အသက်မပြည့်သေးတဲ့ မယားပါသမီးကို ပထွေးဖြစ်သူကမုဒိမ်းကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေ

အသက်မပြည့်သေးတဲ့ မယားပါသမီးကို ပထွေးဖြစ်သူကမုဒိမ်းကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေ

နေပြည်တော်၊ ဇူလိုင် ၁၃-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညွတ်ကွင်းမြို့၊ မုန်တိုင် ၁ ရပ်ကွက်က နေအိမ်တစ်အိမ်မှာ ဇူလိုင်လ ၃ ရက်နေ့မနက်ပိုင်းက တစ်အိမ်တည်းအတူနေ အသက်မပြည့်သေးတဲ့ မယားပါသမီးကို ပထွေးဖြစ်သူက မုဒိမ်းကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ကညွှတ်ကွင်း နယ်မြေရဲစခန်းကနေ သိရပါတယ်။

“သူတို့က တစ်အိမ်ထဲနေကြတာပါ။ မိခင်ဈေးသွားနေတုန်း ဖြစ်တာဖြစ်တဲ့အပြင် မိသားစုပြသနာဖြစ်‌နေတော့ ဇူလိုင်လ ၁၂ ရက်နေ့ကမှ လာတိုင်ကြားတာပါ”လို့ ကညွတ်ကွင်းနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်စောအောင်မျိုးဦးကပြောပါတယ်။

မိခင်ဖြစ်သူက နေအိမ်အနီး ဟင်းချက်စရာသွားဝယ်ပြီးပြန်လာချိန် အတူနေသမီးဖြစ်သူ အသက် ၁၆ နှစ်အရွယ်ရှိမိန်းကလေး မုဒိမ်းကျင့်ခံရတာကို အဖွားဖြစ်သူက ပြောပြရတဲ့အတွက် သိရှိခဲ့ရတယ်လို့ ကညွှတ်ကွင်းနယ်မြေရဲစခန်းကနေ သိရပါတယ်။

“ကျွန်မတို့က နားမလည်တော့ အမှုဖွင့်ဖို့ဆိုတာ လူကြီးတွေနဲ့တိုင်ပင်ရလို့ပါ” မိခင်ဖြစ်သူက ပြောပါတယ်။

အမှုနှင့်ပတ်သက်လို့ အသက်မပြည့်သေးတဲ့ မိန်းကလေးကို မုဒိမ်းကျင့်ပြီး ထွက်ပြေးနေတဲ့ ပထွေးဖြစ်သူ ဦးမြင့်သိန်းဆိုသူကို ကညွတ်ကွင်းနယ်မြေရဲစခန်းမှ (ပ)၁၁၄ /၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

#voiceomfyanmar #VOM #ကညွတ်ကွင်း

Zawgyi

အသက္မျပည့္ေသးတဲ့ မယားပါသမီးကို ပေထြးျဖစ္သူကမုဒိမ္းက်င့္ၿပီး ထြက္ေျပးတိမ္းေရွာင္ေန

ေနျပည္ေတာ္၊ ဇူလိုင္ ၁၃-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္း၊ ျဖဴးၿမိဳ႕နယ္၊ ၫြတ္ကြင္းၿမိဳ႕၊ မုန္တိုင္ ၁ ရပ္ကြက္က ေနအိမ္တစ္အိမ္မွာ ဇူလိုင္လ ၃ ရက္ေန႔မနက္ပိုင္းက တစ္အိမ္တည္းအတူေန အသက္မျပည့္ေသးတဲ့ မယားပါသမီးကို ပေထြးျဖစ္သူက မုဒိမ္းက်င့္ၿပီး ထြက္ေျပးတိမ္းေရွာင္ေနတယ္လို႔ ကၫႊတ္ကြင္း နယ္ေျမရဲစခန္းကေန သိရပါတယ္။

“သူတို႔က တစ္အိမ္ထဲေနၾကတာပါ။ မိခင္ေဈးသြားေနတုန္း ျဖစ္တာျဖစ္တဲ့အျပင္ မိသားစုျပသနာျဖစ္‌ေနေတာ့ ဇူလိုင္လ ၁၂ ရက္ေန႔ကမွ လာတိုင္ၾကားတာပါ”လုိ႔ ကၫြတ္ကြင္းနယ္ေျမရဲစခန္းမွ စခန္းမွဴး ရဲအုပ္ေစာေအာင္မ်ိဳးဦးကေျပာပါတယ္။

မိခင္ျဖစ္သူက ေနအိမ္အနီး ဟင္းခ်က္စရာသြားဝယ္ၿပီးျပန္လာခ်ိန္ အတူေနသမီးျဖစ္သူ အသက္ ၁၆ ႏွစ္အ႐ြယ္ရွိမိန္းကေလး မုဒိမ္းက်င့္ခံရတာကို အဖြားျဖစ္သူက ေျပာျပရတဲ့အတြက္ သိရွိခဲ့ရတယ္လို႔ ကၫႊတ္ကြင္းနယ္ေျမရဲစခန္းကေန သိရပါတယ္။

“ကြၽန္မတို႔က နားမလည္ေတာ့ အမႈဖြင့္ဖို႔ဆိုတာ လူႀကီးေတြနဲ႔တိုင္ပင္ရလို႔ပါ” မိခင္ျဖစ္သူက ေျပာပါတယ္။

အမႈႏွင့္ပတ္သက္လို႔ အသက္မျပည္႔ေသးတဲ့ မိန္းကေလးကို မုဒိမ္းက်င့္ၿပီး ထြက္ေျပးေနတဲ့ ပေထြးျဖစ္သူ ဦးျမင့္သိန္းဆိုသူကို ကၫြတ္ကြင္းနယ္ေျမရဲစခန္းမွ (ပ)၁၁၄ /၂၀၂၀ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၇၆နဲ႔ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

#voiceomfyanmar #VOM #ကညြတ္ကြင္း

 

Related posts

Leave a Comment

VOM News

FREE
VIEW