လိင်လုပ်သားအမျိုးသမီးတွေရဲ့ စားဝတ်နေရေးအတွက် အခြေခံစားသောက်ကုန်တွေထောက်ပံ့

လိင်လုပ်သားအမျိုးသမီးတွေရဲ့ စားဝတ်နေရေးအတွက် အခြေခံစားသောက်ကုန်တွေထောက်ပံ့

ရန်ကုန်၊ ဇူလိုင် ၂၂-၂၀၂၀
သိင်္ဂီ (VOM)

ရန်ကုန်တိုင်းထဲက အမျိုးသမီးလိင်လုပ်သားတွေကို အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ပေးနေရာ ခုဆိုရင် လိင်လုပ်သား ၃၀၀ဝန်းကျင်ရှိပြီလို့ ‘အေးမြန်မာ’လူမှုကူညီပေးရေးအဖွဲ့ကနေ သိရပါတယ်။

လိင်လုပ်သားအမျိုးသမီးတွေနဲ့ trangenderတွေအတွက် ထောက်ပံ့မှုတွေကို တိုင်းနဲ့ပြည်နယ်လေးခုဖြစ်တဲ့ ရန်ကုန်အပါအဝင်၊ မြစ်ကြီးနား၊ ပဲခူး ၊ မန္တလေးတိုင်းတို့မှာ အခုလိုလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။

ခုလို ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ မြန်မာနိုင်ငံအတွင်း ညမထွက်ရအမိန့်တွေထုတ်ထားသလို ၊ လူအချင်းအချင်းထိတွေ့ခြင်းအစား ၆ ပေအကွာကနေသာ ပြောဆိုဆက်ဆံနေထိုင်ဖို့၊ social distancing နေထိုင်ရမှာဖြစ်လို့ လိင်လုပ်သားတွေအတွက် အလုပ်အကိုင်မရှိသလောက်ဖြစ်နေပြီး စားဝတ်နေရေးအတွက် အခက်အခဲတွေဖြစ်လာရတယ်လို့ သိရပါတယ်။

” ညမထွက်ရအမိန့်က ကျမတို့စားဝတ်နေရေးကို အတော်ကိုထိခိုက်ခဲ့ပါတယ်။ ကျမတို့မှာ မိသားစုရှိပါတယ်။ ကလေး ၂ ယောက်ပါ ၊ အမျိုးသားကတော့ မရှိတော့ပါဘူး။ ခုကာလ အလုပ်မလုပ်ရတော့ စားဝတ်နေရေးအဆင်မပြေဘူး။ ခုလို အဖွဲ့အစည်းတွေက ထောက်ပံ့တော့ ဘာဖြစ်ဖြစ်အဆင်ပြေတယ်။”လို့ အမျိုးသမီးလိင်လုပ်သားတစ်ဦးက ပြောပါတယ်။

ဒါကြောင့် အမျိုးသမီးလိင်လုပ်သားတွေကို အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ကြက်သွန်၊ ဆပ်ပြာ၊ ဆီနဲ့Maskတွေကို ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။

”ကိုဗစ်ကာလမှာ သူတို့အဓိကကြုံတွေ့နေရတဲ့ စားဝတ်နေရေးအခက်အခဲကို ကူညီဖြေရှင်းပေးတဲ့သဘောပါ။ ရန်ကုန်တိုင်းမှာလှူတာ ခုဆိုရင် ၃ ကြိမ်ရှိပြီ၊ နောက်ထပ်လည်း လှူဖို့တွေရှိပါတယ်။ အမျိုးသမီးလိင်လုပ်သားတွေနဲ့ အမျိုးသမီးလိုခံယူထားတဲ့ trangender တွေကို ကူညီတာပါ။”လို့ ‘အေးမြန်မာ’ လူမှုကူညီပေးရေးအဖွဲ့၊ ရန်ကုန်တိုင်းရဲ့ ပရိုဂရမ်မန်နေဂျာ ဒေါ်ခိုင်ရွှေဝါကပြောပါတယ်။

မြန်မာနိုင်မှာ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်တဲ့အချိန်ကတည်းက အခြေခံစားသောက်ကုန်ထောက်ပံ့မှုကို လုပ်ဆောင်နေတာ အခုချိန်ထိဖြစ်ပါတယ်။

‘အေးမြန်မာ’ အဖွဲ့ဟာ အမျိုးသမီးလိင်လုပ်သားတွေနဲ့ trangender အတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ ကျန်းမာရေးဝန်ဆောင်မှု၊ ညှိနှိုင်းဖြေရှင်းပေးမှုနဲ့ ဥပဒေဝန်ဆောင်မှု ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

လိင္လုပ္သားအမ်ိဳးသမီးေတြရဲ႕ စားဝတ္ေနေရးအတြက္ အေျခခံစားေသာက္ကုန္ေတြေထာက္ပံ့

ရန္ကုန္၊ ဇူလိုင္ ၂၂-၂၀၂၀
သိဂႌ (VOM)

ရန္ကုန္တိုင္းထဲက အမ်ိဳးသမီးလိင္လုပ္သားေတြကို အေျခခံစားေသာက္ကုန္ေတြ ေထာက္ပံ့ေပးေနရာ ခုဆိုရင္ လိင္လုပ္သား ၃၀၀ဝန္းက်င္႐ွိၿပီလို႔ ‘ေအးျမန္မာ’လူမႈကူညီေပးေရးအဖြဲ႕ကေန သိရပါတယ္။

လိင္လုပ္သားအမ်ိဳးသမီးေတြနဲ႔ trangenderေတြအတြက္ ေထာက္ပံ့မႈေတြကို တိုင္းနဲ႔ျပည္နယ္ေလးခုျဖစ္တဲ့ ရန္ကုန္အပါအဝင္၊ ျမစ္ႀကီးနား၊ ပဲခူး ၊ မႏၱေလးတိုင္းတို႔မွာ အခုလိုလုပ္ေဆာင္ေပးေနတာျဖစ္ပါတယ္။

ခုလို ကိုဗစ္-၁၉ ကပ္ေရာဂါကာလမွာ ျမန္မာႏိုင္ငံအတြင္း ညမထြက္ရအမိန္႔ေတြထုတ္ထားသလို ၊ လူအခ်င္းအခ်င္းထိေတြ႔ျခင္းအစား ၆ ေပအကြာကေနသာ ေျပာဆိုဆက္ဆံေနထိုင္ဖို႔၊ social distancing ေနထိုင္ရမွာျဖစ္လို႔ လိင္လုပ္သားေတြအတြက္ အလုပ္အကိုင္မ႐ွိသေလာက္ျဖစ္ေနၿပီး စားဝတ္ေနေရးအတြက္ အခက္အခဲေတြျဖစ္လာရတယ္လို႔ သိရပါတယ္။

” ညမထြက္ရအမိန္႔က က်မတို႔စားဝတ္ေနေရးကို အေတာ္ကိုထိခိုက္ခဲ့ပါတယ္။ က်မတို႔မွာ မိသားစု႐ွိပါတယ္။ ကေလး ၂ ေယာက္ပါ ၊ အမ်ိဳးသားကေတာ့ မ႐ွိေတာ့ပါဘူး။ ခုကာလ အလုပ္မလုပ္ရေတာ့ စားဝတ္ေနေရးအဆင္မေျပဘူး။ ခုလို အဖြဲ႔အစည္းေတြက ေထာက္ပံ့ေတာ့ ဘာျဖစ္ျဖစ္အဆင္ေျပတယ္။”လို႔ အမ်ိဳးသမီးလိင္လုပ္သားတစ္ဦးက ေျပာပါတယ္။

ဒါေၾကာင့္ အမ်ိဳးသမီးလိင္လုပ္သားေတြကို အေျခခံစားေသာက္ကုန္ျဖစ္တဲ့ ဆန္၊ ၾကက္သြန္၊ ဆပ္ျပာ၊ ဆီနဲ႔Maskေတြကို ေထာက္ပံ့ေပးေနတာျဖစ္ပါတယ္။

”ကိုဗစ္ကာလမွာ သူတို႔အဓိကၾကဳံေတြ႕ေနရတဲ့ စားဝတ္ေနေရးအခက္အခဲကို ကူညီေျဖ႐ွင္းေပးတဲ့သေဘာပါ။ ရန္ကုန္တိုင္းမွာလွဴတာ ခုဆိုရင္ ၃ ႀကိမ္႐ွိၿပီ၊ ေနာက္ထပ္လည္း လွဴဖို႔ေတြ႐ွိပါတယ္။ အမ်ိဳးသမီးလိင္လုပ္သားေတြနဲ႔ အမ်ိဳးသမီးလိုခံယူထားတဲ့ trangender ေတြကို ကူညီတာပါ။”လို႔ ‘ေအးျမန္မာ’ လူမွုကူညီေပးေရးအဖြဲ႕၊ ရန္ကုန္တိုင္းရဲ႕ ပ႐ိုဂရမ္မန္ေနဂ်ာ ေဒၚခိုင္ေရႊဝါကေျပာပါတယ္။

ျမန္မာႏိုင္မွာ ကိုဗစ္ကပ္ေရာဂါ စတင္ျဖစ္တဲ့အခ်ိန္ကတည္းက အေျခခံစားေသာက္ကုန္ေထာက္ပံ့မႈကို လုပ္ေဆာင္ေနတာ အခုခ်ိန္ထိျဖစ္ပါတယ္။

‘ေအးျမန္မာ’ အဖြဲ႔ဟာ အမ်ိဳးသမီးလိင္လုပ္သားေတြနဲ႔ trangender အတြက္ စြမ္းေဆာင္ရည္ျမႇင့္တင္ေပးျခင္း၊ က်န္းမာေရးဝန္ေဆာင္မႈ၊ ညႇိႏွိုင္းေျဖရွင္းေပးမႈနဲ႔ ဥပေဒဝန္ေဆာင္မႈ ေပးေနတဲ့ အဖြဲ႔အစည္းတစ္ခုလည္း ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW