ပုဏ္ဏားကျွန်းမြို့နယ်မှာ ရှင်ပြုပွဲကိုလက်နက်ကြီးကျ အလှူ့ရှင်ရဲ့ညီမသေဆုံး

ပုဏ္ဏားကျွန်းမြို့နယ်မှာ ရှင်ပြုပွဲကိုလက်နက်ကြီးကျ အလှူ့ရှင်ရဲ့ညီမသေဆုံး

ပုဏ္ဏားကျွန်း၊ မတ် ၁၉-၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက လက်မဆိပ်ကျေးရွာကို မနေ့မတ်လ ၁၈ ရက်နေ့ညပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ နေအိမ်တစ်လုံးမီးလောင်သွားခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

အဲ့ဒီလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့နေရာဟာ ရှင်ပြုတရားနာပွဲပြုလုပ်နေတဲ့ နေအိမ်ဖြစ်ပြီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အလှူရှင်မရဲ့ညီမဖြစ်သူ ဒေါ်အေးမြစိုးဟာ ကျည်ထိမှန်သေဆုံးသွားခဲ့ပြီး နောက်ထပ်နေအိမ်တစ်လုံးလည်း မီးလောင်သွားခဲ့တယ်လို့ ပြောပါတယ်။

“မနေ့က ည ၁၂ နာရီကျော်လောက်မှာ နေဗီက ကျောက်တော်ဘက်ကနေ ဆင်းလာတယ်။ ကျောက်တော်မြို့နယ်၊ ပီကောက်ဝမှာလည်း သုံးလေးချက်လောက်ပစ်ခတ်ခဲ့တယ်လို့ သိရတယ်။ ကျွန်တော်တို့ရွာနားကိုအရောက်မှာ ၁၅ မိနစ်လောက်ပစ်တယ်။ ရွာမှာက ရှင်ပြုပွဲတစ်ခုရှိတယ်။ အဲ့ဒီမှာ မောင်ရှင်လောင်းအမေရဲ့ညီမက ကျည်ထိပြီး သေဆုံးသွားခဲ့ပါတယ်။”လို့ လက်မဆိပ်ကျေးရွာသားတစ်ဦးက ပြောပါတယ်။

ကျေးရွာအတွင်းကို တပ်မတော်နေဗီကနေ ဘာကြောင့်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ရတယ်ဆိုတာနဲ့ ပတ်သက်လို့ တပ်မတော်ဘက်ကို မေးမြန်းခဲ့ပေမယ့်လည်း အဆက်အသွယ်မရရှိခဲ့ပါဘူး။

အဲ့ဒီကျေးရွာဟာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကုလားမြစ်ကြောင်းအတွင်းက ကျေးရွာတစ်ရွာဖြစ်ပြီး မနေ့ကညမှာ အေအေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တာမရှိဘူးလို့ အေအေရဲ့ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။

“လွန်ခဲ့တဲ့ညကတော့ ပုဏ္ဏားကျွန်းလက်မဆိပ်ဘက်မှာတော့ မြန်မာစစ်တပ်ဘက်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက်ကြောင့်မိုလို့ အဲ့ဒီမှာ အိမ်တစ်လုံးမီးလောင်ပြီးတော့ အမျိုးသမီးတစ်ယောက် သေသွားတယ်လို့သိရတယ်။ ပြီးလို့ရှိရင် နွားသုံးကောင်သေသွားတာပေါ့နော်။ ည ၁ နာရီလောက်မှာဖြစ်တာ။ အဲ့ဒီဘက်မှာတော့ ဘာမှဖြစ်တာမရှိဘူး”လို့ ခိုင်သုခက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၂၅ ရက်နေ့မနက်ပိုင်းကလည်း အဲ့ဒီအနီးဝန်းကျင်မှာရှိတဲ့ ကျောက်တော်မြို့နယ်အတွင်းက ရောင်စုံ၊ အုတ်ကြွပ်၊ အင်ဘာရီ စတဲ့ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သား ၁၀ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

ကျောက်တော်နဲ့ ပလက်ဝမြို့နယ်အကြား ကုလားတန်မြစ်ကြောင်းအတွင်းမှာ တပ်မတော်နဲ့ အေအေတို့ နှစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေကြတာ နှစ်လနီးပါးရှိနေပြီဖြစ်ပါတယ်။

အခုလိုမျိုး ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ဗုံးချခံရတာတွေ၊ ရွာသားတွေဖမ်းဆီခံရတဲ့အတွက် ကျေးရွာပေါင်း ၁၀ ရွာခန့်က ရွာသား ၄၀၀၀ ကျော်တို့ဟာ သူတို့ရဲ့ကျေးရွာတွေမှာ ဆက်မနေရဲတော့ပဲ ကျောက်တော်မြို့ပေါ်နဲ့ လုံခြုံမယ့်နေရာတွေကို ထွက်ပြေးခိုလှုံနေကြရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#VOM #voiceofmyanmar #ပုဏ္ဏားကျွန်း #လက်နက်ကြီးကျ #အမျိုးသမီးတစ်ဦးသေဆုံး

Zawgyi

ပုဏၰားကၽြန္းၿမိဳ႕နယ္မွာ ရွင္ျပဳပြဲကိုလက္နက္ႀကီးက် အလွဴ႕ရွင္ရဲ႕ညီမေသဆံုး

ပုဏၰားကၽြန္း၊ မတ္ ၁၉-၂၀၂၀
ခိုင္လင္းစံ (VOM)

ရခုိင္ျပည္နယ္ေျမာက္ပိုင္း၊ ပုဏၰားကၽြန္းၿမိဳ႕နယ္အတြင္းက လက္မဆိပ္ေက်းရြာကို မေန႔မတ္လ ၁၈ ရက္ေန႔ညပိုင္းက လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲၿပီး အမ်ိဳးသမီးတစ္ဦးေသဆံုးကာ ေနအိမ္တစ္လံုးမီးေလာင္သြားခဲ့တယ္လုိ႔ ေက်းရြာသားေတြက ေျပာပါတယ္။

အဲ့ဒီလက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲခဲ့တဲဲ့ေနရာဟာ ရွင္ျပဳတရားနာပြဲျပဳလုပ္ေနတဲ့ ေနအိမ္ျဖစ္ၿပီး လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲခဲ့တဲ့အတြက္ အလွဴရွင္မရဲ႕ညီမျဖစ္သူ ေဒၚေအးျမစိုးဟာ က်ည္ထိမွန္ေသဆံုးသြားခဲ့ၿပီး ေနာက္ထပ္ေနအိမ္တစ္လံုးလည္း မီးေလာင္သြားခဲ့တယ္လို႔ ေျပာပါတယ္။

“မေန႔က ည ၁၂ နာရီေက်ာ္ေလာက္မွာ ေနဗီက ေက်ာက္ေတာ္ဘက္ကေန ဆင္းလာတယ္။ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ပီေကာက္ဝမွာလည္း သံုးေလးခ်က္ေလာက္ပစ္ခတ္ခဲ့တယ္လုိ႔ သိရတယ္။ ကၽြန္ေတာ္တုိ႔ရြာနားကိုအေရာက္မွာ ၁၅ မိနစ္ေလာက္ပစ္တယ္။ ရြာမွာက ရွင္ျပဳပြဲတစ္ခုရွိတယ္။ အဲ့ဒီမွာ ေမာင္ရွင္ေလာင္းအေမရဲ႕ညီမက က်ည္ထိၿပီး ေသဆံုးသြားခဲ့ပါတယ္။”လို႔ လက္မဆိပ္ေက်းရြာသားတစ္ဦးက ေျပာပါတယ္။

ေက်းရြာအတြင္းကို တပ္မေတာ္ေနဗီကေန ဘာေၾကာင့္ပစ္ခတ္မႈေတြ ျပဳလုပ္ခဲ့ရတယ္ဆိုတာနဲ႔ ပတ္သက္လို႔ တပ္မေတာ္ဘက္ကို ေမးျမန္းခဲ့ေပမယ့္လည္း အဆက္အသြယ္မရရွိခဲ့ပါဘူး။

အဲ့ဒီေက်းရြာဟာ တိုက္ပြဲေတြျဖစ္ပြားေနတဲ့ ကုလားျမစ္ေၾကာင္းအတြင္းက ေက်းရြာတစ္ရြာျဖစ္ၿပီး မေန႔ကညမွာ ေအေအနဲ႔တိုက္ပြဲျဖစ္ပြားခဲ့တာမရွိဘူးလုိ႔ ေအေအရဲ႕ေျပာခြင့္ရသူ ခိုင္သုခက ေျပာပါတယ္။

“လြန္ခဲ့တဲ့ညကေတာ့ ပုဏၰားကၽြန္းလက္မဆိပ္ဘက္မွာေတာ့ ျမန္မာစစ္တပ္ဘက္ကေန လက္နက္ႀကီးနဲ႔ပစ္ခတ္တဲ့အတြက္ေၾကာင့္မိုလို႔ အဲ့ဒီမွာ အိမ္တစ္လံုးမီးေလာင္ၿပီးေတာ့ အမ်ိဳးသမီးတစ္ေယာက္ ေသသြားတယ္လို႔သိရတယ္။ ၿပီးလို႔ရွိရင္ ႏြားသံုးေကာင္ေသသြားတာေပါ့ေနာ္။ ည ၁ နာရီေလာက္မွာျဖစ္တာ။ အဲ့ဒီဘက္မွာေတာ့ ဘာမွျဖစ္တာမရွိဘူး”လို႔ ခိုင္သုခက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ၂၅ ရက္ေန႔မနက္ပိုင္းကလည္း အဲ့ဒီအနီးဝန္းက်င္မွာရွိတဲ့ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက ေရာင္စံု၊ အုတ္ၾကြပ္၊ အင္ဘာရီ စတဲ့ေက်းရြာေတြကို လက္နက္ႀကီးေတြနဲ႔ပစ္ခတ္ခဲ့တဲ့အတြက္ အရပ္သား ၁၀ဦးခန္႔ ထိခိုက္ဒဏ္ရာရရွိခဲ့ၾကပါတယ္။

ေက်ာက္ေတာ္နဲ႔ ပလက္ဝၿမိဳ႕နယ္အၾကား ကုလားတန္ျမစ္ေၾကာင္းအတြင္းမွာ တပ္မေတာ္နဲ႔ ေအေအတုိ႔ ႏွစ္ဖက္တုိက္ပြဲေတြအျပင္းအထန္ျဖစ္ပြားေနၾကတာ ႏွစ္လနီးပါးရွိေနၿပီျဖစ္ပါတယ္။

အခုလိုမ်ိဳး ေက်းရြာေတြကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေတြ၊ ေလေၾကာင္းတိုက္ခိုက္မႈေတြအတြင္း ဗံုးခ်ခံရတာေတြ၊ ရြာသားေတြဖမ္းဆီခံရတဲ့အတြက္ ေက်းရြာေပါင္း ၁၀ ရြာခန္႔က ရြာသား ၄၀၀၀ ေက်ာ္တို႔ဟာ သူတုိ႔ရဲ႕ေက်းရြာေတြမွာ ဆက္မေနရဲေတာ့ပဲ ေက်ာက္ေတာ္ၿမိဳ႕ေပၚနဲ႔ လံုၿခံဳမယ့္ေနရာေတြကို ထြက္ေျပးခိုလႈံေနၾကရတယ္္လို႔ ေဒသခံေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

#VOM #voiceofmyanmar #ပုဏၰားကၽြန္း #လက္နက္ႀကီးက် #အမ်ိဳးသမီးတစ္ဦးေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW