စားဝတ်နေရေးကျပ်တည်းတဲ့အတွက် တနိုင်းပယင်းမှော်တွေကို ဒေသခံတွေက ပြန်ဖွင့်စေချင်

စားဝတ်နေရေးကျပ်တည်းတဲ့အတွက် တနိုင်းပယင်းမှော်တွေကို ဒေသခံတွေက ပြန်ဖွင့်စေချင်

မြစ်ကြီးနား၊ မတ် ၁၉-၂၀၂၀
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ်၊ တနိုင်းဒေသက ဒေသခံတွေဟာ စားဝတ်နေရေးကျပ်တည်းမှု ဖြေလျော့နိုင်ဖို့ ပိတ်ထားတဲ့ ပယင်းလုပ်ကွက်တွေကို ပြန်ဖွင့်စေချင်ကြပါတယ်။

အခုလက်ရှိ မြစ်ကြီးနားမြို့က ပယင်းအရောင်းအဝယ် လုပ်ငန်းတွေမှာလည်း ခန္တီးဘက်က ပယင်းတွေကိုသာ ရောင်းချနေကြရတာ ဖြစ်ပါတယ်။

“မှော်ပိတ်တော့ ဘာမှလုပ်စားလို့မရဘူး၊ ဖွင့်ပေးရင်တော့ သိပ်ကောင်းတာပေါ့၊ အစစအရာရာပေါ့ ဈေးရောင်းတာတွေရော လဘက်ရည်ဆိုင်ကအစပေါ့၊ မှော်ကိုမှီခိုပြီး လုပ်ကိုင်စားသောက်သူတွေ အားလုံးဒုက္ခရောက်နေတယ်။ အရင်တုန်းက တနိုင်းမှာ သူခိုးမှမရှိတာ အခုသူခိုးတွေ အများကြီးပဲ “လို့ ပယင်းမှော်ပိတ်လို့ စားဝတ်နေရေး ထိခိုက်မှုတွေဖြစ်နေတာကို တနိုင်းဒေသခံတစ်ဦးက ပြောပြပါတယ်။

ဒေသခံတွေဘက်က ပြန်ဖွင့်ပေးဖို့ တောင်းဆိုထားတဲ့အပေါ် ဘယ်လိုဆောင်ရွက်ပေးမယ်ဆိုတာ ကချင်ပြည်နယ်အစိုးရအဖွဲ့သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းကို မေးမြန်းကြည့်ရာ “ ပယင်းတူးဖော်မှု လုပ်ကွက်ကိစ္စနဲ့ ပါတ်သက်ပြီးမှတော့ ဒါကျောက်မျက်ရတနာကဏ္ဍပေါ့နော်၊ သိတဲ့အတိုင်း တနိုင်းဘက်ကတော့ နယ်မြေလုံခြုံရေး မရှိသေးဘူးဆိုတဲ့ သူတို့အနေနဲ့ ကျွန်တော်တို့ကို အကြောင်းပြန်လာတဲ့စာအရ ကျွန်တော်တို့အနေနဲ့ အခုချိန်အထိ ချထားပေးလို့ မရသေးပါဘူး။ “ လို့ ပြောပါတယ်။

တရုတ်ဘက်က ပယင်းအဝယ်လည်းမဝင် ၊ တရုပ်ယွမ်ငွေလဲလှယ်နှုန်းကလည်း ကျဆင်းနေတဲ့အတွက် အရောင်းအဝယ် အဆင်မပြေဘူးလို့ ပယင်းအရောင်းအဝယ်လုပ်နေသူတွေက ပြောဆိုနေကြပါတယ်။

“အစိုးရကချပေးဖို့ ဟိုဘက်က နယ်မြေလုံခြုံရေးအရ အဆင်မပြေဘူးလို့ ပြောခဲ့တယ်မလား၊ သယံဇာတဝန်ကြီးနဲ့ ကျွန်တော်တို့ ရှေ့တန်းဘက်ကဟာတွေနဲ့ လုံခြုံရေးဘက်က ကချင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားပေါ့လေ သေချာလေးဆွေးနွေးရင် ရပါတယ်လို့ “ ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးဇေလွမ်းကပြောပါတယ်။

တနိုင်းဒေသက ပယင်းမှော်တွေကို ၂၀၁၇ ခုနှစ်လောက်ကတည်းက နယ်မြေလုံခြုံရေးအခြေအနေ စိတ်မချရလို့ဆိုပြီး ပိတ်ထားခဲ့တာ ဒီကနေ့အချိန်ထိပဲ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #တနိုင်း #ဒေသခံ #ပယင်းမှော်ပြန်ဖွင့်စေချင်

Zawgyi

စား၀တ္ေနေရးက်ပ္တည္းတဲ့အတြက္ တႏိုင္းပယင္းေမွာ္ေတြကို ေဒသခံေတြက ျပန္ဖြင့္ေစခ်င္

ျမစ္ႀကီးနား၊ မတ္ ၁၉-၂၀၂၀
ရန္ေအာင္ထြန္း(VOM)

ကခ်င္ျပည္နယ္၊ တႏိုင္းေဒသက ေဒသခံေတြဟာ စား၀တ္ေနေရးက်ပ္တည္းမႈ ေျဖေလ်ာ့ႏိုင္ဖို႔ ပိတ္ထားတဲ့ ပယင္းလုပ္ကြက္ေတြကို ျပန္ဖြင့္ေစခ်င္ၾကပါတယ္။

အခုလက္ရွိ ျမစ္ႀကီးနားၿမိဳ႕က ပယင္းအေရာင္းအ၀ယ္ လုပ္ငန္းေတြမွာလည္း ခႏၲီးဘက္က ပယင္းေတြကိုသာ ေရာင္းခ်ေနၾကရတာ ျဖစ္ပါတယ္။

“ေမွာ္ပိတ္ေတာ့ ဘာမွလုပ္စားလို႔မရဘူး၊ ဖြင့္ေပးရင္ေတာ့ သိပ္ေကာင္းတာေပါ့၊ အစစအရာရာေပါ့ ေစ်းေရာင္းတာေတြေရာ လဘက္ရည္ဆိုင္ကအစေပါ့၊ ေမွာ္ကိုမွီခိုၿပီး လုပ္ကိုင္စားေသာက္သူေတြ အားလုံးဒုကၡေရာက္ေနတယ္။ အရင္တုန္းက တႏိုင္းမွာ သူခိုးမွမရွိတာ အခုသူခိုးေတြ အမ်ားႀကီးပဲ “လုိ႔ ပယင္းေမွာ္ပိတ္လို႔ စား၀တ္ေနေရး ထိခိုက္မႈေတြျဖစ္ေနတာကို တႏိုင္းေဒသခံတစ္ဦးက ေျပာျပပါတယ္။

ေဒသခံေတြဘက္က ျပန္ဖြင့္ေပးဖို႔ ေတာင္းဆိုထားတဲ့အေပၚ ဘယ္လိုေဆာင္႐ြက္ေပးမယ္ဆိုတာ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕သယံဇာတ၀န္ႀကီး ဦးဒါရွီလဆိုင္းကို ေမးျမန္းၾကည့္ရာ “ ပယင္းတူးေဖာ္မႈ လုပ္ကြက္ကိစၥနဲ႔ ပါတ္သက္ၿပီးမွေတာ့ ဒါေက်ာက္မ်က္ရတနာက႑ေပါ့ေနာ္၊ သိတဲ့အတိုင္း တႏိုင္းဘက္ကေတာ့ နယ္ေျမလုံၿခဳံေရး မရွိေသးဘူးဆိုတဲ့ သူတို႔အေနနဲ႔ ကြၽန္ေတာ္တို႔ကို အေၾကာင္းျပန္လာတဲ့စာအရ ကြၽန္ေတာ္တို႔အေနနဲ႔ အခုခ်ိန္အထိ ခ်ထားေပးလို႔ မရေသးပါဘူး။ “ လို႔ ေျပာပါတယ္။

တ႐ုတ္ဘက္က ပယင္းအ၀ယ္လည္းမ၀င္ ၊ တ႐ုပ္ယြမ္ေငြလဲလွယ္ႏႈန္းကလည္း က်ဆင္းေနတဲ့အတြက္ အေရာင္းအ၀ယ္ အဆင္မေျပဘူးလို႔ ပယင္းအေရာင္းအ၀ယ္လုပ္ေနသူေတြက ေျပာဆိုေနၾကပါတယ္။

“အစိုးရကခ်ေပးဖို႔ ဟိုဘက္က နယ္ေျမလုံၿခဳံေရးအရ အဆင္မေျပဘူးလို႔ ေျပာခဲ့တယ္မလား၊ သယံဇာတ၀န္ႀကီးနဲ႔ ကြၽန္ေတာ္တို႔ ေရွ႕တန္းဘက္ကဟာေတြနဲ႔ လုံၿခဳံေရးဘက္က ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ ကိုယ္စားေပါ့ေလ ေသခ်ာေလးေဆြးေႏြးရင္ ရပါတယ္လို႔ “ ကခ်င္ျပည္နယ္ ေက်ာက္မ်က္လုပ္ငန္းရွင္အသင္း ဥကၠ႒ ဦးေဇလြမ္းကေျပာပါတယ္။

တႏိုင္းေဒသက ပယင္းေမွာ္ေတြကို ၂၀၁၇ ခုႏွစ္ေလာက္ကတည္းက နယ္ေျမလုံၿခဳံေရးအေျခအေန စိတ္မခ်ရလို႔ဆိုၿပီး ပိတ္ထားခဲ့တာ ဒီကေန႔အခ်ိန္ထိပဲ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #တႏုိင္း #ေဒသခံ #ပယင္းေမွာ္ျပန္ဖြင့္ေစခ်င္

Related posts

Leave a Comment

VOM News

FREE
VIEW