ဇွဲကပင်တောင်ပေါ်ကို တစ်ဦးတည်းအတက်မခံဖို့ လုပ်ဆောင်မယ်

ဇွဲကပင်တောင်ပေါ်ကို တစ်ဦးတည်းအတက်မခံဖို့ လုပ်ဆောင်မယ် နေပြည်တော်၊ဇူလိုင် ၁၂-၂၀၂၀ ကောင်းလက်ျာ(VOM) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အနီးဒေသခံသာမက ခရီးသွားဧည့်သည်တွေပါ အဝင်အထွက် များလာတဲ့အပြင် ဇွဲကပင်တောင်ပေါ်ကနေ ခုန်ချသတ်သေမှုအချို့ ဖြစ်ပေါ်လာခဲ့ပြီးနောက်ပိုင်း တောင်ပေါ်ကို အချိန်အခါမဟုတ်ပဲ တစ်ဦးတည်းတက်ခွင့်ကို ပိတ်ပင်တားမြစ်သွားမယ်လို့ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်ကပြောပါတယ်။ “တက္ကသိုလ်ကောလိပ်တွေမှာ အသိပညာပေးတာမျိုးလုပ်သွားဖို့ရှိနေပြီး တောင်ပေါ်ကို တစ်ဦးတည်းအတက်မခံတာမျိုးလုပ်ဖို့ ပြင်ထားပါတယ်”လို့ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်ကပြောပါတယ်။ ဇွဲကပင်တောင်ပေါ်ကနေ ဘားအံတက္ကသိုလ်ကျောင်းသူတစ်ဦးနဲ့ ကျောင်းသားတစ်ဦး နှစ်ပတ်ခန့်အတွင်း ခုန်ချသတ်သေသွားခဲ့ပြီးနောက် အခုလို တောင်ပေါ်တက်ရောက်တဲ့ အခြေအနေကို ထိန်းချုပ်ဖို့ပြင်ဆင်နေတာဖြစ်ပြီး တစ်ဦးတည်းတက်ရောက်ခွင့်၊ နံနက်အစောပိုင်းနဲ့ ညနေပိုင်းမှောင်ရီစပြိုးချိန်တွေကို တက်ရောက်ခွင့်မပြုဖို့ ပြင်ဆင်နေတယ်လို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ကနေ သိရပါတယ်။ ဘားအံမြို့အနီး ဇွဲကပင်တောင်၊ ကြာအင်းတောင်နဲ့ တောင်ဝိုင်းတောင်များရှိနေပြီး လက်တစ်လောမှာ ကန့်သတ်ထိန်းချုပ်ဖို့ ဇွဲကပင်တောင်ကိုသာ ပြင်ဆင်နေတာဖြစ်ပြီး တောင်ပေါ်တောင်အောက်မှာ လုံခြုံရေးချထားမှသာ အဆင်ပြေဖွယ်ရှိတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။…

Read More

ဘောလီးဝုဒ်မင်းသားကြီး အမီတာဘချန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရ

ဘောလီးဝုဒ်မင်းသားကြီး အမီတာဘချန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရ ဒေလီ၊ ဇူလိုင်-၁၂-၂၀၂၀ မျိုးဆက် (VOM) ဘောလီးဝုဒ်ရုပ်ရှင်လောကရဲ့ စူပါစတားဝါရင့်မင်းသားကြီး အမီတာဘချန်းက သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိတယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်း ၂၀၀ကျော်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဘောလီးဝုဒ်ဂန္တဝင်မင်းသားကြီး အမီတာဘချန်းဟာ အခုဆိုရင် အသက်၇၇နှစ် ရှိနေပြီဖြစ်ပါတယ်။ မင်းသားကြီးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့သတင်းကို တွစ်တာစာမျက်နှာပေါ်မှာ အတည်ပြု ရေးသားထားတာဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ရက်အတွင်းမှာ သူနဲ့ ထိတွေ့ခဲ့တဲ့သူတွေကိုလည်း ဆေးစစ်မှုလုပ်ကြဖို့ မင်းသားကြီးက တိုက်တွန်းပြောဆိုထားပါတယ်။ မင်းသားကြီးအမီတာဘချန်းကို မွမ်ဘိုင်းမြို့က နာနာဗာတီဆေးရုံကို ပြောင်းရွှေ့ပို့ဆောင်ထားတဲ့အကြောင်း ဒေသတွင်းမီဒီယာတွေကလည်း သတင်းထုတ်ပြန်ပါတယ်။ လက်ရှိမှာသူ့ရဲ့အခြေအနေက တည်တည်ငြိမ်ငြိမ်ပါပဲလို့ ဆေးရုံတာဝန်ကျအရာရှိတစ်ဦးက Indian Express သတင်းစာကို ပြောထားပါတယ်။ Ref : BBC Photo: Reuters #voiceofmyanmar #VOM #ဒလေီ Zawgyi ဘောလီးဝုဒ်မင်းသားကြီး အမီတာဘချန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရ…

Read More

ပုဏ္ဏားကျွန်းမြို့ပေါ်မှာ ပစ်ခတ်မှုဖြစ်ပြီး ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ

ပုဏ္ဏားကျွန်းမြို့ပေါ်မှာ ပစ်ခတ်မှုဖြစ်ပြီး ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ စစ်တွေ၊ ဇူလိုင် ၁၂- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှာ မနေ့ ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်လောက်က ပစ်ခတ်မှုတွေဖြစ်ပြီး အရပ်သား သက်ကြီးပိုင်းတစ်ဦး သေဆုံးကာ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ သေဆုံးသူဟာ ပုဏ္ဏားကျွန်းမြို့ပေါ်က ရွာဟောင်းပိုင်းရပ်ကွက်က အသက် (၇၅)နှစ်အရွယ် ဦးရွှေသာဆိုသူဖြစ်ပြီး ဘယ်ဘက်ရင်အုံ ကျည်ဖောက်ဒဏ်ရာနဲ့ ဒဏ်ရာရသူမှာ အသက် (၁၃)နှစ်အရွယ် မနန္ဒာဦး ခြေသလုံး ကျည်ဖောက်ဒဏ်ရာ ၊ အသက် (၄၀) အရွယ် ဒေါ်အဝင်းမှာ ခါးဒဏ်ရာတို့ ဖြစ်တယ်လို့ မိသားစုဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ သေဆုံးသွာသူ ဦးရွှေသာရဲ့ သမီးက” ကျည်ဆံထိသွားတာက…

Read More

မော်လမြိုင်မှာ ကွာရန်တင်းစင်တာကနေ ဆေးမစစ်ရသေးခင် အမျိုးသားတစ်ဦး ထွက်ပြေးသွား

မော်လမြိုင်မှာ ကွာရန်တင်းစင်တာကနေ ဆေးမစစ်ရသေးခင် အမျိုးသားတစ်ဦး ထွက်ပြေးသွား နေပြည်တော်၊ ဇူလိုင် ၁၂-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မော်လမြိုင်တက္ကသိုလ်၊ ကွန်မြူနတီဘေ့စ် ကွာရန်တင်းစင်တာမှာ ဆေးစစ်မှုမခံယူရသေးတဲ့ ထိုင်းနိုင်ငံပြန် အမျိုးသားတစ်ဦး ဇူလိုင်လ ၁၁ ရက်နေ့မနက်အစောပိုင်းက ထွက်ပြေးသွားတယ်လို့ မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှုး ဦးစိုးဌေးကပြောပါတယ်။ “မြို့နယ်(၁၀)ခုကလူတွေကို စောင့်ကြည့်စစ်ဆေးဖို့ မော်လမြိုင်တက္ကသိုလ်မှာထားတုန်း ထွက်ပြေးသွားခဲ့တာပါ။ လက်တစ်လောတော့ ရှာဖွေစုံစမ်းနေဆဲဖြစ်ပါတယ်”လို့ ဒုတိယအုပ်ချုပ်ရေးမှုး ဦးစိုးဌေးကပြောပါတယ်။ ကွာရန်တင်းစင်တာကနေ ထွက်ပြေးသွားသူဟာ ဦးစိန်(ခ)ပေတလူ အသက်(၃၈နှစ်)၊ ပဲခူးတိုင်း၊ သနပ်ပင်မြို့ကဖြစ်ပြီး သူရဲ့ဇာတိမြို့ကို ထွက်ပြေးတယ်လို့ယူဆကြောင်း မော်လမြိုင်မြို့ခံ လူမှုကူညီရေးအဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ကွာရန်တင်းစင်တာကနေ ဆေးစစ်ဆေးမှုမခံယူဘဲ တိမ်းရှောင်ထွက်ပြေးသွားသူဟာ ဇူလိုင်လ ၅ ရက်နေ့က ထိုင်းနိုင်ငံကနေ ပြန်ဝင်လာသူဖြစ်ပြီး သူရဲ့အမျိုးသမီးကတော့ ရေးမြို့မှာ နေထိုင်ပေမယ့်လည်း နောက်ဆုံးဆက်သွယ်ခဲ့တဲ့ အချက်အလက်တွေအရ သနပ်ပင်မှာ ရောက်နေခဲ့ပြီဖြစ်တယ်လို့…

Read More

ဝှေခါမြေပြိုမှုကြောင့် မြေသားနိမ့်သွားတဲ့နေအိမ်များ ပြောင်းရွှေ့ပေးရာတွင် သဘောထားကွဲလွဲမှုရှိ

ဝှေခါမြေပြိုမှုကြောင့် မြေသားနိမ့်သွားတဲ့နေအိမ်များ ပြောင်းရွှေ့ပေးရာတွင် သဘောထားကွဲလွဲမှုရှိ မြစ်ကြီးနား၊ ဇူလိုင် ၁၂-၂၀၂၀ ရန်အောင်ထွန်း(VOM) ဖားကန့်မြို့နယ် ၊ ဆိပ်မူကျေးရွာအုပ်စု ၊ ဝှေခါကျေးရွာ ၊ မှော်သစ်ကုန်းရပ်ကွက်(၂)မှာ မြေပြိုမှုကြောင့် မြေသားနိမ့်ဆင်းသွားပြီး လူနေထိုင်ဖို့မသင့်တော့တဲ့ အိမ်တွေပြောင်းရွေ့တာ ၊ နစ်နာကြေးပေးတာတွေ ဆောင်ရွက်ပေးရာမှာ သဘောထားကွဲလွဲနေတယ်လို့ ဝှေခါကျေးရွာတာဝန်ခံ ဦးကျော်မင်းနဲ့ နေအိမ်ပျက်စီးသွားသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ လတ်တလောမှာ အိမ်ခြေ(၃၉)လုံးအတွက် သက်ဆိုင်ရာကုမ္ပဏီတွေက ပြောင်းရွှေ့ပေးတာ ၊ ပြင်ဆင်စရိတ်ပေးတာတွေ ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပြီး လက်ရှိမှာ မြေသားနိမ့်သွားတဲ့ နေအိမ်တွေအတွက် မှော်သစ်ကုန်းရပ်ကွက်(၅)ကို နေရာပြောင်းရွှေ့ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မြေနိမ်လို့ အရေးပေါ်ပြောင်းရွှေ့ဖို့ လိုအပ်နေတဲ့ ရပ်ကွက်နေပြည်သူတွေထဲမှာလည်း နေအိမ်ပြင်ဆင် စရိတ် လာပေးပေမယ့် လက်ရှိနေရာမှာ နေလို့မရလို့ လက်ခံခြင်းမရှိတာ ၈ အိမ်လောက်ရှိနေတယ်လို့ ပြောပါတယ်။ သူတို့ဘက်ကတော့ ကုမ္ပဏီဘက်က ပေးတဲ့မြေကွက်နဲ့ ပြင်ဆင်စရိတ်ထက်…

Read More

ရသေ့တောင်မြို့နယ်က အဓမ္မပြုကျင့်ခံရတဲ့ ဦးဂါရွာသူတစ်ဦး တပ်မတော်သား(၃)ဦးကို ရဲစခန်းမှာအမှုဖွင့်

ရသေ့တောင်မြို့နယ်က အဓမ္မပြုကျင့်ခံရတဲ့ ဦးဂါရွာသူတစ်ဦး တပ်မတော်သား(၃)ဦးကို ရဲစခန်းမှာအမှုဖွင့် စစ်တွေ၊ ဇူလိုင် ၁၂- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က အသက် ၃၆ နှစ်အရွယ် ဦးဂါရွာသူတစ်ဦးကို တပ်မတော်သား ၃ ဦးက အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းက ကာယကံရှင်ဦးဂါရွာသူက စစ်တွေမြို့မရဲစခန်းမှာ မုဒိမ်းမှုအပါအဝင် ပုဒ်မ(၃)ခုနဲ့ အမှုဖွင့်လိုက်ပါတယ်။ အမှုဖွင့်တာဟာ စစ်တွေမြို့မရဲစခန်းမှာဖြစ်ပြီး (ပ – ၃၅၅ /၂၀၂၀) ၊ ရာဇသတ်ကြီးပုဒ်မ-၃၆၆(အလိုမတူဘဲ သွေးဆောင်ခေါ်ယူမှု) ၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆(မုဒိမ်းမှု)နဲ့ ရာဇသတ်ကြီးပုဒ်မ-၁၁၄(အားပေးအားမြောက်ပြုမှု) စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။ အခုလိုမျိုး အမှုဖွင့်တာနဲ့ ပတ်သက်လို့ ကာယကံရှင် အမျိုးသမီးက” ကျမအနေနဲ့ကတော့ အမှန်တရားကို လိုလားပါတယ်။ ဒါကြောင့်လည်းပဲ ကျမဟာ…

Read More

လွိုင်ကော်မှာ အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်ကောင်ရေ(၁၈၀)ကျော် သေဆုံး၊ ဝက်ခြံများကို အသွားအလာကန့်သတ်

လွိုင်ကော်မှာ အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်ကောင်ရေ(၁၈၀)ကျော် သေဆုံး၊ ဝက်ခြံများကို အသွားအလာကန့်သတ် နေပြည်တော်၊ ဇူလိုင် ၁၂-၂၀၂၀ ကောင်းလက်ျာ(VOM) ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပီကင်း‌ကောခူကျေးရွာက ဝက်မွေးမြူရေးခြံအချို့မှာ ဇွန်လ၂၆ ရက်နေ့ကစတင်ပြီး ဝက်အပြင်းဖျားရောဂါလို့ယူဆရတဲ့ ရောဂါကြောင့် ဝက်ကောင်ရေ ၁၈၀ ကျော် သေဆုံးခဲ့ပြီးနောက်ပိုင်း ဝက်ခြံများကို အသွားလာကန့်သတ်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဝက်ခြံတစ်ခြံထဲမှာ ဝက်ကောင်ရေ(၁၆၀)ကျော် ဖျားနာပြီးသေဆုံးတာပါ။ စုစုပေါင်း ဝက်ကောင်ရေ(၁၈၀)ကျော် သေဆုံးခဲ့တာဖြစ်ပြီး ဈေးကွက်ထဲမရောင်းချကြပါဖူး။ မြေမြုပ်ပစ်လိုက် ကြပါတယ်”လို့ ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။ လက်တလောမှာ ဒေသခံများတွေရဲ့ ဝက်ခြံတွေမှာ ဝက်သားပေါက်မထည့်ရဲတော့တဲ့အတွက် လက်ကျန်ဝက်တွေကိုသာ အထူးဂရုစိုက်စောင့်ကြည့်နေကြရပြီး ကုသဖို့ဆေးများလည်း ညွန်ကြားမှုမပြုတဲ့အတွက် ထပ်မံသေဆုံးမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ လွိုင်ကော်မြို့နယ် ပီးကင်ကောခူရွာက ဝက်တွေသေဆုံးတဲ့ကိစ္စမှာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရဲ့ စစ်ဆေးချက်များအရ အာဖရိကဝက်အပြင်းဖျားရောဂါလို့ သတ်မှတ်လိုက်ပြီဖြစ်ကြောင့် လွိုင်ကော်မြို့နယ် ‌မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာစိုးညွန့်ကပြောပြပါတယ်။ ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊…

Read More

စစ်တွေမြို့မှာ ဒု-ရဲအုပ်တစ်ဦး ပျောက်ဆုံးနေ

စစ်တွေမြို့မှာ ဒု-ရဲအုပ်တစ်ဦး ပျောက်ဆုံးနေ စစ်တွေ၊ ဇူလိုင် ၁၂- ၂၀၂၀ ထက်အောင်စိုင် (VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကနေ ဒီကနေ့အချိန်ထိ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဒု-ရဲအုပ်တစ်ဦး သတင်းအစအနမရဘဲ ပျောက်ဆုံးနေတာဖြစ်တယ်လို့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။ မိသားစုဝင်တွေရဲ့ ပြောပြချက်အရ အဲ့ဒီနေ့ နေ့လယ် ၁ နာရီလောက်က စစ်တွေမြို့မဈေးကြီးကို ရိက္ခာတွေသွားဝယ်စဉ်မှာ ပျောက်ဆုံးသွားတာဖြစ်ပြီး အဲ့ဒီနေ့ ၂ နာရီလောက်မှာ ပျောက်သွားတဲ့ ဒု-ရဲအုပ်ရဲ့ဇနီးဖြစ်သူက ဖုန်းနဲ့ဆက်သွယ်တဲ့အခါ သူ့အမျိုးသားရဲ့ဖုန်းဟာ စက်ပိတ်ထားတယ်လို့ ပြောပါတယ်။ ပျောက်ဆုံးနေတဲ့ ဒု-ရဲအုပ်ရဲ့ ဇနီးဖြစ်သူ ဒေါ်မလှဝင်းပြောပြတာက” ပျောက်သွားတာကတော့ စစ်တွေမြို့မဈေးကြီးမှာ ဈေသွားဝယ်ရင်း ပျောက်သွားတာပါ။ ကျမအမျိုးသားက ဒု-ရဲအုပ်ပါ။ သူ့ရဲ့ တပ်ရင်းကတော့ ဘူးသီးတောင် နခခ (၈)မှာ တာဝန်ထမ်းဆောင်နေတာပါ။ ဒီကနေ ဈေးဝယ်ပြီး ဘူးသီးတောင်ကို ပို့ပေးရပါတယ်။…

Read More

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်ကိုစုံစမ်းဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျွမ်းကျင်သူတွေ တရုတ်နိုင်ငံကိုသွား

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်ကိုစုံစမ်းဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျွမ်းကျင်သူတွေ တရုတ်နိုင်ငံကိုသွား ဂျီနီဗာ၊ ဇူလိုင်-၁၁-၂၀၂၀ မျိုးဆက် (VOM) ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျွမ်းကျင်သူနှစ်ဦးပါဝင်တဲ့အဖွဲ့ဟာ လူ ၅၅၀၀၀ ကျော်သေဆုံးခဲ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုရဲ့ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးဖို့ တရုတ်နိုင်ငံကို သွားရောက်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ဗိုင်းရပ်စ်ဟာ တိရိစ္ဆာန်တွေကနေ လူသားတွေဆီကိုကူးစက်ပြီးနောက် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ရှိ ဈေးတစ်ခုကနေ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက ကူးစက်မှုတွေစတင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တိရိစ္ဆာန်ကျန်းမာရေးနဲ့ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူနှစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်နဲ့ပတ်သက်ပြီး ရှေ့ပြေးစုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တရုတ်ပညာရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မာဂရက်ဟာရစ်က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ လင်းနို့တွေမှာရှိတဲ့ ဗိုင်းရပ်စ်တွေနဲ့ အလွန်ဆင်တူပြီး ကြားခံမျိုးစိတ်တစ်ခုခုမှတစ်ဆင့် ကူးစက်လာတာဟုတ်မဟုတ်ဆိုတာကို အားလုံးကသိချင်နေတဲ့ အဖြေဖြစ်တယ်လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ကျွမ်းကျင်သူနှစ်ဦးပါတဲ့အဖွဲ့ဟာ ဗိုင်းရပ်စ်စတင်ဖြစ်ပေါ်လာပုံနဲ့ တိရိစ္ဆာန်ကနေ လူတွေဆီကို ရောဂါကူးစက်လာပုံကိုလေ့လာဖို့ တရုတ်နိုင်ငံကို…

Read More

သေလူကယ်လို့ မရဏဘေးက လွတ်မြောက်လာသူ

သေလူကယ်လို့ မရဏဘေးက လွတ်မြောက်လာသူ Voice Of Myanmar ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ၊ ဝှေခါကျေးရွာအနီးမှာ ဇူလိုင်လ ၂ ရက်နေ့မနက်က ကျောက်စိမ်းလုပ်ကွက် တောင်ကမ်းပါးပြိုကျပြီး ရေလှိုင်းပုတ်ချခံရလို့ တပိုင်တနိုင် ကျောက်တူးဖော်သူ (၃၀၀) ထက်မနည်း သေဆုံးနိုင်တယ်လို့ ဒေသခံတွေကခန့်မှန်းပြောဆို ခဲ့ကြပါတယ်။ အဲ့ဒီမြေပြိုမှုဖြစ်စဉ်ထဲကနေ ကိုစိုင်းကိုတစ်ယောက် လူသေအလောင်း တစ်လောင်းကို ဖက်တွယ် ကူးခတ်ပြီး လွတ်မြောက်လာခဲ့ပါတယ်။ သူက ဘယ်လိုရည်ရွယ်ချက်နဲ့ ဖားကန့်ကိုလာခဲ့သလဲ ဘာတွေကြုံတွေ့ခဲ့ရသလဲဆိုတာကို VOM သတင်းထောက် ရန်အောင်ထွန်း နဲ့ ဇော်မိုးထက်တို့က ရိုက်ကူးတင်ဆက်ပေးထားပါတယ်။ ဝှေခါသုဿန်မှာ ရောက်ရှိခဲ့တဲ့စာရင်းအရ အလောင်း ၁၇၂ လောင်းအထိရှိခဲ့ပြီး တချို့ ရုပ်အလောင်းတွေကို ကျင်းနှစ်ခုမှာ စုပေါင်းသင်္ဂြိုလ်ခဲ့ရပါတယ်။ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ ဆန္ဒအရ တချို့ရုပ်အလောင်းတွေကို အပြင်မှာ ယူဆောင်သင်္ဂြိုလ်တာတွေရှိခဲ့ပါတယ်။ #voiceofmyanmar #VOM #ဖားကန့် Zawgyi…

Read More
VOM News

FREE
VIEW