ဂေါပကအဖွဲ့ပိုင်ငွေတွေကို ကိုဗစ်ကာကွယ်ရေးအတွက်လှူဒါန်း

ဂေါပကအဖွဲ့ပိုင်ငွေတွေကို ကိုဗစ်ကာကွယ်ရေးအတွက်လှူဒါန်း

ကျောက်ပန်းတောင်း မတ်၂၆-၂၀၂၀
ဂျန်ကိုးလ်(VOM)

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာ Covid-19 ရောဂါကာကွယ်ဖိူ့ ဖွဲ့စည်းထားတဲ့ကော်မတီကို ပုပ္ပါးတောင်ကလပ် ဂေါပကအဖွဲ့ပိုင်ငွေထဲကနေ ငွေကျပ်သိန်း၅၀ ကိုပြီးခဲ့တဲ့ရက်ပိုင်းက လှူဒါန်းလိုက်တယ်လို့ ဂေါပကရုံးအဖွဲ့ငွေစာရင်းမှူး ဦးကျော်ဝင်းဆွေကပြောပါတယ်။

“လှူဖြစ်တဲ့အကြောင်းရင်းကတော့ တကမ္ဘာလုံးဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပေါ့ အဲဒါကို တားဆီးကာကွယ်ဖို့အတွက် ကျောက်ပန်းတောင်းမှာ ကော်မတီဖွဲ့တယ်ပေါ့ဗျာ ကာကွယ်ရေးဝတ်စုံတွေ လက်အိပ်၊ နှာခေါင်းစီးတို့ အဲဒါတွေဝယ်ဖို့ အလှူငွေရှာဖွေဖို့ အစည်းအဝေးလုပ်တော့ အလှူငွေလိုတယ်ဆိုတော့ ဥက္ကကြီးက အစည်းဝေးတက်ရင်းနဲ့ ဒါဆိုရင် တောင်ကလပ်ရန်ပုံငွေထဲက လှူမယ်ဆိုပြီး လှူဖြစ်တာပါ”လို့ ဦးကျော်ဝင်းဆွေကပြောပါတယ်

အခုလှူဒါန်းတဲ့ငွေဟာ ဘုရားရဲ့နဝကမ္မအလှူငွေမဟုတ်ဘဲ တောင်ကလပ်ရဲ့ အတက်လမ်းတလျှောက် အလှူခံဌာနတွေကနေ လှူလို့ရတဲ့ဘဏ္ဍာငွေနဲ့ လှူတာဖြစ်တယ်လို့ သိရပါတယ်။

”ဘုရားဂေါပကက ငွေပြန်လှူတာ ဒီတခါပဲကြားဘူးသေးတယ်။ အင်မတန်မွန်မြတ်တယ်လို့ ထင်တယ်။ သာဓုခေါ်စရာပါ”လို့ မကွေးမြို့နယ်မှ ဘုရားဖူးလာသူတစ်ဦးကပြောပါတယ်

အခုတာဝန်ထမ်းဆောင်နေတဲ့ ပုပ္ပါးတောင်ကလပ်ဂေါပကအဖွဲ့ဟာ ၂၀၁၈က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး တောင်ကလပ်ရန်ပုံငွေ ကျပ်သိန်းပေါင်း၁၉၀၀လောက်ရှိတယ်လို့ သိရပါတယ်။

Photo- ဖေဝင်းထိန်
#VOM #voiceofmyanmar #ကျောက်ပန်းတောင်း #ဂေါပကအဖွဲ့ပိုင်ငွေ #ကိုဗစ်ကာကွယ်ရေးကော်မတီ #သိန်း၅၀လှူဒါန်း

Zawgyi

ေဂါပကအဖြဲ႔ပိုင္ေငြေတြကုိ ကိုဗစ္ကာကြယ္ေရးအတြက္လွဴဒါန္း

ေက်ာက္ပန္းေတာင္း မတ္၂၆-၂၀၂၀
ဂ်န္ကိုးလ္(VOM)

မႏၲေလးတိုင္း၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္မွာ Covid-19 ေရာဂါကာကြယ္ဖိူ႔ ဖြဲ႕စည္းထားတဲ့ေကာ္မတီကို ပုပၸါးေတာင္ကလပ္ ေဂါပကအဖြဲ႔ပိုင္ေငြထဲကေန ေငြက်ပ္သိန္း၅၀ ကိုၿပီးခဲ့တဲ့ရက္ပိုင္းက လွဴဒါန္းလိုက္တယ္လို႔ ေဂါပက႐ုံးအဖြဲ႕ေငြစာရင္းမႉး ဦးေက်ာ္ဝင္းေဆြကေျပာပါတယ္။

“လွဴျဖစ္တဲ့အေၾကာင္းရင္းကေတာ့ တကမာၻလုံးျဖစ္ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေပါ့ အဲဒါကို တားဆီးကာကြယ္ဖို႔အတြက္ ေက်ာက္ပန္းေတာင္းမွာ ေကာ္မတီဖြဲ႕တယ္ေပါ့ဗ်ာ ကာကြယ္ေရးဝတ္စုံေတြ လက္အိပ္၊ ႏွာေခါင္းစီးတို႔ အဲဒါေတြဝယ္ဖို႔ အလွဴေငြရွာေဖြဖို႔ အစည္းအေဝးလုပ္ေတာ့ အလႉေငြလိုတယ္ဆိုေတာ့ ဥကၠႀကီးက အစည္းေဝးတက္ရင္းနဲ႔ ဒါဆိုရင္ ေတာင္ကလပ္ရန္ပုံေငြထဲက လွဴမယ္ဆိုၿပီး လွဴျဖစ္တာပါ”လို႔ ဦးေက်ာ္ဝင္းေဆြကေျပာပါတယ္

အခုလွဴဒါန္းတဲ့ေငြဟာ ဘုရားရဲ႕နဝကမၼအလွဴေငြမဟုတ္ဘဲ ေတာင္ကလပ္ရဲ႕ အတက္လမ္းတေလွ်ာက္ အလွဴခံဌာနေတြကေန လွဴလို႔ရတဲ့ဘ႑ာေငြနဲ႔ လွဴတာျဖစ္တယ္လို႔ သိရပါတယ္။

”ဘုရားေဂါပကက ေငြျပန္လွဴတာ ဒီတခါပဲၾကားဘူးေသးတယ္။ အင္မတန္မြန္ျမတ္တယ္လို႔ ထင္တယ္။ သာဓုေခၚစရာပါ”လို႔ မေကြးၿမိဳ႕နယ္မွ ဘုရားဖူးလာသူတစ္ဦးကေျပာပါတယ္

အခုတာဝန္ထမ္းေဆာင္ေနတဲ့ ပုပၸါးေတာင္ကလပ္ေဂါပကအဖြဲ႕ဟာ ၂၀၁၈က စတင္ဖြဲ႕စည္းခဲ့တာျဖစ္ၿပီး ေတာင္ကလပ္ရန္ပုံေငြ က်ပ္သိန္းေပါင္း၁၉၀၀ေလာက္ရွိတယ္လို႔ သိရပါတယ္။

Photo- ေဖဝင္းထိန္
#VOM #voiceofmyanmar #ေက်ာက္ပန္းေတာင္း #ေဂါပကအဖြဲ႔ပိုင္ေငြ #ကိုဗစ္ကာကြယ္ေရးေကာ္မတီ #သိန္း၅၀လွဴဒါန္း

Related posts

Leave a Comment

VOM News

FREE
VIEW