Covid-19ရောဂါကာကွယ်ရေးအတွက် ဖားကန့်နယ်မြေ အဝင်အထွက်ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်

Covid-19ရောဂါကာကွယ်ရေးအတွက် ဖားကန့်နယ်မြေ အဝင်အထွက်ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ် ဖားကန့်၊ မတ် ၂၇-၂၀၂၀ ဇော်မိုးထက်(VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ်မှာ Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်တဲ့ အနေနဲ့ ဖားကန့်ရတနာနယ်မြေကို ဝင်ရောက်လာတဲ့ ခရီးသည်အားလုံးကို ဒီကနေ့မတ်လ ၂၇ရက်နေ့ မနက်ပိုင်းကစတင်ပြီး ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်နေပါတယ်။ ဖားကန့်ရတနာနယ်မြေကို အဓိကဝင်ပေါက်တွေဖြစ်တဲ့ လုံးခင်းကျေးရွာအနီးရှိ လယ်ပြင်စုပေါင်း စစ်ဆေးရေးဂိတ် ၊ ဝှေခါကျေးရွာအနီး ဆပ်ပြာချောင်းစုပေါင်းစစ်ဆေးရေးဂိတ် ၊ ဆယ်ဇင်းကျေးရွာအနီး ဆယ်ဇင်းဂိတ်တို့ကနေ ဝင်ရောက်လာသမျှ ခရီးသည်အားလုံးကို ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ “ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရာတွင် ကိုယ်အပူချိန်တိုင်းခြင်း ၊ ခရီးးသွားရာဇဝင်မှတ်တမ်းများ မေးမြန်းခြင်း ၊ ဖားကန့်မြို့နယ်တွင်နေထိုင်မည့် လိပ်စာများအား မှတ်သားထားခြင်း တို့ ဆောင်ရွက်သွားမယ်”ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်က ပြောပါတယ် ။ စစ်ဆေးမှုများပြုလုပ်ရာမှာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ၊…

Read More

ဗင်နီဇွဲလားသမ္မတကိုမူးယစ်အကြမ်းဖက်မှုနဲ့ အမေရိကန်တရားစွဲ

ဗင်နီဇွဲလားသမ္မတကိုမူးယစ်အကြမ်းဖက်မှုနဲ့ အမေရိကန်တရားစွဲ ဝါရှင်တန်၊ မတ်-၂၇-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်အစိုးရဟာ ဗင်နီဇွဲလားသမ္မတနီကိုးလက်မာဒူရိုနဲ့ အခြားထိပ်တန်းအရာရှိတွေကို မူးယစ်အကြမ်းဖက်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။ သူတို့ဟာ အမေရိကန်နိုင်ငံသားတွေရဲ့ ကျန်းမာရေးကို တဖြည်းဖြည်းထိခိုက်စေဖို့ မူးယစ်ဆေးတွေ၊ ကိုးကင်းတွေကို လက်နက်တစ်ခုလို အသုံးပြုနေတယ်လို့ အမေရိကန်ဘက်က စွပ်စွဲထားပါတယ်။ မာဒူရိုကိုဖမ်းဆီးနိုင်ဖို့ အရေးကြီးသတင်းအချက်အလက်တွေပေးသူကို ဆုကြေးငွေပေါင် ၁၂ဒသမ၅သန်း ပေးအပ်သွားမယ်လို့ ကမ်းလှမ်းထားကြောင်း အမေရိကန် ရှေ့နေချုပ်ဝီလီယံဘားက ကြေညာထားပါတယ်။ အမေရိကန်ရဲ့ စွဲချက်တင်မှုတွေကြောင့် ယခင်ကတည်းက ဆက်ဆံရေးဆိုးရွားနေတဲ့ နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်လာနိုင်ပါတယ်။ ဗင်နီဇွဲလားသမ္မတဟာ အကျင့်ပျက်ခြစားမှုတွေလုပ်ဆောင်နေပြီး ကြမ်းကြုတ်တဲ့ အစိုးရအဖွဲ့ကို ဦးဆောင်နေတယ်လို့ ယခင်အချိန်တွေကတည်းက အမေရိကန်ကနေ စွပ်စွဲပြောဆိုထားပြီး ဗင်နီဇွဲလားသမ္မတကတော့ စွပ်စွဲချက်ကို ငြင်းဆိုထားတာ ဖြစ်ပါတယ်။ Ref : BBC Photo:Getty Images #VOM #voiceofmyanmar #ဝါရှင်တန် #ဗင်နီဇွဲလားသမ္မတ #အမေရိကန်တရားစွဲ Zawgyi…

Read More

” ငြိမ်းချမ်းရေလုပ်ငန်းစဉ်တွေကတော့ ရပ်တန့်သွားပြီ “

အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနဲ့ VOM ဆက်သွယ်မေးမြန်းချက် ” ငြိမ်းချမ်းရေလုပ်ငန်းစဉ်တွေကတော့ ရပ်တန့်သွားပြီ ” စစ်တွေ၊ မတ် ၂၇- ၂၀၂၀ ခိုင်လင်းစံ (VOM) အစိုးရကနေ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်က အကြမ်းဖက်မှုတိုက်ဖျက်းရေးအဖွဲ့ ဥက္ကဋ္ဌခွင့်ပြုချက်နဲ့ အေအေအဖွဲ့ကို အကြမ်းဖက်အဖွဲ့ အုပ်စုအဖြစ် ကြေညှာတာနဲ့ပတ်သက်ပြီး အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။ VOM။ ။ အေအေအဖွဲ့ကို အစိုးရကနေပြီးတော့ အကြမ်းဖက်အဖွဲ့ အုပ်စုဆိုပြီး ထုတ်ပြန်ထားတာရှိတယ်ဆိုတော့ ဒီအပေါ်မှာ အေအေပြောခွင့်ရသူတစ်ယောက်အနေနဲ့ ဘယ်လိုသဘောရလဲ ခင်ဗျား။ အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ။ ။ အဲဒါကတော့ အစိုးရဖက်က ကျနော်တို့ကို ဘယ်လိုပဲ သဘောထားထား အဓိကတော့ ရခိုင်ပြည်သူလူထု ထောက်ခံမှုကအရေးကြီးတယ်။ ကျနော်တို့က တော်လှန်ရေးလုပ်ဖို့ဆိုပြီး အစိုးရနဲ့ တပ်မတော်ဆီမှာ မှတ်ပုံတင်ထားတာလည်း မဟုတ်ဘူး။ တော်လှန်ရေးလုပ်ကတည်းက မြန်မာအစိုးရရဲ့ခွင့်ပြုချက်နဲ့ လုပ်တာမှမဟုတ်တာ။ ကိုယ့်အလုပ်ကိုယ်…

Read More

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း တရုတ်ထက်ကျော်လွန်၊ အလုပ်လက်မဲ့ဦးရေ စံချိန်တင်မြင့်တက်

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း တရုတ်ထက်ကျော်လွန်၊ အလုပ်လက်မဲ့ဦးရေ စံချိန်တင်မြင့်တက် ဝါရှင်တန်၊ မတ်-၂၇-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူဦးရေဟာ လက်ရှိအချိန်ထိ ၈၃၅၀၀ကျော်ရှိပြီး အခြားနိုင်ငံတွေရဲ့ ကူးစက်မှုနှုန်းထက် ပိုမို မြင့်မားနေပါတယ်။ Johns Hopkins တက္ကသိုလ်က စုစည်းထားတဲ့ စာရင်းဇယားတွေအရ အမေရိကန်ရဲ့ဗိုင်းရပ်စ်ကူးစက်မှုနှုန်းဟာ ရောဂါကူးစက်ခံရသူဦးရေ ၈၀၅၈၉ ဦးရှိတဲ့ တရုတ်နိုင်ငံထက်ပင် ကျော်သွားပြီဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်မှာ ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ အရေအတွက်က တစ်ခြားနိုင်ငံတွေထက် နည်းနေသေးပါတယ်။ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၂၉၁ ဦး၊ အီတလီနိုင်ငံမှာ ၈၂၁၅ဦးထိရှိနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွါးရေးလုပ်ငန်းတွေရပ်နားထားရချိန်မှာ အမေရိကန်အလုပ်လက်မဲ့ဦးရေဟာလည်း စံချိန်တင်မြင့်တက်လျှက်ရှိပါတယ်။ မတ်၂၁ရက်သီတင်းပတ်ကုန်အထိ အလုပ်လက်မဲ့စာရင်းသွင်းထားသူဦးရေဟာ ၃ဒသမ၃သန်းနီးပါးရှိကြောင်း အမေရိကန် အလုပ်သမားရေးရာဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ဒါဟာ ၁၉၈၂ခုနှစ်မှာ ရှိထားတဲ့ စံချိန်တင်အလုပ်လက်မဲ့စာရင်း ၆၉၅၀၀၀ ထက် ငါးဆနီးပါးပိုများလာတာဖြစ်ပါတယ်။ Ref :…

Read More

ဂေါပကအဖွဲ့ပိုင်ငွေတွေကို ကိုဗစ်ကာကွယ်ရေးအတွက်လှူဒါန်း

ဂေါပကအဖွဲ့ပိုင်ငွေတွေကို ကိုဗစ်ကာကွယ်ရေးအတွက်လှူဒါန်း ကျောက်ပန်းတောင်း မတ်၂၆-၂၀၂၀ ဂျန်ကိုးလ်(VOM) မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာ Covid-19 ရောဂါကာကွယ်ဖိူ့ ဖွဲ့စည်းထားတဲ့ကော်မတီကို ပုပ္ပါးတောင်ကလပ် ဂေါပကအဖွဲ့ပိုင်ငွေထဲကနေ ငွေကျပ်သိန်း၅၀ ကိုပြီးခဲ့တဲ့ရက်ပိုင်းက လှူဒါန်းလိုက်တယ်လို့ ဂေါပကရုံးအဖွဲ့ငွေစာရင်းမှူး ဦးကျော်ဝင်းဆွေကပြောပါတယ်။ “လှူဖြစ်တဲ့အကြောင်းရင်းကတော့ တကမ္ဘာလုံးဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပေါ့ အဲဒါကို တားဆီးကာကွယ်ဖို့အတွက် ကျောက်ပန်းတောင်းမှာ ကော်မတီဖွဲ့တယ်ပေါ့ဗျာ ကာကွယ်ရေးဝတ်စုံတွေ လက်အိပ်၊ နှာခေါင်းစီးတို့ အဲဒါတွေဝယ်ဖို့ အလှူငွေရှာဖွေဖို့ အစည်းအဝေးလုပ်တော့ အလှူငွေလိုတယ်ဆိုတော့ ဥက္ကကြီးက အစည်းဝေးတက်ရင်းနဲ့ ဒါဆိုရင် တောင်ကလပ်ရန်ပုံငွေထဲက လှူမယ်ဆိုပြီး လှူဖြစ်တာပါ”လို့ ဦးကျော်ဝင်းဆွေကပြောပါတယ် အခုလှူဒါန်းတဲ့ငွေဟာ ဘုရားရဲ့နဝကမ္မအလှူငွေမဟုတ်ဘဲ တောင်ကလပ်ရဲ့ အတက်လမ်းတလျှောက် အလှူခံဌာနတွေကနေ လှူလို့ရတဲ့ဘဏ္ဍာငွေနဲ့ လှူတာဖြစ်တယ်လို့ သိရပါတယ်။ ”ဘုရားဂေါပကက ငွေပြန်လှူတာ ဒီတခါပဲကြားဘူးသေးတယ်။ အင်မတန်မွန်မြတ်တယ်လို့ ထင်တယ်။ သာဓုခေါ်စရာပါ”လို့ မကွေးမြို့နယ်မှ ဘုရားဖူးလာသူတစ်ဦးကပြောပါတယ် အခုတာဝန်ထမ်းဆောင်နေတဲ့ ပုပ္ပါးတောင်ကလပ်ဂေါပကအဖွဲ့ဟာ ၂၀၁၈က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး တောင်ကလပ်ရန်ပုံငွေ ကျပ်သိန်းပေါင်း၁၉၀၀လောက်ရှိတယ်လို့…

Read More

COVID-19ရောဂါတွေတဲ့ ချမ်းမြသာစည်မြို့နယ်က လူနာနဲ့မိသားစု၀င်တွေကို Quarantineလုပ်သွားမယ်

COVID-19ရောဂါတွေတဲ့ ချမ်းမြသာစည်မြို့နယ်က လူနာနဲ့မိသားစုဝင်တွေကို Quarantineလုပ်သွားမယ် မန္တလေး၊ မတ် ၂၇-၂၀၂၀ လင်းခိုင်(VOM) မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာတိုက်ခန်းမှာ COVID-19ရောဂါကူးစက်တဲ့သူနေထိုင်တဲ့ တိုက်ခန်းတစ်ခုလုံးကို ရောဂါမပြန့်အောင် တားဆီးကာကွယ်တာတွေ (Quarantine) လုပ်သွားမယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ မဲဆန္ဒနယ်ထဲမှာဖြစ်တော့ ဒီလူနာရဲ့ ဇစ်မြစ်ကို ညတွင်းချင်းလိုက်တော့ ပြဿနာလေးတွေကတော့ရှိတယ်၊ သူသွားခဲ့တဲ့ ဆေးခန်းတွေမှာ အခြေအနေကပြောမရဘူး ၊ ဖြစ်ကောင်းဖြစ်နိုင်တယ်၊ နောက်တစ်ခုက ဒီလူနာနဲ့အတူ သုံးဘီးစီးလာတဲ့သူ ၊ အဲ့တစ်ယောက်ကလည်း သူ့ကိုမေးမှ ကျွန်တော်တို့က ပေါ်တော့မှာ၊ အဲ့တစ်ယောက်ကိုလည်းလိုက်ရှာရတော့မှာပေါ့၊”လို့ ချမ်းမြသာစည်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးကပြောပါတယ်။ လက်ရှိမှာတော့ COVID-19ရောဂါပိုးတွေ့တဲ့သူကို သွေးဖောက်စစ်ဆေးတာတွေ သူရဲ့မိသားစုဝင်တွေကိုလည်း ရောဂါမပြန့်အောင် တားဆီးကာကွယ်တာတွေ(Quarantine) လုပ်သွားမှာဖြစ်ပြီး မန္တလေးမြို့ ၊ စောင့်ကြည့်လူနာတွေကိုထားရှိတဲ့ နဒီမြန်မာဟိုတယ်အဟောင်းကို မိသားစုလိုက်ခေါ်သွားတယ်လို့လည်း သိရပါတယ်။ COVID-19ကူးစက်လူနာကို ကားကွင်းကနေလိုက်ပို့ပေးခဲ့တဲ့ သုံးဘီးသမားတစ်ဦးကလည်း ဒီကနေ့မနက်မှာပဲ ကျန်းမာရေးစစ်ဆေးတာတွေ လာရောက်ခံယူခဲ့တယ်လို့…

Read More
VOM News

FREE
VIEW