ကိုဗစ်-၁၉ ကူးစက်မှုနည်းတာကြောင့် မြန်မာကျောင်းသားတွေကို ထိုင်ဝမ်နိုင်ငံကပြန်လက်ခံ

ကိုဗစ်-၁၉ ကူးစက်မှုနည်းတာကြောင့် မြန်မာကျောင်းသားတွေကို ထိုင်ဝမ်နိုင်ငံကပြန်လက်ခံ တိုင်ပေ၊ ဇူလိုင်-၁၆-၂၀၂၀ မျိုးဆက် (VOM) ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုနည်းပါးတဲ့နိုင်ငံတွေနဲ့ ကူးစက်မှုအလယ်အလတ်ရှိတဲ့နိုင်ငံတွေက ကျောင်းသားတွေကို ထိုင်ဝမ်မှာ ကျောင်းပြန်တက်ဖို့ ပြန်လည်လက်ခံရာမှာ မြန်မာနိုင်ငံက ကျောင်းသားတွေလည်း ပါဝင်တယ်လို့ ထိုင်ဝမ်ပညာရေးဝန်ကြီးဌာနက ဇူလိုင် ၁၅ ရက်မှ ထုတ်ပြန်ပါတယ်။ ထိုင်ဝမ်ရဲ့အရေးပေါ်အခြေအနေထိန်းချုပ်ရေးဌာနဟာ အဲ့ဒီလိုနိုင်ငံတွေနဲ့ နယ်မြေတွေစာရင်းကို ပြုစုချိန်ကစပြီး နိုင်ငံတကာကျောင်းသား ၄၃၁ ဦးကို ထိုင်ဝမ်မှာ ကျောင်းပြန်တက်ခွင့်ပြုထားတယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံအပါအဝင် ကူးစက်မှုနည်းတဲ့နိုင်ငံနဲ့ နယ်မြေ ၁၉ ခုမှ နိုင်ငံတကာကျောင်းသားပေါင်း(၆၇၉၅)ဦး ထိုင်ဝမ်ကိုပြန်လာကာ ပညာသင်ကြားဖို့ ခွင့်ပြုပေးလိုက်ပြီး ကျောင်းသားအများစုကတော့ ဟောင်ကောင်က ဖြစ်တယ်လို့ပြောပါတယ်။ လက်ရှိအချိန်ထိ ထိုင်ဝမ်ကို ဝင်ရောက်ခွင့်ပြုထားတဲ့ ကျောင်းသားတွေထဲက ၂၉၂ ဦးပြန်လာကြပြီး နောက်ထပ်ခြောက်ဦးလည်း ဇူလိုင် ၁၆ ရက်မှာ ရောက်ရှိမယ်လို့…

Read More

ဝါးခယ်မမြို့က NLDအလုပ်အမှုဆောင်(၂၁)ဦး ရန်ကုန်မြို့NLDရုံးချုပ်ကိုလာရောက်

ဝါးခယ်မမြို့က NLDအလုပ်အမှုဆောင်(၂၁)ဦး ရန်ကုန်မြို့NLDရုံးချုပ်ကိုလာရောက် ရန်ကုန်၊ ဇူလိုင် ၁၆-၂၀၂၀ ယဉ်ပပထွန်း(VOM) ဝါးခယ်မမြို့နယ် NLDအလုပ်အမူ့ဆောင်အဖွဲ့ (၂၁)ဦး တာဝန်ကနေရပ်စဲခံလိုက်ရတဲ့ ကိစ္ခနဲ့ပတ်သက်ပြီး တာဝန်ရပ်စဲခံရသူတွေဟာ ဒီကနေ့နေလယ်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က NLDရုံးချုပ်တာဝန်ရှိသူတွေကို လာရောက်ဖြေရှင်းရာမှာ အစည်းအဝေးလုပ်နေတဲ့အတွက် တွေ့ဆုံဖြေရှင်းခြင်းမရရှိသေးတာ ဖြစ်ပါတယ်။ အခုလိုလာရောက်တွေ့ဆုံရာမှာ ဦးမျိုးညွှန့်က မီဒီယာတွေကို ဖြေရှင်းတဲ့အခါ မြို့နယ်ဥက္ကဌကို လွန်ခဲ့တဲ့ ၃ လက ထုတ်ပယ်လိုက်တဲ့အပေါ် အလုပ်အမူဆောင်အဖွဲ့ဝင်တွေက ဗဟိုအလုပ်အမူဆောင်ရဲ့ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်မူတွေကြောင့် အဖွဲ့လိုက်ဖျက်သိမ်းတယ်ဆိုတဲ့ ပြောကြားချက်တွေကို ဖြေရှင်းခဲ့တာဖြစ်ပါတယ် ။ လက်ရှိမှာတော့ အစည်းအဝေးရှိနေတာကြောင့် တွေ့ခွင့်မရပေမဲ့ရုံးဆင်းတဲ့အထိ စောင့်နေမှာပါလို့ ဝါးခယ်မမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမူဆောင် ဦးအောင်ကြွယ်ကပြောပါတယ်။ #voiceofmyanmar #VOM #ရန်ကုန် Zawgyi ဝါးခယ်မမြို့က NLDအလုပ်အမှုဆောင်(၂၁)ဦး ရန်ကုန်မြို့NLDရုံးချုပ်ကိုလာရောက် ရန်ကုန်၊ ဇူလိုင် ၁၆-၂၀၂၀ ယဉ်ပပထွန်း(VOM) ဝါးခယ်မမြို့နယ် NLDအလုပ်အမူ့ဆောင်အဖွဲ့ (၂၁)ဦး တာဝန်ကနေရပ်စဲခံလိုက်ရတဲ့…

Read More

အိမ်ထောင်စု လေးသိန်းကျော်ကို လျှပ်စစ်ဓါတ်အားဖြန့်ဖြူးနိုင်ဖို့ အမေရိကန်ဒေါ်လာ(၁၇၁.၂၇) သန်း ချေးယူခွင့်ပြုရေး ပြည်ထောင်စုလွှတ်တော်ကို တင်ပြ

အိမ်ထောင်စု လေးသိန်းကျော်ကို လျှပ်စစ်ဓါတ်အားဖြန့်ဖြူးနိုင်ဖို့ အမေရိကန်ဒေါ်လာ(၁၇၁.၂၇) သန်း ချေးယူခွင့်ပြုရေး ပြည်ထောင်စုလွှတ်တော်ကို တင်ပြ နေပြည်တော်၊ ဇူလိုင် ၁၆-၂၀၂၀ စွမ်းရဲထွဋ် (VOM) တိုင်းနဲ့ ပြည်နယ်(၄)ခုက အိမ်ထောင်စု လေးသိန်းကျော်ကို လျှပ်စစ်ဓါတ်အားဖြန့်ဖြူးနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ (၁၇၁.၂၇)သန်း ချေးယူခွင့်ပြုရေး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီကနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ အဲ့ဒီချေးငွေကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ကနေ ရယူမှာဖြစ်ပြီး ကရင်ပြည်နယ်၊ ပဲခူးတိုင်း(အရှေ့ပိုင်း)၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ ကျေးရွာပေါင်း(၂၈၁၅)က အိမ် ထောင်စုပေါင်း (၄၀၀၃၀၀)အတွက် နိုင်ငံတော်ဓါတ်အားကနေ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနိုင်မှာဖြစ်ပါတယ်။ စီမံကိန်းကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းက အကောင်အ ထည်ဖော်ဆောင်ရွက်မှာဖြစ်ပါတယ်။ “၂၀၃၀ပြည့်နှစ် တစ်နိုင်ငံလုံး ဓါတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် အထောက်အကူပြုတဲ့ လျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးဆိုင်ရာစီမံကိန်းများကို အချိန်မီအကောင်အထည်ဖော်ဖို့ ရည်ရွယ်ပါတယ်”လို့ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက…

Read More

သင်္ကန်းဝတ်တစ်ဦး မောင်းလာသည့် ကားပေါ်မှ စိတ်ကြွဆေးပြား ဆယ်သိန်းခန့် ဖမ်းမိ

သင်္ကန်းဝတ်တစ်ဦး မောင်းလာသည့် ကားပေါ်မှ စိတ်ကြွဆေးပြား ဆယ်သိန်းခန့် ဖမ်းမိ ကလေး ဇူလိုင် ၁၆-၂၀၂၀ ငြိမ်းသူမင်း(VOM) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့မှာ သင်္ကန်းဝတ်တစ်ဦး မောင်းနှင်လာတဲ့ကားကို စစ်ဆေးရာကနေ စိတ်ကြွးဆေးပြား ဆယ်သိန်းခန့် ဖမ်းဆီးရမိခဲ့တယ်လို့ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ ပေါင်းလောင်းမြို့ အတွင်းမှာရှိတဲ့ လိန်းလီတံတားပေါ်မှာ မနေ့ ဇူလိုင်လ ၁၅ ရက်နေ့က တာဝန်ရှိသူတွေ ပိတ်ဆို့ရှာဖွေတာပြုလုပ်နေတဲ့အချိန်မှာ ပင်လောင်းမြို့ဘက်ကနေပြီး ပေါင်းလောင်းမြို့ဘက်ကို မောင်းနှင်လာတဲ့ကားကို တားပြီး စစ်ဆေးရာမှာ အစစ်မခံဘဲ ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။ ကားကိုမောင်းပြီး ထွက်ပြေးတာကြောင့် တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးရာမှာတော့ ပေါင်းလောင်းမြို့၊ ဖိုးကုန်းရပ်ကွက်မှာရှိတဲ့ နယ်မြေရဲစခန်းရှေ့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ “ဖမ်းဆီးရမိတဲ့ကားကို စစ်ဆေးရာမှာတော့ ကားမောင်းလာသူဟာ တပ်ကုန်းမြို့၊ ဘုရင့်နောင်ရပ်ကွက်၊ အေ ာင်ဆုပန်ကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ဥုးဓမ္မဝံသ ၊လူအမည် ဦးနိုင်အေး အသက်(၃၉)နှစ်…

Read More

အိန္ဒိယမှာ ရေကြီးရေလျှံမှုတွေကြောင့် လူ (၅၀) သေဆုံး၊ နှစ်သန်းကျော် ရေဘေးသင့်နေ

အိန္ဒိယမှာ ရေကြီးရေလျှံမှုတွေကြောင့် လူ (၅၀) သေဆုံး၊ နှစ်သန်းကျော် ရေဘေးသင့်နေ ဒေလီ၊ ဇူလိုင်-၁၆-၂၀၂၀ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ ရေကြီးရေလျှံမှု အကြီးအကျယ်ဖြစ်ပွားနေတာကြောင့် လူ ၅၀ ဦးသေဆုံးပြီး နှစ်သန်းကျော် ရေဘေးသင့်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မိုးအကြီးအကျယ်ရွာသွန်းမှုကြောင့် ကျေးရွာထောင်ပေါင်းများစွာ ရေနစ်မြုပ်နေပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေအတွက် ဒုက္ခသည်စခန်း ရာပေါင်းများစွာ ဖွင့်လှစ်ထားရပါတယ်။ မုတ်သုန်မိုးတွေအကြီးအကျယ်ရွာသွန်းမှုဟာ ဒေသတွင်းမှာ ဖြစ်လေ့ဖြစ်ထရှိပေမယ့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေဖြစ်ပွားနေချိန်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် စက်လှေ ၁၀၀ နီးပါးကို ပြည်နယ်အတွင်းမှာ ဖြန့်ကြက်ချထားတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ရေကြီးရေလျှံမှုတွေဟာ မိမိရဲ့မဲဆန္ဒနယ်မှာ အကြီးအကျယ်ဖြစ်ပွားနေပြီး ပြည်နယ်ရဲ့အတွင်းပိုင်းမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးလုပ်ဆောင်နေရတယ်လို့ ပြည်နယ်ဝန်ကြီးတစ်ဦးဖြစ်သူ Mrinal Saikal ကပြောပါတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်သွားသူ ဒုက္ခသည် ခြောက်သောင်းကျော်အတွက် ခရိုင်…

Read More

လက်ပစ်ဗုံးပေါက်ကွဲရာမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံး အရပ်သားတစ်ဦးဒဏ်ရာရ

လက်ပစ်ဗုံးပေါက်ကွဲရာမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံး အရပ်သားတစ်ဦးဒဏ်ရာရ ပင်လောင်း ၊ ဇူလိုင် ၁၆-၂၀၂၀ ‌ကောင်းလက်ျာ၊ ငြိမ်းသူမင်း(VOM) ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ တီကျစ်မြောက်ပိုင်းရှိ ဆံသဆိုင်တစ်ဆိုင်မှာ မနေ့ဇူလိုင် ၁၅ ရက် ညပိုင်းက လက်ပစ်ဗုံးပေါက်ကွဲရာကနေ ရဲတပ်ဖွဲ့ဝင်(၂)ဦးသေဆုံးပြီး အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပင်လောင်းမြို့မရဲစခန်းကနေ သိရပါတယ်။ “တွဲဘက်နဲ့ပို့ထားတုန်း ဖြစ်စဉ်ဖြစ်ပွားတာပါ။ လက်ပစ်ဗုံးဆော့တဲ့ ရဲတပ်ဖွဲ့ဝင်ကလည်း သေသွားပြီဆိုတော့ အမှုကလည်း မှတ်တမ်းတင်ရုံပဲလုပ်လို့ရမယ်”လို့ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှရဲမှူးအဆင့်ရှိသူတစ်ဦးက ပြောပါတယ်။ ဖြစ်စဉ်ဖြစ်တဲ့ ဆံသဆိုင်ပိုင်ရှင် ကိုမောင်ဇော်၊ဇော်ဝင်းနဲ့ အောင်ပန်းနယ်မြေရဲစခန်းမှ ရဲတပ်သား ကျော်ဇင်လတ်၊ ရဲတပ်သား ခွန်စိန်ထွဋ်တို့(၄)ဦးဟာ အရက်အတူသောက်နေကြစဉ် ရဲတပ်သားခွန်စိန်ထွဋ်က လက်ပစ်ဗုံးကိုထုတ်ယူ ဆော့ကစားနေတာဖြစ်ပါတယ်။ လက်ပစ်ဗုံးကိုမဆော့ဖို့အတွက် တားမြစ်ချိန် ဗုံးလုံခြုံရေး ပင်ကလစ်ကို ဆွဲဖြုတ်ယူလိုက်တဲ့အတွက် ကိုမောင်ဇော်၊ဇော်ဝင်းနှင့် ရဲတပ်သား ကျော်ဇင်လတ်တို့ကဆံသဆိုင်အပြင်ကို ထွက်ပြေး‌ခဲ့ပေမယ့်လည်း ပေါက်ကွဲမှုဖြစ်ခဲ့တဲ့အတွက် ရဲတပ်သားကျော်ဇင်လက်နဲ့ ခွန်စိန်ထွဋ်တို့ဟာ ထိခိုက်ဒဏ်ရာများနဲ့ သေဆုံးသွားပြီး…

Read More

အမွှာမောင်နှမ (၂)ဦးကို ပုထွေးဖြစ်သူက မုဒိမ်းကျင့်

အမွှာမောင်နှမ (၂)ဦးကို ပထွေးဖြစ်သူက မုဒိမ်းကျင့် ကလေး၊ ဇူလိုင် ၁၆-၂၀၂၀ ငြိမ်းသူမင်း(VOM) စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မွန်းလှိုင်ရပ်ကွက်မှာ မိန်းမဖြစ်သူဖက်ကနေပါလာတဲ့ သားနဲ့သမီး အမွှာမောင်နှမ (၂)ဦးကို ပထွေးဖြစ်သူ အသက် (၃၂)နှစ်အရွယ် ဦးလားမှူလျန်နာဆိုသူက ဓမ္မတာ အတိုင်းမဟုတ်ဘဲ မုဒိမ်းကျင့်တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ကလေးမြို့မရဲစခန်းကနေ သိရပါတယ်။ ုပထွေးဖြစ်သူမုဒိမ်းကျင့်ခဲ့တဲ့ မိန်းကလေးနဲ့ ယောင်္ကျားကလေး နှစ်ဦး (အမွှာ)မောင်နှမဟာ အသက်(၉)နှစ်အရွယ်သာ ရှိသေးတာဖြစ်ပြီး အဲ့ဒီကလေးနှစ်ယောက်ကို ၂၀၁၉ ခုနှစ် ထဲကနေ စတင်ကာ မိခင်မရှိတဲ့အချိန် အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို အကြိမ်ကြိမ်မုဒိမ်းကျင့်နေတာကို မိခင်ဖြစ်သူက ဇူလိုင်လ ၁၄ ရက်နေ့မှာသိရှိပြီး ကလေးမြို့မရဲစခန်းမှာ တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။ “ဒီဖြစ်စဉ် ဖြစ်ပွားပြီး ဦးလားမှူလျန်နာက ထွက်ပြေးတိမ်းရှောင်နေခဲ့ပါတယ်။ ဒီလို တိမ်းရှောင်နေတာကြောင့် ကလေးမြို့မရဲစခန်း က ရဲတပ်ဖွဲ့ဝင်တွေက…

Read More
VOM News

FREE
VIEW