အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နေ့တည်း လူ ၅၀၀ နီးပါးသေဆုံး ရောမ၊ မတ်-၁၉-၂၀၂၀ မျိုးဆက် (VOM) အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူဦးရေဟာ တစ်နေ့တည်းတွင် ၄၇၅ဦးထိ မြင့်တက်လာပြီး စုစုပေါင်းသေဆုံးသူဦးရေ ၃၀၀၀နီးပါးရှိလာကာ ရောဂါစတင်ဖြစ်ပွါးပြီးနောက်ပိုင်း အများဆုံးသေဆုံးမှုဖြစ်ပါတယ်။ လက်ရှိအချိန်ထိ နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူဦးရေဟာ ၃သောင်း ၆ထောင်နီးပါးရှိပြီး ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာသူမှာ ၄၀၀၀ကျော်ရှိပါတယ်။ လွမ်ဘာဒီဟာ ကိုရိုနာဗိုင်းရပ်စ်အဆိုးရွားဆုံးကူးစက်တဲ့ဒေသဖြစ်ပြီး တစ်နေ့တည်းမှာ လူ ၃၁၉ ဦးအထိ သေဆုံးခဲ့ဖူးပါတယ်။ အီတလီနိုင်ငံဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံပြီးရင် ကမ္ဘာ့အဆိုးဆုံး ရောဂါကူးစက်မှုဖြစ်ပေါ်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူဦးရေ ၈၇၅၈ဦးအထိရှိလာပြီး အများစုကတော့ တရုတ်နိုင်ငံမှဖြစ်ပါတယ်။ ရောဂါကူးစက်ခံထားရသူ ၂သိန်းကျော်ထဲက ၈၀ရာခိုင်နှုန်းဟာ ဥရောပနဲ့ အနောက်ပစိဖိတ် ဒေသတွေကဖြစ်တယ်လို့ အတည်ပြုထားပြီး အဲဒီအထဲမှာ အာရှဒေသကလည်း အမြောက်အမြားပါဝင်တယ်လို့…
Read MoreMonth: March 2020
မြောက်ဦးခရိုင် ကျန်းမာရေးဝန်ထမ်းတစ်ဦးကို တပ်မတော်ကဖမ်းဆီး
မြောက်ဦးခရိုင် ကျန်းမာရေးဝန်ထမ်းတစ်ဦးကို တပ်မတော်ကဖမ်းဆီး ကျောက်တော်၊ မတ် ၁၉-၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းက မျောက်တောင်ကျေးရွာမှာ ကျန်းမာရေးဝန်ထမ်းတစ်ဦးကို တပ်မတော်စစ်ကြောင်းက ဒီကနေ့မနက်ပိုင်းမှာ ဖမ်ဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မိသားစုတွေကပြောပါတယ်။ ဖမ်းဆီးခံလိုက်ရသူဟာ မြောက်ဦးခရိုင်ကျန်းမာရေးဌာန၊ ငှက်ဖျားဌာနခွဲတာဝန်ခံ ဦးလှမောင်သိန်းဖြစ်ပြီး ကျောက်တော်ကနေ စာမေးပွဲဖြေဆိုကာ ပြန်လာတဲ့သမီးကို သွားကြိုတဲ့အချိန် တပ်မတော်စစ်ကြောင်းက ကျေးရွာထိပ်ကနေ ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ မြောက်ဦးဆရာဝန်ကြီးကပြောပါတယ်။ “ကျွန်တော်တို့သိရတာက ဖမ်းဆီးခံရတာဟုတ်တယ်။ သူကမိန်းမနဲ့အတူ ကလေးသွားခေါ်ဖို့အတွက် ဆိုင်ကယ်နဲ့လာတဲ့အချိန် ရွာထဲနားမှာ ဖမ်းဆီးခံရတယ်လို့သိရတယ်။”လို့ မြောက်ဦးဆေးရုံက ဆရာဝန်ကြီး ဒေါက်တာခင်မောင်သန်းကပြောပါတယ်။ အဲ့ဒီကျန်းမာရေးဝန်ထမ်းကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားခဲ့တာနဲ့ပတ်သက်လို့ တပ်မတော်ပြောခွင့်ရသူတွေကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပါဘူး။ “အခုလိုဖမ်းဆီးခံလိုက်ရတယ်ဆိုတော့ စိုးရိမ်မိတာပေါ့နော်။ ကျွန်မယောက်ျားက ဘာအပြစ်မှမရှိပေမယ့် သူ့ကိုသတ်မှာလား။ ရိုက်မှာလား။ တော်တော်လေးကိုစိတ်ပူနေပါတယ်။ ကျွန်မနဲ့အတူသွားနေတာမှာ စစ်ဆေးပြီး ရွာနောက်က တောင်ပေါ်ကိုခေါ်သွားတာပါ။ ကျွန်မကိုကျန်ခဲ့ဆိုပြီးထားခဲ့တာပါ။”လို့ ဖမ်းဆီးခံရသူရဲ့ဇနီးဖြစ်သူ ဒေါ်အောင်နုကပြောပါတယ်။ ဖမ်းဆီးခံလိုက်ရသူ ဦးလှမောင်သိန်းနဲ့…
Read Moreစားဝတ်နေရေးကျပ်တည်းတဲ့အတွက် တနိုင်းပယင်းမှော်တွေကို ဒေသခံတွေက ပြန်ဖွင့်စေချင်
စားဝတ်နေရေးကျပ်တည်းတဲ့အတွက် တနိုင်းပယင်းမှော်တွေကို ဒေသခံတွေက ပြန်ဖွင့်စေချင် မြစ်ကြီးနား၊ မတ် ၁၉-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်၊ တနိုင်းဒေသက ဒေသခံတွေဟာ စားဝတ်နေရေးကျပ်တည်းမှု ဖြေလျော့နိုင်ဖို့ ပိတ်ထားတဲ့ ပယင်းလုပ်ကွက်တွေကို ပြန်ဖွင့်စေချင်ကြပါတယ်။ အခုလက်ရှိ မြစ်ကြီးနားမြို့က ပယင်းအရောင်းအဝယ် လုပ်ငန်းတွေမှာလည်း ခန္တီးဘက်က ပယင်းတွေကိုသာ ရောင်းချနေကြရတာ ဖြစ်ပါတယ်။ “မှော်ပိတ်တော့ ဘာမှလုပ်စားလို့မရဘူး၊ ဖွင့်ပေးရင်တော့ သိပ်ကောင်းတာပေါ့၊ အစစအရာရာပေါ့ ဈေးရောင်းတာတွေရော လဘက်ရည်ဆိုင်ကအစပေါ့၊ မှော်ကိုမှီခိုပြီး လုပ်ကိုင်စားသောက်သူတွေ အားလုံးဒုက္ခရောက်နေတယ်။ အရင်တုန်းက တနိုင်းမှာ သူခိုးမှမရှိတာ အခုသူခိုးတွေ အများကြီးပဲ “လို့ ပယင်းမှော်ပိတ်လို့ စားဝတ်နေရေး ထိခိုက်မှုတွေဖြစ်နေတာကို တနိုင်းဒေသခံတစ်ဦးက ပြောပြပါတယ်။ ဒေသခံတွေဘက်က ပြန်ဖွင့်ပေးဖို့ တောင်းဆိုထားတဲ့အပေါ် ဘယ်လိုဆောင်ရွက်ပေးမယ်ဆိုတာ ကချင်ပြည်နယ်အစိုးရအဖွဲ့သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းကို မေးမြန်းကြည့်ရာ “ ပယင်းတူးဖော်မှု လုပ်ကွက်ကိစ္စနဲ့ ပါတ်သက်ပြီးမှတော့ ဒါကျောက်မျက်ရတနာကဏ္ဍပေါ့နော်၊ သိတဲ့အတိုင်း တနိုင်းဘက်ကတော့ နယ်မြေလုံခြုံရေး…
Read Moreမဟာဂန္ဓာရုံကျောင်းတိုက်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်ဝင်ရောက်ခွင့် ယာယီပိတ်ထား
မဟာဂန္ဓာရုံကျောင်းတိုက်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်ဝင်ရောက်ခွင့် ယာယီပိတ်ထား မန္တလေး၊ မတ် ၁၉-၂၀၂၀ ဖြူဖြူ(VOM) လတ်တလောဖြစ်ပေါ်နေတဲ့ COVID 19 ကူးစက်ပျံ့နှံ့မှုကို ကာကွယ်တဲ့အနေနဲ့ မန္တလေးမြို့ အမရပူရမြို့နယ်အတွင်းက မဟာဂန္ဓာရုံကျောင်းတိုက်ကို ပြည်တွင်းပြည်ပခရီးသွားတွေ ဝင်ရောက်လေ့လာခွင့်ကို ယာယီပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။ ” ကျန်းမာရေးအတွက် ရှေးရှုပြီး တားမြစ်လိုက်တာပါ။ မလာစေချင်တာမျိုးကြောင့် မဟုတ်ပါဘူး။ ဖြစ်ပျက်နေတဲ့ရောဂါ(COVID 19) အခြေအနေအရ တားမြစ်တာပါ။ မဖြစ်ခင်ကြိုတင်ကာကွယ် ဆိုသလိုပဲ ဆရာတော်ကြီးက ကြိုတင်ကာကွယ်တဲ့ သဘောပိတ်တာပါ။ ” လို့ မဟာဂန္ဓာရုံ ကျောင်းတိုက်အနုနာယက ဂဏဝါစက စာချဆရာတော် အရှင်ဝဏ္ဏိဿရ က မိန့်ပါတယ်။ COVID 19 ရောဂါကို ကမ္ဘ့ာကပ်ရောဂါအဖြစ် WHO ကကြေညာလိုက်ပြီးနောက် ပွဲလမ်းသဘင် ၊ အခမ်းအနားနဲ့ လူစုလူဝေးဖြစ်စေတဲ့ အခြေအနေတွေကို ရပ်ဆိုင်းဖို့ နိုင်ငံတော်သမ္မတရုံးကနေ မတ် ၁၃ ရက်က…
Read Moreတရုတ်နိုင်ငံမှာ Avigan အဖျားပျောက်ဆေးနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကုသတော့မယ်
တရုတ်နိုင်ငံမှာ Avigan အဖျားပျောက်ဆေးနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကုသတော့မယ် ပေကျင်း၊ မတ်-၁၉-၂၀၂၀ မျိုးဆက် (VOM) ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေကို ကုသရာမှာ ဂျပန်နိုင်ငံကထုတ်လုပ်ထားတဲ့ အဖျားပျောက်ဆေး Avigan ကိုအသုံးပြုဖို့ တရားဝင်ဆုံးဖြတ်လိုက်ပြီလို့ တရုတ်အစိုးရကပြောပါတယ်။ တရုတ်နိုင်ငံက ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းနှစ်ခုဟာ အဲဒီဆေးကိုအသုံးပြုပြီး လက်တွေ့စမ်းသပ်ကုသမှုတွေ လုပ်ဆောင်ရာမှာ ထိရောက်မှုရှိခဲ့တယ်လို့ တရုတ်နိုင်ငံ ဇီဝနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားဌာနရဲ့ ညွှန်ကြားရေးမှူး ဇန်စီမင်းက ပေကျင်းမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အဲဒီဆေးကို ဝူဟန်နဲ့ ရှန်ကျန်းမြို့တွေမှာ စမ်းသပ်ကုသမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး Avigan ဆေးမသောက်တဲ့လူနာတွေဟာ အပူချိန်ကျဖို့အတွက် လေးရက်ကျော်ကြာအချိန်ယူရပြီး ဆေးသောက်သူတွေကတော့ နှစ်ရက်ခွဲလောက်မှာ အပူချိန်ပုံမှန်ပြန်ဖြစ်လာတယ်လို့ ဝူဟန်မှာ စမ်းသပ်ခဲ့တဲ့ရလဒ်ကို ဇန်စီမင်းက ပြောပါတယ်။ အဲဒီဆေးနဲ့ကုသမှုပြုရာမှာ ဘေးထွက်ဆိုးကျိုးလည်း မရှိဘူးလို့ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာကို စစ်ဆေးတွေ့ရှိပြီးနောက် Avigan ဆေးသောက်သုံးသူတွေဟာ လေးရက်အကြာမှာ ဗိုင်းရပ်စ်ကူးစက်မှုမရှိတော့ပဲ အဲဒီဆေးမသောက်သူတွေကတော့ ၁၁…
Read Moreစားဝတ်နေရေး ကျပ်တည်းလို့ ပယင်းမှော်တွေ ပြန်ဖွင့်ပေးစေချင်
Read Moreခရမ်းချဉ်သီးဈေး အဆမတန်ကျလို့ နွားကျွေးနေရ
ခရမ်းချဉ်သီးဈေး အဆမတန်ကျလို့ နွားကျွေးနေရ မတ်-၁၉ -၂၀၂၀ နန်းထက်ထက်ချစ်(VOM) ခရမ်းချဉ်သီးဈေးနှုန်း အဆမတန်ကျဆင်းနေလို့ နွားကျွေးနေရကြောင်း ခရမ်းချဉ်သီး စီးပွားဖြစ်စိုက်တဲ့ တောင်သူတွေက ဆိုကြပါတယ်။ “မနေ့ကအထိကို ခရမ်းချဉ်သီးဈေးက တစ်ပိဿာကို ၅၀ ကျပ်ပဲ ရပါတယ်။ တစ်ပိဿာကို ၅၀ ကျပ်ဆိုမှတော့ နွားကျွေးရုံပေါ့။ အခြောက်ထားလည်း ဈေးကွက်မရှိ၊ ယိုထိုးလည်း တွက်ချေမကိုက်ဘူး။ တင်ပို့ရောင်းချဖို့ ကျတော့လည်း လမ်းစရိတ်နဲ့ မကာမိဘူးလေ။” လို့ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ မြောင်းသစ်ကျေးရွာက ခရမ်းချဉ်စိုက်တောင်သူ ကိုလှိုင်မိုးက ပြောပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဈေးနှုန်းကျဆင်းနေခြင်းဖြစ်ပြီး မန္တလေးမြို့နဲ့ အောင်ပန်းမြို့ရှိ ပွဲရုံတွေမှာ ခရမ်းချဉ်သီးတစ်ပိဿာ ကျပ်(၅၀)မှ ကျပ်(၂၀၀)အတွင်း ဈေးနှုန်းတွေနဲ့ ရောင်းချနေကြောင်း ပွဲရုံတွေကသိရပါတယ်။ “ကုန်စိမ်းဈေးတွေ အကုန်လုံးနီးပါး ကျဆင်းနေတယ်။ တရုတ်ပြည်ဘက်မှာ (COVID-19 ဗိုင်းရပ်စ်ကြောင့်) ပေါက်ဖော်ကြီး နေမကောင်းတာနဲ့၊ ထွက်သမျှ ကုန်စိမ်းတွေ…
Read Moreမြောက်ဦးမြို့နယ် ပီပင်ကုန်းရွာမှာ နေအိမ် (၆) လုံးမီးလောင်ခံရသူတွေက အစိုးရဆီကနေ အကူအညီမျှော်လင့်
မြောက်ဦးမြို့နယ် ပီပင်ကုန်းရွာမှာ နေအိမ် (၆) လုံးမီးလောင်ခံရသူတွေက အစိုးရဆီကနေ အကူအညီမျှော်လင့် မြောက်ဦး၊ မတ် ၁၉ – ၂၀၂၀ ခိုင်လင်းစံ (VOM) မြောက်ဦးမြို့နယ်၊ ပီပင်ကုန်းကျေးရွာမှာ မနေ့ မတ်လ၁၈ရက် နေ့လယ် ၁ နာရီခွဲလောက်က တောမီးလောင်မှုဖြစ်ပွားပြီး ထိုမှတဆင့် ပီပင်ကုန်းရွာသို့ကူးစက်လောင်ကျွမ်းခဲ့လို့ နေအိမ် (၇) လုံး မီးလောင်မှုဖြစ်တဲ့အနက် အိမ် (၆) ဆောင်မှာ လုံးဝပြာကျသွားကြောင်းသိရပါတယ်။ ကျေးရွာတွင်း နေအိမ်(၇) လုံးမီးလောင်သွားတာကြောင့် အိမ်ပိုင်ရှင်တွေဟာ ဆွေမျိုးတွေအိမ်မှာ ယာယီခိုလုံနေရပြီး အစိုးရကထောက်ပံ့ပေးစေလိုကြောင်း အိမ်မီးလောင် ဆုံးရံှူးသွားသူတွေကပြောပါတယ်။ မီးလောင်ဆုံးရံှူးသွားတဲ့ အိမ်ပိုင်ရှင် ဦးမောင်ကျော်သန်းက” ကျနော့်မှာ တိုက်အိမ်က ဆောက်နေတုန်းရှိသေးတယ်။ သိန်း ၁၀၀ ကျော်လောက်တန်ဖိုးရှိပါတယ်။ စပါးကျီလည်း မီးလောင်လို့ ဆုံးရံှူးသွားရတယ်။ တခြားနိုင်ငံတွေမှာဆိုရင် ပြည်သူတွေဒုက္ခရောက်နေရင် အစိုးရက ပံ့ပိုးကူညီပေးတယ်။ အခုလည်း ကျနော်တို့ကို ကျနော်တို့ပြည်နယ်စိုးရက…
Read Moreရတနာပုံဈေးအပေါ်က ကျောက်မျက်ညဈေးမှာ ကျမ္မာရေးစစ်ဆေးမှုတွေလုပ်ဆောင်
ရတနာပုံဈေးအပေါ်က ကျောက်မျက်ညဈေးမှာ ကျမ္မာရေးစစ်ဆေးမှုတွေလုပ်ဆောင် မန္တလေး မတ် ၁၉ -၂၀၂၀ ဖြူဖြူ (VOM) မန္တလေးမြို့ ရတနာပုံဈေးအပေါ်ဆုံးထပ်မှာ ယာယီဖွင့်လှစ်ထားတဲ့ ကျောက်မျက်ညဈေးမှာ COVID 19 ရောဂါနဲ့ပတ်သက်တဲ့ သံသယလက္ခဏာတွေ သိရှိနိုင်အောင် ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်ထားတယ်လို့ ရတနာမောလ် ကျောက်မျက်ရတနာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးသိန်းဝင်းက ပြောပါတယ်။ “မန္တလေးရဲ့ သုံးပုံတစ်ပုံက အဓိကကျောက်စိမ်းပေါ့လေ၊ အဲဒါက မန္တလေးမြို့ရဲ့အသက်သွေးကြောဖြစ်တယ်။ ဒီအပေါ်မှာပဲ ကျန်တဲ့စီးပွားရေးကလည်း မှီခိုနေကြတာ။ လက်လုပ်လက်စားရော ကုန်သည်တွေရော ပြန်ပြီး အဆင်ပြေစေချင်တယ်။ တစ်ဖက်မှာလည်း ကျန်းမာရေးရှုထောင့်က ကြည့်ရင် ကမ္ဘာ့ရဲ့ကပ်ရောဂါလို့ ပြောတဲ့ဟာကလည်းရှိနေတော့ ကျန်းမာရေးရှုထောင့်ကနေ အစီအမံလေးတွေလည်း ကျနော်တို့ ရှိပါတယ်။ နိုင်ငံခြားသားရော၊ မြန်မာကုန်သည်တွေ အားလုံးကိုရော အဖျားတိုင်းတယ်၊ အခုချိန်အထိတော့ သံသယလည်းမတွေ့ရပါဘူး။”လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက မီးလောင်မှုဖြစ်ပေါ်ခဲ့တဲ့ ရတနာပုံဈေးကြီးမှာ ကျောက်စိမ်း ကျောက်မျက်ရတနာပစ္စည်းတွေ အရောင်းအဝယ်လုပ်ကိုင်နေတဲ့…
Read Moreသေသည်ထိ အမှိုက်ကောက်မယ်
Read More