ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှာ ဗိုင်းရပ်စ်ကူးစက်သူတွေတွေ့လို့ ခရီးသွားရှစ်သောင်းကျော် ပြန်ပို့

ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှာ ဗိုင်းရပ်စ်ကူးစက်သူတွေတွေ့လို့ ခရီးသွားရှစ်သောင်းကျော် ပြန်ပို့

ဟနွိုင်း၊ ဇူလိုင်-၂၇-၂၀၂၀
မျိုးဆက် (VOM)

ဗီယက်နမ်နိုင်ငံမှာ ဧပြီလနောက်ပိုင်းကတည်းက ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှု လေးခုတွေ့ရှိပြီးနောကပိုင်း ဒါနန်းမြို့ကို နိုင်ငံတကာခရီးသွားတွေ လာရောက်တာကို ပိတ်ပင်လိုက်ပါတယ်။

၁၄ ရက်အတွင်း ဘယ်ခရီးသွားကိုမှ မြို့အတွင်းဝင်ရောက်ခွင့်ပြုမှာမဟုတ်ဘဲ လေယာဉ်ခရီးစဉ်တွေစီစဉ်ပြီး ခရီးသွား ရှစ်သောင်းကျော်ကို မြို့ထဲကနေပြန်ထွက်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။

ဗီယက်နမ်နိုင်ငံဟာ ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက နယ်စပ်တွေကို အစောတလျင်ပိတ်ပစ်ခြင်း၊ ကွန်ရန်တင်းထားရှိခြင်းနဲ့ ဆက်သွယ်မှုခြေရာကောက်ခြင်းတို့ကို ဆောင်ရွက်ပြီး ကပ်ရောဂါထိန်းချုပ်မှု အောင်မြင်ခဲ့တဲ့နိုင်ငံအဖြစ် ချီးကျူးခံခဲ့ရပါတယ်။

နိုင်ငံအတွင်းမှာ ကူးစက်မှု ၄၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူမရှိခဲ့ပါဘူး။ ဒါပေမယ့် နောက်ဆုံးကူးစက်မှုတစ်ခုဖြစ်ပွားပြီးနောက် ရက်(၁၀၀)နီးပါးအကြာမှာ ကမ္ဘာ့လှည့်ခရီးသွားတွေနှစ်သက်တဲ့ ဒါနန်းမြို့မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ(၄)ဦး တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒါနန်းမြို့ခံတွေအနေနဲ့ ခပ်ခွာခွာနေရေးစည်းမျဉ်းတွေကို ပြန်လည်လိုက်နာကြဖို့နဲ့ မရှိမဖြစ်မလိုအပ်တဲ့ ဝန်ဆောင်မှုတွေအားလုံးကို ပိတ်သိမ်းဖို့ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ဆွမ်ဖွတ်က ဇူလိုင် ၂၇ ရက်မှာ အမိန့်ထုတ်လိုက်ပြီး မြို့ကို အလုံးစုံလော့ခ်ဒေါင်းချဖို့တော့ အမိန့်ထုတ်ဦးမှာမဟုတ်ဘူးလို့ ပြောပါတယ်။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ဟနွိုင်း

Zawgyi

ဗီယက္နမ္နိုင္ငံ ဒါနန္းၿမိဳ႕မွာ ဗိုင္းရပ္စ္ကူးစက္သူေတြေတြ႔လို႔ ခရီးသြားရွစ္ေသာင္းေက်ာ္ ျပန္ပို႔

ဟႏြိဳင္း၊ ဇူလိုင္-၂၇-၂၀၂၀
မ်ိဳးဆက္ (VOM)

ဗီယက္နမ္နိုင္ငံမွာ ဧျပီလေနာက္ပိုင္းကတည္းက ကိုရိုနာဗိုင္းရပ္စ္ ျပည္တြင္းကူးစက္မႈ ေလးခုေတြ႔ရွိျပီးေနာကပိုင္း ဒါနန္းျမိဳ႕ကို နိုင္ငံတကာခရီးသြားေတြ လာေရာက္တာကို ပိတ္ပင္လိုက္ပါတယ္။

၁၄ ရက္အတြင္း ဘယ္ခရီးသြားကိုမွ ျမိဳ႕အတြင္း၀င္ေရာက္ခြင္႔ျပဳမွာမဟုတ္ဘဲ ေလယာဥ္ခရီးစဥ္ေတြစီစဥ္ျပီး ခရီးသြား ရွစ္ေသာင္းေက်ာ္ကို ျမိဳ႕ထဲကေနျပန္ထြက္နုိင္ဖို႔ လုပ္ေဆာင္ေနပါတယ္။

ဗီယက္နမ္နိုင္ငံဟာ ကပ္ေရာဂါစတင္ျဖစ္ပြားခ်ိန္ကတည္းက နယ္စပ္ေတြကို အေစာတလ်င္ပိတ္ပစ္ျခင္း၊ ကြန္ရန္တင္းထားရိွျခင္းနဲ႔ ဆက္သြယ္မႈေျခရာေကာက္ျခင္းတို႔ကို ေဆာင္ရြက္ျပီး ကပ္ေရာဂါထိန္းခ်ဳပ္မႈ ေအာင္ျမင္ခဲ႔တဲ႔နုိင္ငံအျဖစ္ ခ်ီးက်ဴးခံခဲ႔ရပါတယ္။

နိုင္ငံအတြင္းမွာ ကူးစက္မႈ ၄၀၀ ေက်ာ္ျဖစ္ပြားခဲ႔ျပီး ဗိုင္းရပ္စ္ေၾကာင္႔ ေသဆံုးသူမရိွခဲ႔ပါဘူး။ ဒါေပမယ္႔ ေနာက္ဆံုးကူးစက္မႈတစ္ခုျဖစ္ပြားျပီးေနာက္ ရက္(၁၀၀)နီးပါးအၾကာမွာ ကမၻာ႔လွည္႔ခရီးသြားေတြနွစ္သက္တဲ႔ ဒါနန္းျမိဳ႕မွာ ဗိုင္းရပ္စ္ကူးစက္ခံရသူ(၄)ဦး ေတြ႔ရိွခဲ႔တာျဖစ္ပါတယ္။

ဒါနန္းျမိဳ႕ခံေတြအေနနဲ႔ ခပ္ခြာခြာေနေရးစည္းမ်ဥ္းေတြကို ျပန္လည္လိုက္နာၾကဖို႔နဲ႔ မရိွမျဖစ္မလိုအပ္တဲ႔ ၀န္ေဆာင္မႈေတြအားလံုးကို ပိတ္သိမ္းဖို႔ ဗီယက္နမ္၀န္ၾကီးခ်ဳပ္ ငုယင္ဆြမ္ဖြတ္က ဇူလိုင္ ၂၇ ရက္မွာ အမိန္႔ထုတ္လိုက္ျပီး ျမိဳ႕ကို အလံုးစံုေလာ႔ခ္ေဒါင္းခ်ဖို႔ေတာ႔ အမိန္႔ထုတ္ဦးမွာမဟုတ္ဘူးလို႔ ေျပာပါတယ္။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ဟႏြိဳင္း

Related posts

Leave a Comment

VOM News

FREE
VIEW