မင်းကွန်းမှာ ငွေကျပ်သန်း ၁၅၀ နဲ့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်
မင်းကွန်းမှာ ငွေကျပ်သန်း ၁၅၀ နဲ့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက် စစ်ကိုင်း၊ မတ် ၁၄-၂၀၂၀ မောင်တာရာ(VOM) စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာမှာ ကျပ်သန်း ၁၅၀ နဲ့ ဧရာဝတီမြစ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ စစ်ကိုင်းတိုင်း၊ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်စိုးက ပြောပါတယ်။ မင်းကွန်းဒေသမှာ ဧရာဝတီမြစ် ကမ်းပြိုကာကွယ်ရေးအတွက် ကျောက်စီမြေထိန်းနံရံ အလျား ၉၀၀ ကို တင်ဒါအောင်မြင်တဲ့ကုမ္ပဏီကနေ တာဝန်ယူတည်ဆောက်သွားမှာဖြစ်ပြီး လက်ရှိမှာတော့ လုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ”အခု ဆောင်ရွက်တဲ့နေရာက ရေလမ်းကြောင်းအရ ရေဦးထိုး တိုက်စားမှုတော့ မရှိပါဘူး။ အဲ့ဒီနေရာမှာ ရေယာဉ်တွေ ဆိုက်ကပ်တဲ့နေရာဖြစ်တယ်။ သူရဲ့ အထက်ဘက်မှာဆိုလည်း အခု ဆောင်ရွက်သလိုပဲ ကျောက်စီကမ်းထိန်းနံရံတွေ ဆောင်ရွက်ထားတာရှိတယ်၊ အဲဒါနဲ့ တခါတည်းဆက်ပြီး ဆိမ်းကမ်းသာယာလှပရေး၊ ရေရှည်ခိုင်မာရေးအတွက်ရော ကောင်းအောင် ဆောင်ရွက်တာဖြစ်ပါတယ်”လို့ စစ်ကိုင်းတိုင်း၊ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊တိုင်းဦးစီးမှူး ဦးကျော်စိုးက ပြောပါတယ်။…
Read More
ငွေစက္ကူကတဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ဖို့ Mandalay Smart Payကိုပြုလုပ်
ငွေစက္ကူကတဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ဖို့ Mandalay Smart Payကိုပြုလုပ် မန္တလေး၊ မတ် ၁၄-၂၀၂၀ လင်းခိုင်(VOM) ငွေစက္ကူကတဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ဖို့အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကနေ Mandalay Smart Pay အက်ပလီကေးရှင်းကို ဒီနေ့မနက်ပိုင်းက မန္တလေးမြို့၊ ကွန်ဗင်းရှင်းစင်တာမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ မန္တလေးမြို့တော်စည်ပင်သာယာနယ်နိအတွင်းက အိမ်ခွန်၊မြေခွန်၊ မီးခွန်၊ ရေခွန်၊ အမှိုက်သိမ်းဆည်းခ စတာတွေကို အဲ့ဒီ MSPအက်ပလီကေးရှင်းနဲ့ ပေးဆောင်နိုင်ဖို့ပြုလုပ်ထားတယ်လို့ မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင်ကပြောပါတယ်။ အခွန်အခပေးဆောင်ရမှာလည်း ငွေအစွန်းအထွက်ပြဿနာဖြစ်တဲ့ အနုတ်ငွေပြန်မအမ်းနိုင်တဲ့တာကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ” ခုဟာက ငွေတွေကိုလွယ်ကူစွာလွဲနိုင်တယ်။ ငွေကြောင့်ရနိုင်တဲ့ပိုးမွှားအန္တရာယါကလဲ ကင်းဝေးနိုင်ပါတယ်။ ညီမတို့အလုပ်နဲ့ဆိုရင် အခွန်အခတွေကို လူကိုယ်တိုင်သွားစရာမလိုတော့ပဲ ရောက်နေတဲ့နေရာမှာပဲ ပေးချေနိုင်တဲ့အတွက်ကြောင့်မို့လို့ လုယက်မှုတွေကလည်း ကင်းဝေးစေနိုင်ပါတယ်”လို့ ဟိုတယ်၀န်ထမ်းဖြစ်သူ မမီမီအောင်ကပြောပါတယ်။ MSPအက်ပလီကေးရှင်းကို အသုံးပြုတဲ့သူတိုင်း ငွေထုတ်သည်ဖြစ်စေ ငွေသွင်းဖြစ်စေ ၀န်ဆောင်ခအနေနဲ့ ငွေကြေးတစုံတရာမှ ဖြတ်တောက်မှာ မဟုတ်ဘူးလို့လည်း…
Read More
ပုသိမ်ဆေးရုံကြီးက ကိုရိုနာသံသယရှိလူနာ ရောဂါပိုးမတွေ့တဲ့အတွက် ဆေးရုံဆင်းခွင့်ရ
ပုသိမ်ဆေးရုံကြီးက ကိုရိုနာသံသယရှိလူနာ ရောဂါပိုးမတွေ့တဲ့အတွက် ဆေးရုံဆင်းခွင့်ရ ပုသိမ်၊ မတ် ၁၄-၂၀၂၀ ကိုအောင်(VOM) ပုသိမ်ဆေးရုံကြီးမှာ မတ်လ၁၂ရက်နေ့က သီးခြားစောင့်ကြည့် စစ်ဆေးခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတစ်ဦးကို ရောဂါပိုးမတွေ့တဲ့အတွက် ဆေးရုံကနေ ဆင်းခိုင်းလိုက်ပြီလို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာ ဟုတ်၊မဟုတ် ရန်ကုန်မြို့ ဓါတ်ခွဲခန်းကို ပေးပို့စစ်ဆေးခဲ့ပြီး ရောဂါပိုးမရှိတဲ့အပြင် ကျန်းမာရေးကောင်းလာတဲ့အတွက် မတ်လ၁၃ရက်နေ့မှာ သံသယရှိလူနာ အမျိုးသားကို ဆေးရုံဆင်းခွင့်ပေးလိုက် တာလို့ ပုသိမ်ဆေးရုံအုပ်ကြီးက ပြောပါတယ်။ “လူနာကပိုးမတွေ့ဘူးဆိုတဲ့ ရလဒ်ကိုရရှိပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကလဲ ထုတ်ပြန်တယ်၊ သူကိုလဲ ကျန်းမာရေးစစ်ဆေးလိုက်တာ အဖျားလဲမရှိတော့ မနေ့က ၁၂နာရီမှာဆေးရုံက ဆင်းပေးလိုက်တာ၊ ကျန်စောင့်ကြည့်သူတွေပါအပါပေါ့”လို့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ကပြောပါတယ်။ ကျောင်းကုန်းမြို့နယ် ချောင်းတွင်းကျေးရွာနေ အသက်၃၀အရွယ် သံသယရှိလူနာအမျိုးသားဟာ မတ်လ ၉ရက်နေ့က တရုတ်နိုင်ငံကနေ အလုပ်လုပ်ပြီး နေရပ်ပြန်လာခဲ့တာပါ။ အဲဒီနောက် သူဟာ ကိုယ်အပူချိန်မြင့်ပြီး ချောင်းဆိုးတဲ့အတွက် မတ်လ ၁၂ရက်နေ့မှာ…
Read More
မန္တလေးမြို့သင်္ကြန်ပွဲကို လူစုလူဝေးနဲ့ကျင်းပတော့မှာမဟုတ်
Read More
ဗစ်တိုးရီးယားအမှု ပြန်စခြင်းမစခြင်းက ကာယကံရှင်နဲ့ သက်ဆိုင်ရာတရားစွဲအဖွဲ့ပေါ်မှာမူတည်
ဗစ်တိုးရီးယားအမှု ပြန်စခြင်းမစခြင်းက ကာယကံရှင်နဲ့ သက်ဆိုင်ရာတရားစွဲအဖွဲ့ပေါ်မှာမူတည် နေပြည်တော်၊ မတ် ၁၄-၂၀၂၀ ကိုထွန်း(VOM) ဗစ်တိုးရီးယားအမှုကို ပြန်လည်တရားစွဲဆိုမှု ပြန်စခြင်းမစခြင်းကို ကာယကံရှင်နဲ့ သက်ဆိုင်ရာတရားစွဲအဖွဲပေါ်မှာပဲ မူတည်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက မနေ့ မတ်လ ၁၃ရက်ညနေပိုင်းက ပြုလုပ်တဲ့ သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ “ပြောရရင်တော့ ဒီအမှုက နဲနဲလေးရှုပ်တယ်၊ ဒါကြောင့် အမှုကိုပြန်စခြင်းမစခြင်းက ကာယကံရှင်နဲ့ သက်ဆိုင်ရာတရားစွဲအဖွဲပေါ်မှာ မူတည်တယ်ပေါ့ ဒီအပေါ်မှာ ဆက်လုပ်ရမှာဖြစ်တယ်”လို့ ဦးဇော်ဋ္ဌေးကပြောကြားခဲ့ပါတယ်။ ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကိုအရေးယူဖို့ သမ္မတရုံးကနေ ပြည်ထဲရေးဝန်ကြီးဌာနကို ညွှန်ကြားထားတယ်လို့လည်း ပြီးခဲ့တဲ့တခေါက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ “အဲဒီကိစ္စ သက်ဆိုင်ဌာနက အရေးယူထားပါတယ်၊ အရေးယူတာက ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့ အညီပေါ့နော် အရေးယူထားတယ်၊ လောလောဆယ်ပြောရရင် အရေးယူနေပြီ၊ အရေးယူပြီးစီးမှုကိုတော့ သမ္မတရုံးကို ဆောင်ရွက်ပြီးစီးမှု ပြန်တင်ပြရမယ်ပေါ့၊ ပြောလိုတာကတော့ လောလောဆယ်အရေးယူဆဲပေါ့နော်၊ ပြန်တင်ပြလာတာမရှိသေးဘူး”လို့ ဦးဇော်ဋ္ဌေးကပြောပါတယ်။ ဗစ်တိုရီးယားအမှုက သံသယတရားခံ…
Read More
ကျောက်တော်မြို့နယ်မှာ ပစ်ခတ်မှုတွေကြောင့် လက်နက်ကြီးငယ်ကျည်ကျပြီး အရပ်သား ၃ဦးသေဆုံး
ကျောက်တော်မြို့နယ်မှာ ပစ်ခတ်မှုတွေကြောင့် လက်နက်ကြီးငယ်ကျည်ကျပြီး အရပ်သား ၃ဦးသေဆုံး ကျောက်တော်၊ မတ် ၁၃- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ်မှာ မနေ့ မတ်လ ၁၃ ရက်နေ့က လက်နက်ကြီးငယ်တွေပစ်ခတ်မှုဖြစ်ပွားပြီး ကျည်ဆံထိမှန်ဒဏ်ရာတွေနဲ့ သာစည်ကျေးရွာက ဒေသခံ ၃ ဦးသေဆုံးပြီး ၊ ၂ ဦးမှာ ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က ညနေပိုင်း ၂ နာရီကျော်လောက်မှာ ကျောက်တော်တပ်မဖက်က စစ်ကားတွေနဲ့တက်လာပြီး မျောက်တောင်ကျေးရွာဖက်ကိုအသွားမှာ ပစ်ခတ်မှုတွေဖြစ်တဲ့အတွက် သာစည်ကျေးရွာထဲကို လက်နက်ကြီးငယ် ကျည်တွေကျရောက်ပေါက်ကွဲပြီး အမျိုးသမီး(၁) ဦးနဲ့ အမျိုးသား (၂) ဦး သေဆုံးကာ အခြားအမျိုးသားနှစ်ဦးဒဏ်ရာရရှိသွားတာဖြစ်တယ်လို့ သိရပါတယ်။ ကျောက်တော်ဆေးရုံကို ပို့ဖို့အခက်အခဲဖြစ်နေတဲ့ ဒဏ်ရာရရှိသူ အမျိုးသားနှစ်ဦးမှာ အသက် ၆၀ ကျော်တစ်ယောက်နဲ့ ဗုံးတွင်းထဲပုန်းအောင်းနေစဉ် သေနတ်ဘောင်နဲ့ ရိုက်နှက်ခံရတဲ့ အသက် ၁၈ နှစ်အရွယ်လူငယ်မှာ…
Read More
VOM News
FREE
VIEW