ဖားကန့်မှာ Covid -19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ရက်ပိုင်းအတွင်း စတင်လုပ်ဆောင်တော့မယ်

ဖားကန့်မှာ Covid -19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ရက်ပိုင်းအတွင်း စတင်လုပ်ဆောင်တော့မယ်

ဖားကန့် ၊ မတ်-၁၉-၂၀၂၀
ဇော်မိုးထက်(VOM)

ကချင်ပြည်နယ်၊ ဖားကန့်ရတနာနယ်မြေမှာ Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ရက်ပိုင်းအတွင်း စတင်လုပ်ဆောင်တော့မယ်လို့ ဖားကန့်မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်ကပြောပါတယ် ။

ကမ္ဘာ့ကူးစက်ရောဂါ ကိုရိုဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုလုပ်ငန်းတွေကို စတင်လုပ်ဆောင်တော့မယ်လို့ ဒီကနေ့မနက် ဖားကန့် ပြည်သူ့ ဆေးရုံဝင်းအတွင်းမှာပြုလုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ် ။

အဲ့ဒီဆွေးနွေးပွဲကို ပြည်သူ့ကျန်းမာရေးဌာနက သက်ဆိုင်ရာဌာနများ ၊ အရပ်ဖက်လူမှုကူညီရေး အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

” အဓိကကတော့ ကျနော်တို့ အရပ်ဖက်လူမှုအဖွဲ့အစည်းနဲ့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ပါပဲ ။ လာတဲ့ကားတွေကို တားမယ် ။ခရီးသည်တွေကို အပူချိန်တိုင်းမယ် ။အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ရှိ/မရှိ စစ်ဆေးမယ် ။ရှိခဲ့မယ်ဆိုရင် ဘယ်သွားခဲ့လဲ ၊ ဘယ်ကနေလာလဲ ဆိုတာကို မေးမှာပါ ။ စောင့်ကြည့်သင့်ရင် စောင့်ကြည့်ရမှာပေါ့ “လို့ ဖားကန့်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်ကပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ထိန်းချုပ်တဲ့အနနဲ့ ဖားကန့်ရတနာနယ်မြေကို ဝင်ရောက်လာတဲ့ လမ်းကြောင်းတွေမှာ စောင့်ကြည့်စပ်သပ်စစ်ဆေးမှုတွေကို လုပ်ဆောင်သွားဖို့အတွက် အဲ့ဒီအစည်းဝေးမှာ သဘောတူဆုံးဖြတ်ခဲ့ကြပါတယ် ။

ဖားကန့်မြို့ကို ဝင်ရောက်လာတဲ့ လမ်းကြောင်းနှစ်ခုဖြစ်တဲ့ လုံးခင်းကျေးရွာအုပ်စု လယ်ပြင် ဂိတ်နဲ့ ဆိပ်မူကျေးရွာအုပ်စုက ဝေခါကျေးရွာ မဂါးပြင် ဂိတ်တွေမှာ ကိုယ်ပူချိန်တိုင်းတာခြင်း အပါအဝင်ကိုရိုနာ ဗိုင်းရပ်စ် နဲ့ပတ်သက်တဲ့ အခြားကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းတွေကို စတင်လုပ်ဆောင်သွားမယ်လို့ မြို့နယ် ဆရာဝန်ကြီးကပြောပါတယ်။

“ကျနော်တို့ပရဟိတအသင်းတွေ အနေနဲ့ကတော့ လိုအပ်တဲ့နေရာတွေမှာ ပါဝင်ကူညီဖို့ အဆင်သင့်ဖြစ်အောင် အသင့်ပြင်ဆင်ထားပါတယ် ။ မြို့နယ်ဆရာဝန်ကြီးရဲ့ လမ်းညွှန်မှုယူပြီး ပူးပေါင်းဆောင်ရွက် ပေးသွားမှာပါ “လို့ မြန်မာနိုင်ငံကြက်ခြေနီ ဖားကန့်မြို့နယ် ကြက်ခြေနီအသင်း ဥက္ကဌ၊ ကွန်ဖောင်ဒေးရှင်း ရဲ့ CEO ဦးသန်းဇော်ကွန်းကပြောပါတယ်။

အဲ့ဒီလို ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုလုပ်ငန်းတွေကို သက်ဆိုင်ရာအုပ်ချုပ်ရေးဌာန ၊ ရဲတပ်ဖွဲ့ ၊ အုပ်ချုပ်ရေးအဖွဲ့ ၊ မီးသတ်တပ်ဖွဲ့ ၊ ကြက်ခြေနီတပ်ဖွဲ့ နှင့်အရပ်ဘက် လူမှုကူညီရေး အသင်းများနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #ဖားကန့် #ကိုရိုနာဗိုင်းရပ်စ် #စစ်ဆေးမှု #ရက်ပိုင်းအတွင်းလုပ်ဆောင်မယ်

Zawgyi

ဖားကန႔္မွာ Covid -19 ႀကိဳတင္ကာကြယ္ေရးလုပ္ငန္းေတြကို ရက္ပိုင္းအတြင္း စတင္လုပ္ေဆာင္ေတာ့မယ္

ဖားကန႔္ ၊ မတ္-၁၉-၂၀၂၀
ေဇာ္မိုးထက္(VOM)

ကခ်င္ျပည္နယ္၊ ဖားကန္႔ရတနာနယ္ေျမမွာ Covid-19 ကူးစက္ေရာဂါ ႀကိဳတင္ကာကြယ္ေရးဆိုင္ရာ လုပ္ငန္းေတြကို ရက္ပိုင္းအတြင္း စတင္လုပ္ေဆာင္ေတာ့မယ္လို႔ ဖားကန႔္ၿမိဳ႕နယ္ေဆး႐ုံအုပ္ႀကီး ေဒါက္တာမင္းလြင္ကေျပာပါတယ္ ။

ကမာၻ႔ကူးစက္ေရာဂါ ကို႐ိုဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈကို ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ က်န္းမာေရးဆိုင္ရာ စစ္ေဆးမႈလုပ္ငန္းေတြကို စတင္လုပ္ေဆာင္ေတာ့မယ္လို႔ ဒီကေန႔မနက္ ဖားကန႔္ ျပည္သူ႔ ေဆး႐ုံဝင္းအတြင္းမွာျပဳလုပ္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ႀကိဳတင္ကာကြယ္ေရးဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲမွာ ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္ ။

အဲ့ဒီေဆြးေႏြးပြဲကို ျပည္သူ႔က်န္းမာေရးဌာနက သက္ဆိုင္ရာဌာနမ်ား ၊ အရပ္ဖက္လူမႈကူညီေရး အဖြဲ႕အစည္းေတြ ပူးေပါင္းၿပီး က်င္းပျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။

” အဓိကကေတာ့ က်ေနာ္တို႔ အရပ္ဖက္လူမႈအဖြဲ႕အစည္းနဲ႔ ဌာနဆိုင္ရာေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားဖို႔ပါပဲ ။ လာတဲ့ကားေတြကို တားမယ္ ။ခရီးသည္ေတြကို အပူခ်ိန္တိုင္းမယ္ ။အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြ ရွိ/မရွိ စစ္ေဆးမယ္ ။ရွိခဲ့မယ္ဆိုရင္ ဘယ္သြားခဲ့လဲ ၊ ဘယ္ကေနလာလဲ ဆိုတာကို ေမးမွာပါ ။ ေစာင့္ၾကည့္သင့္ရင္ ေစာင့္ၾကည့္ရမွာေပါ့ “လုိ႔ ဖားကန႔္ၿမိဳ႕နယ္ ေဆး႐ုံအုပ္ႀကီး ေဒါက္တာမင္းလြင္ကေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ကာကြယ္ထိန္းခ်ဳပ္တဲ့အနနဲ႔ ဖားကန႔္ရတနာနယ္ေျမကို ဝင္ေရာက္လာတဲ့ လမ္းေၾကာင္းေတြမွာ ေစာင့္ၾကည့္စပ္သပ္စစ္ေဆးမႈေတြကို လုပ္ေဆာင္သြားဖို႔အတြက္ အဲ့ဒီအစည္းေဝးမွာ သေဘာတူဆုံးျဖတ္ခဲ့ၾကပါတယ္ ။

ဖားကန႔္ၿမိဳ႕ကို ဝင္ေရာက္လာတဲ့ လမ္းေၾကာင္းႏွစ္ခုျဖစ္တဲ့ လုံးခင္းေက်း႐ြာအုပ္စု လယ္ျပင္ ဂိတ္နဲ႔ ဆိပ္မူေက်း႐ြာအုပ္စုက ေဝခါေက်း႐ြာ မဂါးျပင္ ဂိတ္ေတြမွာ ကိုယ္ပူခ်ိန္တိုင္းတာျခင္း အပါအဝင္ကို႐ိုနာ ဗိုင္းရပ္စ္ နဲ႔ပတ္သက္တဲ့ အျခားက်န္းမာေရးစစ္ေဆးမႈလုပ္ငန္းေတြကို စတင္လုပ္ေဆာင္သြားမယ္လို႔ ၿမိဳ႕နယ္ ဆရာဝန္ႀကီးကေျပာပါတယ္။

“က်ေနာ္တို႔ပရဟိတအသင္းေတြ အေနနဲ႔ကေတာ့ လိုအပ္တဲ့ေနရာေတြမွာ ပါဝင္ကူညီဖို႔ အဆင္သင့္ျဖစ္ေအာင္ အသင့္ျပင္ဆင္ထားပါတယ္ ။ ၿမိဳ႕နယ္ဆရာဝန္ႀကီးရဲ႕ လမ္းၫႊန္မႈယူၿပီး ပူးေပါင္းေဆာင္႐ြက္ ေပးသြားမွာပါ “လို႔ ျမန္မာႏိုင္ငံၾကက္ေျခနီ ဖားကန႔္ၿမိဳ႕နယ္ ၾကက္ေျခနီအသင္း ဥကၠဌ၊ ကြန္ေဖာင္ေဒးရွင္း ရဲ႕ CEO ဦးသန္းေဇာ္ကြန္းကေျပာပါတယ္။

အဲ့ဒီလို က်န္းမာေရးစစ္ေဆးေစာင့္ေရွာက္မႈလုပ္ငန္းေတြကို သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးဌာန ၊ ရဲတပ္ဖြဲ႕ ၊ အုပ္ခ်ဳပ္ေရးအဖြဲ႕ ၊ မီးသတ္တပ္ဖြဲ႕ ၊ ၾကက္ေျခနီတပ္ဖြဲ႕ ႏွင့္အရပ္ဘက္ လူမႈကူညီေရး အသင္းမ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔လည္း သိရပါတယ္။

#VOM #voiceofmyanmar #ဖားကန့္ #ကိုရိုနာဗိုင္းရပ္စ္ #စစ္ေဆးမွဳ #ရက္ပိုင္းအတြင္းလုပ္ေဆာင္မယ္

Related posts

Leave a Comment

VOM News

FREE
VIEW