ဗင်နီဇွဲလားသမ္မတကိုမူးယစ်အကြမ်းဖက်မှုနဲ့ အမေရိကန်တရားစွဲ

ဗင်နီဇွဲလားသမ္မတကိုမူးယစ်အကြမ်းဖက်မှုနဲ့ အမေရိကန်တရားစွဲ

ဝါရှင်တန်၊ မတ်-၂၇-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်အစိုးရဟာ ဗင်နီဇွဲလားသမ္မတနီကိုးလက်မာဒူရိုနဲ့ အခြားထိပ်တန်းအရာရှိတွေကို မူးယစ်အကြမ်းဖက်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။

သူတို့ဟာ အမေရိကန်နိုင်ငံသားတွေရဲ့ ကျန်းမာရေးကို တဖြည်းဖြည်းထိခိုက်စေဖို့ မူးယစ်ဆေးတွေ၊ ကိုးကင်းတွေကို လက်နက်တစ်ခုလို အသုံးပြုနေတယ်လို့ အမေရိကန်ဘက်က စွပ်စွဲထားပါတယ်။

မာဒူရိုကိုဖမ်းဆီးနိုင်ဖို့ အရေးကြီးသတင်းအချက်အလက်တွေပေးသူကို ဆုကြေးငွေပေါင် ၁၂ဒသမ၅သန်း ပေးအပ်သွားမယ်လို့ ကမ်းလှမ်းထားကြောင်း အမေရိကန် ရှေ့နေချုပ်ဝီလီယံဘားက ကြေညာထားပါတယ်။

အမေရိကန်ရဲ့ စွဲချက်တင်မှုတွေကြောင့် ယခင်ကတည်းက ဆက်ဆံရေးဆိုးရွားနေတဲ့ နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်လာနိုင်ပါတယ်။

ဗင်နီဇွဲလားသမ္မတဟာ အကျင့်ပျက်ခြစားမှုတွေလုပ်ဆောင်နေပြီး ကြမ်းကြုတ်တဲ့ အစိုးရအဖွဲ့ကို ဦးဆောင်နေတယ်လို့ ယခင်အချိန်တွေကတည်းက အမေရိကန်ကနေ စွပ်စွဲပြောဆိုထားပြီး ဗင်နီဇွဲလားသမ္မတကတော့ စွပ်စွဲချက်ကို ငြင်းဆိုထားတာ ဖြစ်ပါတယ်။

Ref : BBC Photo:Getty Images
#VOM #voiceofmyanmar #ဝါရှင်တန် #ဗင်နီဇွဲလားသမ္မတ #အမေရိကန်တရားစွဲ

Zawgyi

ဗင္နီဇဲြလားသမၼတကုိမူးယစ္အၾကမ္းဖက္မႈနဲ႔ အေမရိကန္တရားစဲြ

ဝါရွင္တန္၊ မတ္-၂၇-၂၀၂၀
မ်ိဳးဆက္ (VOM)

အေမရိကန္အစိုးရဟာ ဗင္နီဇဲြလားသမၼတနီကုိးလက္မာဒူရုိနဲ႔ အျခားထိပ္တန္းအရာရွိေတြကို မူးယစ္အၾကမ္းဖက္မႈနဲ႔ တရားစဲြဆိုလိုက္ပါတယ္။

သူတို႔ဟာ အေမရိကန္နိုင္ငံသားေတြရဲ႕ က်န္းမာေရးကုိ တျဖည္းျဖည္းထိခိုက္ေစဖို႔ မူးယစ္ေဆးေတြ၊ ကုိးကင္းေတြကို လက္နက္တစ္ခုလို အသံုးျပဳေနတယ္လို႔ အေမရိကန္ဘက္က စြပ္စဲြထားပါတယ္။

မာဒူရုိကိုဖမ္းဆီးနိုင္ဖို႔ အေရးၾကီးသတင္းအခ်က္အလက္ေတြေပးသူကို ဆုေၾကးေငြေပါင္ ၁၂ဒသမ၅သန္း ေပးအပ္သြားမယ္လို႔ ကမ္းလွမ္းထားေၾကာင္း အေမရိကန္ ေရွ႕ေနခ်ဳပ္ဝီလီယံဘားက ေၾကညာထားပါတယ္။

အေမရိကန္ရဲ႕ စြဲခ်က္တင္မႈေတြေၾကာင္႔ ယခင္ကတည္းက ဆက္ဆံေရးဆိုးရြားေနတဲ႔ ႏွစ္ႏုိင္ငံအၾကား တင္းမာမႈေတြ ျမင္႔တက္လာနုိင္ပါတယ္။

ဗင္နီဇဲြလားသမၼတဟာ အက်င့္ပ်က္ျခစားမႈေတြလုပ္ေဆာင္ေနျပီး ၾကမ္းၾကဳတ္တဲ႔ အစုိးရအဖဲြ႔ကုိ ဦးေဆာင္ေနတယ္လို႔ ယခင္အခ်ိန္ေတြကတည္းက အေမရိကန္ကေန စြပ္စဲြေျပာဆုိထားျပီး ဗင္နီဇဲြလားသမၼတကေတာ႔ စြပ္စဲြခ်က္ကုိ ျငင္းဆိုထားတာ ျဖစ္ပါတယ္။

Ref : BBC Photo:Getty Images
#VOM #voiceofmyanmar #ဝါရွင္တန္ #ဗင္နီဇြဲလားသမၼတ #အေမရိကန္တရားစြဲ

Related posts

Leave a Comment

VOM News

FREE
VIEW