မင်းကွန်းမှာ ငွေကျပ်သန်း ၁၅၀ နဲ့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်

မင်းကွန်းမှာ ငွေကျပ်သန်း ၁၅၀ နဲ့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်

စစ်ကိုင်း၊ မတ် ၁၄-၂၀၂၀
မောင်တာရာ(VOM)

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာမှာ ကျပ်သန်း ၁၅၀ နဲ့ ဧရာဝတီမြစ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ စစ်ကိုင်းတိုင်း၊ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်စိုးက ပြောပါတယ်။

မင်းကွန်းဒေသမှာ ဧရာဝတီမြစ် ကမ်းပြိုကာကွယ်ရေးအတွက် ကျောက်စီမြေထိန်းနံရံ အလျား ၉၀၀ ကို တင်ဒါအောင်မြင်တဲ့ကုမ္ပဏီကနေ တာဝန်ယူတည်ဆောက်သွားမှာဖြစ်ပြီး လက်ရှိမှာတော့ လုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

”အခု ဆောင်ရွက်တဲ့နေရာက ရေလမ်းကြောင်းအရ ရေဦးထိုး တိုက်စားမှုတော့ မရှိပါဘူး။ အဲ့ဒီနေရာမှာ ရေယာဉ်တွေ ဆိုက်ကပ်တဲ့နေရာဖြစ်တယ်။ သူရဲ့ အထက်ဘက်မှာဆိုလည်း အခု ဆောင်ရွက်သလိုပဲ ကျောက်စီကမ်းထိန်းနံရံတွေ ဆောင်ရွက်ထားတာရှိတယ်၊ အဲဒါနဲ့ တခါတည်းဆက်ပြီး ဆိမ်းကမ်းသာယာလှပရေး၊ ရေရှည်ခိုင်မာရေးအတွက်ရော ကောင်းအောင် ဆောင်ရွက်တာဖြစ်ပါတယ်”လို့ စစ်ကိုင်းတိုင်း၊ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊တိုင်းဦးစီးမှူး ဦးကျော်စိုးက ပြောပါတယ်။

အဲဒီ ကမ်းထိန်းနံရံကာကွယ်ရေးလုပ်ငန်းကို တာဝန်ယူဆောင်ရွက်တဲ့ ကုမ္ပဏီက ယခုနှစ် မေလအကုန်မှာ အပြီးတည်ဆောက်အပ်နှံ့ရမှာဖြစ်ပြီး ဒီနှစ် ဘဏ္ဍာရေးနှစ်အတွင်းမှာ စစ်ကိုင်းခရိုင်အတွင်းက မြောင်မြို့နယ်၊ သာဒွန်းရွာမှာ ဧရာဝတီမြစ်ကမ်းပြိုကာကွယ်ရေးအတွက် ကျပ်သန်း ၃၀၀၊ မရိုးကုန်းရွာမှာ ဧရာဝတီမြစ်ကမ်းပြိုကာကွယ်ရေးအတွက် ကျပ်သန်း ၆၀ ၊ စစ်ကိုင်းမြို့နယ် ကျောင်းဖြူရွာ ဧရာဝတီမြစ်ကမ်းပြိုကာကွယ်ရေး အတွက် ကျပ်သန်း ၁၀၀ တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေ ချထားပေးခဲ့ပြီး လက်ရှိမှာတော့ အဲဒီလုပ်ငန်းတွေလည်း စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။

#VOM #voiceofmyanmar #စစ်ကိုင်း #မင်းကွန်း #ဧရာဝတီမြစ် #ကမ်းပြိုကာကွယ်ရေးလုပ်ဆောင်

Zawgyi

မင္းကြန္းမွာ ေငြက်ပ္သန္း ၁၅၀ နဲ႕ ကမ္းၿပဳိကာကြယ္ေရးလုပ္ငန္းေဆာင္ရြက္

စစ္ကုိင္း၊ မတ္ ၁၄-၂၀၂၀
ေမာင္တာရာ(VOM)

စစ္ကုိင္းၿမဳိ႕နယ္၊ မင္းကြန္းရြာမွာ က်ပ္သန္း ၁၅၀ နဲ႕ ဧရာဝတီျမစ္ ကမ္းၿပဳိကာကြယ္ေရးလုပ္ငန္းေတြကို စတင္ေဆာင္ရြက္ေနၿပီျဖစ္တယ္လုိ႔ စစ္ကုိင္းတုိင္း၊ေရအရင္းအျမစ္ႏွင့္ ျမစ္ေခ်ာင္းမ်ားဖြံ႔ၿဖဳိးတုိးတက္ေရးဦးစီးဌာန ဦးစီးမွဴး ဦးေက်ာ္စုိးက ေျပာပါတယ္။

မင္းကြန္းေဒသမွာ ဧရာဝတီျမစ္ ကမ္းၿပဳိကာကြယ္ေရးအတြက္ ေက်ာက္စီေျမထိန္းနံရံ အလ်ား ၉၀၀ ကုိ တင္ဒါေအာင္ၿမင္တဲ့ကုမၸဏီကေန တာဝန္ယူတည္ေဆာက္သြားမွာၿဖစ္ၿပီး လက္ရွိမွာေတာ့ လုပ္ငန္းေတြကို စတင္ေဆာင္ရြက္ေနၿပီျဖစ္ပါတယ္။

”အခု ေဆာင္ရြက္တဲ့ေနရာက ေရလမ္းေႀကာင္းအရ ေရဦးထုိး တုိက္စားမႈေတာ့ မရွိပါဘူး။ အဲ့ဒီေနရာမွာ ေရယာဥ္ေတြ ဆုိက္ကပ္တဲ့ေနရာျဖစ္တယ္။ သူရဲ႕ အထက္ဘက္မွာဆုိလည္း အခု ေဆာင္ရြက္သလုိပဲ ေက်ာက္စီကမ္းထိန္းနံရံေတြ ေဆာင္ရြက္ထားတာရွိတယ္၊ အဲဒါနဲ႕ တခါတည္းဆက္ၿပီး ဆိမ္းကမ္းသာယာလွပေရး၊ ေရရွည္ခုိင္မာေရးအတြက္ေရာ ေကာင္းေအာင္ ေဆာင္ရြက္တာၿဖစ္ပါတယ္”လို႔ စစ္ကုိင္းတုိင္း၊ေရအရင္းအၿမစ္ႏွင့္ ၿမစ္ေခ်ာင္းမ်ား ဖြံ႔ၿဖဳိးတုိးတက္ေရးဦးစီးဌာန၊တုိင္းဦးစီးမွဴး ဦးေက်ာ္စုိးက ေျပာပါတယ္။

အဲဒီ ကမ္းထိန္းနံရံကာကြယ္ေရးလုပ္ငန္းကုိ တာဝန္ယူေဆာင္ရြက္တဲ့ ကုမၸဏီက ယခုႏွစ္ ေမလအကုန္မွာ အၿပီးတည္ေဆာက္အပ္နွံ႕ရမွာျဖစ္ၿပီး ဒီႏွစ္ ဘ႑ာေရးႏွစ္အတြင္းမွာ စစ္ကုိင္းခရုိင္အတြင္းက ေၿမာင္ၿမဳိ႕နယ္၊ သာဒြန္းရြာမွာ ဧရာဝတီၿမစ္ကမ္းၿပဳိကာကြယ္ေရးအတြက္ က်ပ္သန္း ၃၀၀၊ မရုိးကုန္းရြာမွာ ဧရာဝတီၿမစ္ကမ္းၿပဳိကာကြယ္ေရးအတြက္ က်ပ္သန္း ၆၀ ၊ စစ္ကုိင္းၿမဳိ႕နယ္ ေက်ာင္းၿဖဴရြာ ဧရာဝတီၿမစ္ကမ္းၿပဳိကာကြယ္ေရး အတြက္ က်ပ္သန္း ၁၀၀ တုိင္းေဒသႀကီးအစုိးရ ခြင့္ျပဳရန္ပုံေငြ ခ်ထားေပးခဲ့ၿပီး လက္ရွိမွာေတာ့ အဲဒီလုပ္ငန္းေတြလည္း စတင္ေဆာင္ရြက္ေနၿပီလုိ႔ သိရပါတယ္။

#VOM #voiceofmyanmar #စစ္ကုိင္း #မင္းကြန္း #ဧရာဝတီျမစ္ #ကမ္းၿပိဳကာကြယ္ေရးလုပ္ေဆာင္

Related posts

Leave a Comment

VOM News

FREE
VIEW