ပုသိမ်ဆေးရုံကြီးက ကိုရိုနာသံသယရှိလူနာ ရောဂါပိုးမတွေ့တဲ့အတွက် ဆေးရုံဆင်းခွင့်ရ

ပုသိမ်ဆေးရုံကြီးက ကိုရိုနာသံသယရှိလူနာ ရောဂါပိုးမတွေ့တဲ့အတွက် ဆေးရုံဆင်းခွင့်ရ

ပုသိမ်၊ မတ် ၁၄-၂၀၂၀
ကိုအောင်(VOM)

ပုသိမ်ဆေးရုံကြီးမှာ မတ်လ၁၂ရက်နေ့က သီးခြားစောင့်ကြည့် စစ်ဆေးခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတစ်ဦးကို ရောဂါပိုးမတွေ့တဲ့အတွက် ဆေးရုံကနေ ဆင်းခိုင်းလိုက်ပြီလို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာ ဟုတ်၊မဟုတ် ရန်ကုန်မြို့ ဓါတ်ခွဲခန်းကို ပေးပို့စစ်ဆေးခဲ့ပြီး ရောဂါပိုးမရှိတဲ့အပြင် ကျန်းမာရေးကောင်းလာတဲ့အတွက် မတ်လ၁၃ရက်နေ့မှာ သံသယရှိလူနာ အမျိုးသားကို ဆေးရုံဆင်းခွင့်ပေးလိုက် တာလို့ ပုသိမ်ဆေးရုံအုပ်ကြီးက ပြောပါတယ်။

“လူနာကပိုးမတွေ့ဘူးဆိုတဲ့ ရလဒ်ကိုရရှိပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကလဲ ထုတ်ပြန်တယ်၊ သူကိုလဲ ကျန်းမာရေးစစ်ဆေးလိုက်တာ အဖျားလဲမရှိတော့ မနေ့က ၁၂နာရီမှာဆေးရုံက ဆင်းပေးလိုက်တာ၊ ကျန်စောင့်ကြည့်သူတွေပါအပါပေါ့”လို့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ကပြောပါတယ်။

ကျောင်းကုန်းမြို့နယ် ချောင်းတွင်းကျေးရွာနေ အသက်၃၀အရွယ် သံသယရှိလူနာအမျိုးသားဟာ မတ်လ ၉ရက်နေ့က တရုတ်နိုင်ငံကနေ အလုပ်လုပ်ပြီး နေရပ်ပြန်လာခဲ့တာပါ။

အဲဒီနောက် သူဟာ ကိုယ်အပူချိန်မြင့်ပြီး ချောင်းဆိုးတဲ့အတွက် မတ်လ ၁၂ရက်နေ့မှာ ပုသိမ်ဆေးရုံကြီးကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

သံသယရှိလူနာအမျိုးသားနဲ့အတူ တရုတ်နိုင်ငံကနေ ပြန်လာခဲ့သူ သုံးယောက်ကိုလည်း ပုသိမ်ဆေးရုံမှာ သီးသန့်ထားစောင့်ကြည့်ခဲ့ပါတယ်။

ကျန်စောင့်ကြည့်လူနာသုံးယောက်ကိုလည်း အလားတူ ဆေးရုံဆင်းခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

ပုသိမ်ဒေသခံတွေ အနေနဲ့လဲ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သတ်တဲ့ ကောလဟာလသတင်းတွေကို မယုံကြဖို့နဲ့ ပုသိမ်ဆေးရုံကြီးတာဝန်ရှိသူအနေနဲ့ သတင်းအမှန်တွေကို တင်ပြသွားမယ်လို့ ဒေါက်တာသန်းမင်းထွဋ်က ပြောပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာအနှံကို ပြန့်ပွားနေပြီး လက်ရှိအချိန်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကလည်း ကိုရိုနာဗိုင်းရပ်ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေငြာထားပါတယ်။

#VOM #voiceofmyanmar #ပုသိမ် #ကိုရိုနာသံသယလူနာ #ဆေးရုံကဆင်းခွင့်ရ

Zawgyi

ပုသိမ္ေဆး႐ုံႀကီးက ကို႐ိုနာသံသယရွိလူနာ ေရာဂါပိုးမေတြ႕တဲ့အတြက္ ေဆး႐ုံဆင္းခြင့္ရ

ပုသိမ္၊ မတ္ ၁၄-၂၀၂၀
ကိုေအာင္(VOM)

ပုသိမ္ေဆး႐ုံႀကီးမွာ မတ္လ၁၂ရက္ေန႔က သီးျခားေစာင့္ၾကည့္ စစ္ေဆးခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ သံသယလူနာတစ္ဦးကို ေရာဂါပိုးမေတြ႕တဲ့အတြက္ ေဆး႐ုံကေန ဆင္းခိုင္းလိုက္ၿပီလို႔ သိရပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရတာ ဟုတ္၊မဟုတ္ ရန္ကုန္ၿမိဳ႕ ဓါတ္ခြဲခန္းကို ေပးပို႔စစ္ေဆးခဲ့ၿပီး ေရာဂါပိုးမရွိတဲ့အျပင္ က်န္းမာေရးေကာင္းလာတဲ့အတြက္ မတ္လ၁၃ရက္ေန႔မွာ သံသယရွိလူနာ အမ်ိဳးသားကို ေဆး႐ုံဆင္းခြင့္ေပးလိုက္ တာလို႔ ပုသိမ္ေဆး႐ုံအုပ္ႀကီးက ေျပာပါတယ္။

“လူနာကပိုးမေတြ႕ဘူးဆိုတဲ့ ရလဒ္ကိုရရွိပါတယ္။ က်န္းမာေရး၀န္ႀကီးဌာနကလဲ ထုတ္ျပန္တယ္၊ သူကိုလဲ က်န္းမာေရးစစ္ေဆးလိုက္တာ အဖ်ားလဲမရွိေတာ့ မေန႔က ၁၂နာရီမွာေဆး႐ုံက ဆင္းေပးလိုက္တာ၊ က်န္ေစာင့္ၾကည့္သူေတြပါအပါေပါ့”လို႔ ပုသိမ္ေဆး႐ုံအုပ္ႀကီး ေဒါက္တာသန္းမင္းထြဋ္ကေျပာပါတယ္။

ေက်ာင္းကုန္းၿမိဳ႕နယ္ ေခ်ာင္းတြင္းေက်း႐ြာေန အသက္၃၀အ႐ြယ္ သံသယရွိလူနာအမ်ိဳးသားဟာ မတ္လ ၉ရက္ေန႔က တ႐ုတ္ႏိုင္ငံကေန အလုပ္လုပ္ၿပီး ေနရပ္ျပန္လာခဲ့တာပါ။

အဲဒီေနာက္ သူဟာ ကိုယ္အပူခ်ိန္ျမင့္ၿပီး ေခ်ာင္းဆိုးတဲ့အတြက္ မတ္လ ၁၂ရက္ေန႔မွာ ပုသိမ္ေဆး႐ုံႀကီးကို ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

သံသယရွိလူနာအမ်ိဳးသားနဲ႔အတူ တ႐ုတ္ႏိုင္ငံကေန ျပန္လာခဲ့သူ သုံးေယာက္ကိုလည္း ပုသိမ္ေဆး႐ုံမွာ သီးသန္႔ထားေစာင့္ၾကည့္ခဲ့ပါတယ္။

က်န္ေစာင့္ၾကည့္လူနာသုံးေယာက္ကိုလည္း အလားတူ ေဆး႐ုံဆင္းခြင့္ေပးခဲ့တယ္လို႔ သိရပါတယ္။

ပုသိမ္ေဒသခံေတြ အေနနဲ႔လဲ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သတ္တဲ့ ေကာလဟာလသတင္းေတြကို မယုံၾကဖို႔နဲ႔ ပုသိမ္ေဆး႐ုံႀကီးတာ၀န္ရွိသူအေနနဲ႔ သတင္းအမွန္ေတြကို တင္ျပသြားမယ္လို႔ ေဒါက္တာသန္းမင္းထြဋ္က ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕က စတင္ျဖစ္ပြားခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ဟာ ကမာၻအႏွံကို ျပန္႔ပြားေနၿပီး လက္ရွိအခ်ိန္မွာ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO)ကလည္း ကို႐ိုနာဗိုင္းရပ္ကို ကမာၻ႔ကပ္ေရာဂါအျဖစ္ ေၾကျငာထားပါတယ္။

#VOM #voiceofmyanmar #ပုသိမ္ #ကိုရိုနာသံသယလူနာ #ေဆးရံုကဆင္းခြင့္ရ

Related posts

Leave a Comment

VOM News

FREE
VIEW