စစ်ကိုင်းက မူးယစ်ဆေးဝါးတရားခံလေးဦးကို နှစ်အကန့်အသတ်မရှိထောင်ဒဏ်ချမှတ်

စစ်ကိုင်းက မူးယစ်ဆေးဝါးတရားခံလေးဦးကို နှစ်အကန့်အသတ်မရှိထောင်ဒဏ်ချမှတ်

စစ်ကိုင်း ဇူလိုင် ၈ -၂၀၂၀
မောင်တာရာ(VOM)

စစ်ကိုင်းမြို့၊ အင်းဝတံတား လုံခြုံရေးရဲကင်းရှေ့မှာ သေနတ်နဲ့ ကျပ်သိန်းသုံးထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိတဲ့ဖြစ်စဉ်က တရားခံလေးဦးကို နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်အပါအဝင် ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့တယ်လို့ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

”ဒီအမှုကို တစ်လတိတိ ရမန်ယူပြီးတော့ စစ်ဆေးဆောင်ရွက်ခဲ့ပါတယ်၊ ၂၀၁၉ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ အမှုခိုင်မာစွာတည်ဆောက်ပြီးတော့တရားရုံးကို တရားစွဲတင်ပို့ခဲ့ပါတယ်။ ခရိုင်တရားသူကြီးက ဒီအမှုကို စစ်ဆေးစီရင်ပြီး မနေ့ကပဲ အမိန့်ချမှတ်ခဲ့တယ်၊ စောခွန်းချိုက ဦးဆောင်ပြီး သယ်ဆောင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် တရားခံစောခွန်းချိုကိုတော့ နှစ်အကန့်အသတ်မရှိ အမိန့်ချမှတ်ခဲ့ပါတယ်။ တရားခံစောခွန်းချိုနဲ့ပါတဲ့ ကျော်သူ၊ အောင်ဖြိုးမင်း၊ ဝေမင်းဦးတို့သုံးဦးကို တစ်ဦးကို ထောင်ဒဏ် ၁၈ နှစ်စီကျခံဖို့ အမိန့်ချမှတ်ခဲ့တယ်။ စစ်ကိုင်းခရိုင် တရားရုံးအနေနဲ့လည်း ဒီပြစ်ဒဏ်ချမှတ်တာဟာ ဒီနှစ်ထဲမှာတော့ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ပါတယ်၊ ဒီမူးယစ်ဆေးဝါးအမှုဆိုတာလည်း တမျိုးသားလုံး လူညွှန့်တုံးစေပြီး အန္တရာယ်ပေးနေတာ အမှန်ပါ၊ ဒါကို တစ်ဦးတစ်ယောက် အကျိုးအမြတ်ရရှိဖို့အတွက် သယ်ဆောင်လာတဲ့သူတွေကို ထိုက်ထိုက်တန်တန် အပြစ်ပေးတယ်ဆိုရင်လည်း မမှားပါဘူး၊ ဒါကြောင့်မို့ တရားခံလေးဦးကတော့ ထိုက်တန်တဲ့ပြစ်ဒဏ်ရရှိပြီးတော့ မနေ့ကပဲ မန္တလေးအကျဉ်းထောင်ကို ပို့လိုက်ပြီဖြစ်ပါတယ် ”လို့ စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမိုးနိုင်ကပြောပါတယ်။

၂၀၁၉ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က အင်းဝတံတား လုံခြုံရေးရဲကင်းရှေ့မှာ ပိတ်ဆို့ စစ်ဆေးနေချိန် Nissanအမျိုးအစားကားတစ်စီးကို ရပ်တန့်စစ်ဆေးရာ ကားဒက်ဘုတ်အတွင်းကနေ ၉မမ ပစ္စတိုသေနတ် နဲ့ ကျည်တောင့်၊ ကျည်အိမ်တစ်ခုတစ်ကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ကားနောက်ခန်းကို ဆက်လက်ရှာဖွေရာမှာတော့ Karen National Pacific Association (K.N.P.A) ငြိမ်းချမ်းရေးလိုလားသော ကရင်အမျိုးသားတပ်ဖွဲ့တံဆိပ်ပါ ဗိုလ်ကြီးအဆင့် ပြောက်ကျားစစ်စိမ်းရောင် အင်္ကျီတစ်ထည်၊ ကောင်းခါးပြည်သူ့စစ်(ဌာနေ) တံဆိပ်တပ်ဆင်ထားတဲ့ စစ်စိမ်းရောင် အင်္ကျီတစ်ထည် တို့ကိုတွေ့ရှိခဲ့တဲ့အပြင် ကားအတွင်းကနေ ကျပ်သိန်း(၃)ထောင်ကျော်တန်ဖိုးရှိ ဘိန်းဖြူလို့ ယူဆရသော အမုန့်တွေပါတဲ့ ဆပ်ပြာခွက်များ၊ စိတ်ကြွ ဆေးပြားများ၊ ဘိန်းအမဲများကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

တရားမဝင် လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ စောခွန်းချိုအပါအဝင် (၄)ဦးကို စစ်ကိုင်းမြို့မရဲစခန်းမှာ မယ(ပ) ၁၅/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၂(ခ)/၂၁ တို့နဲ့ အမှုဖွင့်ဖမ်းဆီးခဲ့ကာ တရားရုံးကို တရားစွဲတင်ပို့ခဲ့တာဖြစ်ပါတယ်။

မနေ့ ဇူလိုင်လ ၇ ရက်နေ့မှာတော့ စစ်ကိုင်းခရိုင်တရားရုံးကနေ တရားခံ စောခွန်းချိုကို နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ချမှတ်ခဲ့ပြီး ကျန်တရားခံတွေဖြစ်တဲ့ ကျော်သူ၊ အောင်ဖြိုးမင်း၊ ဝေမင်းဦး တို့ကိုတော့ ထောင်ဒဏ် ၁၈ နှစ်စီ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Zawgyi

စစ္ကိုင္းက မူးယစ္ေဆးဝါးတရားခံေလးဦးကုိ ႏွစ္အကန္႔အသတ္မရွိေထာင္ဒဏ္ခ်မွတ္

စစ္ကုိင္း ဇူလုိင္ ၈ -၂၀၂၀
ေမာင္တာရာ(VOM)

စစ္ကိုင္းၿမိဳ႕၊ အင္းဝတံတား လုံျခဳံေရးရဲကင္းေရွ႕မွာ ေသနတ္နဲ႔ က်ပ္သိန္းသုံးေထာင္ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိတဲ့ၿဖစ္စဥ္က တရားခံေလးဦးကုိ ႏွစ္အကန္႔အသတ္မရွိ ေထာင္ဒဏ္အပါအဝင္ ၿပစ္ဒဏ္အသီးသီးခ်မွတ္ခဲ့တယ္လုိ႔ စစ္ကုိင္းၿမဳိ႕နယ္ရဲတပ္ဖြဲ႕မွဴးရုံးကေန သိရပါတယ္။

”ဒီအမႈကုိ တစ္လတိတိ ရမန္ယူျပီးေတာ့ စစ္ေဆးေဆာင္ရြက္ခဲ့ပါတယ္၊ ၂၀၁၉ ႏုိဝင္ဘာလ ၁၄ ရက္ေန႔မွာ အမႈခုိင္မာစြာတည္ေဆာက္ျပီးေတာ့တရားရုံးကုိ တရားစြဲတင္ပုိ႔ခဲ့ပါတယ္။ ခရုိင္တရားသူႀကီးက ဒီအမႈကုိ စစ္ေဆးစီရင္ျပီး မေန႔ကပဲ အမိန္႔ခ်မွတ္ခဲ့တယ္၊ ေစာခြန္းခ်ိဳက ဦးေဆာင္ျပီး သယ္ေဆာင္ခဲ့တာၿဖစ္တဲ့အတြက္ေႀကာင့္ တရားခံေစာခြန္းခ်ိဳကုိေတာ့ ႏွစ္အကန္႔အသတ္မရွိ အမိန္႔ခ်မွတ္ခဲ့ပါတယ္။ တရားခံေစာခြန္းခ်ိဳနဲ႔ပါတဲ့ ေက်ာ္သူ၊ ေအာင္ၿဖဳိးမင္း၊ ေဝမင္းဦးတုိ႔သုံးဦးကုိ တစ္ဦးကုိ ေထာင္ဒဏ္ ၁၈ ႏွစ္စီက်ခံဖုိ႔ အမိန္႔ခ်မွတ္ခဲ့တယ္။ စစ္ကုိင္းခရုိင္ တရားရုံးအေနနဲ႔လည္း ဒီၿပစ္ဒဏ္ခ်မွတ္တာဟာ ဒီႏွစ္ထဲမွာေတာ့ အျမင့္ဆုံးျပစ္ဒဏ္ခ်မွတ္ျခင္းၿဖစ္ပါတယ္၊ ဒီမူးယစ္ေဆးဝါးအမႈဆုိတာလည္း တမ်ိဳးသားလုံး လူညႊန္႔တုံးေစျပီး အႏၲရာယ္ေပးေနတာ အမွန္ပါ၊ ဒါကုိ တစ္ဦးတစ္ေယာက္ အက်ိဳးအျမတ္ရရွိဖုိ႔အတြက္ သယ္ေဆာင္လာတ့ဲသူေတြကုိ ထုိက္ထုိက္တန္တန္ အျပစ္ေပးတယ္ဆုိရင္လည္း မမွားပါဘူး၊ ဒါေႀကာင့္မုိ႔ တရားခံေလးဦးကေတာ့ ထုိက္တန္တဲ့ၿပစ္ဒဏ္ရရွိျပီးေတာ့ မေန႔ကပဲ မႏၲေလးအက်ဥ္းေထာင္ကုိ ပုိ႔လုိက္ျပီျဖစ္ပါတယ္ ”လို႔ စစ္ကုိင္းၿမဳိ႕နယ္ ရဲတပ္ဖြဲ႕မွဴးရုံးက ၿမဳိ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးစုိးမုိးႏုိင္ကေျပာပါတယ္။

၂၀၁၉ခုႏွစ္ ေအာက္တိုဘာလ ၉ ရက္ေန႔က အင္းဝတံတား လုံျခဳံေရးရဲကင္းေရွ႕မွာ ပိတ္ဆို႔ စစ္ေဆးေနခ်ိန္ Nissanအမ်ိဳးအစားကားတစ္စီးကို ရပ္တန႔္စစ္ေဆးရာ ကားဒက္ဘုတ္အတြင္းကေန ၉မမ ပစၥတိုေသနတ္ နဲ႔ က်ည္ေတာင့္၊ က်ည္အိမ္တစ္ခုတစ္ကို စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။

ကားေနာက္ခန္းကုိ ဆက္လက္ရွာေဖြရာမွာေတာ့ Karen National Pacific Association (K.N.P.A) ၿငိမ္းခ်မ္းေရးလိုလားေသာ ကရင္အမ်ိဳးသားတပ္ဖြဲ႕တံဆိပ္ပါ ဗိုလ္ႀကီးအဆင့္ ေျပာက္က်ားစစ္စိမ္းေရာင္ အက်ႌတစ္ထည္၊ ေကာင္းခါးျပည္သူ႔စစ္(ဌာေန) တံဆိပ္တပ္ဆင္ထားတဲ့ စစ္စိမ္းေရာင္ အက်ႌတစ္ထည္ တို႔ကိုေတြ႕ရွိခဲ့တဲ့အျပင္ ကားအတြင္းကေန က်ပ္သိန္း(၃)ေထာင္ေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴလုိ႔ ယူဆရေသာ အမုန႔္ေတြပါတဲ့ ဆပ္ျပာခြက္မ်ား၊ စိတ္ႂကြ ေဆးျပားမ်ား၊ ဘိန္းအမဲမ်ားကို ရွာေဖြေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

တရားမဝင္ လက္နက္ကိုင္ေဆာင္ၿပီး မူးယစ္ေဆးဝါးသယ္ေဆာင္လာတဲ့ ေစာခြန္းခ်ိဳအပါအဝင္ (၄)ဦးကို စစ္ကိုင္းၿမိဳ႕မရဲစခန္းမွာ မယ(ပ) ၁၅/၂၀၁၉၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ား ဥပေဒပုဒ္မ ၁၉(က)/၂၀(က)/၂၂(ခ)/၂၁ တို႔နဲ႕ အမႈဖြင့္ဖမ္းဆီးခဲ့ကာ တရားရုံးကုိ တရားစြဲတင္ပုိ႔ခဲ့တာျဖစ္ပါတယ္။

မေန႔ ဇူလုိင္လ ၇ ရက္ေန႔မွာေတာ့ စစ္ကုိင္းခရုိင္တရားရုံးကေန တရားခံ ေစာခြန္းခ်ိဳကုိ ႏွစ္အကန္႕အသတ္မရွိ ေထာင္ဒဏ္ခ်မွတ္ခဲ့ၿပီး က်န္တရားခံေတြၿဖစ္တဲ့ ေက်ာ္သူ၊ ေအာင္ၿဖိဳးမင္း၊ ေဝမင္းဦး တုိ႔ကုိေတာ့ ေထာင္ဒဏ္ ၁၈ ႏွစ္စီ အမိန္႔ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #စစ္ကိုင္း

Related posts

Leave a Comment

VOM News

FREE
VIEW