အိန္ဒိယမှာ ရေကြီးရေလျှံမှုတွေကြောင့် လူ (၅၀) သေဆုံး၊ နှစ်သန်းကျော် ရေဘေးသင့်နေ

အိန္ဒိယမှာ ရေကြီးရေလျှံမှုတွေကြောင့် လူ (၅၀) သေဆုံး၊ နှစ်သန်းကျော် ရေဘေးသင့်နေ

ဒေလီ၊ ဇူလိုင်-၁၆-၂၀၂၀
မျိုးဆက် (VOM)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ ရေကြီးရေလျှံမှု အကြီးအကျယ်ဖြစ်ပွားနေတာကြောင့် လူ ၅၀ ဦးသေဆုံးပြီး နှစ်သန်းကျော် ရေဘေးသင့်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မိုးအကြီးအကျယ်ရွာသွန်းမှုကြောင့် ကျေးရွာထောင်ပေါင်းများစွာ ရေနစ်မြုပ်နေပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေအတွက် ဒုက္ခသည်စခန်း ရာပေါင်းများစွာ ဖွင့်လှစ်ထားရပါတယ်။

မုတ်သုန်မိုးတွေအကြီးအကျယ်ရွာသွန်းမှုဟာ ဒေသတွင်းမှာ ဖြစ်လေ့ဖြစ်ထရှိပေမယ့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေဖြစ်ပွားနေချိန်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် စက်လှေ ၁၀၀ နီးပါးကို ပြည်နယ်အတွင်းမှာ ဖြန့်ကြက်ချထားတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ရေကြီးရေလျှံမှုတွေဟာ မိမိရဲ့မဲဆန္ဒနယ်မှာ အကြီးအကျယ်ဖြစ်ပွားနေပြီး ပြည်နယ်ရဲ့အတွင်းပိုင်းမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးလုပ်ဆောင်နေရတယ်လို့ ပြည်နယ်ဝန်ကြီးတစ်ဦးဖြစ်သူ Mrinal Saikal ကပြောပါတယ်။

အိုးမဲ့အိမ်မဲ့ဖြစ်သွားသူ ဒုက္ခသည် ခြောက်သောင်းကျော်အတွက် ခရိုင် ၂၀ မှာ ကယ်ဆယ်ရေးစခန်း (၄၈၀)ဖွင့်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဒေလီ

Zawgyi

အိႏိၵယမွာ ေရၾကီးေရလွ်ံမႈေတြေၾကာင္႔ လူ (၅၀) ေသဆံုး၊ နွစ္သန္းေက်ာ္ ေရေဘးသင္႔ေန

ေဒလီ၊ ဇူလိုင္-၁၆-၂၀၂၀
မ်ိဳးဆက္ (VOM)

အိႏိၵယနုိင္ငံ အေရွ႕ေျမာက္ပိုင္း အာသံျပည္နယ္မွာ ေရၾကီးေရလွ်ံမႈ အၾကီးအက်ယ္ျဖစ္ပြားေနတာေၾကာင္႔ လူ ၅၀ ဦးေသဆံုးျပီး နွစ္သန္းေက်ာ္ ေရေဘးသင္႔ေနတယ္လို႔ တာ၀န္ရိွသူေတြက ေျပာပါတယ္။

မိုးအၾကိီးအက်ယ္ရြာသြန္းမႈေၾကာင္႔ ေက်းရြာေထာင္ေပါင္းမ်ားစြာ ေရနစ္္ျမဳပ္ေနျပီး အိုးမဲ႔အိမ္မဲ႔ျဖစ္သြားသူေတြအတြက္ ဒုကၡသည္စခန္း ရာေပါင္းမ်ားစြာ ဖြင္႔လွစ္ထားရပါတယ္။

မုုတ္သုန္မိုးေတြအၾကီးအက်ယ္ရြာသြန္းမႈဟာ ေဒသတြင္းမွာ ျဖစ္ေလ႔ျဖစ္ထရိွေပမယ္႔ ကိုဗစ္-၁၉ ေရာဂါကူးစက္မႈေတြျဖစ္ပြားေနခ်ိန္မွာ ေရၾကီးေရလွ်ံမႈေတြ ျဖစ္ပြားေနတာျဖစ္ပါတယ္။

ကယ္ဆယ္ေရးလုပ္ငန္းေတြေဆာင္ရြက္ဖုိ႔အတြက္ စက္ေလွ ၁၀၀ နီးပါးကို ျပည္နယ္အတြင္းမွာ ျဖန္႔ၾကက္ခ်ထားတယ္လို႔ ေဒသတြင္း သတင္းဌာနေတြက ေဖာ္ျပထားပါတယ္။

ေရၾကီးေရလွ်ံမႈေတြဟာ မိမိရဲ႕မဲဆႏၵနယ္မွာ အၾကီးအက်ယ္ျဖစ္ပြားေနျပီး ျပည္နယ္ရဲ႕အတြင္းပိုင္းမွာ ပိတ္မိေနသူေတြကို ကယ္ဆယ္ေရးလုပ္ေဆာင္ေနရတယ္လို႔ ျပည္နယ္၀န္ၾကီးတစ္ဦးျဖစ္သူ Mrinal Saikal ကေျပာပါတယ္။

အိုးမဲ႔အိမ္မဲ႔ျဖစ္သြားသူ ဒုကၡသည္ ေျခာက္ေသာင္းေက်ာ္အတြက္ ခရိုင္ ၂၀ မွာ ကယ္ဆယ္ေရးစခန္း (၄၈၀)ဖြင္႔ထားတယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ေဒလီ

Related posts

Leave a Comment

VOM News

FREE
VIEW