ကျောက်တော်မြို့မှာ စစ်ဘေးရှောင် ၅၀၀၀ နီးပါးရှိနေပြီး စားဝတ်နေရေးအခက်အခဲရှိနေ

ကျောက်တော်မြို့မှာ စစ်ဘေးရှောင် ၅၀၀၀ နီးပါးရှိနေပြီး စားဝတ်နေရေးအခက်အခဲရှိနေ

ကျောက်တော်၊ မတ် ၂၅- ၂၀၂၀
ခိုင်လင်းစံ (VOM)

ပြီးခဲ့တဲ့ရက်ပိုင်းတွေက ကျောက်တော်မြို့နယ်မှာ တပ်မတော်နဲ့ အေအေတို့ရဲ့တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာပြီးနောက် ကျောက်တော်မြို့ပေါ်မှာ စစ်ဘေးရှောင်ဒုက္ခသည် ၅၀၀၀ နီးပါးရှိနေပြီး စားဝတ်နေရေးအခက်တွေနဲ့လည်း ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

ကျောက်တော်မြို့ပေါ်မှာ စစ်ဘေးရှောင်စခန်း ၆ ခုလောက်ရှိကာ အဲ့ဒီအထဲမှာ အစိုးရကတရားဝင်ဖွင့်လှစ်ထားတဲ့စခန်းတစ်ခုသာ ရှိတယ်လို့သိရပါတယ်။

အဲ့ဒီဒုက္ခသည်စခန်းတွေမှာ ကလေး၊ လူကြီး၊ ကျား၊မအပါအဝင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ နေထိုင်ရေးတွေဟာလည်း အခက်အခဲမျိုးစုံကြုံတွေ့ရတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

” အခုဒုက္ခသည်တွေက ကျောက်တော်မြို့ပေါ်မှာရောက်နေတာ (၄၀၀၀) ကျော် (၅၀၀၀) နီးပါးရှိနေပြီ။ ဒုက္ခသည်စာရင်းတွေကလည်း မပိတ်သေးဘူးဆိုတော့ ကိန်းဂဏန်းအတိအကျမသိသေးဘူး။ သူတို့တွေရဲ့ စားဝတ်နေရေးအခြေအနေတွေကလည်း မလွယ်ဘူး။ အကုန် အခက်အခဲဖြစ်နေကြပြီ။ အုပ်ချုပ်ရေးပိုင်းကလည်း ကူညီပေးမှုအားနည်းတယ်။ NGO/ INGO တွေကလည်း အကူအညီတွေပေးဖို့ပြောထားတယ်။ ရောက်မလာသေးဘူး။” လို့ ကျောက်တော်မြို့က စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးကပြောပါတယ်။

ဒုက္ခသည်တွေရဲ့ စားဝတ်နေရေးအခက်အခဲတွေဟာ ပြောလည်မှုမရှိတာဲ့အတွက် ကျောက်တော်မြို့ပေါ် ရပ်ကွက်နေမြို့မိမြို့ဖတွေက စားဝတ်နေရေးတွေကို ဝိုင်းဝန်းထောက်ပံ့ကူညီပေးနေကြရတယ်လို့လည်း သိရပါတယ်။

ကျောက်တော်မြို့ပေါ်က ဒုက္ခသည်စခန်းတွေမှာ ရှမ်းရွာ အထက၊ နေပူခံစစ်ရှောင်စခန်း၊ သာသနာ့ဗိမာန်စစ်ရှောင်စခန်း၊ မြို့မအထက(၂)၊ အထက (၁)၊ ပိုက်သည်ရပ်ကွက် မူလတန်းလွန်စခန်းနဲ့ မဟာကံကြီးရှင်စစ်ဘေးရှောင်စခန်းတို့ဖြစ်ကြပြီး နေပူခံစစ်ဘေးရှောင်စခန်းမှာ အစိုးရကတရားဝင်ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလိုစစ်ဘေးရှောင် ၅၀၀၀ နီးပါးရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ နေရပ်စွန့်ခွာပြီးထွက်ပြေးလာရသူတွေကို ဒေတာအချက်အလက်တွေကောက်ယူပြီး သက်ဆိုင်ရာဌာနတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးမှုတွေပြုလုပ်ပြီး ကူညီပေးဖို့စီစဉ်နေတာတွေရှိတယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ပြောပြတာကတော့” ကျနော်တို့အနေနဲ့ ဒီဒုက္ခသည်တွေနဲ့ပတ်သက်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တိုင်ပင်ပြီး ကူညီပေးတာတွေရှိတယ်။ နောက်တစ်ချက်က ကျနော်တို့ဒီ ဖြစ်လာတဲ့အပေါ်မှာ ဆုံးရှုံးမှုတွေ၊ ပြေးလာရတာအကြောင်းအရင်းတွေကို ဒေတာအချက်အလက်တွေကောက်ယူပြီး သူတို့ရဲ့ ကျန်းမာရေး၊ ပညာရေးတွေ နဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေနဲ့ ဆွေးနွေးမှုတွေလုပ်သွားဖို့ရှိတယ်။” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ ယခုအချိန် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးရှောင်ဒုက္ခသည် ၁ သိန်းကျော်ရှိလာနေပြီလို့ အရပ်ဖက်အဖွဲ့အစည်တွေက ထုတ်ပြန်ထားပြီး ကျောက်တော်မြို့နယ်တစ်ခုလုံးမှာ စစ်ဘေးရှောင်ဦးရေ သောင်းဂဏန်းလောက်ရှိနေပြီဖြစ်တယ်လို့ ကူညီပေးနေသူတွေဆီကနေ
သိရပါတယ်။

#VOM #voiceofmyanmar #ကျောက်တော် #စစ်ဘေးရှောင် #စားဝတ်နေရေးခက်ခဲ

Zawgyi

ေက်ာက္ေတာ္ၿမိဳ႕မွာ စစ္ေဘးေရွာင္ ၅၀၀၀ နီးပါးရွိေနၿပီး စားဝတ္ေနေရးအခက္အခဲရွိေန

ေက်ာက္ေတာ္၊ မတ္ ၂၅- ၂၀၂၀
ခိုင္လင္းစံ (VOM)

ၿပီးခဲ့တဲ့ရက္ပိုင္းေတြက ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕တိုက္ပြဲေတြဟာ ပိုမိုျပင္းထန္လာၿပီးေနာက္ ေက်ာက္ေတာ္ၿမိဳ႕ေပၚမွာ စစ္ေဘးေရွာင္ဒုကၡသည္ ၅၀၀၀ နီးပါးရွိေနၿပီး စားဝတ္ေနေရးအခက္ေတြနဲ႔လည္း ရင္ဆိုင္ႀကဳံေတြ႕ေနၾကရပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕ေပၚမွာ စစ္ေဘးေရွာင္စခန္း ၆ ခုေလာက္ရွိကာ အဲ့ဒီအထဲမွာ အစိုးရကတရားဝင္ဖြင့္လွစ္ထားတဲ့စခန္းတစ္ခုသာ ရွိတယ္လို႔သိရပါတယ္။

အဲ့ဒီဒုကၡသည္စခန္းေတြမွာ ကေလး၊ လူႀကီး၊ က်ား၊မအပါအဝင္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြရဲ႕ ေနထိုင္ေရးေတြဟာလည္း အခက္အခဲမ်ိဳးစုံႀကဳံေတြ႕ရတယ္လို႔ ဒုကၡသည္ေတြကို ကူညီေပးေနသူေတြက ေျပာပါတယ္။

” အခုဒုကၡသည္ေတြက ေက်ာက္ေတာ္ၿမိဳ႕ေပၚမွာေရာက္ေနတာ (၄၀၀၀) ေက်ာ္ (၅၀၀၀) နီးပါးရွိေနၿပီ။ ဒုကၡသည္စာရင္းေတြကလည္း မပိတ္ေသးဘူးဆိုေတာ့ ကိန္းဂဏန္းအတိအက်မသိေသးဘူး။ သူတို႔ေတြရဲ႕ စားဝတ္ေနေရးအေျခအေနေတြကလည္း မလြယ္ဘူး။ အကုန္ အခက္အခဲျဖစ္ေနၾကၿပီ။ အုပ္ခ်ဳပ္ေရးပိုင္းကလည္း ကူညီေပးမႈအားနည္းတယ္။ NGO/ INGO ေတြကလည္း အကူအညီေတြေပးဖို႔ေျပာထားတယ္။ ေရာက္မလာေသးဘူး။” လို႔ ေက်ာက္ေတာ္ၿမိဳ႕က စစ္ေဘးေရွာင္ေတြကို ကူညီေပးေနသူတစ္ဦးကေျပာပါတယ္။

ဒုကၡသည္ေတြရဲ႕ စားဝတ္ေနေရးအခက္အခဲေတြဟာ ေျပာလည္မႈမရွိတာဲ့အတြက္ ေက်ာက္ေတာ္ၿမိဳ႕ေပၚ ရပ္ကြက္ေနၿမိဳ႕မိၿမိဳ႕ဖေတြက စားဝတ္ေနေရးေတြကို ဝိုင္းဝန္းေထာက္ပံ့ကူညီေပးေနၾကရတယ္လို႔လည္း သိရပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕ေပၚက ဒုကၡသည္စခန္းေတြမွာ ရွမ္း႐ြာ အထက၊ ေနပူခံစစ္ေရွာင္စခန္း၊ သာသနာ့ဗိမာန္စစ္ေရွာင္စခန္း၊ ၿမိဳ႕မအထက(၂)၊ အထက (၁)၊ ပိုက္သည္ရပ္ကြက္ မူလတန္းလြန္စခန္းနဲ႔ မဟာကံႀကီးရွင္စစ္ေဘးေရွာင္စခန္းတို႔ျဖစ္ၾကၿပီး ေနပူခံစစ္ေဘးေရွာင္စခန္းမွာ အစိုးရကတရားဝင္ခြင့္ျပဳခ်က္နဲ႔ ဖြင့္လွစ္ထားတာျဖစ္တယ္လို႔ သိရပါတယ္။

အဲ့ဒီလိုစစ္ေဘးေရွာင္ ၅၀၀၀ နီးပါးရဲ႕ ပညာေရး၊ က်န္းမာေရးနဲ႔ ေနရပ္စြန႔္ခြာၿပီးထြက္ေျပးလာရသူေတြကို ေဒတာအခ်က္အလက္ေတြေကာက္ယူၿပီး သက္ဆိုင္ရာဌာနေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ေဆြးေႏြးမႈေတြျပဳလုပ္ၿပီး ကူညီေပးဖို႔စီစဥ္ေနတာေတြရွိတယ္လို႔ သိရပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္ေျပာျပတာကေတာ့” က်ေနာ္တို႔အေနနဲ႔ ဒီဒုကၡသည္ေတြနဲ႔ပတ္သက္လို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးနဲ႔ တိုင္ပင္ၿပီး ကူညီေပးတာေတြရွိတယ္။ ေနာက္တစ္ခ်က္က က်ေနာ္တို႔ဒီ ျဖစ္လာတဲ့အေပၚမွာ ဆုံးရႈံးမႈေတြ၊ ေျပးလာရတာအေၾကာင္းအရင္းေတြကို ေဒတာအခ်က္အလက္ေတြေကာက္ယူၿပီး သူတို႔ရဲ႕ က်န္းမာေရး၊ ပညာေရးေတြ နဲ႔ပတ္သက္ၿပီး သက္ဆိုင္ရာဌာနေတြနဲ႔ ေဆြးေႏြးမႈေတြလုပ္သြားဖို႔ရွိတယ္။” လို႔ ေျပာပါတယ္။

ရခိုင္ျပည္နယ္ဟာ ယခုအခ်ိန္ ေနရပ္စြန႔္ခြာထြက္ေျပးရတဲ့ စစ္ေဘးေရွာင္ဒုကၡသည္ ၁ သိန္းေက်ာ္ရွိလာေနၿပီလို႔ အရပ္ဖက္အဖြဲ႕အစည္ေတြက ထုတ္ျပန္ထားၿပီး ေက်ာက္ေတာ္ၿမိဳ႕နယ္တစ္ခုလုံးမွာ စစ္ေဘးေရွာင္ဦးေရ ေသာင္းဂဏန္းေလာက္ရွိေနၿပီျဖစ္တယ္လို႔ ကူညီေပးေနသူေတြဆီကေန
သိရပါတယ္။

#VOM #voiceofmyanmar #ေက်ာက္ေတာ္ #စစ္ေဘးေရွာင္ #စား၀တ္ေနေရးခက္ခဲ

Related posts

Leave a Comment

VOM News

FREE
VIEW