ကျောက်တော်မြို့နယ်မှာ ပစ်ခတ်မှုတွေကြောင့် လက်နက်ကြီးငယ်ကျည်ကျပြီး အရပ်သား ၃ဦးသေဆုံး

ကျောက်တော်မြို့နယ်မှာ ပစ်ခတ်မှုတွေကြောင့် လက်နက်ကြီးငယ်ကျည်ကျပြီး အရပ်သား ၃ဦးသေဆုံး

ကျောက်တော်၊ မတ် ၁၃- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ်မှာ မနေ့ မတ်လ ၁၃ ရက်နေ့က လက်နက်ကြီးငယ်တွေပစ်ခတ်မှုဖြစ်ပွားပြီး ကျည်ဆံထိမှန်ဒဏ်ရာတွေနဲ့ သာစည်ကျေးရွာက ဒေသခံ ၃ ဦးသေဆုံးပြီး ၊ ၂ ဦးမှာ ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

မနေ့က ညနေပိုင်း ၂ နာရီကျော်လောက်မှာ ကျောက်တော်တပ်မဖက်က စစ်ကားတွေနဲ့တက်လာပြီး မျောက်တောင်ကျေးရွာဖက်ကိုအသွားမှာ ပစ်ခတ်မှုတွေဖြစ်တဲ့အတွက် သာစည်ကျေးရွာထဲကို လက်နက်ကြီးငယ် ကျည်တွေကျရောက်ပေါက်ကွဲပြီး အမျိုးသမီး(၁) ဦးနဲ့ အမျိုးသား (၂) ဦး သေဆုံးကာ အခြားအမျိုးသားနှစ်ဦးဒဏ်ရာရရှိသွားတာဖြစ်တယ်လို့ သိရပါတယ်။

ကျောက်တော်ဆေးရုံကို ပို့ဖို့အခက်အခဲဖြစ်နေတဲ့ ဒဏ်ရာရရှိသူ အမျိုးသားနှစ်ဦးမှာ အသက် ၆၀ ကျော်တစ်ယောက်နဲ့ ဗုံးတွင်းထဲပုန်းအောင်းနေစဉ် သေနတ်ဘောင်နဲ့ ရိုက်နှက်ခံရတဲ့ အသက် ၁၈ နှစ်အရွယ်လူငယ်မှာ ဒဏ်ရာပြင်းထန်းပြီး စိုးရိမ်ရတယ်လို့ ဒဏ်ရာရရှိသူတွေကို ကူညီပေးသူတစ်ဦးက ပြောပါတယ်။

အဲ့ဒါနဲ့ပတ်သက်ပြီး သာစည်ကျေးရွာထဲက နေအိမ် ၁၄ လုံးလောက် မီးလောင်သွားတယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူတွေကို ကူညီပေးသူတစ်ဦးပြောတာက” ဒီနေ့ ညနေ ၂ နာရီလောက်မှာ ကျောက်တော်တပ်မ ဖက်ကနေပြီး စစ်ကြောင်းနဲ့ကားတွေကတက်လာပါတယ်။ တပ်မကနေပြီး သူတို့မျောက်တောင်ဖက်ကိုသွားတာလို့ သတင်းရတယ်။ အခု တိုက်ပွဲတွေဖြစ်နေတဲ့ တောင်ရှည်တောင်ဖက်ကို သွားတာ လမ်းမှာရွာတွေနားမှာ ပစ်ခတ်မှုတွေ ဖြစ်တယ်။ အဲဒီမှာ သာစည်ရွာထဲမှာ အိမ်တွေတောင် မီးလောင်သွားတယ်လို့ကြားတယ်။ သေတာက အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားနှစ်ယောက်ပါ။ ဒဏ်ရာရတာကကျတော့ အမျိုးသာနှစ်ယောက်ပေါ့၊ အသက် ၁၈ နှစ်နဲ့ အသက် ၆၀ နှစ်ကျော်တစ်ယောက်ပါ။ ၁၈ နှစ် လူငယ်လေးကတော့ ဒဏ်ရာပြင်းလို့ စိုးရိမ်ရတယ်လို့ကြားတယ်။ ကျောက်တော်ဆေးရုံကိုပို့ဖို့ စီစဉ်တော့ လမ်းခရီးကမပြေလည်ဘူး။ အခက်အခဲရှိပါတယ်။ “လို့ ပြောပါတယ်။

အေအေ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကိုဆက်သွယ်ခဲ့ရာမှာ ” ဒီနေ့ကျောက်တော်ဖက်မှာတော့ တပ်မတော်ဖက်က တစ်ဖက်သက်ပစ်ခတ်တာတွေရှိတယ်။ အရပ်သား သေဆုံးဒဏ်ရာရတာတွေလည်းရှိတယ်လို့ကြားတယ်။ အတိအကျတော့ မသိရသေးဘူး။” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်လို့ တပ်မတော် ပြောရေးဆိုခွင့်ရှိသူတွေကိုဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

#VOM #voiceofmyanmar #ကျောက်တော် #လက်နက်ကြီးကျည်ကျ #အရပ်သား၃ဦးသေဆုံး

Zawgyi

ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ ပစ္ခတ္မႈေတြေၾကာင့္ လက္နက္ႀကီးငယ္က်ည္က်ၿပီး အရပ္သား ၃ဦးေသဆံုး

ေက်ာက္ေတာ္၊ မတ္ ၁၃- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ မေန႔ မတ္လ ၁၃ ရက္ေန႔က လက္နက္ႀကီးငယ္ေတြပစ္ခတ္မႈျဖစ္ပြားၿပီး က်ည္ဆံထိမွန္ဒဏ္ရာေတြနဲ႔ သာစည္ေက်းရြာက ေဒသခံ ၃ ဦးေသဆံုးၿပီး ၊ ၂ ဦးမွာ ဒဏ္ရာရ႐ွိသြားတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

မေန႔က ညေနပိုင္း ၂ နာရီေက်ာ္ေလာက္မွာ ေက်ာက္ေတာ္တပ္မဖက္က စစ္ကားေတြနဲ႔တက္လာၿပီး ေမ်ာက္ေတာင္ေက်းရြာဖက္ကိုအသြားမွာ ပစ္ခတ္မႈေတြျဖစ္တဲ့အတြက္ သာစည္ေက်းရြာထဲကို လက္နက္ႀကီးငယ္ က်ည္ေတြက်ေရာက္ေပါက္ကြဲၿပီး အမ်ိဳးသမီး(၁) ဦးနဲ႔ အမ်ိဳးသား (၂) ဦး ေသဆံုးကာ အျခားအမ်ိဳးသားႏွစ္ဦးဒဏ္ရာရ႐ွိသြားတာျဖစ္တယ္လုိ႔ သိရပါတယ္။

ေက်ာက္ေတာ္ေဆးရံုကို ပို႔ဖို႔အခက္အခဲျဖစ္ေနတဲ႔ ဒဏ္ရာရ႐ွိသူ အမ်ိဳးသားႏွစ္ဦးမွာ အသက္ ၆၀ ေက်ာ္တစ္ေယာက္နဲ႔ ဗံုးတြင္းထဲပုန္းေအာင္းေနစဥ္ ေသနတ္ေဘာင္နဲ႔ ႐ိုက္နွက္ခံရတဲ့ အသက္ ၁၈ ႏွစ္အရြယ္လူငယ္မွာ ဒဏ္ရာျပင္းထန္းၿပီး စိုးရိမ္ရတယ္လုိ႔ ဒဏ္ရာရ႐ွိသူေတြကို ကူညီေပးသူတစ္ဦးက ေျပာပါတယ္။

အဲ့ဒါနဲ႔ပတ္သက္ၿပီး သာစည္ေက်းရြာထဲက ေနအိမ္ ၁၄ လံုးေလာက္ မီးေလာင္သြားတယ္လုိ႔ သိရပါတယ္။
ဒဏ္ရာရရွိသူေတြကို ကူညီေပးသူတစ္ဦးေျပာတာက” ဒီေန႔ ညေန ၂ နာရီေလာက္မွာ ေက်ာက္ေတာ္တပ္မ ဖက္ကေနၿပီး စစ္ေၾကာင္းနဲ႔ကားေတြကတက္လာပါတယ္။ တပ္မကေနၿပီး သူတို႔ေမ်ာက္ေတာင္ဖက္ကိုသြားတာလို႔ သတင္းရတယ္။ အခု တိုက္ပြဲေတြျဖစ္ေနတဲ့ ေတာင္ရွည္ေတာင္ဖက္ကို သြားတာ လမ္းမွာ႐ြာေတြနားမွာ ပစ္ခတ္မႈေတြ ျဖစ္တယ္။ အဲဒီမွာ သာစည္႐ြာထဲမွာ အိမ္ေတြေတာင္ မီးေလာင္သြားတယ္လို႔ၾကားတယ္။ ေသတာက အမ်ိဳးသမီးတစ္ေယာက္နဲ႔ အမ်ိဳးသားႏွစ္ေယာက္ပါ။ ဒဏ္ရာရတာကက်ေတာ့ အမ်ိဳးသာႏွစ္ေယာက္ေပါ့၊ အသက္ ၁၈ ႏွစ္နဲ႔ အသက္ ၆၀ ႏွစ္ေက်ာ္တစ္ေယာက္ပါ။ ၁၈ ႏွစ္ လူငယ္ေလးကေတာ့ ဒဏ္ရာျပင္းလို႔ စိုးရိမ္ရတယ္လို႔ၾကားတယ္။ ေက်ာက္ေတာ္ေဆး႐ုံကိုပို႔ဖို႔ စီစဥ္ေတာ့ လမ္းခရီးကမေျပလည္ဘူး။ အခက္အခဲရွိပါတယ္။ “လို႔ ေျပာပါတယ္။

ေအေအ ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခကိုဆက္သြယ္ခဲ့ရာမွာ ” ဒီေန႔ေက်ာက္ေတာ္ဖက္မွာေတာ့ တပ္မေတာ္ဖက္က တစ္ဖက္သက္ပစ္ခတ္တာေတြ႐ွိတယ္။ အရပ္သား ေသဆံုးဒဏ္ရာရတာေတြလည္း႐ွိတယ္လို႔ၾကားတယ္။ အတိအက်ေတာ့ မသိရေသးဘူး။” လို႔ ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သတ္လို႔ တပ္မေတာ္ ေျပာေရးဆိုခြင့္႐ွိသူေတြကိုဆက္သြယ္ခဲ႔ရာ ဖုန္းလက္ခံေျဖၾကားတာမ႐ွိပါဘူး။

#VOM #voiceofmyanmar #ေက်ာက္ေတာ္ #လက္နက္ႀကီးက်ည္က် #အရပ္သား၃ဦးေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW