ပုဏ္ဏားကျွန်းမြို့နယ်မှာ ရှင်ပြုပွဲကိုလက်နက်ကြီးကျ အလှူ့ရှင်ရဲ့ညီမသေဆုံး
ပုဏ္ဏားကျွန်းမြို့နယ်မှာ ရှင်ပြုပွဲကိုလက်နက်ကြီးကျ အလှူ့ရှင်ရဲ့ညီမသေဆုံး ပုဏ္ဏားကျွန်း၊ မတ် ၁၉-၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက လက်မဆိပ်ကျေးရွာကို မနေ့မတ်လ ၁၈ ရက်နေ့ညပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ နေအိမ်တစ်လုံးမီးလောင်သွားခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ အဲ့ဒီလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့နေရာဟာ ရှင်ပြုတရားနာပွဲပြုလုပ်နေတဲ့ နေအိမ်ဖြစ်ပြီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အလှူရှင်မရဲ့ညီမဖြစ်သူ ဒေါ်အေးမြစိုးဟာ ကျည်ထိမှန်သေဆုံးသွားခဲ့ပြီး နောက်ထပ်နေအိမ်တစ်လုံးလည်း မီးလောင်သွားခဲ့တယ်လို့ ပြောပါတယ်။ “မနေ့က ည ၁၂ နာရီကျော်လောက်မှာ နေဗီက ကျောက်တော်ဘက်ကနေ ဆင်းလာတယ်။ ကျောက်တော်မြို့နယ်၊ ပီကောက်ဝမှာလည်း သုံးလေးချက်လောက်ပစ်ခတ်ခဲ့တယ်လို့ သိရတယ်။ ကျွန်တော်တို့ရွာနားကိုအရောက်မှာ ၁၅ မိနစ်လောက်ပစ်တယ်။ ရွာမှာက ရှင်ပြုပွဲတစ်ခုရှိတယ်။ အဲ့ဒီမှာ မောင်ရှင်လောင်းအမေရဲ့ညီမက ကျည်ထိပြီး သေဆုံးသွားခဲ့ပါတယ်။”လို့ လက်မဆိပ်ကျေးရွာသားတစ်ဦးက ပြောပါတယ်။ ကျေးရွာအတွင်းကို တပ်မတော်နေဗီကနေ ဘာကြောင့်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ရတယ်ဆိုတာနဲ့ ပတ်သက်လို့ တပ်မတော်ဘက်ကို မေးမြန်းခဲ့ပေမယ့်လည်း အဆက်အသွယ်မရရှိခဲ့ပါဘူး။ အဲ့ဒီကျေးရွာဟာ…
Read More
တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေမှာ ပထမနှစ်ဝက်စာမေးပွဲဖြေဆိုဖို့ ပျက်ကွက်သူ ၈၀၀၀ကျော်ရှိ
တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေမှာ ပထမနှစ်ဝက်စာမေးပွဲဖြေဆိုဖို့ ပျက်ကွက်သူ ၈၀၀၀ကျော်ရှိ ရန်ကုန်၊ မတ် ၁၉-၂၀၂၀ စွဲ့ဝတီ(VOM) ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် ပထမနှစ်ဝက်စာမေးပွဲများကို မတ်လ ၁၈ရက်နေ့က စတင်ကျင်းပရာမှာ နိုင်ငံတစ်ဝန်း တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်များရဲ့ စုစုပေါင်းစာရင်းရှိ ၃၁၈၅၃၄ ဦးအနက် ၃၁၀၆၁၈ ဦး ဖြေဆိုကြပြီး ပျက်ကွက်တဲ့သူ ၈၂၉၂ ဦးရှိတယ်လို့ ပညာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ “ ဒီနေ့ဖြေဆိုမူမှာ မနက်ပိုင်းအခြေအနေကတော့ မနေ့ကအတိုင်းပဲ ။ ထပ်မတိုးပါဘူး။ ဒီနေ့မှာ နည်းပညာတက္ကသိုလ်တို့ ကွန်ပျုတာတက္ကသိုလ်တို့ စဖြေတာပါ။ ပျက်ကွက်သူ ၈၀၀၀ကျော်လုံးကို အစားထိုးဖြေဆိုခိုင်းဖို့က ဟုတ်ချင်မှဟုတ်မှာလေ။ တစ်ချို့က လာမဖြေတာတွေရှိတယ်။ မလာတဲ့သူတွေကို ပျက်ကွက်လို့ပဲ သတ်မှတ်ရမှာပါ။ ကျွန်တော်တို့ ကိုဗစ်ရောဂါကြောင့်မလာတာလို့ ခွင့်မတိုင်တာတွေလည်းရှိတယ်”လို့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကပြောပါတယ်။ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊…
Read More
မန္တလေးတိုင်းအစိုးရက ဝက်ဝံကျေးရွာကလူတွေ ကျေနပ်တဲ့အထိရှင်းပြသွားမယ်
မန္တလေးတိုင်းအစိုးရက ဝက်ဝံကျေးရွာကလူတွေ ကျေနပ်တဲ့အထိရှင်းပြသွားမယ် မန္တလေး၊ မတ် ၁၉-၂၀၂၀ ဖြူဖြူ(VOM) မူးယစ်ဆေးဝါးနဲ့ တရားမဝင်ပစ္စည်းတွေကို X-ray စက်နဲ့ စစ်ဆေးတဲ့ဂိတ်ကို ဝက်ဝံကျေးရွာအနီးမှာ ထားရှိနိုင်ဖို့အတွက် ဒေသခံတွေသဘောပေါက်လက်ခံတဲ့အထိ ရှင်းလင်းတင်ပြသွားမယ်လို့ မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ်ဦးဇာနည်အောင်ကပြောပါတယ်။ “ပထမထားတဲ့နေရာက ရှောင်ကွင်းလမ်းတွေရှိတယ်။ ဒီ X-ray စက်ကိုရှောင်ပြီးတော့ လုပ်လို့ရတဲ့ position ဖြစ်နေတယ်။ အဲဒီလိုလုပ်လို့မရအောင် အကောင်းဆုံးနေရာကတော့ အဲဒီဝက်ဝံနေရာပဲ။ ဒါကတရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးရှုထောင့်ကနေပြောပါတယ်။”လို့ မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ်ဦးဇာနည်အောင်ကပြောပါတယ်။ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ဟာ တစ်ဖက်နိုင်ငံကနေ ပြည်တွင်းကိုဝင်ရောက်လာတဲ့ ဝင်ပေါက်တစ်ခုလည်းဖြစ်ပြီး မူးယစ်ဆေးဝါးအပါအဝင် တရားမဝင်လက်နက်နဲ့ မှောင်ခိုပစ္စည်းတွေ ဝင်နိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်တဲ့အတွက် ရှောင်ကွင်းသွားလာလို့မရတဲ့နေရာကနေ ခေတ်မီ X-ray စက်နဲ့ စစ်ဆေးမှုတွေလုပ်ဆောင်မှ တရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးကို ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဦးဇာနည်အောင်က ပြောပါတယ်။ ဒါကြောင့် အဲဒီ X-ray စက်နဲ့စစ်ဆေးရေးဂိတ်ကို ဝက်ဝံကျေးရွာဘက်ထားရှိနိုင်ဖို့ ဒေသခံတွေနားလည် လက်ခံအောင်…
Read More
ဖားကန့်မှာ Covid -19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ရက်ပိုင်းအတွင်း စတင်လုပ်ဆောင်တော့မယ်
ဖားကန့်မှာ Covid -19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ရက်ပိုင်းအတွင်း စတင်လုပ်ဆောင်တော့မယ် ဖားကန့် ၊ မတ်-၁၉-၂၀၂၀ ဇော်မိုးထက်(VOM) ကချင်ပြည်နယ်၊ ဖားကန့်ရတနာနယ်မြေမှာ Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ရက်ပိုင်းအတွင်း စတင်လုပ်ဆောင်တော့မယ်လို့ ဖားကန့်မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်ကပြောပါတယ် ။ ကမ္ဘာ့ကူးစက်ရောဂါ ကိုရိုဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုလုပ်ငန်းတွေကို စတင်လုပ်ဆောင်တော့မယ်လို့ ဒီကနေ့မနက် ဖားကန့် ပြည်သူ့ ဆေးရုံဝင်းအတွင်းမှာပြုလုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ် ။ အဲ့ဒီဆွေးနွေးပွဲကို ပြည်သူ့ကျန်းမာရေးဌာနက သက်ဆိုင်ရာဌာနများ ၊ အရပ်ဖက်လူမှုကူညီရေး အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ” အဓိကကတော့ ကျနော်တို့ အရပ်ဖက်လူမှုအဖွဲ့အစည်းနဲ့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ပါပဲ ။ လာတဲ့ကားတွေကို တားမယ် ။ခရီးသည်တွေကို အပူချိန်တိုင်းမယ် ။အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ရှိ/မရှိ…
Read More
အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နေ့တည်း လူ ၅၀၀ နီးပါးသေဆုံး
အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နေ့တည်း လူ ၅၀၀ နီးပါးသေဆုံး ရောမ၊ မတ်-၁၉-၂၀၂၀ မျိုးဆက် (VOM) အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူဦးရေဟာ တစ်နေ့တည်းတွင် ၄၇၅ဦးထိ မြင့်တက်လာပြီး စုစုပေါင်းသေဆုံးသူဦးရေ ၃၀၀၀နီးပါးရှိလာကာ ရောဂါစတင်ဖြစ်ပွါးပြီးနောက်ပိုင်း အများဆုံးသေဆုံးမှုဖြစ်ပါတယ်။ လက်ရှိအချိန်ထိ နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူဦးရေဟာ ၃သောင်း ၆ထောင်နီးပါးရှိပြီး ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာသူမှာ ၄၀၀၀ကျော်ရှိပါတယ်။ လွမ်ဘာဒီဟာ ကိုရိုနာဗိုင်းရပ်စ်အဆိုးရွားဆုံးကူးစက်တဲ့ဒေသဖြစ်ပြီး တစ်နေ့တည်းမှာ လူ ၃၁၉ ဦးအထိ သေဆုံးခဲ့ဖူးပါတယ်။ အီတလီနိုင်ငံဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံပြီးရင် ကမ္ဘာ့အဆိုးဆုံး ရောဂါကူးစက်မှုဖြစ်ပေါ်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူဦးရေ ၈၇၅၈ဦးအထိရှိလာပြီး အများစုကတော့ တရုတ်နိုင်ငံမှဖြစ်ပါတယ်။ ရောဂါကူးစက်ခံထားရသူ ၂သိန်းကျော်ထဲက ၈၀ရာခိုင်နှုန်းဟာ ဥရောပနဲ့ အနောက်ပစိဖိတ် ဒေသတွေကဖြစ်တယ်လို့ အတည်ပြုထားပြီး အဲဒီအထဲမှာ အာရှဒေသကလည်း အမြောက်အမြားပါဝင်တယ်လို့…
Read More
မြောက်ဦးခရိုင် ကျန်းမာရေးဝန်ထမ်းတစ်ဦးကို တပ်မတော်ကဖမ်းဆီး
မြောက်ဦးခရိုင် ကျန်းမာရေးဝန်ထမ်းတစ်ဦးကို တပ်မတော်ကဖမ်းဆီး ကျောက်တော်၊ မတ် ၁၉-၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းက မျောက်တောင်ကျေးရွာမှာ ကျန်းမာရေးဝန်ထမ်းတစ်ဦးကို တပ်မတော်စစ်ကြောင်းက ဒီကနေ့မနက်ပိုင်းမှာ ဖမ်ဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မိသားစုတွေကပြောပါတယ်။ ဖမ်းဆီးခံလိုက်ရသူဟာ မြောက်ဦးခရိုင်ကျန်းမာရေးဌာန၊ ငှက်ဖျားဌာနခွဲတာဝန်ခံ ဦးလှမောင်သိန်းဖြစ်ပြီး ကျောက်တော်ကနေ စာမေးပွဲဖြေဆိုကာ ပြန်လာတဲ့သမီးကို သွားကြိုတဲ့အချိန် တပ်မတော်စစ်ကြောင်းက ကျေးရွာထိပ်ကနေ ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ မြောက်ဦးဆရာဝန်ကြီးကပြောပါတယ်။ “ကျွန်တော်တို့သိရတာက ဖမ်းဆီးခံရတာဟုတ်တယ်။ သူကမိန်းမနဲ့အတူ ကလေးသွားခေါ်ဖို့အတွက် ဆိုင်ကယ်နဲ့လာတဲ့အချိန် ရွာထဲနားမှာ ဖမ်းဆီးခံရတယ်လို့သိရတယ်။”လို့ မြောက်ဦးဆေးရုံက ဆရာဝန်ကြီး ဒေါက်တာခင်မောင်သန်းကပြောပါတယ်။ အဲ့ဒီကျန်းမာရေးဝန်ထမ်းကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားခဲ့တာနဲ့ပတ်သက်လို့ တပ်မတော်ပြောခွင့်ရသူတွေကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပါဘူး။ “အခုလိုဖမ်းဆီးခံလိုက်ရတယ်ဆိုတော့ စိုးရိမ်မိတာပေါ့နော်။ ကျွန်မယောက်ျားက ဘာအပြစ်မှမရှိပေမယ့် သူ့ကိုသတ်မှာလား။ ရိုက်မှာလား။ တော်တော်လေးကိုစိတ်ပူနေပါတယ်။ ကျွန်မနဲ့အတူသွားနေတာမှာ စစ်ဆေးပြီး ရွာနောက်က တောင်ပေါ်ကိုခေါ်သွားတာပါ။ ကျွန်မကိုကျန်ခဲ့ဆိုပြီးထားခဲ့တာပါ။”လို့ ဖမ်းဆီးခံရသူရဲ့ဇနီးဖြစ်သူ ဒေါ်အောင်နုကပြောပါတယ်။ ဖမ်းဆီးခံလိုက်ရသူ ဦးလှမောင်သိန်းနဲ့…
Read More
စားဝတ်နေရေးကျပ်တည်းတဲ့အတွက် တနိုင်းပယင်းမှော်တွေကို ဒေသခံတွေက ပြန်ဖွင့်စေချင်
စားဝတ်နေရေးကျပ်တည်းတဲ့အတွက် တနိုင်းပယင်းမှော်တွေကို ဒေသခံတွေက ပြန်ဖွင့်စေချင် မြစ်ကြီးနား၊ မတ် ၁၉-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်၊ တနိုင်းဒေသက ဒေသခံတွေဟာ စားဝတ်နေရေးကျပ်တည်းမှု ဖြေလျော့နိုင်ဖို့ ပိတ်ထားတဲ့ ပယင်းလုပ်ကွက်တွေကို ပြန်ဖွင့်စေချင်ကြပါတယ်။ အခုလက်ရှိ မြစ်ကြီးနားမြို့က ပယင်းအရောင်းအဝယ် လုပ်ငန်းတွေမှာလည်း ခန္တီးဘက်က ပယင်းတွေကိုသာ ရောင်းချနေကြရတာ ဖြစ်ပါတယ်။ “မှော်ပိတ်တော့ ဘာမှလုပ်စားလို့မရဘူး၊ ဖွင့်ပေးရင်တော့ သိပ်ကောင်းတာပေါ့၊ အစစအရာရာပေါ့ ဈေးရောင်းတာတွေရော လဘက်ရည်ဆိုင်ကအစပေါ့၊ မှော်ကိုမှီခိုပြီး လုပ်ကိုင်စားသောက်သူတွေ အားလုံးဒုက္ခရောက်နေတယ်။ အရင်တုန်းက တနိုင်းမှာ သူခိုးမှမရှိတာ အခုသူခိုးတွေ အများကြီးပဲ “လို့ ပယင်းမှော်ပိတ်လို့ စားဝတ်နေရေး ထိခိုက်မှုတွေဖြစ်နေတာကို တနိုင်းဒေသခံတစ်ဦးက ပြောပြပါတယ်။ ဒေသခံတွေဘက်က ပြန်ဖွင့်ပေးဖို့ တောင်းဆိုထားတဲ့အပေါ် ဘယ်လိုဆောင်ရွက်ပေးမယ်ဆိုတာ ကချင်ပြည်နယ်အစိုးရအဖွဲ့သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းကို မေးမြန်းကြည့်ရာ “ ပယင်းတူးဖော်မှု လုပ်ကွက်ကိစ္စနဲ့ ပါတ်သက်ပြီးမှတော့ ဒါကျောက်မျက်ရတနာကဏ္ဍပေါ့နော်၊ သိတဲ့အတိုင်း တနိုင်းဘက်ကတော့ နယ်မြေလုံခြုံရေး…
Read More
မဟာဂန္ဓာရုံကျောင်းတိုက်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်ဝင်ရောက်ခွင့် ယာယီပိတ်ထား
မဟာဂန္ဓာရုံကျောင်းတိုက်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်ဝင်ရောက်ခွင့် ယာယီပိတ်ထား မန္တလေး၊ မတ် ၁၉-၂၀၂၀ ဖြူဖြူ(VOM) လတ်တလောဖြစ်ပေါ်နေတဲ့ COVID 19 ကူးစက်ပျံ့နှံ့မှုကို ကာကွယ်တဲ့အနေနဲ့ မန္တလေးမြို့ အမရပူရမြို့နယ်အတွင်းက မဟာဂန္ဓာရုံကျောင်းတိုက်ကို ပြည်တွင်းပြည်ပခရီးသွားတွေ ဝင်ရောက်လေ့လာခွင့်ကို ယာယီပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။ ” ကျန်းမာရေးအတွက် ရှေးရှုပြီး တားမြစ်လိုက်တာပါ။ မလာစေချင်တာမျိုးကြောင့် မဟုတ်ပါဘူး။ ဖြစ်ပျက်နေတဲ့ရောဂါ(COVID 19) အခြေအနေအရ တားမြစ်တာပါ။ မဖြစ်ခင်ကြိုတင်ကာကွယ် ဆိုသလိုပဲ ဆရာတော်ကြီးက ကြိုတင်ကာကွယ်တဲ့ သဘောပိတ်တာပါ။ ” လို့ မဟာဂန္ဓာရုံ ကျောင်းတိုက်အနုနာယက ဂဏဝါစက စာချဆရာတော် အရှင်ဝဏ္ဏိဿရ က မိန့်ပါတယ်။ COVID 19 ရောဂါကို ကမ္ဘ့ာကပ်ရောဂါအဖြစ် WHO ကကြေညာလိုက်ပြီးနောက် ပွဲလမ်းသဘင် ၊ အခမ်းအနားနဲ့ လူစုလူဝေးဖြစ်စေတဲ့ အခြေအနေတွေကို ရပ်ဆိုင်းဖို့ နိုင်ငံတော်သမ္မတရုံးကနေ မတ် ၁၃ ရက်က…
Read More
တရုတ်နိုင်ငံမှာ Avigan အဖျားပျောက်ဆေးနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကုသတော့မယ်
တရုတ်နိုင်ငံမှာ Avigan အဖျားပျောက်ဆေးနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကုသတော့မယ် ပေကျင်း၊ မတ်-၁၉-၂၀၂၀ မျိုးဆက် (VOM) ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေကို ကုသရာမှာ ဂျပန်နိုင်ငံကထုတ်လုပ်ထားတဲ့ အဖျားပျောက်ဆေး Avigan ကိုအသုံးပြုဖို့ တရားဝင်ဆုံးဖြတ်လိုက်ပြီလို့ တရုတ်အစိုးရကပြောပါတယ်။ တရုတ်နိုင်ငံက ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းနှစ်ခုဟာ အဲဒီဆေးကိုအသုံးပြုပြီး လက်တွေ့စမ်းသပ်ကုသမှုတွေ လုပ်ဆောင်ရာမှာ ထိရောက်မှုရှိခဲ့တယ်လို့ တရုတ်နိုင်ငံ ဇီဝနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားဌာနရဲ့ ညွှန်ကြားရေးမှူး ဇန်စီမင်းက ပေကျင်းမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အဲဒီဆေးကို ဝူဟန်နဲ့ ရှန်ကျန်းမြို့တွေမှာ စမ်းသပ်ကုသမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး Avigan ဆေးမသောက်တဲ့လူနာတွေဟာ အပူချိန်ကျဖို့အတွက် လေးရက်ကျော်ကြာအချိန်ယူရပြီး ဆေးသောက်သူတွေကတော့ နှစ်ရက်ခွဲလောက်မှာ အပူချိန်ပုံမှန်ပြန်ဖြစ်လာတယ်လို့ ဝူဟန်မှာ စမ်းသပ်ခဲ့တဲ့ရလဒ်ကို ဇန်စီမင်းက ပြောပါတယ်။ အဲဒီဆေးနဲ့ကုသမှုပြုရာမှာ ဘေးထွက်ဆိုးကျိုးလည်း မရှိဘူးလို့ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာကို စစ်ဆေးတွေ့ရှိပြီးနောက် Avigan ဆေးသောက်သုံးသူတွေဟာ လေးရက်အကြာမှာ ဗိုင်းရပ်စ်ကူးစက်မှုမရှိတော့ပဲ အဲဒီဆေးမသောက်သူတွေကတော့ ၁၁…
Read More
စားဝတ်နေရေး ကျပ်တည်းလို့ ပယင်းမှော်တွေ ပြန်ဖွင့်ပေးစေချင်
Read More
VOM News
FREE
VIEW