Covid-19ရောဂါကာကွယ်ရေးအတွက် ဖားကန့်နယ်မြေ အဝင်အထွက်ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်

Covid-19ရောဂါကာကွယ်ရေးအတွက် ဖားကန့်နယ်မြေ အဝင်အထွက်ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်

ဖားကန့်၊ မတ် ၂၇-၂၀၂၀
ဇော်မိုးထက်(VOM)

ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ်မှာ Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်တဲ့ အနေနဲ့ ဖားကန့်ရတနာနယ်မြေကို ဝင်ရောက်လာတဲ့ ခရီးသည်အားလုံးကို ဒီကနေ့မတ်လ ၂၇ရက်နေ့ မနက်ပိုင်းကစတင်ပြီး ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်နေပါတယ်။

ဖားကန့်ရတနာနယ်မြေကို အဓိကဝင်ပေါက်တွေဖြစ်တဲ့ လုံးခင်းကျေးရွာအနီးရှိ လယ်ပြင်စုပေါင်း စစ်ဆေးရေးဂိတ် ၊ ဝှေခါကျေးရွာအနီး ဆပ်ပြာချောင်းစုပေါင်းစစ်ဆေးရေးဂိတ် ၊ ဆယ်ဇင်းကျေးရွာအနီး ဆယ်ဇင်းဂိတ်တို့ကနေ ဝင်ရောက်လာသမျှ ခရီးသည်အားလုံးကို ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရာတွင် ကိုယ်အပူချိန်တိုင်းခြင်း ၊ ခရီးးသွားရာဇဝင်မှတ်တမ်းများ မေးမြန်းခြင်း ၊ ဖားကန့်မြို့နယ်တွင်နေထိုင်မည့် လိပ်စာများအား မှတ်သားထားခြင်း တို့ ဆောင်ရွက်သွားမယ်”ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်က ပြောပါတယ် ။

စစ်ဆေးမှုများပြုလုပ်ရာမှာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ၊ အရပ်ဖက်ပရဟိတ လူမှုကူညီရေးအသင်းများ ၊ မီးသတ် တပ်ဖွဲ့ဝင်များ ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွတ်ခဲ့ပြီး အဲ့ဒီအသင်းအဖွဲ့တွေနဲ့အတူ ရှေ့တန်းအမှတ် ( ၃၃ ) ခြေမြန်တပ်မဌာနမှ တပ်တော်သားများ၊ တိုက်ခိုက်ရေးရဲတပ်ရင်းများမှ ရဲဘော်များ ၊ ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲဘော်များကလည်း ပူပေါင်းပါဝင်ခဲ့ကြပါတယ် ။

အခုလိုကျန်းမာရေးစစ်ဆေးမှုများကို မတ်လ (၂၇)ရက်နေ့ကနေ ဧပြီလ ( ၃၀ ) ရက်နေ့အထိ နေ့စဉ် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ဖားကန့် #ကိုရိုနာကာကွယ်ရေး #ဂိတ်ဝင်ပေါက်များစစ်ဆေး

Zawgyi

Covid-19ေရာဂါကာကြယ္ေရးအတြက္ ဖားကန္႔နယ္ေျမ အဝင္အထြက္ဂိတ္ေတြမွာ က်န္းမာေရးစစ္ေဆးမႈမ်ားျပဳလုပ္

ဖားကန္႔၊ မတ္ ၂၇-၂၀၂၀
ေဇာ္မိုးထက္(VOM)

ကခ်င္ျပည္နယ္ ၊ မိုးညႇင္းခ႐ိုင္ ၊ ဖားကန္႔ၿမိဳ႕နယ္မွာ Covid-19 ကူးစက္ေရာဂါႀကိဳတင္ကာကြယ္တဲ့ အေနနဲ႔ ဖားကန္႔ရတနာနယ္ေျမကုိ ဝင္ေရာက္လာတဲ့ ခရီးသည္အားလုံးကို ဒီကေန႔မတ္လ ၂၇ရက္ေန႔ မနက္ပိုင္းကစတင္ၿပီး က်န္းမာေရးစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနပါတယ္။

ဖားကန္႔ရတနာနယ္ေျမကုိ အဓိကဝင္ေပါက္ေတြျဖစ္တဲ့ လုံးခင္းေက်း႐ြာအနီးရွိ လယ္ျပင္စုေပါင္း စစ္ေဆးေရးဂိတ္ ၊ ေဝွခါေက်း႐ြာအနီး ဆပ္ျပာေခ်ာင္းစုေပါင္းစစ္ေဆးေရးဂိတ္ ၊ ဆယ္ဇင္းေက်း႐ြာအနီး ဆယ္ဇင္းဂိတ္တို႔ကေန ဝင္ေရာက္လာသမွ် ခရီးသည္အားလုံးကို က်န္းမာေရးစစ္ေဆးတာေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

“က်န္းမာေရးစစ္ေဆးမႈမ်ားျပဳလုပ္ရာတြင္ ကိုယ္အပူခ်ိန္တိုင္းျခင္း ၊ ခရီးးသြားရာဇဝင္မွတ္တမ္းမ်ား ေမးျမန္းျခင္း ၊ ဖားကန္႔ၿမိဳ႕နယ္တြင္ေနထိုင္မည့္ လိပ္စာမ်ားအား မွတ္သားထားျခင္း တို႔ ေဆာင္႐ြက္သြားမယ္”ဖားကန္႔ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာမင္းလြင္က ေျပာပါတယ္ ။

စစ္ေဆးမႈမ်ားျပဳလုပ္ရာမွာ ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနမွ က်န္းမာေရးဝန္ထမ္းမ်ား ၊ ၾကက္ေျခနီသူနာျပဳတပ္ဖြဲ႕ဝင္မ်ား ၊ အရပ္ဖက္ပရဟိတ လူမႈကူညီေရးအသင္းမ်ား ၊ မီးသတ္ တပ္ဖြဲ႕ဝင္မ်ား ၊ ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉးမ်ားက က်န္းမာေရးစစ္ေဆးမႈမ်ား ေဆာင္႐ြတ္ခဲ့ၿပီး အဲ့ဒီအသင္းအဖြဲ႕ေတြနဲ႔အတူ ေရွ႕တန္းအမွတ္ ( ၃၃ ) ေျချမန္တပ္မဌာနမွ တပ္ေတာ္သားမ်ား၊ တိုက္ခိုက္ေရးရဲတပ္ရင္းမ်ားမွ ရဲေဘာ္မ်ား ၊ ဖားကန္႔ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ ရဲေဘာ္မ်ားကလည္း ပူေပါင္းပါဝင္ခဲ့ၾကပါတယ္ ။

အခုလိုက်န္းမာေရးစစ္ေဆးမႈမ်ားကို မတ္လ (၂၇)ရက္ေန႔ကေန ဧၿပီလ ( ၃၀ ) ရက္ေန႔အထိ ေန႔စဥ္ ေဆာင္႐ြက္သြားမယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ဖားကန္႔ #ကိုရိုနာကာကြယ္ေရး #ဂိတ္ဝင္ေပါက္မ်ားစစ္ေဆး

Related posts

Leave a Comment

VOM News

FREE
VIEW