” ငြိမ်းချမ်းရေလုပ်ငန်းစဉ်တွေကတော့ ရပ်တန့်သွားပြီ “

အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနဲ့ VOM ဆက်သွယ်မေးမြန်းချက်

” ငြိမ်းချမ်းရေလုပ်ငန်းစဉ်တွေကတော့ ရပ်တန့်သွားပြီ ”

စစ်တွေ၊ မတ် ၂၇- ၂၀၂၀
ခိုင်လင်းစံ (VOM)

အစိုးရကနေ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်က အကြမ်းဖက်မှုတိုက်ဖျက်းရေးအဖွဲ့ ဥက္ကဋ္ဌခွင့်ပြုချက်နဲ့ အေအေအဖွဲ့ကို အကြမ်းဖက်အဖွဲ့ အုပ်စုအဖြစ် ကြေညှာတာနဲ့ပတ်သက်ပြီး အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

VOM။ ။ အေအေအဖွဲ့ကို အစိုးရကနေပြီးတော့ အကြမ်းဖက်အဖွဲ့ အုပ်စုဆိုပြီး ထုတ်ပြန်ထားတာရှိတယ်ဆိုတော့ ဒီအပေါ်မှာ အေအေပြောခွင့်ရသူတစ်ယောက်အနေနဲ့ ဘယ်လိုသဘောရလဲ ခင်ဗျား။

အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ။ ။ အဲဒါကတော့ အစိုးရဖက်က ကျနော်တို့ကို ဘယ်လိုပဲ သဘောထားထား အဓိကတော့ ရခိုင်ပြည်သူလူထု ထောက်ခံမှုကအရေးကြီးတယ်။ ကျနော်တို့က တော်လှန်ရေးလုပ်ဖို့ဆိုပြီး အစိုးရနဲ့ တပ်မတော်ဆီမှာ မှတ်ပုံတင်ထားတာလည်း မဟုတ်ဘူး။ တော်လှန်ရေးလုပ်ကတည်းက မြန်မာအစိုးရရဲ့ခွင့်ပြုချက်နဲ့ လုပ်တာမှမဟုတ်တာ။ ကိုယ့်အလုပ်ကိုယ် ပြည်သူလူထုထောက်ခံမှုနဲ့ ကျနော်တို့အလုပ်လုပ်နေတာ။ အဲအတွက်နဲ့ သူတို့ဖက်က ဘယ်လို့ပဲထုတ်ပြန် ကြေညှာကြေညှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အထွေအထူးပြောစရာမရှိဘူး။ ဒါပေမယ့် ကျနော်တို့ချမှတ်ထားတဲ့ ရက္ခိတလမ်းစဉ်အတိုင်း (ULA/ AA) ကတော့ ဆက်ပြီးချီတက်သွားဖို့ပဲရှိတယ်။ နောက်တစ်ခုရှိတာက အစိုးရကနေပြီး ကျနော်တို့ကို အကြမ်းဖက်အဖွဲ့အစည်း၊ တရားမဝင်လို့ ကြေညာနေတာတွေက တစ်ဖက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဖျက်ဆီးပစ်တယ်ဆိုပြီး သုံးသပ်လို့ရတယ်။ ဒီကြေညာချက်ကို ခြုံပြီးကြည့်မယ်ဆိုရင် အစိုးရကနေပြီး ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေအပေါ်မှာ နိုင်ငံရေးအရ တရားမျှတမှုရှိရှိနဲ့ ဖြေရှင်းဖို့မူဝါဒ လုံးဝမရှိဘူးဆိုတာ ဖော်ပြနေတာပဲဖြစ်တယ်။ နောက်တစ်ဖက်မှာလည်း သူတို့ဖက်ကနေ အင်အားသုံးပြီးဖြေရှင်းသွားမယ်ဆိုတဲ့သဘော သက်ရောက်တယ်။

VOM။ ။ ပြီးတော့ မြောက်ပိုင်းဒီ အေအေရဲ့ မဟာမိတ်တွေကလည်း အေအေမပါလို့ရှိရင် ပဏာမအပစ်အခတ်ရပ်ဆိုင်းရေး ( Bilateral Casefire Agreement) သဘောတူလက်မှတ်ရေးထိုးနိုင်မယ့် ဆွေးနွေးပွဲတွေကို တွေ့ဆုံဆွေးနွေးဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူးဆိုပြီးပြောတယ်၊ ဒီအပေါ်မှာ အေအေပြောခွင့်ရသူ တစ်ယောက်အနေနဲ့ ဘယ်လိုသဘောရလဲ

အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ။ ။ Bilateral ကိစ္စကတော့ ကျနော်တို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ အားလုံးမပါဘူးဆိုရင် လက်မှတ်ထိုးဖို့အစီအစဉ် မရှိဘူး။ အစိုးရကနေပြီးတော့ ကျနော်တို့ကို အကြမ်းဖက်အဖွဲ့ဆိုပြီးထုတ်ပြန်လိုက်တာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အစိုးရက ဖျက်ဆီးလိုက်တာနဲ့အတူတူပါပဲ။ နောက်ပြီးတော့ တပ်မတော်ကလည်း သူတို့ကိုယ်တိုင် စစ်ရာဇဝတ်မှုတွေကို ကျူးလွန်လာတဲ့ တပ်မတော်ကို နိုင်ငံတကာအသိုင်းအဝိုင်း ICJ ကနေပြီးတော့ တရားစွဲထားလို့ တရားရင်ဆိုင်နေရတယ်။ နိုင်ငံတကာမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲခံထားရတဲ့သူက ကျနော်တို့ကို အကြမ်းဖက်အဖွဲ့အစည်းလို့ကြေညာတာကတော့ မြန်မာစကားပုံမှာလည်းရှိပါတယ်။

VOM။ ။ အခုလိုမျိုးအစိုးရက အေအေအဖွဲ့ကို အကြမ်းဖက်လို့သတ်မှတ် ကြေညာလိုက်တော့ ငြိမ်းချမ်းရေဆွဲနွေးပွဲကိစ္စက ဘယ်လိုသဘောဆောင်သွားလဲခင်ဗျား။

အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ။ ။ ငြိမ်းချမ်းရေလုပ်ငန်းစဉ်တွေကတော့ ရပ်တန့်သွားတဲ့ အဓိပ္ပါယ်သက်ရောက်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့အားလုံး လက်ရှိကြိုးစားနေတဲ့ Bilateral ကိစ္စကတော့ ကျနော်တို့အေအေအဖွဲ့ကို အစိုးရက အခုလိုကြေညာလိုက်တဲ့အတွက် ရပ်တန့်သွားပြီလို့ ပြောလို့ရတယ်။

Photo- facebook
#VOM #voiceofmyanmar #စစ်တွေ #အေအေ #ခိုင်သုခ

Zawgyi

ေအေအေျပာေရးဆိုခြင့္႐ွိသူ ခိုင္သုခနဲ႔ VOM ဆက္သြယ္ေမးျမန္းခ်က္

” ၿငိမ္းခ်မ္းေရလုပ္ငန္းစဥ္ေတြကေတာ့ ရပ္တန္႔သြားၿပီ ”

စစ္ေတြ၊ မတ္ ၂၇- ၂၀၂၀
ခိုင္လင္းစံ (VOM)

အစိုးရကေန ၿပီးခဲ့တဲ့ မတ္လ ၂၃ ရက္က အၾကမ္းဖက္မႈတိုက္ဖ်က္းေရးအဖြဲ႔ ဥကၠ႒ခြင့္ျပဳခ်က္နဲ႔ ေအေအအဖြဲ႔ကို အၾကမ္းဖက္အဖြဲ႔ အုပ္စုအျဖစ္ ေၾကညႇာတာနဲ႔ပတ္သက္ၿပီး ေအေအေျပာေရးဆိုခြင့္႐ွိသူ ခိုင္သုခနဲ႔ ဆက္သြယ္ေမးျမန္းထားပါတယ္။

VOM။ ။ ေအေအအဖြဲ႔ကို အစိုးရကေနၿပီးေတာ့ အၾကမ္းဖက္အဖြဲ႔ အုပ္စုဆိုၿပီး ထုတ္ျပန္ထားတာ႐ွိတယ္ဆိုေတာ့ ဒီအေပၚမွာ ေအေအေျပာခြင့္ရသူတစ္ေယာက္အေနနဲ႔ ဘယ္လိုသေဘာရလဲ ခင္ဗ်ား။

ေအေအေျပာေရးဆိုခြင့္႐ွိသူ ခိုင္သုခ။ ။ အဲဒါကေတာ့ အစိုးရဖက္က က်ေနာ္တို႔ကို ဘယ္လိုပဲ သေဘာထားထား အဓိကေတာ့ ရခိုင္ျပည္သူလူထု ေထာက္ခံမႈကအေရးႀကီးတယ္။ က်ေနာ္တို႔က ေတာ္လွန္ေရးလုပ္ဖို႔ဆိုၿပီး အစိုးရနဲ႔ တပ္မေတာ္ဆီမွာ မွတ္ပံုတင္ထားတာလည္း မဟုတ္ဘူး။ ေတာ္လွန္ေရးလုပ္ကတည္းက ျမန္မာအစိုးရရဲ႕ခြင့္ျပဳခ်က္နဲ႔ လုပ္တာမွမဟုတ္တာ။ ကိုယ့္အလုပ္ကိုယ္ ျပည္သူလူထုေထာက္ခံမႈနဲ႔ က်ေနာ္တို႔အလုပ္လုပ္ေနတာ။ အဲအတြက္နဲ႔ သူတို႔ဖက္က ဘယ္လို႔ပဲထုတ္ျပန္ ေၾကညႇာေၾကညႇာ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး အေထြအထူးေျပာစရာမ႐ွိဘူး။ ဒါေပမယ့္ က်ေနာ္တို႔ခ်မွတ္ထားတဲ့ ရကၡိတလမ္းစဥ္အတိုင္း (ULA/ AA) ကေတာ့ ဆက္ၿပီးခ်ီတက္သြားဖို႔ပဲ႐ွိတယ္။ ေနာက္တစ္ခု႐ွိတာက အစိုးရကေနၿပီး က်ေနာ္တို႔ကို အၾကမ္းဖက္အဖြဲ႔အစည္း၊ တရားမဝင္လို႔ ေၾကညာေနတာေတြက တစ္ဖက္မွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို ဖ်က္ဆီးပစ္တယ္ဆိုၿပီး သံုးသပ္လို႔ရတယ္။ ဒီေၾကညာခ်က္ကို ျခံဳၿပီးၾကည့္မယ္ဆိုရင္ အစိုးရကေနၿပီး ဗမာမဟုတ္တဲ့တိုင္းရင္းသားေတြအေပၚမွာ ႏိုင္ငံေရးအရ တရားမ်ွတမႈ႐ွိ႐ွိနဲ႔ ေျဖ႐ွင္းဖို႔မူဝါဒ လံုးဝမ႐ွိဘူးဆိုတာ ေဖာ္ျပေနတာပဲျဖစ္တယ္။ ေနာက္တစ္ဖက္မွာလည္း သူတို႔ဖက္ကေန အင္အားသံုးၿပီးေျဖ႐ွင္းသြားမယ္ဆိုတဲ့သေဘာ သက္ေရာက္တယ္။

VOM။ ။ ၿပီးေတာ့ ေျမာက္ပိုင္းဒီ ေအေအရဲ႕ မဟာမိတ္ေတြကလည္း ေအေအမပါလို႔႐ွိရင္ ပဏာမအပစ္အခတ္ရပ္ဆိုင္းေရး ( Bilateral Casefire Agreement) သေဘာတူလက္မွတ္ေရးထိုးႏိုင္မယ့္ ေဆြးေႏြးပြဲေတြကို ေတြ႔ဆံုေဆြးေႏြးဖို႔ ျဖစ္ႏိုင္မွာ မဟုတ္ဘူးဆိုၿပီးေျပာတယ္၊ ဒီအေပၚမွာ ေအေအေျပာခြင္႔ရသူ တစ္ေယာက္အေနနဲ႔ ဘယ္လိုသေဘာရလဲ

ေအေအေျပာေရးဆိုခြင့္႐ွိသူ ခိုင္သုခ။ ။ Bilateral ကိစၥကေတာ့ က်ေနာ္တို႔ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔ေတြ အားလံုးမပါဘူးဆိုရင္ လက္မွတ္ထိုးဖို႔အစီအစဥ္ မ႐ွိဘူး။ အစိုးရကေနၿပီးေတာ့ က်ေနာ္တို႔ကို အၾကမ္းဖက္အဖြဲ႔ဆိုၿပီးထုတ္ျပန္လိုက္တာက ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို အစိုးရက ဖ်က္ဆီးလိုက္တာနဲ႔အတူတူပါပဲ။ ေနာက္ၿပီးေတာ့ တပ္မေတာ္ကလည္း သူတို႔ကိုယ္တိုင္ စစ္ရာဇဝတ္မႈေတြကို က်ဴးလြန္လာတဲ့ တပ္မေတာ္ကို ႏိုင္ငံတကာအသိုင္းအဝိုင္း ICJ ကေနၿပီးေတာ့ တရားစြဲထားလို႔ တရားရင္ဆိုင္ေနရတယ္။ ႏိုင္ငံတကာမွာ လူမ်ိဳးတံုးသတ္ျဖတ္မႈနဲ႔ တရားစြဲခံထားရတဲ့သူက က်ေနာ္တို႔ကို အၾကမ္းဖက္အဖြဲ႔အစည္းလို႔ေၾကညာတာကေတာ့ ျမန္မာစကားပံုမွာလည္း႐ွိပါတယ္။

VOM။ ။ အခုလိုမ်ိဳးအစိုးရက ေအေအအဖြဲ႔ကို အၾကမ္းဖက္လို႔သတ္မွတ္ ေၾကညာလိုက္ေတာ့ ၿငိမ္းခ်မ္းေရဆြဲေႏြးပြဲကိစၥက ဘယ္လိုသေဘာေဆာင္သြားလဲခင္ဗ်ား။

ေအေအေျပာေရးဆိုခြင့္႐ွိသူ ခိုင္သုခ။ ။ ၿငိမ္းခ်မ္းေရလုပ္ငန္းစဥ္ေတြကေတာ့ ရပ္တန္႔သြားတဲ့ အဓိပၸါယ္သက္ေရာက္သြားတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔အားလံုး လက္႐ွိႀကိဳးစားေနတဲ့ Bilateral ကိစၥကေတာ့ က်ေနာ္တို႔ေအေအအဖြဲ႔ကို အစိုးရက အခုလိုေၾကညာလိုက္တဲ့အတြက္ ရပ္တန္႔သြားၿပီလို႔ ေျပာလို႔ရတယ္။

Photo- facebook
#VOM #voiceofmyanmar #စစ္ေတြ #ေအေအ #ခိုင္သုခ

Related posts

Leave a Comment

VOM News

FREE
VIEW