အခြေခံပညာအဆင့် မူလတန်းကျောင်းနဲ့ အလယ်တန်းတွေ ပြန်ဖွင့်နိုင်မယ့်ရက်ကို အတိအကျ မပြောနိုင်

အခြေခံပညာအဆင့် မူလတန်းကျောင်းနဲ့ အလယ်တန်းတွေ ပြန်ဖွင့်နိုင်မယ့်ရက်ကို အတိအကျ မပြောနိုင်

ရန်ကုန်၊ ဇူလိုင် ၂၂-၂၀၂၀
သိင်္ဂီ(VOM)

အခြေခံပညာအဆင့် မူလတန်းကျောင်းနဲ့ အလယ်တန်းတွေ ပြန်ဖွင့်နိုင်မယ့်ရက်ကို အတိအကျ မပြောနိုင်သေးဘူးလို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကပြောပါတယ်။

အခုအချိန်ဟာ ကိုဗစ် ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလဖြစ်တာကြောင့် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်မရဘဲ၊ ကိုဗစ်ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်အတိုင်းလုပ်ဆောင်ရကြောင်း၊ ညွှန်ကြားချက်ရပါက ကျောင်းပြန်ဖွင့်မယ့်ရက်ကို ထုတ်ပြန်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

“မူလတန်းတွေ ၊မူကြိုတွေက ဖွင့်မယ့်ရက်ကို အတိအကျမသိရသေးဘူး။ အတိကျ မပြောနိုင်သေးဘူး။ ကိုဗစ် ဗဟိုကော်မတီက ညွှန်ကြားချက်ကိုလိုက်နာရတာပါ။ သူက ဖွင့်လို့ရတယ်ဆိုရင် စည်းကမ်းချက်နဲ့အညီ ဖွင့်ရမှာပဲ ။ ညွှန်ကြားအတိုင်း လုပ်ရတာဖြစ်တယ်။ ခု အထက်တန်းတွေဖွင့်တယ် ပြီးမှ အလယ်တန်းတွေဖွင့်ဖို့ စီစဉ်မယ်။ ပြီးမှ မူလတန်းတွေ ဆက်ဖွင့်ဖို့ တဆင့်ချင်းစီသွားရမှာဖြစ်တယ်။” လို့ ဦးကိုလေးဝင်းက ပြောပါတယ်။

အခြေခံပညာအဆင့် မူလတန်း ၊အလယ်တန်ကျောင်းဖွင့်ချိန်ကို အတိအကျမသိရသေးပေမယ့် တိုင်းနဲ့ ပြည်နယ်အချို့က မြို့နယ်တွေ ၊ကျေးရွာတွေမှာတော့ ကလေးတွေဟာ ကျူရှင်တက်ရောက်နေကြပါတယ်။

“ကလေးတွေကတော့ ခုရွာမှာ ကျူရှင်တက်နေပြီ၊ သင်ရိုးသစ်ဆိုတော့ သူတို့ကျောင်းက ဆရာမတွေကပဲ ပြန်သင်တယ်။ ကျောင်းဖွင့်ရက်ကတော့ မသိသေးဘူးပြောတယ်။ ရွာကကျောင်းဆိုတော့ ကလေးတွေအတွက် သိပ်တော့ စိုးရိမ်စရာမရှိဘူးထင်ပါတယ်”လို့ ပြည်မြို့နယ်၊ ကြို့ရသာကျေးရွာမှ ဒေါ်သန်းရီလေးကပြောပါတယ်။

အရင်ကြေငြာထားတာက အလယ်တန်းနဲ့ မူလတန်းကို သြဂုတ်လ ၄ရက် နဲ့ ၁၁ ရက်မှာ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပေမယ့် လက်ရှိအချိန်အထိ ကိုဗစ် ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်မရသေးတာကြောင့် ကျောင်းဖွင့်မယ့်အချိန် ၊ စတင်ကျောင်းအပ်လက်ခံမယ့်အချိန်ကို မရှိရသေးဘူးလို့ ပညာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #အခြေခံကျောင်း

Zawgyi

အေျခခံပညာအဆင့္ မူလတန္းေက်ာင္းနဲ႔ အလယ္တန္းေတြ ျပန္ဖြင့္ႏိုင္မယ့္ရက္ကို အတိအက် မေျပာႏိုင္

ရန္ကုန္၊ ဇူလိုင္ ၂၂-၂၀၂၀
သိဂႌ(VOM)

အေျခခံပညာအဆင့္ မူလတန္းေက်ာင္းနဲ႔ အလယ္တန္းေတြ ျပန္ဖြင့္ႏိုင္မယ့္ရက္ကို အတိအက် မေျပာႏိုင္ေသးဘူးလို႔ အေျခခံပညာဦးစီးဌာန ညႊန္ၾကားေရးမွူးခ်ဳပ္ ဦးကိုေလးဝင္းကေျပာပါတယ္။

အခုအခ်ိန္ဟာ ကိုဗစ္ ကပ္ေရာဂါျဖစ္ပြားေနတဲ့ကာလျဖစ္တာေၾကာင့္ ပညာေရးဝန္ႀကီးဌာနက ထုတ္ျပန္မရဘဲ၊ ကိုဗစ္ဗဟိုေကာ္မတီရဲ့ ညႊန္ၾကားခ်က္အတိုင္းလုပ္ေဆာင္ရေၾကာင္း၊ ၫႊန္ၾကားခ်က္ရပါက ေက်ာင္းျပန္ဖြင့္မယ့္ရက္ကို ထုတ္ျပန္ေပးမွာျဖစ္တယ္လို႔ သိရပါတယ္။

“မူလတန္းေတြ ၊မူႀကိဳေတြက ဖြင့္မယ့္ရက္ကို အတိအက်မသိရေသးဘူး။ အတိက် မေျပာႏိုင္ေသးဘူး။ ကိုဗစ္ ဗဟိုေကာ္မတီက ၫႊန္ၾကားခ်က္ကိုလိုက္နာရတာပါ။ သူက ဖြင့္လို႔ရတယ္ဆိုရင္ စည္းကမ္းခ်က္နဲ႔အညီ ဖြင့္ရမွာပဲ ။ ၫႊန္ၾကားအတိုင္း လုပ္ရတာျဖစ္တယ္။ ခု အထက္တန္းေတြဖြင့္တယ္ ၿပီးမွ အလယ္တန္းေတြဖြင့္ဖို႔ စီစဥ္မယ္။ ၿပီးမွ မူလတန္းေတြ ဆက္ဖြင့္ဖို႔ တဆင့္ခ်င္းစီသြားရမွာျဖစ္တယ္။” လို႔ ဦးကိုေလးဝင္းက ေျပာပါတယ္။

အေျခခံပညာအဆင့္ မူလတန္း ၊အလယ္တန္ေက်ာင္းဖြင့္ခ်ိန္ကို အတိအက်မသိရေသးေပမယ့္ တိုင္းနဲ႔ ျပည္နယ္အခ်ိဳ႕က ၿမိဳ႕နယ္ေတြ ၊ေက်းရြာေတြမွာေတာ့ ကေလးေတြဟာ က်ဴ႐ွင္တက္ေရာက္ေနၾကပါတယ္။

“ကေလးေတြကေတာ့ ခုရြာမွာ က်ဴ႐ွင္တက္ေနၿပီ၊ သင္႐ိုးသစ္ဆိုေတာ့ သူတို႔ေက်ာင္းက ဆရာမေတြကပဲ ျပန္သင္တယ္။ ေက်ာင္းဖြင့္ရက္ကေတာ့ မသိေသးဘူးေျပာတယ္။ ရြာကေက်ာင္းဆိုေတာ့ ကေလးေတြအတြက္ သိပ္ေတာ့ စိုးရိမ္စရာမ႐ွိဘူးထင္ပါတယ္”လို႔ ျပည္ၿမိဳ႕နယ္၊ ႀကိဳ႕ရသာေက်းရြာမွ ေဒၚသန္းရီေလးကေျပာပါတယ္။

အရင္ေၾကျငာထားတာက အလယ္တန္းနဲ႔ မူလတန္းကို ၾသဂုတ္လ ၄ရက္ နဲ႔ ၁၁ ရက္မွာ ျပန္လည္ဖြင့္လွစ္မွာျဖစ္ေပမယ့္ လက္႐ွိအခ်ိန္အထိ ကိုဗစ္ ဗဟိုေကာ္မတီရဲ႕ ၫႊန္ၾကားခ်က္မရေသးတာေၾကာင့္ ေက်ာင္းဖြင့္မယ့္အခ်ိန္ ၊ စတင္ေက်ာင္းအပ္လက္ခံမယ့္အခ်ိန္ကို မ႐ွိရေသးဘူးလို႔ ပညာေရးဝန္ႀကီးဌာနကေန သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္ #အေျခခံေက်ာင္း

Related posts

Leave a Comment

VOM News

FREE
VIEW