အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း တရုတ်ထက်ကျော်လွန်၊ အလုပ်လက်မဲ့ဦးရေ စံချိန်တင်မြင့်တက်

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း တရုတ်ထက်ကျော်လွန်၊ အလုပ်လက်မဲ့ဦးရေ စံချိန်တင်မြင့်တက်

ဝါရှင်တန်၊ မတ်-၂၇-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူဦးရေဟာ လက်ရှိအချိန်ထိ ၈၃၅၀၀ကျော်ရှိပြီး အခြားနိုင်ငံတွေရဲ့ ကူးစက်မှုနှုန်းထက် ပိုမို မြင့်မားနေပါတယ်။

Johns Hopkins တက္ကသိုလ်က စုစည်းထားတဲ့ စာရင်းဇယားတွေအရ အမေရိကန်ရဲ့ဗိုင်းရပ်စ်ကူးစက်မှုနှုန်းဟာ ရောဂါကူးစက်ခံရသူဦးရေ ၈၀၅၈၉ ဦးရှိတဲ့ တရုတ်နိုင်ငံထက်ပင် ကျော်သွားပြီဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်မှာ ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ အရေအတွက်က တစ်ခြားနိုင်ငံတွေထက် နည်းနေသေးပါတယ်။ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၂၉၁ ဦး၊ အီတလီနိုင်ငံမှာ ၈၂၁၅ဦးထိရှိနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွါးရေးလုပ်ငန်းတွေရပ်နားထားရချိန်မှာ အမေရိကန်အလုပ်လက်မဲ့ဦးရေဟာလည်း စံချိန်တင်မြင့်တက်လျှက်ရှိပါတယ်။

မတ်၂၁ရက်သီတင်းပတ်ကုန်အထိ အလုပ်လက်မဲ့စာရင်းသွင်းထားသူဦးရေဟာ ၃ဒသမ၃သန်းနီးပါးရှိကြောင်း အမေရိကန် အလုပ်သမားရေးရာဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ဒါဟာ ၁၉၈၂ခုနှစ်မှာ ရှိထားတဲ့ စံချိန်တင်အလုပ်လက်မဲ့စာရင်း ၆၉၅၀၀၀ ထက် ငါးဆနီးပါးပိုများလာတာဖြစ်ပါတယ်။

Ref : BBC Photo : AP
#VOM #voiceofmyanmar #အမေရိကန် #ကိုရိုနာကူးစက်မှု #တရုတ်နိုင်ငံထက်ကျော်လွန်

Zawgyi

အေမရိကန္မွာ ကုိရုိနာဗုိင္းရပ္စ္ကူးစက္မႈႏႈန္း တရုတ္ထက္ေက်ာ္လြန္၊ အလုပ္လက္မဲ႔ဦးေရ စံခ်ိန္တင္ျမင္႔တက္

ဝါရွင္တန္၊ မတ္-၂၇-၂၀၂၀
မ်ိဳးဆက္ (VOM)

အေမရိကန္ႏုိင္ငံမွာ ကုိရုိနာဗုိင္းရပ္စ္ကူးစက္ခံထားရသူဦးေရဟာ လက္ရိွအခ်ိန္ထိ ၈၃၅၀၀ေက်ာ္ရွိျပီး အျခားႏုိင္ငံေတြရဲ႕ ကူးစက္မႈႏႈန္းထက္ ပိုမို ျမင့္မားေနပါတယ္။

Johns Hopkins တကၠသုိလ္က စုစည္းထားတဲ႔ စာရင္းဇယားေတြအရ အေမရိကန္ရဲ႕ဗိုင္းရပ္စ္ကူးစက္မႈနႈန္းဟာ ေရာဂါကူးစက္ခံရသူဦးေရ ၈၀၅၈၉ ဦးရွိတဲ႔ တရုတ္ႏုိင္ငံထက္ပင္ ေက်ာ္သြားျပီျဖစ္ပါတယ္။

ဒါေပမယ္႔ အေမရိကန္မွာ ဗိုင္းရပ္စ္ေၾကာင္႔ေသဆံုးသူ အေရအတြက္က တစ္ျခားနိုင္ငံေတြထက္ နည္းေနေသးပါတယ္။ တရုတ္နိုင္ငံမွာ ဗိုင္းရပ္စ္ေၾကာင္႔ ေသဆံုးသူ ၃၂၉၁ ဦး၊ အီတလီနိုင္ငံမွာ ၈၂၁၅ဦးထိရိွေနပါတယ္။

ကုိရုိနာဗုိင္းရပ္စ္ကမၻာ့ကပ္ေရာဂါေၾကာင့္ စီးပြါးေရးလုပ္ငန္းေတြရပ္နားထားရခ်ိန္မွာ အေမရိကန္အလုပ္လက္မဲ့ဦးေရဟာလည္း စံခ်ိန္တင္ျမင္႔တက္လွ်က္ရိွပါတယ္။

မတ္၂၁ရက္သီတင္းပတ္ကုန္အထိ အလုပ္လက္မဲ့စာရင္းသြင္းထားသူဦးေရဟာ ၃ဒသမ၃သန္းနီးပါးရွိေၾကာင္း အေမရိကန္ အလုပ္သမားေရးရာဌာနရဲ႕ အခ်က္အလက္ေတြအရ သိရပါတယ္။ဒါဟာ ၁၉၈၂ခုႏွစ္မွာ ရွိထားတဲ႕ စံခ်ိန္တင္အလုပ္လက္မဲ့စာရင္း ၆၉၅၀၀၀ ထက္ ငါးဆနီးပါးပိုမ်ားလာတာျဖစ္ပါတယ္။

Ref : BBC Photo : AP
#VOM #voiceofmyanmar #အေမရိကန္ #ကိုရိုနာကူးစက္မွဳ #တရုတ္ႏိုင္ငံထက္ေက်ာ္လြန္

Related posts

Leave a Comment

VOM News

FREE
VIEW