ဗစ်တိုးရီးယားအမှု ပြန်စခြင်းမစခြင်းက ကာယကံရှင်နဲ့ သက်ဆိုင်ရာတရားစွဲအဖွဲ့ပေါ်မှာမူတည်

ဗစ်တိုးရီးယားအမှု ပြန်စခြင်းမစခြင်းက ကာယကံရှင်နဲ့ သက်ဆိုင်ရာတရားစွဲအဖွဲ့ပေါ်မှာမူတည်

နေပြည်တော်၊ မတ် ၁၄-၂၀၂၀
ကိုထွန်း(VOM)

ဗစ်တိုးရီးယားအမှုကို ပြန်လည်တရားစွဲဆိုမှု ပြန်စခြင်းမစခြင်းကို ကာယကံရှင်နဲ့ သက်ဆိုင်ရာတရားစွဲအဖွဲပေါ်မှာပဲ မူတည်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက မနေ့ မတ်လ ၁၃ရက်ညနေပိုင်းက ပြုလုပ်တဲ့ သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ပြောရရင်တော့ ဒီအမှုက နဲနဲလေးရှုပ်တယ်၊ ဒါကြောင့် အမှုကိုပြန်စခြင်းမစခြင်းက ကာယကံရှင်နဲ့ သက်ဆိုင်ရာတရားစွဲအဖွဲပေါ်မှာ မူတည်တယ်ပေါ့ ဒီအပေါ်မှာ ဆက်လုပ်ရမှာဖြစ်တယ်”လို့ ဦးဇော်ဋ္ဌေးကပြောကြားခဲ့ပါတယ်။

ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကိုအရေးယူဖို့ သမ္မတရုံးကနေ ပြည်ထဲရေးဝန်ကြီးဌာနကို ညွှန်ကြားထားတယ်လို့လည်း ပြီးခဲ့တဲ့တခေါက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အဲဒီကိစ္စ သက်ဆိုင်ဌာနက အရေးယူထားပါတယ်၊ အရေးယူတာက ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့ အညီပေါ့နော် အရေးယူထားတယ်၊ လောလောဆယ်ပြောရရင် အရေးယူနေပြီ၊ အရေးယူပြီးစီးမှုကိုတော့ သမ္မတရုံးကို ဆောင်ရွက်ပြီးစီးမှု ပြန်တင်ပြရမယ်ပေါ့၊ ပြောလိုတာကတော့ လောလောဆယ်အရေးယူဆဲပေါ့နော်၊ ပြန်တင်ပြလာတာမရှိသေးဘူး”လို့ ဦးဇော်ဋ္ဌေးကပြောပါတယ်။

ဗစ်တိုရီးယားအမှုက သံသယတရားခံ ကိုအောင်ကြီးကို တရားရှင်လွှတ်လိုက်ပေမယ့်လည်း ဒီကနေ့အချိန်ထိ တရားခံအစစ်အမှန်ကို သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်တာမရှိသေးဘူးလို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #နေပြည်တော် #ဗစ်တိုရီးယားအမှု

Zawgyi


နေပြည်တော်၊ မတ် ၁၄-၂၀၂၀
ကိုထွန်း(VOM)







Related posts

Leave a Comment

VOM News

FREE
VIEW