တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေမှာ ပထမနှစ်ဝက်စာမေးပွဲဖြေဆိုဖို့ ပျက်ကွက်သူ ၈၀၀၀ကျော်ရှိ

တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေမှာ ပထမနှစ်ဝက်စာမေးပွဲဖြေဆိုဖို့ ပျက်ကွက်သူ ၈၀၀၀ကျော်ရှိ

ရန်ကုန်၊ မတ် ၁၉-၂၀၂၀
စွဲ့ဝတီ(VOM)

၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် ပထမနှစ်ဝက်စာမေးပွဲများကို မတ်လ ၁၈ရက်နေ့က စတင်ကျင်းပရာမှာ နိုင်ငံတစ်ဝန်း တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်များရဲ့ စုစုပေါင်းစာရင်းရှိ ၃၁၈၅၃၄ ဦးအနက် ၃၁၀၆၁၈ ဦး ဖြေဆိုကြပြီး ပျက်ကွက်တဲ့သူ ၈၂၉၂ ဦးရှိတယ်လို့ ပညာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

“ ဒီနေ့ဖြေဆိုမူမှာ မနက်ပိုင်းအခြေအနေကတော့ မနေ့ကအတိုင်းပဲ ။ ထပ်မတိုးပါဘူး။ ဒီနေ့မှာ နည်းပညာတက္ကသိုလ်တို့ ကွန်ပျုတာတက္ကသိုလ်တို့ စဖြေတာပါ။ ပျက်ကွက်သူ ၈၀၀၀ကျော်လုံးကို အစားထိုးဖြေဆိုခိုင်းဖို့က ဟုတ်ချင်မှဟုတ်မှာလေ။ တစ်ချို့က လာမဖြေတာတွေရှိတယ်။ မလာတဲ့သူတွေကို ပျက်ကွက်လို့ပဲ သတ်မှတ်ရမှာပါ။ ကျွန်တော်တို့ ကိုဗစ်ရောဂါကြောင့်မလာတာလို့ ခွင့်မတိုင်တာတွေလည်းရှိတယ်”လို့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကပြောပါတယ်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်စာမေးပွဲများမှာ စာမေးပွဲဖြေဆိုခြင်းကိစ္စနဲ့ပတ်သက်ပြီး ကျင်းပနေတဲ့ စာမေးပွဲအသီးသီးကို တက္ကသိုလ်ကျောင်းသားကျောင်းသူအများစုရဲ့ သဘောဆန္ဒအရ စာမေးပွဲဖြေဆိုလိုသူတွေအတွက် သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များရဲ့ ပညာရေးအဖွဲ့ဆုံးဖြတ်ချက်နဲ့ မတ် ၃၁ရက်နေ့ စာမေးပွဲပြီးဆုံးတဲ့အထိ ဖြေဆိုနိုငရေး ဆောင်ရွက်သွားဖို့အတွက် ကြေညာချက်ကိုလည်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

စာမေးပွဲမဖြေဆိုလိုသူတွေအတွက်ကိုလည်း ၂၀၂၀ ပြည့်နှစ် ၊ မေလ ဒါမှမဟုတ် ဇွန်လအတွင်းမှာ စီစဉ်ဆောင်ရွက်ပေးသွားရမှာဖြစ်ပြီး စာမေးပွဲလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရာမှာလည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထာတဲ့ လိုက်နာဆောင်ရွက်ဖို့ အချက်များကို တိကျစွာလိုက်နာဆောင်ရွက်ဖို့နဲ့ COVID-19 အခြေအနေအပေါ်မူတည်ပြီးတော့မှ တက္ကသိုလ် ပြန်ဖွင့်မယ့် နေ့ရက်ကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ကြေညာသွားရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒဂုံတက္ကသိုလ် ပထမနှစ်ဝက်စာမေးပွဲ ဒုတိယနေ့ကို ဒီကနေ့မနက်မှာ ဆက်လက်ကျင်းပရာ ကျောင်းသားကျောင်းသူ နှစ်သောင်း ရှစ်ထောင်ကျော်ရှိတဲ့အနက် လာရောက်ဖြေဆိုဖို့ပျက်ကွက်သူ ၂ဝ၀၀ခန့်ရှိတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကနေ သိရပါတယ်။

အဲ့ဒီကျောင်းသား၊ ကျောင်းသူတွေကို အစားထိုးစာမေးပွဲ ပြန်လည်ကျင်းပတဲ့အခါမှာ စာမေးပွဲဖြေခွင့်လျှောက်လွှာတင်ပြီးတော့ ဖြေဆိုခွင့်ရှိမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အစားထိုးစာမေးပွဲ ပြန်လည်ကျင်းပမယ့်အချိန်နဲ့ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတင်ရမယ့် အချိန်တွေကို တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့နဲ့ဆွေးနွေးပြီးတော့ ကြေညာပေးသွားမှာဖြစ်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ပြောပြချက်အရ သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #တက္ကသိုလ် #စာမေးပွဲဖြေဆိုပျက်ကွက်သူ #၈ထောင်ကျော်ရှိ

Zawgyi

တကၠသိုလ္၊ ဒီဂရီေကာလိပ္နဲ႔ ေကာလိပ္ေတြမွာ ပထမႏွစ္ဝက္စာေမးပြဲေျဖဆိုဖို႔ ပ်က္ကြက္သူ ၈၀၀၀ေက်ာ္ရွိ

ရန္ကုန္၊ မတ္ ၁၉-၂၀၂၀
စြဲ႔ဝတီ(VOM)

၂၀၁၉ – ၂၀၂၀ ပညာသင္ႏွစ္ ပထမႏွစ္ဝက္စာေမးပြဲမ်ားကို မတ္လ ၁၈ရက္ေန႔က စတင္က်င္းပရာမွာ ႏိုင္ငံတစ္ဝန္း တကၠသိုလ္၊ ဒီဂရီေကာလိပ္နဲ႔ ေကာလိပ္မ်ားရဲ႕ စုစုေပါင္းစာရင္းရွိ ၃၁၈၅၃၄ ဦးအနက္ ၃၁၀၆၁၈ ဦး ေျဖဆိုၾကၿပီး ပ်က္ကြက္တဲ့သူ ၈၂၉၂ ဦးရွိတယ္လို႔ ပညာေရးဝန္ႀကီးဌာနကေန သိရပါတယ္။

“ ဒီေန႔ေျဖဆိုမူမွာ မနက္ပိုင္းအေျခအေနကေတာ့ မေန႔ကအတိုင္းပဲ ။ ထပ္မတိုးပါဘူး။ ဒီေန႔မွာ နည္းပညာတကၠသိုလ္တို႔ ကြန္ပ်ဳတာတကၠသိုလ္တို႔ စေျဖတာပါ။ ပ်က္ကြက္သူ ၈၀၀၀ေက်ာ္လုံးကို အစားထိုးေျဖဆိုခိုင္းဖို႔က ဟုတ္ခ်င္မွဟုတ္မွာေလ။ တစ္ခ်ိဳ႕က လာမေျဖတာေတြရွိတယ္။ မလာတဲ့သူေတြကို ပ်က္ကြက္လို႔ပဲ သတ္မွတ္ရမွာပါ။ ကြၽန္ေတာ္တို႔ ကိုဗစ္ေရာဂါေၾကာင့္မလာတာလို႔ ခြင့္မတိုင္တာေတြလည္းရွိတယ္”လုိ႔ အဆင့္ျမင့္ပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသိန္းဝင္းကေျပာပါတယ္။

တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္စာေမးပြဲမ်ားမွာ စာေမးပြဲေျဖဆိုျခင္းကိစၥနဲ႔ပတ္သက္ၿပီး က်င္းပေနတဲ့ စာေမးပြဲအသီးသီးကို တကၠသိုလ္ေက်ာင္းသားေက်ာင္းသူအမ်ားစုရဲ႕ သေဘာဆႏၵအရ စာေမးပြဲေျဖဆိုလိုသူေတြအတြက္ သက္ဆိုင္ရာတကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္မ်ားရဲ႕ ပညာေရးအဖြဲ႕ဆုံးျဖတ္ခ်က္နဲ႔ မတ္ ၃၁ရက္ေန႔ စာေမးပြဲၿပီးဆုံးတဲ့အထိ ေျဖဆိုႏို္ငေရး ေဆာင္႐ြက္သြားဖို႔အတြက္ ေၾကညာခ်က္ကိုလည္း ပညာေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။

စာေမးပြဲမေျဖဆိုလိုသူေတြအတြက္ကိုလည္း ၂၀၂၀ ျပည့္ႏွစ္ ၊ ေမလ ဒါမွမဟုတ္ ဇြန္လအတြင္းမွာ စီစဥ္ေဆာင္႐ြက္ေပးသြားရမွာျဖစ္ၿပီး စာေမးပြဲလုပ္ငန္းစဥ္ေတြကို ေဆာင္႐ြက္ရာမွာလည္း က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထာတဲ့ လိုက္နာေဆာင္႐ြက္ဖို႔ အခ်က္မ်ားကို တိက်စြာလိုက္နာေဆာင္႐ြက္ဖို႔နဲ႔ COVID-19 အေျခအေနအေပၚမူတည္ၿပီးေတာ့မွ တကၠသိုလ္ ျပန္ဖြင့္မယ့္ ေန႔ရက္ကို အခ်ိန္နဲ႔တေျပးညီ ထုတ္ျပန္ေၾကညာသြားရမွာျဖစ္တယ္လို႔ သိရပါတယ္။

ဒဂုံတကၠသိုလ္ ပထမႏွစ္ဝက္စာေမးပြဲ ဒုတိယေန႔ကုိ ဒီကေန႔မနက္မွာ ဆက္လက္က်င္းပရာ ေက်ာင္းသားေက်ာင္းသူ ႏွစ္ေသာင္း ရွစ္ေထာင္ေက်ာ္ရွိတဲ့အနက္ လာေရာက္ေျဖဆိုဖို႔ပ်က္ကြက္သူ ၂ဝ၀၀ခန္႔ရွိတယ္လို႔ ဒဂုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢကေန သိရပါတယ္။

အဲ့ဒီေက်ာင္းသား၊ ေက်ာင္းသူေတြကို အစားထိုးစာေမးပြဲ ျပန္လည္က်င္းပတဲ့အခါမွာ စာေမးပြဲေျဖခြင့္ေလွ်ာက္လႊာတင္ၿပီးေတာ့ ေျဖဆိုခြင့္ရွိမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

အစားထိုးစာေမးပြဲ ျပန္လည္က်င္းပမယ့္အခ်ိန္နဲ႔ စာေမးပြဲေျဖဆိုခြင့္ေလွ်ာက္လႊာတင္ရမယ့္ အခ်ိန္ေတြကို တကၠသိုလ္အုပ္ခ်ဳပ္ေရးအဖြဲ႕နဲ႔ေဆြးေႏြးၿပီးေတာ့ ေၾကညာေပးသြားမွာျဖစ္တယ္လို႔ ဒဂုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #တကၠသိုလ္ #စာေမးပြဲေျဖဆိုပ်က္ကြက္သူ #၈ေထာင္ေက်ာ္ရိွ

Related posts

Leave a Comment

VOM News

FREE
VIEW