ရခိုင်ပြည်နယ်အရေးကိစ္စတောင်းဆိုခဲ့တဲ့ ကျောင်းသား ၇ ဦးကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁ လချမှတ်ခံရ

ရခိုင်ပြည်နယ်အရေးကိစ္စတောင်းဆိုခဲ့တဲ့ ကျောင်းသား ၇ ဦးကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁ လချမှတ်ခံရ ရန်ကုန် မတ် ၂၅-၂၀၂၀ သိင်္ဂီ (VOM) ရခိုင်ပြည်နယ်နဲ့ ချင်းပြည်မှာ အင်တာနက်ဖြတ်တောက်မှု၊ စာသင်ကျောင်းပေါ် လက်နက်ကြီးကျမှုတွေကို တာဝန်ယူတာဝန်ခံဖြေရှင်းပေးဖို့ ဆန္ဒပြတောင်ဆိုခဲ့တဲ့ ကျောင်းသား ၇ ဦးကို ကမာရွတ်မြို့နယ်တရားရုံးက ဒီကနေ့မနက်ပိုင်းက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ လ ချမှတ်လိုက်ပါတယ်။ ဒီလို ပြစ်ဒဏ်ချမှတ်လိုက်တဲ့အပေါ် အယူခံတက်ဖို့မရှိကြောင်းနဲ့ အစကတည်းက တရားစီရင်ရေး နဲ့ တရားဥပဒေစိုးမိုးရေးကိုလည်း အယုံမကြည်မရှိခဲ့ဘူးလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုသက်မောင်မောင်ကပြောပါတယ်။ ” ဒီအမှုကအစထဲက အာမခံယူပြီး ဒဏ်ငွေဆောင်လို့ရတယ်။ ဒါပေမယ့်မလုပ်ဘူး။ ဘာကြောင့်လဲဆို ၂၀၀၈ အခြေခံဥပဒေဖွဲ့စည်းပုံကထွက်တဲ့ ဥပဒေမှန်သမျှ ရှုံ့ချကန့်ကွက်တယ်။ နောက်ပြီး ရခိုင်မှာ အင်တာနက်ဖြတ်တောက်တာနဲ့ ပတ်သက်လို့ရော၊ လက်နက်ကြီးကျတာရော ပတ်သက်လို့ ခုထိ ဖြေရှင်းတာမရှိဘူး။ ဒါတွေကိုတောင်းဆိုတဲ့သူတွေကို တမင်သက်သက်…

Read More

ကျောက်တော်မြို့မှာ စစ်ဘေးရှောင် ၅၀၀၀ နီးပါးရှိနေပြီး စားဝတ်နေရေးအခက်အခဲရှိနေ

ကျောက်တော်မြို့မှာ စစ်ဘေးရှောင် ၅၀၀၀ နီးပါးရှိနေပြီး စားဝတ်နေရေးအခက်အခဲရှိနေ ကျောက်တော်၊ မတ် ၂၅- ၂၀၂၀ ခိုင်လင်းစံ (VOM) ပြီးခဲ့တဲ့ရက်ပိုင်းတွေက ကျောက်တော်မြို့နယ်မှာ တပ်မတော်နဲ့ အေအေတို့ရဲ့တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာပြီးနောက် ကျောက်တော်မြို့ပေါ်မှာ စစ်ဘေးရှောင်ဒုက္ခသည် ၅၀၀၀ နီးပါးရှိနေပြီး စားဝတ်နေရေးအခက်တွေနဲ့လည်း ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ ကျောက်တော်မြို့ပေါ်မှာ စစ်ဘေးရှောင်စခန်း ၆ ခုလောက်ရှိကာ အဲ့ဒီအထဲမှာ အစိုးရကတရားဝင်ဖွင့်လှစ်ထားတဲ့စခန်းတစ်ခုသာ ရှိတယ်လို့သိရပါတယ်။ အဲ့ဒီဒုက္ခသည်စခန်းတွေမှာ ကလေး၊ လူကြီး၊ ကျား၊မအပါအဝင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ နေထိုင်ရေးတွေဟာလည်း အခက်အခဲမျိုးစုံကြုံတွေ့ရတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ ” အခုဒုက္ခသည်တွေက ကျောက်တော်မြို့ပေါ်မှာရောက်နေတာ (၄၀၀၀) ကျော် (၅၀၀၀) နီးပါးရှိနေပြီ။ ဒုက္ခသည်စာရင်းတွေကလည်း မပိတ်သေးဘူးဆိုတော့ ကိန်းဂဏန်းအတိအကျမသိသေးဘူး။ သူတို့တွေရဲ့ စားဝတ်နေရေးအခြေအနေတွေကလည်း မလွယ်ဘူး။ အကုန် အခက်အခဲဖြစ်နေကြပြီ။ အုပ်ချုပ်ရေးပိုင်းကလည်း ကူညီပေးမှုအားနည်းတယ်။ NGO/ INGO တွေကလည်း အကူအညီတွေပေးဖို့ပြောထားတယ်။…

Read More

တက္ကသိုလ်အသီးသီးရှိ ဆရာ၊ဆရာမများကို နေအိမ်ကနေ တာဝန်ထမ်းဆောင်ခွင့်ပေးဖို့ တောင်းဆို

တက္ကသိုလ်အသီးသီးရှိ ဆရာ၊ဆရာမများကို နေအိမ်ကနေ တာဝန်ထမ်းဆောင်ခွင့်ပေးဖို့ တောင်းဆို ရန်ကုန်၊ မတ် ၂၅-၂၀၂၀ စွဲ့ဝတီ(VOM) တက္ကသိုလ်အသီးသီးရှိ ဆရာဆရာမများကို နေအိမ်ကနေ တာဝန်ထမ်းဆောင်ခွင့်ပေးဖို့ တက္ကသိုလ်ဆရာ/ဆရာမအသင်းများကိုယ်စားပြုကော်မတီ (Representative Committee of University Teacher Associations – RC of UTAS)က တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ “ အခုကတော့ ဆယ်တန်းစာစစ်ကလည်း ရပ်သွားပြီ။ ဒါပေမဲ့ အခုစာမေးပွဲတွေဖြေထားတဲ့ ကိစ္စတွေ ရှိတယ်။ တစ်ချို့ကျောင်းတွေမှာ တစ်ဝက်တစ်ပြတ်နဲ့ ရပ်သွားတာတွေရှိတယ်။ တကယ်တမ်းပြောမယ်ဆိုရင် ကျန်းမာရေးအရ ရပ်ဆိုင်းလိုက်တာပေါ့။ နယ်တက္ကသိုလ်တွေမှာ စာစစ်တဲ့ကိစ္စတွေကို ဆက်လုပ်ခိုင်းတဲ့ ကိစ္စတွေရှိတယ်။ ပြီးတော့ အခုဆိုရင် ကိုယ်ဘာသာကိုယ် အိမ်မှာနေလိုက်တာက အကောင်းဆုံးအခြေအနေပေါ့။ အဲလိုမဟုတ်ဘဲနဲ့ သူတို့က အိမ်ကို ပြန်မလွှတ်တာတို့ ။ နေ့စဉ်လာရမယ်လို့ စတဲ့အခြေအနေတွေကြောင့် ဆရာ၊ဆရာမတွေက တော်တော်လေးကို အကြပ်ရိုက်နေကြတယ်။ နယ်က…

Read More

မန္တလေးတိုင်းအစိုးရအနေနဲ့ COVID-19ရောဂါ ကာကွယ်ရေးရံပုံငွေ ဘီလီယံချီရရှိထား

မန္တလေးတိုင်းအစိုးရအနေနဲ့ COVID-19ရောဂါ ကာကွယ်ရေးရံပုံငွေ ဘီလီယံချီရရှိထား မန္တလေး မတ် ၂၅-၂၀၂၀ ဖြူဖြူ (VOM) မန္တလေးတိုင်းအစိုးရအနေနဲ့ COVID 19 ရောဂါနဲ့ပတ်သက်လို့ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေအတွက် အများပြည်သူလှူဒါန်းမှု ကျပ်သိန်း ၅၀၀၀ လောက်ရရှိပြီးဖြစ်သလို တိုင်းဒေသကြီး သဘာဝဘေးရံပုံငွေကလည်း ဘီလီယံနဲ့ ချီရှိထားတဲ့အတွက် စားစရာပြတ်မှာကို မစိုးရိမ်ဖို့ မန္တလေးတိုင်းခေတ္တဝန်ကြီးချုပ် ဦးဇာနည်ေအောင်က ပြောပါတယ်။ “ဒီရံပုံငွေများကို ထုတ်သုံးဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က အဆင့်သင့်ရှိသလို ဘန်ကောက်မှာ ရှိနေတဲ့ ဝန်ကြီးချုပ်ကြီး(ဒေါက်တာဇော်မြင့်မောင်)ကလည်းပဲ ဒီရံပုံငွေကိစ္စတွေ၊ ဘာလုပ်သင့်တယ်ဆိုတဲ့ ကိစ္စတွေကို အမြဲတမ်းမပြတ် လမ်းညွှန်နေပါတယ်။”လို့ မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောပါတယ်။ COVID 19 ရောဂါနဲ့ပတ်သက်ပြီး ပြည်တွင်းမှာ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား ရိက္ခာပြတ်လပ်တာ၊ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေအတွက် လုံလောက်မှုမရှိတာမျိုး စိုးရိမ်ပူပန်မှုတွေမဖြစ်ကြဖို့ ခေတ္တဝန်ကြီးချုပ်က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က ပြည်တွင်းကနေ ပြည်ပကိုဆန်တင်ပို့မှုဟာ…

Read More

အောင်သပြေကျေးရွာသား အယောက်(၂၀)ခန့်ကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး

အောင်သပြေကျေးရွာသား အယောက်(၂၀)ခန့်ကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး မန္တလေး၊ မတ် ၂၅-၂၀၂၀ Voice Of Myanmar မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာက ဒေသခံအယောက်(၂၀)ခန့်ကို ဒီကနေ့မတ်လ၂၅ရက်နေ့ မနက်အစောပိုင်း ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးမှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံရွာသားတစ်ဦးကပြောပါတယ်။ ” မနေ့ည အစောပိုင်း၉နာရီလောက်က သူတို့တွေရွာကိုလာတယ်၊ ဘယ်သူတွေလဲတော့ မသိဘူး၊ မသိဘူးဆိုတာကလည်း သူတို့က ညမှာတိတ်တခိုးလာတာပေါ့၊ နောက်ပိုင်း လင်းခါနီးလောက်မှာ တိုင်းရဲတွေပါတယ်လို့သိတယ်။ ကျွန်တော်တောင် ဓာတ်ပုံရိုက်ရင်း ဟိုရှောင်ဒီရှောင်နဲ့ ရေတွင်းထဲမှာ ပုံးခဲ့ရပါတယ်။ သူတို့က လက်နက်နဲ့ပေါ့ဗျာ ဖမ်းတယ်ပေါ့၊ ဘိုးရွှေအုန်းကို သေနတ်မှန်တယ်၊ ခြေထောက်ကတော့ လေးငါးချက်လောက်ထိတယ်ဗျ”လို့ အောင်သပြေကျေးရွာက အမည်မဖော်လိုသူတစ်ဦးကပြောပါတယ်။ ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးသွားတာကတော့ အောင်သပြေကျေးရွာသားအယောက်(၂၀)ကျော်ရှိပြီး ဦးရွှေအုန်းရဲ့ မိသားစုအပါအဝင် ရွာထဲက ကလေးတွေကိုပါ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ “ဖမ်းဆီးသွားတဲ့အထဲမှာ ရွာထဲက ကလေးတွေပါသွားတယ်၊ အခုမနက်မှ…

Read More
VOM News

FREE
VIEW