ကိုဗစ်ကြောင့်ရပ်နားခဲ့ရတဲ့ ရုပ်ရှင်၊ဗီဒီယို နဲ့ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရေးလုပ်ငန်းတွေ ပြန်လည်ရိုက်ကူးခွင့်ပြု

ကိုဗစ်ကြောင့်ရပ်နားခဲ့ရတဲ့ ရုပ်ရှင်၊ဗီဒီယို နဲ့ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရေးလုပ်ငန်းတွေ ပြန်လည်ရိုက်ကူးခွင့်ပြု

ရန်ကုန်၊ ဇူလိုင် ၂၇-၂၀၂၀
သိင်္ဂီ (VOM)

ကိုဗစ်ကြောင့်ရပ်နားခဲ့ရတဲ့ ရုပ်ရှင်၊ဗီဒီယိုနဲ့ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရေးလုပ်ငန်းတွေကို လိုက်နာရမယ့် စည်းကမ်းချက်တွေနဲ့အတူ ပြန်လည်လုပ်ကိုင်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ရိုက်ကူးရေးလုပ်ငန်း မလုပ်ဆောင်ခင် ကျန်းမာရေးပိုင်းဆိုင်ရာ လုံခြုံစိတ်ချဘေးကင်းမှု ဖြစ်စေဖို့အတွက် ရိုက်ကူးမယ့် ဇာတ်ကားအမည် ၊ ရိုက်ကူးမယ့် နေရာ၊ အချိန် ၊ပါဝင်မယ့် လူဦးရေအရေအတွက်ကို ပြန်ကြားရေးဝန်ကြီးဌာန ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲကို အနည်းဆုံး တစ်ပတ်ကြိုတင် ပေးပို့ရမှာဖြစ်ပြီး စိစစ်ပြီးတဲ့အချိန်မှ ပြန်လည်ခွင့်ပြုပေးမှာဖြစ်တယ်လို့ သိရပါတယ်။

“ရိုက်ကူးခွင့်တွေ ပြန်ခွင့်ပြုတာဟုတ်တယ်။ ဒါပေမယ့် တပတ်ကြိုတင်ရမယ်၊ ရိုက်ကူးခွင့်ပေးမယ် ၊ သက်ဆိုင်ရာကို ကြိုတင်ပြီး တပတ်ကြိုအကြောင်းကြားရမယ်။ ရိုက်ကွင်းကန့်သတ်ချက်ကတော့ လုပ်လို့မရဘူး။ ၁၀၀ ဖြစ်ရင် ဖြစ်မယ် ၊၂၀၀ ဖြစ်ရင် ဖြစ်မယ် ၊ အခြေအနေအရ သူ့ဇာတ်လမ်းအရ ရှိတာကို သွားကန့်သတ်လို့မရဘူး။ အရေးကြီးတာက ကျန်းမာရေးဝန်ကြီးဌာန စည်းကမ်းချက်တွေ အညီလုပ်ဖို့ပါ “လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒု-ဥက္ကဋ္ဌ ဦးအေးကြူလေးကပြောပါတယ်။

ဒါ့အပြင် ရိုက်ကူးရေးလုပ်ငန်းကို ကျန်းမာရေးဌာနက တာဝန်ရှိသူတွေ လာရောက်စစ်ဆေးတာတွေ ပြုလုပ်နိုင်ဖို့အတွက် တစ်ရက် ရိုက်ကူးမယ့် ရိုက်ကွင်းနေရာ အရေအတွက်၊ ကျန်းမာရေးနဲ့အညီ ဆောင်ရွက်မယ့်ပုံစံကိုပါ ကြိုတင်ပြီးတင်ပြရမယ်လို့ သိရပါတယ်။

“ပြန်စမယ့်အချိန် အကန့်အသတ်တွေရှိသေးတော့ နည်းနည်းလေးတော့ ခက်ခဲမယ့်အနေအထား ရှိနိုင်တယ်။ “လို့ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဦတင်ထွန်းဝင်းကပြောပါတယ်။

လက်ရှိမှာတော့ ရုပ်ရှင်၊ ဗီဒီယိုနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ ပြန်လည်ရိုက်ကူးတဲ့အခါ လိုက်နာရမယ့် လက်စွဲစာစောင်နဲ့ Checklist တွေကို သက်ဆိုင်ရာ ရုပ်ရှင်နဲ့ ရုပ်သံအဖွဲ့အစည်းတွေဆီ ပေးပို့ဖြန့်ဝေထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Photo – U Aye Kyu lay
#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ကိုဗစ္ေၾကာင့္ရပ္နားခဲ့ရတဲ့ ရုပ္ရွင္၊ဗီဒီယို နဲ႔ ႐ုပ္သံဇာတ္လမ္းတြဲ ႐ိုက္ကူးေရးလုပ္ငန္းေတြ ျပန္လည္႐ိုက္ကူးခြင့္ျပဳ

ရန္ကုန္၊ ဇူလိုင္ ၂၇-၂၀၂၀
သိဂႌ (VOM)

ကိုဗစ္ေၾကာင့္ရပ္နားခဲ့ရတဲ့ ရုပ္ရွင္၊ဗီဒီယိုနဲ႔ ႐ုပ္သံဇာတ္လမ္းတြဲ ႐ိုက္ကူးေရးလုပ္ငန္းေတြကို လိုက္နာရမယ့္ စည္းကမ္းခ်က္ေတြနဲ႔အတူ ျပန္လည္လုပ္ကိုင္ခြင့္ျပဳလိုက္ၿပီ ျဖစ္ပါတယ္။

ရိုက္ကူးေရးလုပ္ငန္း မလုပ္ေဆာင္ခင္ က်န္းမာေရးပိုင္းဆိုင္ရာ လုံၿခဳံစိတ္ခ်ေဘးကင္းမႈ ျဖစ္ေစဖို႔အတြက္ ရိုက္ကူးမယ့္ ဇာတ္ကားအမည္ ၊ ရိုက္ကူးမယ့္ ေနရာ၊ အခ်ိန္ ၊ပါဝင္မယ့္ လူဦးေရအေရအတြက္ကို ျပန္ၾကားေရးဝန္ႀကီးဌာန ၊ ျပန္ၾကားေရးႏွင့္ျပည္သူ႕ဆက္ဆံေရးဦးစီးဌာန၊ ႐ုပ္ရွင္ျမႇင့္တင္ေရးဌာနခြဲကို အနည္းဆုံး တစ္ပတ္ႀကိဳတင္ ေပးပို႔ရမွာျဖစ္ၿပီး စိစစ္ၿပီးတဲ့အခ်ိန္မွ ျပန္လည္ခြင့္ျပဳေပးမွာျဖစ္တယ္လို႔ သိရပါတယ္။

“႐ိုက္ကူးခြင့္ေတြ ျပန္ခြင့္ျပဳတာဟုတ္တယ္။ ဒါေပမယ့္ တပတ္ႀကိဳတင္ရမယ္၊ ႐ိုက္ကူးခြင့္ေပးမယ္ ၊ သက္ဆိုင္ရာကို ႀကိဳတင္ၿပီး တပတ္ႀကိဳအေၾကာင္းၾကားရမယ္။ ႐ိုက္ကြင္းကန္႔သတ္ခ်က္ကေတာ့ လုပ္လို႔မရဘူး။ ၁၀၀ ျဖစ္ရင္ ျဖစ္မယ္ ၊၂၀၀ ျဖစ္ရင္ ျဖစ္မယ္ ၊ အေျခအေနအရ သူ႔ဇာတ္လမ္းအရ ႐ွိတာကို သြားကန္႔သတ္လို႔မရဘူး။ အေရးႀကီးတာက က်န္းမာေရးဝန္ႀကီးဌာန စည္းကမ္းခ်က္ေတြ အညီလုပ္ဖို႔ပါ “လို႔ ျမန္မာႏိုင္ငံ႐ုပ္႐ွင္အစည္းအ႐ုံး ဒု-ဥကၠ႒ ဦးေအးၾကဴေလးကေျပာပါတယ္။

ဒါ့အျပင္ ရိုက္ကူးေရးလုပ္ငန္းကို က်န္းမာေရးဌာနက တာဝန္႐ွိသူေတြ လာေရာက္စစ္ေဆးတာေတြ ျပဳလုပ္ႏိုင္ဖို႔အတြက္ တစ္ရက္ ရိုက္ကူးမယ့္ ရိုက္ကြင္းေနရာ အေရအတြက္၊ က်န္းမာေရးနဲ႔အညီ ေဆာင္ရြက္မယ့္ပုံစံကိုပါ ႀကိဳတင္ၿပီးတင္ျပရမယ္လို႔ သိရပါတယ္။

“ျပန္စမယ့္အခ်ိန္ အကန္႔အသတ္ေတြ႐ွိေသးေတာ့ နည္းနည္းေလးေတာ့ ခက္ခဲမယ့္အေနအထား ႐ွိႏိုင္တယ္။ “လို႔ ႐ုပ္႐ွင္ထုတ္လုပ္ေရးလုပ္ငန္း လုပ္ကိုင္သူ ဦတင္ထြန္းဝင္းကေျပာပါတယ္။

လက္႐ွိမွာေတာ့ ႐ုပ္ရွင္၊ ဗီဒီယိုနဲ႔ ႐ုပ္သံဇာတ္လမ္းတြဲေတြ ျပန္လည္ရိုက္ကူးတဲ့အခါ လိုက္နာရမယ့္ လက္စြဲစာေစာင္နဲ႔ Checklist ေတြကို သက္ဆိုင္ရာ ႐ုပ္ရွင္နဲ႔ ႐ုပ္သံအဖြဲ႕အစည္းေတြဆီ ေပးပို႔ျဖန႔္ေဝထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။

Photo – U Aye Kyu lay
#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW