ဝါးခယ်မမြို့က NLDအလုပ်အမှုဆောင်(၂၁)ဦး ရန်ကုန်မြို့NLDရုံးချုပ်ကိုလာရောက်

ဝါးခယ်မမြို့က NLDအလုပ်အမှုဆောင်(၂၁)ဦး ရန်ကုန်မြို့NLDရုံးချုပ်ကိုလာရောက်

ရန်ကုန်၊ ဇူလိုင် ၁၆-၂၀၂၀
ယဉ်ပပထွန်း(VOM)

ဝါးခယ်မမြို့နယ် NLDအလုပ်အမူ့ဆောင်အဖွဲ့ (၂၁)ဦး တာဝန်ကနေရပ်စဲခံလိုက်ရတဲ့ ကိစ္ခနဲ့ပတ်သက်ပြီး တာဝန်ရပ်စဲခံရသူတွေဟာ ဒီကနေ့နေလယ်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က NLDရုံးချုပ်တာဝန်ရှိသူတွေကို လာရောက်ဖြေရှင်းရာမှာ အစည်းအဝေးလုပ်နေတဲ့အတွက် တွေ့ဆုံဖြေရှင်းခြင်းမရရှိသေးတာ ဖြစ်ပါတယ်။

အခုလိုလာရောက်တွေ့ဆုံရာမှာ ဦးမျိုးညွှန့်က မီဒီယာတွေကို ဖြေရှင်းတဲ့အခါ မြို့နယ်ဥက္ကဌကို လွန်ခဲ့တဲ့ ၃ လက ထုတ်ပယ်လိုက်တဲ့အပေါ် အလုပ်အမူဆောင်အဖွဲ့ဝင်တွေက ဗဟိုအလုပ်အမူဆောင်ရဲ့ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်မူတွေကြောင့် အဖွဲ့လိုက်ဖျက်သိမ်းတယ်ဆိုတဲ့ ပြောကြားချက်တွေကို ဖြေရှင်းခဲ့တာဖြစ်ပါတယ် ။

လက်ရှိမှာတော့ အစည်းအဝေးရှိနေတာကြောင့် တွေ့ခွင့်မရပေမဲ့ရုံးဆင်းတဲ့အထိ စောင့်နေမှာပါလို့ ဝါးခယ်မမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမူဆောင် ဦးအောင်ကြွယ်ကပြောပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi


ယဉ်ပပထွန်း(VOM)





Related posts

Leave a Comment

VOM News

FREE
VIEW