ရတနာပုံဈေးအပေါ်က ကျောက်မျက်ညဈေးမှာ ကျမ္မာရေးစစ်ဆေးမှုတွေလုပ်ဆောင်

#voiceofmyanmar #VOM #ရတနာပံုေက်ာက္မ်က္ညေစ်း

ရတနာပုံဈေးအပေါ်က ကျောက်မျက်ညဈေးမှာ ကျမ္မာရေးစစ်ဆေးမှုတွေလုပ်ဆောင်

မန္တလေး မတ် ၁၉ -၂၀၂၀
ဖြူဖြူ (VOM)

မန္တလေးမြို့ ရတနာပုံဈေးအပေါ်ဆုံးထပ်မှာ ယာယီဖွင့်လှစ်ထားတဲ့ ကျောက်မျက်ညဈေးမှာ COVID 19 ရောဂါနဲ့ပတ်သက်တဲ့ သံသယလက္ခဏာတွေ သိရှိနိုင်အောင် ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်ထားတယ်လို့ ရတနာမောလ် ကျောက်မျက်ရတနာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးသိန်းဝင်းက ပြောပါတယ်။

“မန္တလေးရဲ့ သုံးပုံတစ်ပုံက အဓိကကျောက်စိမ်းပေါ့လေ၊ အဲဒါက မန္တလေးမြို့ရဲ့အသက်သွေးကြောဖြစ်တယ်။ ဒီအပေါ်မှာပဲ ကျန်တဲ့စီးပွားရေးကလည်း မှီခိုနေကြတာ။ လက်လုပ်လက်စားရော ကုန်သည်တွေရော ပြန်ပြီး အဆင်ပြေစေချင်တယ်။ တစ်ဖက်မှာလည်း ကျန်းမာရေးရှုထောင့်က ကြည့်ရင် ကမ္ဘာ့ရဲ့ကပ်ရောဂါလို့ ပြောတဲ့ဟာကလည်းရှိနေတော့ ကျန်းမာရေးရှုထောင့်ကနေ အစီအမံလေးတွေလည်း ကျနော်တို့ ရှိပါတယ်။ နိုင်ငံခြားသားရော၊ မြန်မာကုန်သည်တွေ အားလုံးကိုရော အဖျားတိုင်းတယ်၊ အခုချိန်အထိတော့ သံသယလည်းမတွေ့ရပါဘူး။”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက မီးလောင်မှုဖြစ်ပေါ်ခဲ့တဲ့ ရတနာပုံဈေးကြီးမှာ ကျောက်စိမ်း ကျောက်မျက်ရတနာပစ္စည်းတွေ အရောင်းအဝယ်လုပ်ကိုင်နေတဲ့ ဒုတိယအထပ်က ရတနာမောလ် ရှော့ပင်းမောလ်လည်း ပျက်စီးမှုအချို့ရှိခဲ့တဲ့အတွက် ရတနာမောလ်ပုံမှန် ဈေးဆိုင်ခန်းတွေအပြင် လက်လုပ်လက်စားကျောက်ရောင်းဝယ် လုပ်ကိုင်တဲ့ ရတနာမောလ် ညဈေးလည်း ပိတ်ထားခဲ့ရတာပါ။

အဲဒီညဈေးက လက်လုပ်လက်စားကျောက်ရောင်းဝယ်လုပ်ကိုင်သူတွေအတွက် ယာယီအနေနဲ့ ရတနာပုံဈေးအပေါ်ဆုံးထပ် (၆ လွှာ)မှာ ညဈေးဖွင့်လှစ်ပေးထားပြီး အရောင်းအဝယ်လည်ပတ်နေတာ တစ်ပတ်ခန့်ရှိပြီလို့ သိရပါတယ်။

ညနေ ၅ နာရီကျော်ကနေ ည ၁၂ နာရီအထိ ဖွင့်လှစ်ပေးထားပြီး ဈေးဝင်ရောက်လာသူအားလုံးကို ကိုယ်ပူချိန်တိုင်းတာစစ်ဆေးတာ၊ လက်သန့်ဆေးရည်နဲ့ဆေးပြီးမှ ဝင်ခွင့်ပြုတာ၊ mask အသုံးပြုဖို့တိုက်တွန်းတာတွေ ဆောင်ရွက်ထားသလို သံသယလူနာတွေ့ရင်လည်း သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေကို အကြောင်းကြားဖို့တွေ စီမံထားတယ်လို့ ဦးသိန်းဝင်းကပြောပါတယ်။

COVID 19 ရောဂါကို ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် WHO ကနေ မတ်လ ၁၁ ရက်ကြေညာခဲ့ပြီးနောက် လူစုလူဝေး ဖြစ်စေမယ့်အခြေအနေတွေ ပွဲလမ်းသဘင် အခမ်းအနားတွေကို ရပ်ဆိုင်းဖို့ နိုင်ငံတော်သမသမ္မတရုံးနဲ့ ကျန်းမာရေး ဝန်ကြီးဌာနတွေကလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ဈေးတွေ၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းတွေအပါအဝင် စက်ရုံ ၊ အလုပ်ရုံ လုပ်ငန်းခွင်တွေနဲ့ အချို့ကဏ္ဍတွေဟာ ပိတ်သိမ်း ရပ်ဆိုင်းဖို့ မဖြစ်နိုင်သေးတဲ့ အခြေအနေတွေလည်း ရှိနေတာဖြစ်ပါတယ်။

လက်လုပ်လက်စား ကျောက်ရောင်းဝယ် လုပ်ကိုင်သူ
ကိုကျော်စိုးထွန်းကလည်း “ကျန်းမာရေးဝန်ကြီးဌာနကတော့ ထုတ်ပြန်ထားတာပေါ့နော်။ ရှောင်ရန်ဆောင်ရန်တွေနဲ့ လူစုလူဝေးတွေလည်းမပြုလုပ်ရဘူးပေါ့။ ဒါပေမယ့်လို့ အခုကျနော်တို့ အခြေခံကျောက်မျက် ရောင်းဝယ်ရေးအလုပ်သမားတွေကတော့ ဒီဟာလေးမှ မရှိဘူးဆိုရင် ဝမ်းရေးက ခက်ခဲသွားမှာပေါ့။ သိန်းသောင်းချီ၊ ထောင်ချီ လုပ်ငန်းရှင်ကြီးတွေတော့ မပြောလိုဘူး။ ဒါပေမယ့် နေ့တွက်လေးတွေနဲ့ ဖန်တီးနေတဲ့ ၊ မိသားစုစားဝတ်နေရေးဖြေရှင်းနေတဲ့ သူတွေအတွက်ကတော့ ဒီဝိုင်းလေးတွေဖွင့်မှ အဆင်ပြေမှာ။” လို့ပြောပါတယ်။

ဒါ့အပြင် လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ COVID 19 ရောဂါပိုးတွေ့ရှိသူ မရှိသေးဘူးလို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားတာကြောင့် စိုးရိမ်မှုဖြစ်တာမျိုး မရှိဘူးလို့လည်း ဆိုပါတယ်။

အခု ဖွင့်လှစ်ပေးထားတဲ့ ကျောက်မျက်ညဈေးမှာ မျက်မြင်ရေတွက်မှုအရ ဆိုင်ခန်းပေါင်း တစ်ရာဝန်းကျင်ရှိပြီး လူဦးရေ ထောင်ဂဏန်းဝင်ရောက်နေတာ ဖြစ်ပါတယ်။

မီးလောင်မှုကြောင့် ပျက်စီးခဲ့တဲ့ဈေးဆိုင်ခန်းတွေ ပြင်ဆင်နိုင်ဖို့အတွက်ကိုတော့ လက်ရှိမှာ မန္တလေးမြို့တော်စည်ပင်သာယာရဲ့ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေပြီး ခွင့်ပြုချက်ကျတာနဲ့ အမြန်ဆုံး ပြင်ဆင်ဖို့နဲ့ ပြင်ဆင်ပြီးပါက ပြန်လည်ဖွင့်လှစ်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ရတနာမောလ် ကျောက်မျက်ရတနာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးသိန်းဝင်းက ပြောပါတယ်။

#voiceofmyanmar #VOM #ရတနာပုံကျောက်မျက်ညဈေး

zawgyi

ရတနာပံုေစ်းအေပၚက ေက်ာက္မ်က္ညေစ်းမွာ က်မၼာေရးစစ္ေဆးမွဳေတြလုပ္ေဆာင္

မႏၲေလး မတ္ ၁၉ -၂၀၂၀
ျဖဴျဖဴ (VOM)

မႏၲေလးၿမိဳ႕ ရတနာပုံေဈးအေပၚဆုံးထပ္မွာ ယာယီဖြင့္လွစ္ထားတဲ့ ေက်ာက္မ်က္ညေစ်းမွာ COVID 19 ေရာဂါနဲ႔ပတ္သက္တဲ့ သံသယလကၡဏာေတြ သိရွိႏိုင္ေအာင္ က်န္းမာေရးစစ္ေဆးမႈေတြ လုပ္ေဆာင္ထားတယ္လို႔ ရတနာေမာလ္ ေက်ာက္မ်က္ရတနာဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီ အတြင္းေရးမႉး ဦးသိန္းဝင္းက ေျပာပါတယ္။

“မႏၲေလးရဲ႕ သုံးပုံတစ္ပုံက အဓိကေက်ာက္စိမ္းေပါ့ေလ၊ အဲဒါက မႏၲေလးၿမိဳ႕ရဲ႕အသက္ေသြးေၾကာျဖစ္တယ္။ ဒီအေပၚမွာပဲ က်န္တဲ့စီးပြားေရးကလည္း မွီခိုေနၾကတာ။ လက္လုပ္လက္စားေရာ ကုန္သည္ေတြေရာ ျပန္ၿပီး အဆင္ေျပေစခ်င္တယ္။ တစ္ဖက္မွာလည္း က်န္းမာေရးရႈေထာင့္က ၾကည့္ရင္ ကမာၻ႔ရဲ႕ကပ္ေရာဂါလို႔ ေျပာတဲ့ဟာကလည္းရွိေနေတာ့ က်န္းမာေရးရႈေထာင့္ကေန အစီအမံေလးေတြလည္း က်ေနာ္တို႔ ရွိပါတယ္။ ႏိုင္ငံျခားသားေရာ၊ ျမန္မာကုန္သည္ေတြ အားလုံးကိုေရာ အဖ်ားတိုင္းတယ္၊ အခုခ်ိန္အထိေတာ့ သံသယလည္းမေတြ႕ရပါဘူး။”လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလက မီးေလာင္မႈျဖစ္ေပၚခဲ့တဲ့ ရတနာပုံေစ်းႀကီးမွာ ေက်ာက္စိမ္း ေက်ာက္မ်က္ရတနာပစၥည္းေတြ အေရာင္းအဝယ္လုပ္ကိုင္ေနတဲ့ ဒုတိယအထပ္က ရတနာေမာလ္ ေရွာ့ပင္းေမာလ္လည္း ပ်က္စီးမႈအခ်ိဳ႕ရွိခဲ့တဲ့အတြက္ ရတနာေမာလ္ပုံမွန္ ေစ်းဆိုင္ခန္းေတြအျပင္ လက္လုပ္လက္စားေက်ာက္ေရာင္းဝယ္ လုပ္ကိုင္တဲ့ ရတနာေမာလ္ ညေစ်းလည္း ပိတ္ထားခဲ့ရတာပါ။

အဲဒီညေစ်းက လက္လုပ္လက္စားေက်ာက္ေရာင္းဝယ္လုပ္ကိုင္သူေတြအတြက္ ယာယီအေနနဲ႔ ရတနာပုံေစ်းအေပၚဆုံးထပ္ (၆ လႊာ)မွာ ညေစ်းဖြင့္လွစ္ေပးထားၿပီး အေရာင္းအဝယ္လည္ပတ္ေနတာ တစ္ပတ္ခန႔္ရွိၿပီလို႔ သိရပါတယ္။

ညေန ၅ နာရီေက်ာ္ကေန ည ၁၂ နာရီအထိ ဖြင့္လွစ္ေပးထားၿပီး ေစ်းဝင္ေရာက္လာသူအားလုံးကို ကိုယ္ပူခ်ိန္တိုင္းတာစစ္ေဆးတာ၊ လက္သန႔္ေဆးရည္နဲ႔ေဆးၿပီးမွ ဝင္ခြင့္ျပဳတာ၊ mask အသုံးျပဳဖို႔တိုက္တြန္းတာေတြ ေဆာင္႐ြက္ထားသလို သံသယလူနာေတြ႕ရင္လည္း သက္ဆိုင္ရာ က်န္းမာေရးဌာနေတြကို အေၾကာင္းၾကားဖို႔ေတြ စီမံထားတယ္လို႔ ဦးသိန္းဝင္းကေျပာပါတယ္။

COVID 19 ေရာဂါကို ကမာၻ႔ကပ္ေရာဂါ (Pandemic) အျဖစ္ WHO ကေန မတ္လ ၁၁ ရက္ေၾကညာခဲ့ၿပီးေနာက္ လူစုလူေဝး ျဖစ္ေစမယ့္အေျခအေနေတြ ပြဲလမ္းသဘင္ အခမ္းအနားေတြကို ရပ္ဆိုင္းဖို႔ ႏိုင္ငံေတာ္သမသမၼတ႐ုံးနဲ႔ က်န္းမာေရး ဝန္ႀကီးဌာနေတြကလည္း ထုတ္ျပန္ခဲ့ပါတယ္။

ဒါေပမယ့္ ေစ်းေတြ၊ ပို႔ေဆာင္ဆက္သြယ္ေရးလုပ္ငန္းေတြအပါအဝင္ စက္႐ုံ ၊ အလုပ္႐ုံ လုပ္ငန္းခြင္ေတြနဲ႔ အခ်ိဳ႕က႑ေတြဟာ ပိတ္သိမ္း ရပ္ဆိုင္းဖို႔ မျဖစ္ႏိုင္ေသးတဲ့ အေျခအေနေတြလည္း ရွိေနတာျဖစ္ပါတယ္။

လက္လုပ္လက္စား ေက်ာက္ေရာင္းဝယ္ လုပ္ကိုင္သူ
ကိုေက်ာ္စိုးထြန္းကလည္း “က်န္းမာေရးဝန္ႀကီးဌာနကေတာ့ ထုတ္ျပန္ထားတာေပါ့ေနာ္။ ေရွာင္ရန္ေဆာင္ရန္ေတြနဲ႔ လူစုလူေဝးေတြလည္းမျပဳလုပ္ရဘူးေပါ့။ ဒါေပမယ့္လို႔ အခုက်ေနာ္တို႔ အေျခခံေက်ာက္မ်က္ ေရာင္းဝယ္ေရးအလုပ္သမားေတြကေတာ့ ဒီဟာေလးမွ မရွိဘူးဆိုရင္ ဝမ္းေရးက ခက္ခဲသြားမွာေပါ့။ သိန္းေသာင္းခ်ီ၊ ေထာင္ခ်ီ လုပ္ငန္းရွင္ႀကီးေတြေတာ့ မေျပာလိုဘူး။ ဒါေပမယ့္ ေန႔တြက္ေလးေတြနဲ႔ ဖန္တီးေနတဲ့ ၊ မိသားစုစားဝတ္ေနေရးေျဖရွင္းေနတဲ့ သူေတြအတြက္ကေတာ့ ဒီဝိုင္းေလးေတြဖြင့္မွ အဆင္ေျပမွာ။” လို႔ေျပာပါတယ္။

ဒါ့အျပင္ လက္ရွိအခ်ိန္အထိ ျမန္မာႏိုင္ငံမွာ COVID 19 ေရာဂါပိုးေတြ႕ရွိသူ မရွိေသးဘူးလို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနကလည္း ထုတ္ျပန္ထားတာေၾကာင့္ စိုးရိမ္မႈျဖစ္တာမ်ိဳး မရွိဘူးလို႔လည္း ဆိုပါတယ္။

အခု ဖြင့္လွစ္ေပးထားတဲ့ ေက်ာက္မ်က္ညေစ်းမွာ မ်က္ျမင္ေရတြက္မႈအရ ဆိုင္ခန္းေပါင္း တစ္ရာဝန္းက်င္ရွိၿပီး လူဦးေရ ေထာင္ဂဏန္းဝင္ေရာက္ေနတာ ျဖစ္ပါတယ္။

မီးေလာင္မႈေၾကာင့္ ပ်က္စီးခဲ့တဲ့ေစ်းဆိုင္ခန္းေတြ ျပင္ဆင္ႏိုင္ဖို႔အတြက္ကိုေတာ့ လက္ရွိမွာ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာရဲ႕ ၫႊန္ၾကားခ်က္ကို ေစာင့္ဆိုင္းေနၿပီး ခြင့္ျပဳခ်က္က်တာနဲ႔ အျမန္ဆုံး ျပင္ဆင္ဖို႔နဲ႔ ျပင္ဆင္ၿပီးပါက ျပန္လည္ဖြင့္လွစ္ႏိုင္ဖို႔ လုပ္ေဆာင္သြားမယ္လို႔ ရတနာေမာလ္ ေက်ာက္မ်က္ရတနာဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီ အတြင္းေရးမႉး ဦးသိန္းဝင္းက ေျပာပါတယ္။

#voiceofmyanmar #VOM #ရတနာပံုေက်ာက္မ်က္ညေစ်း

Related posts

Leave a Comment

VOM News

FREE
VIEW