူ မမီမီေအာင္ကေျပာပါတယ္။

MSPအက္ပလီေကးရွင္းကို အသုံးျပဳတဲ့သူတိုင္း ေငြထုတ္သည္ျဖစ္ေစ ေငြသြင္းျဖစ္ေစ ၀န္ေဆာင္ခအေနနဲ႔ ေငြေၾကးတစုံတရာမွ ျဖတ္ေတာက္မွာ မဟုတ္ဘူးလို႔လည္း သိရပါတယ္။

အခြန္အခေတြကို ဖုန္းတလုံးရွိ႐ုံနဲ႔ အလြယ္တကူေပးေဆာင္ႏိုင္မယ့္ MSPအက္ပလီေကးရွင္းကို မႏၲေလးၿမိဳ႕မွာမဟုတ္ဘဲ တႏိုင္ငံလုံးအတိုင္းအတာနဲ႔ သုံးစြဲရႏိုင္ေအာင္ ေဆာင္႐ြက္သြားမယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #မႏၲေလး #အခြန္အခ #MandalaySmartPay

Related posts

Leave a Comment

VOM News

FREE
VIEW