မန္တလေးမြို့သင်္ကြန်ပွဲကို လူစုလူဝေးနဲ့ကျင်းပတော့မှာမဟုတ်

မန္တလေးမြို့သင်္ကြန်ပွဲကို လူစုလူဝေးနဲ့ကျင်းပတော့မှာမဟုတ်

မန္တလေး၊ မတ် ၁၄-၂၀၂၀
လင်းခိုင်(VOM)

မန္တလေးမြို့မှာ ဒီနှစ်ကျရောက်မယ့် မဟာသင်္ကြန်ပွဲတော်ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် လူစုလူဝေးနဲ့ ကျင်းပတော့မှာမဟုတ်ဘူးလို့ မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က အတည်ပြုပြောပါတယ်။

“အဲ့ဒီလိုကျင်းပတော့မှာမဟုတ်တော့တဲ့အတွက် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဏာပ်ကိုလည်း ဒီကနေ့ မတ်လ(၁၄)ရက်စပြီး ပြန်လည်ပြီးတော့ဖျက်‌သိမ်းတော့မှာ ဖြစ်ပါတယ်” လို့ ဦးကျော်ဆန်းမြင့်ကပြောပါတယ်။

ကျုံးဘေးမှာလည်း မဏ္ဏုပ်တွေနေရာချထားမှုနဲ့ တပိုင်တနိုင်ရေစုပ်စက်နဲ့ ပြုလုပ်တာတွေကို မန္တလေးမြို့တော်စည်ပင်သာယာရေးအနေနဲ့က ဆောင်ရွက်ပေးသွားတော့မဟုတ်ဘူးလို့ ပြောပါတယ်။

#VOM #voiceofmyanmar #မန္တလေး #သင်္ကြန် #လူစုလူဝေးနဲ့ကျင်းပတော့မှာမဟုတ်

Zawgyi


မန္တလေး၊ မတ် ၁၄-၂၀၂၀
လင်းခိုင်(VOM)





Related posts

Leave a Comment

VOM News

FREE
VIEW