ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်ကိုစုံစမ်းဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျွမ်းကျင်သူတွေ တရုတ်နိုင်ငံကိုသွား

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်ကိုစုံစမ်းဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျွမ်းကျင်သူတွေ တရုတ်နိုင်ငံကိုသွား ဂျီနီဗာ၊ ဇူလိုင်-၁၁-၂၀၂၀ မျိုးဆက် (VOM) ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျွမ်းကျင်သူနှစ်ဦးပါဝင်တဲ့အဖွဲ့ဟာ လူ ၅၅၀၀၀ ကျော်သေဆုံးခဲ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုရဲ့ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးဖို့ တရုတ်နိုင်ငံကို သွားရောက်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ဗိုင်းရပ်စ်ဟာ တိရိစ္ဆာန်တွေကနေ လူသားတွေဆီကိုကူးစက်ပြီးနောက် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ရှိ ဈေးတစ်ခုကနေ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက ကူးစက်မှုတွေစတင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တိရိစ္ဆာန်ကျန်းမာရေးနဲ့ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူနှစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်နဲ့ပတ်သက်ပြီး ရှေ့ပြေးစုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တရုတ်ပညာရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မာဂရက်ဟာရစ်က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ လင်းနို့တွေမှာရှိတဲ့ ဗိုင်းရပ်စ်တွေနဲ့ အလွန်ဆင်တူပြီး ကြားခံမျိုးစိတ်တစ်ခုခုမှတစ်ဆင့် ကူးစက်လာတာဟုတ်မဟုတ်ဆိုတာကို အားလုံးကသိချင်နေတဲ့ အဖြေဖြစ်တယ်လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ကျွမ်းကျင်သူနှစ်ဦးပါတဲ့အဖွဲ့ဟာ ဗိုင်းရပ်စ်စတင်ဖြစ်ပေါ်လာပုံနဲ့ တိရိစ္ဆာန်ကနေ လူတွေဆီကို ရောဂါကူးစက်လာပုံကိုလေ့လာဖို့ တရုတ်နိုင်ငံကို…

Read More

သေလူကယ်လို့ မရဏဘေးက လွတ်မြောက်လာသူ

သေလူကယ်လို့ မရဏဘေးက လွတ်မြောက်လာသူ Voice Of Myanmar ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ၊ ဝှေခါကျေးရွာအနီးမှာ ဇူလိုင်လ ၂ ရက်နေ့မနက်က ကျောက်စိမ်းလုပ်ကွက် တောင်ကမ်းပါးပြိုကျပြီး ရေလှိုင်းပုတ်ချခံရလို့ တပိုင်တနိုင် ကျောက်တူးဖော်သူ (၃၀၀) ထက်မနည်း သေဆုံးနိုင်တယ်လို့ ဒေသခံတွေကခန့်မှန်းပြောဆို ခဲ့ကြပါတယ်။ အဲ့ဒီမြေပြိုမှုဖြစ်စဉ်ထဲကနေ ကိုစိုင်းကိုတစ်ယောက် လူသေအလောင်း တစ်လောင်းကို ဖက်တွယ် ကူးခတ်ပြီး လွတ်မြောက်လာခဲ့ပါတယ်။ သူက ဘယ်လိုရည်ရွယ်ချက်နဲ့ ဖားကန့်ကိုလာခဲ့သလဲ ဘာတွေကြုံတွေ့ခဲ့ရသလဲဆိုတာကို VOM သတင်းထောက် ရန်အောင်ထွန်း နဲ့ ဇော်မိုးထက်တို့က ရိုက်ကူးတင်ဆက်ပေးထားပါတယ်။ ဝှေခါသုဿန်မှာ ရောက်ရှိခဲ့တဲ့စာရင်းအရ အလောင်း ၁၇၂ လောင်းအထိရှိခဲ့ပြီး တချို့ ရုပ်အလောင်းတွေကို ကျင်းနှစ်ခုမှာ စုပေါင်းသင်္ဂြိုလ်ခဲ့ရပါတယ်။ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ ဆန္ဒအရ တချို့ရုပ်အလောင်းတွေကို အပြင်မှာ ယူဆောင်သင်္ဂြိုလ်တာတွေရှိခဲ့ပါတယ်။ #voiceofmyanmar #VOM #ဖားကန့် Zawgyi…

Read More

တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေး အကျင့်ပျက်ချစားမှုကြောင့် ထောင်နှစ် (၂၀)ကျ

တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေး အကျင့်ပျက်ချစားမှုကြောင့် ထောင်နှစ် (၂၀)ကျ ဆိုးလ်၊ ဇူလိုင်-၁၁-၂၀၂၀ မျိုးဆက် (VOM) တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေးဟာ အကျင့်ပျက်ချစားမှု၊ အာဏာအလွဲသုံးစားမှုတို့ကြောင့် ထောင်ဒါဏ်နှစ်(၂၀) ချမှတ်ခံလိုက်ရပါတယ်။ ဆိုးလ်မြို့အထူးတရားရုံးချုပ်ဟာ ပက်ဂွမ်ဟေးကို လာဘ်ပေးလာဘ်ယူမှုကြောင့် ထောင်ဒဏ် ၁၅ နှစ်အပြင် အာဏာအလွဲသုံးစားမှုကြောင့် ထောင်ဒဏ် ၅ နှစ်ကို ဇူလိုင် ၁၀ ရက်မှာ ချမှတ်လိုက်တာဖြစ်ပါတယ်။ သူမဟာ ၂၀၁၇ ခုနှစ်မှာ လွှတ်တော်အမတ်တွေက အယုံအကြည်မရှိတဲ့အဆို တင်သွင်းခဲ့ပြီးနောက် ရာထူးကနေ ဖယ်ရှားခံခဲ့ရတာဖြစ်ပါတယ်။ ပက်ဂွမ်ဟေးဟာ ဆမ်ဆောင်းနဲ့ လော်တီ အပါအဝင် အဓိကလုပ်ငန်းစုကြီးတွေဆီကနေ ဒေါ်လာသန်း ၅၀ ရယူဖို့ သူရဲ့လက်ထောက်တစ်ဦးနဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ သူမကို ထောင်ဒါဏ် ၃၅ နှစ်ချမှတ်ဖို့ အစိုးရရှေ့နေများက မေလအတွင်းက တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။ ပက်ဂွမ်ဟေးဟာ သမ္မတစ်ဦးအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တာဝန်များကို…

Read More

တရုတ်ကပြန်လာသူတစ်ဦး Q မဝင်ဘဲ ထွက်ပြေးနေ

တရုတ်ကပြန်လာသူတစ်ဦး Q မဝင်ဘဲ ထွက်ပြေးနေ ပြည်၊ ဇူလိုင် ၁၁-၂၀၂၀ သိင်္ဂီ (VOM) ပြည်မြို့မှာ တရုတ်ပြည်ကနေပြန်လာတဲ့ အမျိုးသားတစ်ဦး ကွာရန်တင်းမဝင်ဘဲ ထွက်ပြေးနေတဲ့အတွက် မြို့နယ်ထွေအုပ်အပါအဝင် တာဝန်ရှိသူတွေက လိုက်လံရှာဖွေနေကြပါတယ်။ တကယ်လို့ နောက်ဆုံးမှာ ရှာဖွေမတွေ့ခဲ့ပါက ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးက ဒုတိယဦးစီးမှူးထက်အောင်လွင်ကပြောပါတယ်။ ” သူပြန်ရောက်တာက ၃ ရက်ရှိပြီ၊ သတင်းရတာကတော့ မနေ့ကမှရတယ်။ သတင်းရတော့ မနေ့က သူ့အိမ်ကိုသွားပြီး Q ဝင်ဖို့ခေါ်တော့ ထွက်ပြေးသွားတယ်။ ကာယကံရှင်နဲ့တော့ ခုထိမတွေ့မရသေးဘူး။ ဆက်လက်ပြီးလည်း ဆောင်ရွက်ဆဲဖြစ်ပါတယ်။ သူက ပြည်ပပြန်ဆိုတာကိုတော့ တထစ်ချပြောလို့မရသေးဘူး။ ဒါပေမယ့် သတင်းက တရုတ်ပြန်လို့ရထားတယ်။ သူ့မိသားစုကတော့ မူဆယ်ပြန်လို့ပြောတယ်။ သတင်းက ဘယ်ဟာအမှန်မှန်းတော့ လက်ရှိအချိန်အထိ အတိအကျမသိသေးဘူး။” လို့ ဒုတိယဦးစီးမှူးထက်အောင်လွင်ကပြောပါတယ်။ ကွာရန်တင်းမဝင်ထွက်ပြေးတိမ်းရှောင်နေသူဟာ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ ငါးခူအိုင် ကျေးရွာက အသက်…

Read More

တညင်းကုန်းဈေးက ဈေးဆိုင်ခန်းတွေကို အခွန်တိုးမြှင့်ကောက်ခံမှု နိုင်ငံတော်အဆင့် ဖြေရှင်းပေးဖို့တောင်းဆို

တညင်းကုန်းဈေးက ဈေးဆိုင်ခန်းတွေကို အခွန်တိုးမြှင့်ကောက်ခံမှု နိုင်ငံတော်အဆင့် ဖြေရှင်းပေးဖို့တောင်းဆို ရန်ကုန် ၊ ဇူလိုင် ၁၁-၂၀၂၀ သူရိန်(VOM) ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းဈေးသစ်ကြီးက ဈေးဆိုင်ခန်းတွေကို အခုလ ၁ ရက်နေ့မှစတင်ပြီး အခွန်တိုးမြင့်ကောက်ခံတဲ့ ကိစ္စနဲ့ပတ်သတ်လို့ နိုင်ငံတော်အဆင့်ဖြင့် တာဝန်ယူဖြေရှင်းပေးစေချင်တယ်လို့ ဈေးသူဈေးသားများကိုယ်စား ဈေးရုံအမှတ်( ၃ )အတွင်း ဈေးရောင်းချနေသူ ဦးစိုးကျော်ကပြောပါတယ်။ “တညင်းကုန်း မူလဈေးကြီးကို စည်ပင်သာယာရဲ့ အုပ်ချုပ်မှုလက်အောက်မှာပဲ ထားသင့်ပါတယ်။ ကျွန်တော်တို့ မပြောင်းလိုပါဘူးလို့ ပြီးခဲ့တဲ့နှစ်က ဆန္ဒဖော်ထုတ်ခဲ့ကြပေမယ့် ကျွန်တော်တို့ဈေးသည်တွေမသိဘဲ မျက်ကွယ်မှာ ဈေးများဌာနမှူးနဲ့ MAEX( Myanmar Agro Exchange Public L,td)ကုမ္ပဏီတို့ အကျိုးတူစာချုပ် ချုပ်ဆိုထားပါတယ်ဆိုပြီး ပြောင်းခိုင်းခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး၂၀၁၉ခုနှစ် ဇွန်လနှစ်ဆယ်ရက်နေ့ မနက်ပိုင်းမှာ ဆန္ဒဖော်ထုတ်ခဲ့ကြတယ် ။ အဲ့ဒီနေ့ညပိုင်းမှာပဲ ဝင်ပေါက်တံခါး လေးပေါက်လုံးကို အတင်းပိတ်ပြီး ဈေးသစ်ကိုရွှေ့ခိုင်းခဲ့တယ်။ ဈေးပြောင်းတယ်ဆိုတာ နိုင်ငံတော်အမိန့်နဲ့ဆိုရင်…

Read More
VOM News

FREE
VIEW