မန္တလေးတိုင်းအစိုးရအနေနဲ့ COVID-19ရောဂါ ကာကွယ်ရေးရံပုံငွေ ဘီလီယံချီရရှိထား

မန္တလေးတိုင်းအစိုးရအနေနဲ့ COVID-19ရောဂါ ကာကွယ်ရေးရံပုံငွေ ဘီလီယံချီရရှိထား

မန္တလေး မတ် ၂၅-၂၀၂၀
ဖြူဖြူ (VOM)

မန္တလေးတိုင်းအစိုးရအနေနဲ့ COVID 19 ရောဂါနဲ့ပတ်သက်လို့ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေအတွက် အများပြည်သူလှူဒါန်းမှု ကျပ်သိန်း ၅၀၀၀ လောက်ရရှိပြီးဖြစ်သလို တိုင်းဒေသကြီး သဘာဝဘေးရံပုံငွေကလည်း ဘီလီယံနဲ့ ချီရှိထားတဲ့အတွက် စားစရာပြတ်မှာကို မစိုးရိမ်ဖို့ မန္တလေးတိုင်းခေတ္တဝန်ကြီးချုပ် ဦးဇာနည်ေအောင်က ပြောပါတယ်။

“ဒီရံပုံငွေများကို ထုတ်သုံးဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က အဆင့်သင့်ရှိသလို ဘန်ကောက်မှာ ရှိနေတဲ့ ဝန်ကြီးချုပ်ကြီး(ဒေါက်တာဇော်မြင့်မောင်)ကလည်းပဲ ဒီရံပုံငွေကိစ္စတွေ၊ ဘာလုပ်သင့်တယ်ဆိုတဲ့ ကိစ္စတွေကို အမြဲတမ်းမပြတ် လမ်းညွှန်နေပါတယ်။”လို့ မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောပါတယ်။

COVID 19 ရောဂါနဲ့ပတ်သက်ပြီး ပြည်တွင်းမှာ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား ရိက္ခာပြတ်လပ်တာ၊ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေအတွက် လုံလောက်မှုမရှိတာမျိုး စိုးရိမ်ပူပန်မှုတွေမဖြစ်ကြဖို့ ခေတ္တဝန်ကြီးချုပ်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ပြည်တွင်းကနေ ပြည်ပကိုဆန်တင်ပို့မှုဟာ တန်ချိန် ၃.၂သန်း ရှိခဲ့ပြီး အခုနှစ်မှာတော့ တန်ချိန် ၂ သန်းသာ တင်ပို့ရသေးတဲ့အတွက် ပြည်တွင်းစားသုံးမှုထက် ပိုလျှံပြီးရှိနေတယ်လို့ သိရပါတယ်။

ဆီအလုံအလောက်ရှိသလို သားငါးထုတ်လုပ်မှုလည်း မပြတ်ရှိနေတဲ့အတွက် အများပြည်သူအနေနဲ့ စားသောက်ကုန်ပြတ်လပ်တာ ဈေးနှုန်းအဆမတန်မြင့်တက်မှုဖြစ်မှာတွေအတွက်လည်း မစိုးရိမ်ကြဖို့ ဦးဇာနည်အောင်က ပြောပါတယ်။

ဒါ့အပြင် ဆန်ဈေးနှုန်းတွေကို ဈေးနှုန်းမြင့်တက်ရောင်းချပါကလည်း ကူးစက်ရောဂါ တိုက်ဖျက်ကာကွယ်ရေးဥပဒေ၊ သဘာဝဘေး ကပ်ရောဂါများ တားဆီးကာကွယ်ရေး ဥပဒေတွေအရ အရေးယူခံရမှာဖြစ်ပြီး အများပြည်သူအနေနဲ့လည်း သတင်းပေးတိုင်ကြားဖို့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က တိုက်တွန်းပြောဆိုထားတာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #မန္တလေး #COVIDကာကွယ်ရေး #ရန်ပုံငွေ #ဘီလီယံချီရရှိထား

Zawgyi

မႏၱေလးတုိင္းအစိုးရအေနနဲ႔ COVID-19ေရာဂါ ကာကြယ္ေရးရံပံုေငြ ဘီလီယံခ်ီရရိွထား

မႏၲေလး မတ္ ၂၅-၂၀၂၀
ျဖဴျဖဴ (VOM)

မႏၱေလးတုိင္းအစိုးရအေနနဲ႔ COVID 19 ေရာဂါနဲ႔ပတ္သက္လို႔ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြအတြက္ အမ်ားျပည္သူလႉဒါန္းမႈ က်ပ္သိန္း ၅၀၀၀ ေလာက္ရရွိၿပီးျဖစ္သလို တိုင္းေဒသႀကီး သဘာဝေဘးရံပုံေငြကလည္း ဘီလီယံနဲ႔ ခ်ီရွိထားတဲ့အတြက္ စားစရာျပတ္မွာကို မစိုးရိမ္ဖို႔ မႏၲေလးတိုင္းေခတၱဝန္ႀကီးခ်ဳပ္ ဦးဇာနည္ေေအာင္က ေျပာပါတယ္။

“ဒီရံပုံေငြမ်ားကို ထုတ္သုံးဖို႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က အဆင့္သင့္ရွိသလို ဘန္ေကာက္မွာ ရွိေနတဲ့ ဝန္ႀကီးခ်ဳပ္ႀကီး(ေဒါက္တာေဇာ္ျမင့္ေမာင္)ကလည္းပဲ ဒီရံပုံေငြကိစၥေတြ၊ ဘာလုပ္သင့္တယ္ဆိုတဲ့ ကိစၥေတြကို အၿမဲတမ္းမျပတ္ လမ္းၫႊန္ေနပါတယ္။”လို႔ မႏၲေလးတိုင္း ေခတၱဝန္ႀကီးခ်ဳပ္ ဦးဇာနည္ေအာင္က ေျပာပါတယ္။

COVID 19 ေရာဂါနဲ႔ပတ္သက္ၿပီး ျပည္တြင္းမွာ အေျခခံစားေသာက္ကုန္ျဖစ္တဲ့ ဆန္၊ ဆီ၊ ဆား ရိကၡာျပတ္လပ္တာ၊ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြအတြက္ လုံေလာက္မႈမရွိတာမ်ိဳး စိုးရိမ္ပူပန္မႈေတြမျဖစ္ၾကဖို႔ ေခတၱဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က ျပည္တြင္းကေန ျပည္ပကိုဆန္တင္ပို႔မႈဟာ တန္ခ်ိန္ ၃.၂သန္း ရွိခဲ့ၿပီး အခုႏွစ္မွာေတာ့ တန္ခ်ိန္ ၂ သန္းသာ တင္ပို႔ရေသးတဲ့အတြက္ ျပည္တြင္းစားသုံးမႈထက္ ပိုလွ်ံၿပီးရွိေနတယ္လို႔ သိရပါတယ္။

ဆီအလုံအေလာက္ရွိသလို သားငါးထုတ္လုပ္မႈလည္း မျပတ္ရွိေနတဲ့အတြက္ အမ်ားျပည္သူအေနနဲ႔ စားေသာက္ကုန္ျပတ္လပ္တာ ေဈးႏႈန္းအဆမတန္ျမင့္တက္မႈျဖစ္မွာေတြအတြက္လည္း မစိုးရိမ္ၾကဖို႔ ဦးဇာနည္ေအာင္က ေျပာပါတယ္။

ဒါ့အျပင္ ဆန္ေဈးႏႈန္းေတြကို ေဈးႏႈန္းျမင့္တက္ေရာင္းခ်ပါကလည္း ကူးစက္ေရာဂါ တိုက္ဖ်က္ကာကြယ္ေရးဥပေဒ၊ သဘာဝေဘး ကပ္ေရာဂါမ်ား တားဆီးကာကြယ္ေရး ဥပေဒေတြအရ အေရးယူခံရမွာျဖစ္ၿပီး အမ်ားျပည္သူအေနနဲ႔လည္း သတင္းေပးတိုင္ၾကားဖို႔ ေခတၱဝန္ႀကီးခ်ဳပ္ ဦးဇာနည္ေအာင္က တိုက္တြန္းေျပာဆိုထားတာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #မႏၱေလး #COVIDကာကြယ္ေရး #ရန္ပံုေငြ #ဘီလီယံခ်ီရရိွထား

Related posts

Leave a Comment

VOM News

FREE
VIEW