အောင်သပြေကျေးရွာသား အယောက်(၂၀)ခန့်ကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး

အောင်သပြေကျေးရွာသား အယောက်(၂၀)ခန့်ကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး

မန္တလေး၊ မတ် ၂၅-၂၀၂၀
Voice Of Myanmar

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာက ဒေသခံအယောက်(၂၀)ခန့်ကို ဒီကနေ့မတ်လ၂၅ရက်နေ့ မနက်အစောပိုင်း ရဲတပ်ဖွဲ့က
ပစ်ခတ်ဖမ်းဆီးမှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံရွာသားတစ်ဦးကပြောပါတယ်။

” မနေ့ည အစောပိုင်း၉နာရီလောက်က သူတို့တွေရွာကိုလာတယ်၊ ဘယ်သူတွေလဲတော့ မသိဘူး၊ မသိဘူးဆိုတာကလည်း သူတို့က ညမှာတိတ်တခိုးလာတာပေါ့၊ နောက်ပိုင်း လင်းခါနီးလောက်မှာ တိုင်းရဲတွေပါတယ်လို့သိတယ်။ ကျွန်တော်တောင် ဓာတ်ပုံရိုက်ရင်း ဟိုရှောင်ဒီရှောင်နဲ့ ရေတွင်းထဲမှာ ပုံးခဲ့ရပါတယ်။ သူတို့က လက်နက်နဲ့ပေါ့ဗျာ ဖမ်းတယ်ပေါ့၊ ဘိုးရွှေအုန်းကို သေနတ်မှန်တယ်၊ ခြေထောက်ကတော့ လေးငါးချက်လောက်ထိတယ်ဗျ”လို့ အောင်သပြေကျေးရွာက အမည်မဖော်လိုသူတစ်ဦးကပြောပါတယ်။

ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးသွားတာကတော့ အောင်သပြေကျေးရွာသားအယောက်(၂၀)ကျော်ရှိပြီး ဦးရွှေအုန်းရဲ့ မိသားစုအပါအဝင် ရွာထဲက ကလေးတွေကိုပါ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“ဖမ်းဆီးသွားတဲ့အထဲမှာ ရွာထဲက ကလေးတွေပါသွားတယ်၊ အခုမနက်မှ ပြန်လွှတ်ရင်တော့မသိဘူး၊ ဖမ်းဆီးပြီးတော့ အဲ့ဒီစက်ရုံထဲမှာ ထားတယ်လို့ သိရတယ်၊ ဘိုးရွှေအုန်းကို ပညာပြချင်တာလားလို့တော့ မသိဘူး”လို့ အောင်သပြေကျေးရွာက အမည်မဖော်လိုသူတစ်ဦးကပြောပါတယ်။

အခုလိုဖမ်းဆီးတာတွေနဲ့ပတ်သက်ပြီး ပုသိမ်ကြီးမြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့”ဖမ်းဆီးတာတော့ မှန်ပါတယ်၊ အယောက် (၂၀)ဆိုတာတော့မဟုတ်ပါဘူး ၊ အသေးစိတ်ကိုတော့ မနေ့ညကသွားဖမ်းတဲ့ အိုက်အိုမှပဲသိမယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် မေလ ၁၅ရက်နေ့က အောင်သပြေကျေးရွာအနီးမှာ တည‌်ဆောက်ထားတဲ့ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံက ရွာသားတွေက ကန့်ကွက်တဲ့အနေနဲ့ မီးရှို့တာတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီမီးရှို့မှုဖြစ်စဉ်မှာပါဝင်တဲ့ အောင်သပြေရွာသား ဦးရွှေအုန်းဆိုသူကို ရဲတပ်ဖွဲ့က ဒီကနေ့မနက်မှာပဲ ဝင်ရောက်ဖမ်းဆီးခဲ့ကြပြီး ဖမ်းဆီးမှုမှာလည်း သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးတဲ့အတွက် ဦးရွှေအုန်းမှာ သေနတ်ဒဏ်ရာတွေနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

‘မြင့်’ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ၊ ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံကို အောင်သပြေကျေးရွာဒေသခံတွေဟာ စက်ရုံစတင်လည်ပတ်ချိန်ကတည်းက ကန့်ကွက်မှုတွေပြုလုပ်လာတာဖြစ်ပြီး ကန့်ကွက်မှုပြုလုပ်တဲ့ ကျေးရွာသားတွေကိုလည်း ဖမ်းဆီးမှုပြုလုပ်တာတွေနဲ့ ထောင်ဒဏ်အသီးသီးချမှတ်ခဲ့တာတွေလည်း ပြုလုပ်နေဆဲဖြစ်ပါတယ်။

Photo – ဒေါင်းနီလင်း ၊ VOM
#VOM #voiceofmyanmar #မန္တလေး #အောင်သပြေရွာဒေသခံ #ပစ်ခတ်ဖမ်းဆီးခံရ

Zawgyi

ေအာင္သေျပေက်း႐ြာသား အေယာက္(၂၀)ခန႔္ကို ရဲတပ္ဖြဲ႕က ပစ္ခတ္ဖမ္းဆီး

မႏၲေလး၊ မတ္ ၂၅-၂၀၂၀
Voice Of Myanmar

မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ဒဟေတၱာေက်း႐ြာအုပ္စု၊ ေအာင္သေျပေက်း႐ြာက ေဒသခံအေယာက္(၂၀)ခန႔္ကို ဒီကေန႔မတ္လ၂၅ရက္ေန႔ မနက္အေစာပိုင္း ရဲတပ္ဖြဲ႕က
ပစ္ခတ္ဖမ္းဆီးမႈ ျပဳလုပ္ခဲ့တယ္လို႔ ေဒသခံ႐ြာသားတစ္ဦးကေျပာပါတယ္။

” မေန႔ည အေစာပိုင္း၉နာရီေလာက္က သူတို႔ေတြ႐ြာကိုလာတယ္၊ ဘယ္သူေတြလဲေတာ့ မသိဘူး၊ မသိဘူးဆိုတာကလည္း သူတို႔က ညမွာတိတ္တခိုးလာတာေပါ့၊ ေနာက္ပိုင္း လင္းခါနီးေလာက္မွာ တိုင္းရဲေတြပါတယ္လို႔သိတယ္။ ကြၽန္ေတာ္ေတာင္ ဓာတ္ပုံ႐ိုက္ရင္း ဟိုေရွာင္ဒီေရွာင္နဲ႔ ေရတြင္းထဲမွာ ပုံးခဲ့ရပါတယ္။ သူတို႔က လက္နက္နဲ႔ေပါ့ဗ်ာ ဖမ္းတယ္ေပါ့၊ ဘိုးေ႐ႊအုန္းကို ေသနတ္မွန္တယ္၊ ေျခေထာက္ကေတာ့ ေလးငါးခ်က္ေလာက္ထိတယ္ဗ်”လို႔ ေအာင္သေျပေက်း႐ြာက အမည္မေဖာ္လိုသူတစ္ဦးကေျပာပါတယ္။

ရဲတပ္ဖြဲ႕ကေန ဖမ္းဆီးသြားတာကေတာ့ ေအာင္သေျပေက်း႐ြာသားအေယာက္(၂၀)ေက်ာ္ရွိၿပီး ဦးေ႐ႊအုန္းရဲ႕ မိသားစုအပါအ၀င္ ႐ြာထဲက ကေလးေတြကိုပါ ဖမ္းဆီးသြားတယ္လို႔ သိရပါတယ္။

“ဖမ္းဆီးသြားတဲ့အထဲမွာ ႐ြာထဲက ကေလးေတြပါသြားတယ္၊ အခုမနက္မွ ျပန္လႊတ္ရင္ေတာ့မသိဘူး၊ ဖမ္းဆီးၿပီးေတာ့ အဲ့ဒီစက္႐ုံထဲမွာ ထားတယ္လို႔ သိရတယ္၊ ဘိုးေ႐ႊအုန္းကို ပညာျပခ်င္တာလားလို႔ေတာ့ မသိဘူး”လို႔ ေအာင္သေျပေက်း႐ြာက အမည္မေဖာ္လိုသူတစ္ဦးကေျပာပါတယ္။

အခုလိုဖမ္းဆီးတာေတြနဲ႔ပတ္သက္ၿပီး ပုသိမ္ႀကီးၿမိဳ႕နယ္ရဲစခန္းကို ဆက္သြယ္ေမးျမန္းရာမွာေတာ့”ဖမ္းဆီးတာေတာ့ မွန္ပါတယ္၊ အေယာက္ (၂၀)ဆိုတာေတာ့မဟုတ္ပါဘူး ၊ အေသးစိတ္ကိုေတာ့ မေန႔ညကသြားဖမ္းတဲ့ အိုက္အိုမွပဲသိမယ္”လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ခုႏွစ္ ေမလ ၁၅ရက္ေန႔က ေအာင္သေျပေက်း႐ြာအနီးမွာ တည‌္ေဆာက္ထားတဲ့ ေက်ာက္မီးေသြးစြမ္းအင္သုံး ဘိလပ္ေျမစက္႐ုံက ႐ြာသားေတြက ကန႔္ကြက္တဲ့အေနနဲ႔ မီးရႈိ႕တာေတြျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။

အဲ့ဒီမီးရႈိ႕မႈျဖစ္စဥ္မွာပါ၀င္တဲ့ ေအာင္သေျပ႐ြာသား ဦးေ႐ႊအုန္းဆိုသူကို ရဲတပ္ဖြဲ႕က ဒီကေန႔မနက္မွာပဲ ၀င္ေရာက္ဖမ္းဆီးခဲ့ၾကၿပီး ဖမ္းဆီးမႈမွာလည္း ေသနတ္နဲ႔ပစ္ခတ္ဖမ္းဆီးတဲ့အတြက္ ဦးေ႐ႊအုန္းမွာ ေသနတ္ဒဏ္ရာေတြနဲ႔ ဖမ္းဆီးခံခဲ့ရတယ္လို႔ သိရပါတယ္။

‘ျမင့္’ရင္းႏွီးျမဳပ္ႏွံမႈကုမၸဏီ၊ ေက်ာက္မီးေသြးစြမ္းအင္သုံးဘိလပ္ေျမစက္႐ုံကို ေအာင္သေျပေက်း႐ြာေဒသခံေတြဟာ စက္႐ုံစတင္လည္ပတ္ခ်ိန္ကတည္းက ကန႔္ကြက္မႈေတြျပဳလုပ္လာတာျဖစ္ၿပီး ကန႔္ကြက္မႈျပဳလုပ္တဲ့ ေက်း႐ြာသားေတြကိုလည္း ဖမ္းဆီးမႈျပဳလုပ္တာေတြနဲ႔ ေထာင္ဒဏ္အသီးသီးခ်မွတ္ခဲ့တာေတြလည္း ျပဳလုပ္ေနဆဲျဖစ္ပါတယ္။

Photo – ေဒါင္းနီလင္း ၊ VOM
#VOM #voiceofmyanmar #မႏၲေလး #ေအာင္သေျပ႐ြာေဒသခံ #ပစ္ခတ္ဖမ္းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW