ရန်ကုန်က မန္တလေးထက် အသုံးစရိတ်တွေ ပိုမိုသုံးစွဲပေမယ့်လည်း မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို နှိုင်းယှဉ်ရင် လုံးဝကွာခြားနေ

ရန်ကုန်က မန္တလေးထက် အသုံးစရိတ်တွေ ပိုမိုသုံးစွဲပေမယ့်လည်း မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို နှိုင်းယှဉ်ရင် လုံးဝကွာခြားနေ

နေပြည်တော်၊ ဇူလိုင် ၂၂-၂၀၂၀
စွမ်းရဲထွဋ် (VOM)

ရန်ကုန်က မန္တလေးထက် အသုံးစရိတ်တွေ ပိုမိုသုံးစွဲပေမယ့်လည်း မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို နှိုင်းယှဉ်ရင် လုံးဝကွာခြားနေတယ်လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှုးကျော်မင်းထွန်းကပြောပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ရန်ကုန်မြို့တော်ရေဖူလုံ ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)က အမေရိကန်ဒေါ်လာ သန်း ၁၈၀ ချေးယူရေးကိစ္စနဲ့ စပ်လျှဉ်းဆွေးနွေးချိန်မှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။

“၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသုံးစရိတ်လျာထားချက်မှာ ရန်ကုန် တိုင်းအတွက်လျာထားငွေ ကျပ်သန်းပေါင်း ၉၂၀ ဘီလီယံ၊ မန္တလေးတိုင်းအတွက် အသုံးစရိတ်လျာထားချက်က ၄၂၂ ဘီလီယံဖြစ်တဲ့အတွက် ရန်ကုန်တိုင်းက တိုင်းဒေသကြီးနဲ့ ပြည်နယ် စုစုပေါင်းသုံးငွေရဲ့ ၂၄ ရာခိုင်နှုန်းသုံးစွဲမှာဖြစ်ပြီး မန္တလေးတိုင်းက ၁၁.၅ ရာခိုင်နှုန်းသာ သုံးစွဲမှာဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါပေမယ့် ရန် ကုန်နဲ့ မန္တလေး မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို နှိုင်းယှဉ်ကြည့်ရင် လုံးဝကွာခြားနေတာကို တွေ့ရပါတယ်”လို့ ဗိုလ်မှုးကျော်မင်းထွန်းကပြောပါတယ်။

၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် အစိုးရရဲ့ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာအရ ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ ၂၀.၀၀၁ ဘီလီယံ ချေးယူထားပြီး အဲ့ဒီချေးငွေတွေထဲက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အမေရိကန်ဒေါ်လာ ၅၄၇.၄၃၁ သန်း၊ စုစုပေါင်း ချေးငွေရဲ့ ၂.၇၃ ရာခိုင်နှုန်း၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကတော့ အမေရိကန်ဒေါ်လာ ၁၀၃. ၅၅၆ သန်း၊ စုစုပေါင်းချေးငွေရဲ့ ဝ.၅၂ ရာခိုင်နှုန်း ရယူသုံးစွဲထားတာကို သိရတယ်လို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

“နှိုင်းယှဉ်ကြည့်ရင် ချေးငွေအနေနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ပိုများတာတွေ့ရှိရပါတယ်။ ချေးငွေတွေများပြီး ဘယ်နှစ်ခုအကောင်အထည်ဖော်ပြီးပြီလဲ ပြန်လည်စဉ်းစားသင့်ပါတယ်။ မြို့တော်စည်ပင်ကလည်း အရှုံးပေါ်နေတာကို ကြားသိရပါတယ်။ ရန်ကုန်နဲ့ လူဦးရေမတိမ်းမယိမ်းပဲရှိတဲ့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောင်ရွက်မှုကို ယှဉ်ကြည့် လိုက်ရင် ချေးယူတဲ့ပမာဏက ဒေါ်လာသန်းတစ်ရာပဲရှိပေမယ့် အကောင်အထည်ဖော်နိုင်မှုကြောင့် ပြည်သူတွေ ကျေနပ်မှုရှိတဲ့အပြင် စာရင်းစစ်ချုပ်အစီရင်ခံစာနဲ့ ပက်သက်ပြီးတော့လည်း ဘယ်လိုပြဿနာမျိုးမှ မရှိဘူးလို့ တွေ့ရပါတယ်”လို့ ဗိုလ်မှုးကျော်မင်းထွန်းက သုံးသပ်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အထက်ပါ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ကနေ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ချေးယူပြီး ရေပေးဝေ ရေးစီမံကိန်းတွေကို ဆောင်ရွက်ဖြစ်ရင် ချေးငွေကို ပြန်ဆပ်ရမယ့်အတိုးက အကြမ်းအားဖြင့် ဆိုင်ငံ့ကာလအတွင်းမှာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁.၈ သန်းခန့်နဲ့ ပြန်ဆပ်ကာလအတွင်း တစ်နှစ်ကို အရင်းနဲ့အတိုးပေါင်း အမေရိကန်ဒေါ်လာ ၁၀.၁ သန်းခန့် နှစ်စဉ် ပြန်လည်ပေးဆပ်ရမှာဖြစ်တာကို တွေ့ရတယ်လို့ပြောပါတယ်။

ဒါကြောင့် ဖြစ်နိုင်ပါ့မလားဆိုတာကို ပြန်လည်တွက်ချက် ပြီးမှသာ စီမံကိန်းဆောင်ရွက် သင့်၊ မသင့် ရှင်းလင်းဆွေးနွေးပေးစေလိုတယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေးကော်မတီနဲ့ ပက်သက်ပြီး ပြည်ပကြွေးမြီအခြေအနေတွေနဲ့ အ ကောင်အထည်ဖော်တဲ့အပိုင်းကို လေ့လာကြည့်ရာမှာ ၂၀၂၀ ပြည့်နှစ် မတ်လကုန်အထိ အမေရိကန်ဒေါ်လာ သန်း ၁၂၀၀ထိ ရယူထားပြီး လက်ရှိ ချေးငွေနဲ့ဆိုရင် သန်း ၁၃၀၀ ကျော်အထိ ရှိလာတော့မှာဖြစ်ပါတယ်။

ချေးငွေတွေ အကောင်အထည်ဖော်တဲ့အပိုင်းကို ကြည့်မယ်ဆိုရင် မူလချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၂၀၀ထဲက အမေရိကန်ဒေါ်လာ ၁၁၈ သန်းကိုသာ သုံးစွဲထားတာကို တွေ့ရပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၉.၈ ရာခိုင်နှုန်းသာ အကောင်အထည်ဖော်နိုင်တာကို တွေ့ရပါတယ်။

ကျန်တဲ့ချေးငွေတွေ ဘာကြောင့်အကောင်အထည်မဖော်နိုင်ရတာလဲဆိုတာ စီမံကိန်းတစ်ခုချင်းဆီအလိုက် အသေးစိပ်ရှင်းပြပေးစေလိုပါတယ်လို့လည်း ပြည်ထောင်စုလွှတ်တော်ကို တင်ပြဆွေးနွေးခဲ့ပါတယ်။

အဆိုပါ ချေးငွေရယူရေးကိစ္စနဲ့ပတ်သက်ပြီး ဆက်လက်ဆွေးနွေးဖို့ကျန်ရှိနေတဲ့ လွှတ်တော်ကိုယ်စား လှယ်တွေအနေနဲ့ လာမယ့် ၂၄ ရက်နေ့မှာပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးခွင့်ပြုဖို့ လျာထားတယ်လို့ ပြည်ထောင်စုလွှတ်တော်နာယကဦးတီခွန်မြတ်က လွှတ်တော်ကိုကြေငြာခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

ရန္ကုန္က မႏၱေလးထက္ အသံုးစရိတ္ေတြ ပုိမုိသံုးစြဲေပမယ့္လည္း ၿမိဳ႕ၿပဖြံ႔ၿဖိဳးတိုးတက္မႈကို ႏွိဳင္းယွဥ္ရင္ လံုးဝကြာၿခားေန

ေနၿပည္ေတာ္၊ ဇူလုိင္ ၂၂-၂၀၂၀
စြမ္းရဲထြဋ္ (VOM)

ရန္ကုန္က မႏၱေလးထက္ အသံုးစရိတ္ေတြ ပုိမုိသံုးစြဲေပမယ့္လည္း ၿမိဳ႕ၿပဖြံ႔ၿဖိဳးတိုးတက္မႈကို ႏွိဳင္းယွဥ္ရင္ လံုးဝကြာၿခားေနတယ္လုိ႔ တပ္မေတာ္သားလႊတ္ေတာ္ကုိယ္စားလွယ္ ဗုိလ္မႈးေက်ာ္မင္းထြန္းကေျပာပါတယ္။

ဒီကေန႔ျပဳလုပ္တဲ့ ၿပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးမွာ ရန္ကုန္ၿမိဳ႕ေတာ္ေရဖူလံု ေရးစီမံကိန္း အေကာင္အထည္ေဖာ္ေဆာင္ရြက္ဖုိ႔အတြက္ အာရွဖြံ႔ၿဖိဳးေရးဘဏ္(ADB)က အေမရိကန္ေဒၚလာ သန္း ၁၈၀ ေခ်းယူေရးကိစၥနဲ႔ စပ္လွ်ဥ္းေဆြးေႏြးခ်ိန္မွာ ေၿပာဆိုလိုက္တာၿဖစ္ပါတယ္။

“၂၀၂၀-၂၀၂၁ ခုႏွစ္ ဘ႑ာေရးႏွစ္ တုိင္းေဒသၾကီးနဲ႔ ၿပည္နယ္အသံုးစရိတ္လ်ာထားခ်က္မွာ ရန္ကုန္ တုိင္းအတြက္လ်ာထားေငြ က်ပ္သန္းေပါင္း ၉၂၀ ဘီလီယံ၊ မႏၱေလးတိုင္းအတြက္ အသုံးစရိတ္လ်ာထားခ်က္က ၄၂၂ ဘီလီယံၿဖစ္တဲ့အတြက္ ရန္ကုန္တုိင္းက တုိင္းေဒသၾကီးနဲ႔ ၿပည္နယ္ စုစုေပါင္းသံုးေငြရဲ႕ ၂၄ ရာခုိင္ႏႈန္းသံုးစြဲမွာၿဖစ္ၿပီး မႏၱေလးတုိင္းက ၁၁.၅ ရာခိုင္ႏႈန္းသာ သံုးစြဲမွာၿဖစ္ေၾကာင္း ေလ့လာေတြ႔ရွိရပါတယ္။ ဒါေပမယ့္ ရန္ ကုန္နဲ႔ မႏၱေလး ၿမိဳ႕ၿပဖြံ႔ၿဖိဳးတိုးတက္မႈကို ႏွိဳင္းယွဥ္ၾကည့္ရင္ လံုးဝကြာၿခားေနတာကို ေတြ႔ရပါတယ္”လုိ႔ ဗုိလ္မႈးေက်ာ္မင္းထြန္းကေျပာပါတယ္။

၂၀၁၈-၂၀၁၉ဘ႑ာေရးႏွစ္ အစိုးရရဲ့ ေၾကြးၿမီဆုိင္ရာ ႏွစ္ပတ္လည္အစီရင္ခံစာအရ ၿပည္ပေခ်းေငြ အေမရိကန္ေဒၚလာ ၂၀.၀၀၁ ဘီလီယံ ေခ်းယူထားၿပီး အဲ့ဒီေခ်းေငြေတြထဲက ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက အေမရိကန္ေဒၚလာ ၅၄၇.၄၃၁ သန္း၊ စုစုေပါင္း ေခ်းေငြရဲ့ ၂.၇၃ ရာခိုင္ႏႈန္း၊ မႏၱေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီကေတာ့ အေမရိကန္ေဒၚလာ ၁၀၃. ၅၅၆ သန္း၊ စုစုေပါင္းေခ်းေငြရဲ့ ၀.၅၂ ရာခိုင္ႏႈန္း ရယူသံုးစြဲထားတာကို သိရတယ္လုိ႔ ေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

“ႏိႈင္းယွဥ္ၾကည့္ရင္ ေခ်းေငြအေနနဲ႔ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ပုိမ်ားတာေတြ႔ရွိရပါတယ္။ ေခ်းေငြေတြမ်ားၿပီး ဘယ္ႏွစ္ခုအေကာင္အထည္ေဖာ္ၿပီးၿပီလဲ ၿပန္လည္စဥ္းစားသင့္ပါတယ္။ ၿမိဳ႕ေတာ္စည္ပင္ကလည္း အရံႈးေပၚေနတာကို ၾကားသိရပါတယ္။ ရန္ကုန္နဲ႔ လူဦးေရမတိမ္းမယိမ္းပဲရွိတဲ့ မႏၱေလးတုိင္းေဒသၾကီးအစိုးရအဖြဲ႔ ေဆာင္ရြက္မႈကို ယွဥ္ၾကည့္ လုိက္ရင္ ေခ်းယူတဲ့ပမာဏက ေဒၚလာသန္းတစ္ရာပဲရွိေပမယ့္ အေကာင္အထည္ေဖာ္နုိင္မႈေၾကာင့္ ၿပည္သူေတြ ေက်နပ္မႈရွိတဲ့အၿပင္ စာရင္းစစ္ခ်ဳပ္အစီရင္ခံစာနဲ႔ ပက္သက္ၿပီးေတာ့လည္း ဘယ္လိုၿပႆနာမ်ိဳးမွ မရွိဘူးလိုိ႔ ေတြ႔ရပါတယ္”လို႔ ဗုိလ္မႈးေက်ာ္မင္းထြန္းက သံုးသပ္ေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

အထက္ပါ အာရွဖြံ႔ၿဖိဳးေရးဘဏ္ (ADB)ကေန အေမရိကန္ေဒၚလာ သန္း ၁၈၀ ေခ်းယူၿပီး ေရေပးေဝ ေရးစီမံကိန္းေတြကုိ ေဆာင္ရြက္ၿဖစ္ရင္ ေခ်းေငြကုိ ၿပန္ဆပ္ရမယ့္အတိုးက အၾကမ္းအားၿဖင့္ ဆိုင္ငံ့ကာလအတြင္းမွာ တစ္ႏွစ္ကုိ အေမရိကန္ေဒၚလာ ၁.၈ သန္းခန္႔နဲ႔ ၿပန္ဆပ္ကာလအတြင္း တစ္ႏွစ္ကုိ အရင္းနဲ႔အတိုးေပါင္း အေမရိကန္ေဒၚလာ ၁၀.၁ သန္းခန္႔ ႏွစ္စဥ္ ၿပန္လည္ေပးဆပ္ရမွာၿဖစ္တာကို ေတြ႔ရတယ္လို႔ေျပာပါတယ္။

ဒါေၾကာင့္ ၿဖစ္နုိင္ပါ့မလားဆိုတာကုိ ၿပန္လည္တြက္ခ်က္ ၿပီးမွသာ စီမံကိန္းေဆာင္ရြက္ သင့္၊ မသင့္ ရွင္းလင္းေဆြးေႏြးေပးေစလိုတယ္လုိ႔ ေၿပာပါတယ္။

ရန္ကုန္ၿမိဳ႕ေတာ္၊ စည္ပင္သာယာေရးေကာ္မတီနဲ႔ ပက္သက္ၿပီး ၿပည္ပေၾကြးၿမီအေၿခအေနေတြနဲ႔ အ ေကာင္အထည္ေဖာ္တဲ့အပုိင္းကို ေလ့လာၾကည့္ရာမွာ ၂၀၂၀ ၿပည့္ႏွစ္ မတ္လကုန္အထိ အေမရိကန္ေဒၚလာ သန္း ၁၂၀၀ထိ ရယူထားၿပီး လက္ရွိ ေခ်းေငြနဲ႔ဆုိရင္ သန္း ၁၃၀၀ ေက်ာ္အထိ ရွိလာေတာ့မွာၿဖစ္ပါတယ္။

ေခ်းေငြေတြ အေကာင္အထည္ေဖာ္တဲ့အပုိင္းကို ၾကည့္မယ္ဆုိရင္ မူလေခ်းေငြ အေမရိကန္ေဒၚလာ သန္း ၁၂၀၀ထဲက အေမရိကန္ေဒၚလာ ၁၁၈ သန္းကိုသာ သံုးစြဲထားတာကို ေတြ႔ရပါတယ္။ ရာခုိင္ႏႈန္းအားၿဖင့္ ၉.၈ ရာခိုင္ႏႈန္းသာ အေကာင္အထည္ေဖာ္နုိင္တာကို ေတြ႔ရပါတယ္။

က်န္တဲ့ေခ်းေငြေတြ ဘာေၾကာင့္အေကာင္အထည္မေဖာ္နုိင္ရတာလဲဆုိတာ စီမံကိန္းတစ္ခုခ်င္းဆီအလိုက္ အေသးစိပ္ရွင္းၿပေပးေစလိုပါတယ္လုိ႔လည္း ၿပည္ေထာင္စုလႊတ္ေတာ္ကို တင္ၿပေဆြးေႏြးခဲ့ပါတယ္။

အဆိုပါ ေခ်းေငြရယူေရးကိစၥနဲ႔ပတ္သက္ၿပီး ဆက္လက္ေဆြးေႏြးဖုိ႔က်န္ရွိေနတဲ့ လႊတ္ေတာ္ကုိယ္စား လွယ္ေတြအေနနဲ႔ လာမယ့္ ၂၄ ရက္ေန႔မွာျပဳလုပ္မယ့္ ၿပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးမွာ ဆက္လက္ေဆြးေႏြးခြင့္ၿပဳဖုိ႔ လ်ာထားတယ္လုိ႔ ၿပည္ေထာင္စုလႊတ္ေတာ္နာယကဦးတီခြန္ၿမတ္က လႊတ္ေတာ္ကုိေၾကၿငာခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW