ကိုဗစ်ကာလနဲ့ ရန်ကုန်မြို့ကကျောင်းဖွင့်ချိန်
Read More
ရန်ကုန်က မန္တလေးထက် အသုံးစရိတ်တွေ ပိုမိုသုံးစွဲပေမယ့်လည်း မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို နှိုင်းယှဉ်ရင် လုံးဝကွာခြားနေ
ရန်ကုန်က မန္တလေးထက် အသုံးစရိတ်တွေ ပိုမိုသုံးစွဲပေမယ့်လည်း မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို နှိုင်းယှဉ်ရင် လုံးဝကွာခြားနေ နေပြည်တော်၊ ဇူလိုင် ၂၂-၂၀၂၀ စွမ်းရဲထွဋ် (VOM) ရန်ကုန်က မန္တလေးထက် အသုံးစရိတ်တွေ ပိုမိုသုံးစွဲပေမယ့်လည်း မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို နှိုင်းယှဉ်ရင် လုံးဝကွာခြားနေတယ်လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှုးကျော်မင်းထွန်းကပြောပါတယ်။ ဒီကနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ရန်ကုန်မြို့တော်ရေဖူလုံ ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)က အမေရိကန်ဒေါ်လာ သန်း ၁၈၀ ချေးယူရေးကိစ္စနဲ့ စပ်လျှဉ်းဆွေးနွေးချိန်မှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။ “၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသုံးစရိတ်လျာထားချက်မှာ ရန်ကုန် တိုင်းအတွက်လျာထားငွေ ကျပ်သန်းပေါင်း ၉၂၀ ဘီလီယံ၊ မန္တလေးတိုင်းအတွက် အသုံးစရိတ်လျာထားချက်က ၄၂၂ ဘီလီယံဖြစ်တဲ့အတွက် ရန်ကုန်တိုင်းက တိုင်းဒေသကြီးနဲ့ ပြည်နယ် စုစုပေါင်းသုံးငွေရဲ့ ၂၄ ရာခိုင်နှုန်းသုံးစွဲမှာဖြစ်ပြီး မန္တလေးတိုင်းက ၁၁.၅ ရာခိုင်နှုန်းသာ သုံးစွဲမှာဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါပေမယ့် ရန်…
Read More
နှစ်နိုင်ငံဆက်ဆံရေးဆိုးရွားနေချိန်မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး တရုတ်နိုင်ငံသွားဖို့စီစဉ်နေ
နှစ်နိုင်ငံဆက်ဆံရေးဆိုးရွားနေချိန်မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး တရုတ်နိုင်ငံသွားဖို့စီစဉ်နေ ဝါရှင်တန်၊ ဇူလိုင် ၂၂-၂၀၂၀ မျိုးဆက် (VOM) ကမ္ဘာ့အင်အားကြီး တရုတ်နဲ့အမေရိကန်တို့အကြား တင်းမာမှုတွေရှိနေချိန်မှာ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်စေရေး ဆွေးနွေးဖိုအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာ့ခ်အက်စ်ပါဟာ တရုတ်နိုင်ငံကိုသွားဖို့ စီစဉ်နေပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးအကြပ်အတည်းအတွက် လိုအပ်တဲ့စနစ်များထူထောင်ဖို့ ၊ အားလုံးနဲ့ သက်ဆိုင်တဲ့ အပြည်ပြည်ဆိုင်ရာစနစ်မှာ ပွင့်လင်းစွာယှဉ်ပြိုင်ရေး မိမိတို့ရဲ့ရည်ရွယ်ချက်ကို အထမြောက်စေဖို့ ယခုနှစ်မကုန်မီ တရုတ်နိုင်ငံကိုသွားဖို့ မျှော်လင့်ထားတယ်လို့ အက်စပါကပြောပါတယ်။ တောင်တရုတ်ပင်လယ်အတွင်းမှာ ပိုင်နက်နဲ့သယံဇာတရင်းမြစ်တွေကို တရုတ်နိုင်ငံက ရယူနေတာဟာ တရားမဝင်ကြောင်း အမေရိကန်က ပြီးခဲ့တဲ့သီတင်းပတ်မှာ တရားဝင်ကြေညာခဲ့ပြီး တရုတ်နဲ့အပြိုင် တောင်တရုတ်ပင်လယ်မှာ နယ်မြေပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုတဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို ရှင်းလင်းစွာထောက်ခံလိုက်ပါတယ်။ ဒါ့အပြင် ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ကတိကဝတ်တွေကို ချိုးဖောက်ပြီး တရုတ်နိုင်ငံက လုံခြုံရေးဥပဒေချမှတ်လိုက်ပြီးနောက် နှစ်နိုင်ငံအကြားဆက်ဆံရေးဟာ ပိုမိုဆိုးရွားခဲ့ပါတယ်။ မိမိတို့အနေနဲ့ ပဋိပက္ခဖြစ်စေဖို့ လုပ်ဆောင်ခြင်းမရှိကြောင်း ၊ ဒါပေမယ့် တရုတ်နိုင်ငံဟာ သူ့ရဲ့ကိုယ်ပိုင်ရေကြောင်း…
Read More
နှာခေါင်းစည်းမရှိတဲ့အတွက် ပလက်ဝမြို့နယ်ရှိ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိ
နှာခေါင်းစည်းမရှိတဲ့အတွက် ပလက်ဝမြို့နယ်ရှိ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိ ကလေး ဇူလိုင် ၂၂-၂၀၂၀ ငြိမ်းသူမင်း(VOM) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ အခြေခံပညာထက်တန်းကျောင်းတွေမှာ ကိုဗစ်နိုင်တီးကာလ ကိုရိုနာဗိုင်းရပ်စ်ပိုးကာကွယ်ရေး နှာခေါင်းစည်းမရှိတဲ့အတွက် ကျောင်းတွေဖွင့်လှစ်နိုင်ခြင်းမရှိသေးဘူးလို့ ပလက်ဝမြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်း က ပြောပါတယ်။ မြန်မာတစ်နိုင်ငံလုံးက အထက်တန်းကျောင်းတွေမှာ ဇူလိုင်လ ၂၁ ရက်နေ့ကနေစတင်ပြီးတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးကာကွယ်ရေးအတွက် ကျန်းမာရေးလမ်းညွှန်ချက်နဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့် ပြုခဲ့ပေမယ့် တပ်မတော် နဲ့ အေအေ လက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ပလက်ဝမြို့နယ်မှာတော့ နယ်မြေတည်ငြိမ်လုံခြုံမှုမရှိတာကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီး ကျောင်းသားကျောင်းသူတွေအတွက် နှာခေါင်းစည်းမရှိတဲ့အတွက် ကိုဗစ်နိုင်တီး စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ကျောင်းတွေပြန်ဖွင့်လို့ မရသေးတာ ဖြစ်တယ်လို့ ဆလိုင်းအောင်မင်းကပြောပါတယ်။ ပညာရေးမှူး ဆလိုင်းအောင်မင်း က “ကျွန်တော်တို့ဆီမှာ နှာခေါင်းစည်းတောင် အခုထိ မရောက်သေးဘူး။ အပူချိန်တိုင်းတဲ့ကိရိယာတွေ မရောက်နိုင်သေးဘူး။ လမ်းပန်းဆက်သွယ်ရေး မကောင်းလို့လေ၊ လမ်းတွေ အားလုံးပိတ်ထားတော့ အခုထိ…
Read More
လိင်လုပ်သားအမျိုးသမီးတွေရဲ့ စားဝတ်နေရေးအတွက် အခြေခံစားသောက်ကုန်တွေထောက်ပံ့
လိင်လုပ်သားအမျိုးသမီးတွေရဲ့ စားဝတ်နေရေးအတွက် အခြေခံစားသောက်ကုန်တွေထောက်ပံ့ ရန်ကုန်၊ ဇူလိုင် ၂၂-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်တိုင်းထဲက အမျိုးသမီးလိင်လုပ်သားတွေကို အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ပေးနေရာ ခုဆိုရင် လိင်လုပ်သား ၃၀၀ဝန်းကျင်ရှိပြီလို့ ‘အေးမြန်မာ’လူမှုကူညီပေးရေးအဖွဲ့ကနေ သိရပါတယ်။ လိင်လုပ်သားအမျိုးသမီးတွေနဲ့ trangenderတွေအတွက် ထောက်ပံ့မှုတွေကို တိုင်းနဲ့ပြည်နယ်လေးခုဖြစ်တဲ့ ရန်ကုန်အပါအဝင်၊ မြစ်ကြီးနား၊ ပဲခူး ၊ မန္တလေးတိုင်းတို့မှာ အခုလိုလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ ခုလို ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ မြန်မာနိုင်ငံအတွင်း ညမထွက်ရအမိန့်တွေထုတ်ထားသလို ၊ လူအချင်းအချင်းထိတွေ့ခြင်းအစား ၆ ပေအကွာကနေသာ ပြောဆိုဆက်ဆံနေထိုင်ဖို့၊ social distancing နေထိုင်ရမှာဖြစ်လို့ လိင်လုပ်သားတွေအတွက် အလုပ်အကိုင်မရှိသလောက်ဖြစ်နေပြီး စားဝတ်နေရေးအတွက် အခက်အခဲတွေဖြစ်လာရတယ်လို့ သိရပါတယ်။ ” ညမထွက်ရအမိန့်က ကျမတို့စားဝတ်နေရေးကို အတော်ကိုထိခိုက်ခဲ့ပါတယ်။ ကျမတို့မှာ မိသားစုရှိပါတယ်။ ကလေး ၂ ယောက်ပါ ၊ အမျိုးသားကတော့ မရှိတော့ပါဘူး။ ခုကာလ အလုပ်မလုပ်ရတော့ စားဝတ်နေရေးအဆင်မပြေဘူး။…
Read More
ကိုဗစ်ကြောင့် ထိခိုက်ခဲ့တဲ့ မြန်မာ့လူမှုစီးပွားရေးဆိုင်ရာတွေကိုကုစားဖို့ အမေရိကန် ဒေါ်လာ သန်း ၂၅၀ ချေးယူခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော်ကိုတင်ပြ
ကိုဗစ်ကြောင့် ထိခိုက်ခဲ့တဲ့ မြန်မာ့လူမှုစီးပွားရေးဆိုင်ရာတွေကိုကုစားဖို့ အမေရိကန် ဒေါ်လာ သန်း ၂၅၀ ချေးယူခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော်ကိုတင်ပြ နေပြည်တော်၊ ဇူလိုင် ၂၂-၂၀၂၀ စွမ်းရဲထွဋ် (VOM) ကိုဗစ်-၁၉ကြောင့် ထိခိုက်ခဲ့တဲ့ မြန်မာ့လူမှုစီးပွားရေးဆိုင်ရာတွေကို ကုစားဖို့အတွက် အမေရိကန် ဒေါ်လာ သန်း ၂၅၀ ချေးယူခွင့်ပြုဖို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီကနေ့မှာပဲ ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့ပါတယ်။ အဲ့ဒီ ချေးငွေတွေကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ဆီက ကိုဗစ်-၁၉ရဲ့ သက်ရောက်မှုတွေကို တုန့် ပြန်ခြင်းနဲ့ အသုံးစရိတ်ဆိုင်ရာ အထောက်အပံ့အစီအစဉ် (COVID-19 Active Response and Expenditure Support (CARES) Program) အဖြစ် ရယူမှာဖြစ်ပါတယ်။ အခု ချေးယူမယ့် ချေးငွေပုံစံက Budget Support ပုံစံချေးငွေဖြစ်ပြီး ချေးငွေရယူမယ့် စီမံကိန်းတစ်ခုအတွက်သာ အကောင်အထည်ဖော်တာမျိုးမဟုတ်ဘဲ…
Read More
ရသေ့တောင်မြို့နယ်က နောက်ထပ်ဒေသခံ(၂၀၀)နီးပါး နေရပ်စွန့်ခွာ
ရသေ့တောင်မြို့နယ်က နောက်ထပ်ဒေသခံ(၂၀၀)နီးပါး နေရပ်စွန့်ခွာ ရသေ့တောင်၊ ဇူလိုင် ၂၂- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်၊ မေယုမြစ်အနောက်ဖက်ကမ်းမှာရှိတဲ့ အောက်ကျောင်းတောင်ကျေးရွာက ဒေသခံတွေဟာ မနေ့ ဇူလိုင်လ ၂၁ ရက်နေ့ ညနေပိုင်းနဲ့ ဒီကနေ့ မနက်ပိုင်းမှာ ကျေးရွာကနေထွက်ပြေးကြပြီး ဒေသခံ (၂၀၀) နီးပါး နေရပ်စွန့်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။ အောက်ကျောင်းတောင်ကျေးရွာက ဒေသခံ ၂၀၀ လောက် အခုလိုထွက်ပြေးရတာဟာ မေယုမြစ်အရှေ့ဖက်ကမ်း ကျောက်တန်းတိုက်နယ်တဝိုက်မှာ တပ်မတော်နဲ့ အေအေတို့ ရက်ဆက်တိုက်ပွဲတွေနဲ့အတူ လက်နက်ကြီးငယ်အသံတွေကြားနေရတာကြောင့် စိုးရိမ်ကြောက်လှန့်ပြီး ထွက်ပြေးကြတာလို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။ အောက်ကျောင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သန်းထွန်းကလည်း မိမိကျေးရွာက ဒေသခံတွေပြေးတိမ်းရှောင်တာ ဟုတ်မှန်ကြောင်းနဲ့ ထွက်ပြးသူတွေဟာ ဆွေမျိုးတွေရှိတဲ့ ရွာတွေကိုပြေးကြတဲ့အပြင် စစ်ဘေးရှောင်စခန်းရှိတဲ့ စေတီပြင်တိုက်နယ်ဖက်ကို ပြေးကြတယ်လို့ သိရပါတယ်။ “ ရွာကလူတွေထွက်ပြေးကြတာတော့ ကြောက်စိတ်ဝင်လာပြီး ထွက်ပြေးကြတယ်။ မေယုမြစ်ထဲကလည်း…
Read More
အခြေခံပညာအဆင့် မူလတန်းကျောင်းနဲ့ အလယ်တန်းတွေ ပြန်ဖွင့်နိုင်မယ့်ရက်ကို အတိအကျ မပြောနိုင်
အခြေခံပညာအဆင့် မူလတန်းကျောင်းနဲ့ အလယ်တန်းတွေ ပြန်ဖွင့်နိုင်မယ့်ရက်ကို အတိအကျ မပြောနိုင် ရန်ကုန်၊ ဇူလိုင် ၂၂-၂၀၂၀ သိင်္ဂီ(VOM) အခြေခံပညာအဆင့် မူလတန်းကျောင်းနဲ့ အလယ်တန်းတွေ ပြန်ဖွင့်နိုင်မယ့်ရက်ကို အတိအကျ မပြောနိုင်သေးဘူးလို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကပြောပါတယ်။ အခုအချိန်ဟာ ကိုဗစ် ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလဖြစ်တာကြောင့် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်မရဘဲ၊ ကိုဗစ်ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်အတိုင်းလုပ်ဆောင်ရကြောင်း၊ ညွှန်ကြားချက်ရပါက ကျောင်းပြန်ဖွင့်မယ့်ရက်ကို ထုတ်ပြန်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ “မူလတန်းတွေ ၊မူကြိုတွေက ဖွင့်မယ့်ရက်ကို အတိအကျမသိရသေးဘူး။ အတိကျ မပြောနိုင်သေးဘူး။ ကိုဗစ် ဗဟိုကော်မတီက ညွှန်ကြားချက်ကိုလိုက်နာရတာပါ။ သူက ဖွင့်လို့ရတယ်ဆိုရင် စည်းကမ်းချက်နဲ့အညီ ဖွင့်ရမှာပဲ ။ ညွှန်ကြားအတိုင်း လုပ်ရတာဖြစ်တယ်။ ခု အထက်တန်းတွေဖွင့်တယ် ပြီးမှ အလယ်တန်းတွေဖွင့်ဖို့ စီစဉ်မယ်။ ပြီးမှ မူလတန်းတွေ ဆက်ဖွင့်ဖို့ တဆင့်ချင်းစီသွားရမှာဖြစ်တယ်။” လို့ ဦးကိုလေးဝင်းက ပြောပါတယ်။ အခြေခံပညာအဆင့် မူလတန်း…
Read More
VOM News
FREE
VIEW