ကိုဗစ်-၁၉ ကြောင့် (၁၅ )စက္ကန့်တိုင်း လူတစ်ဦးသေဆုံးနေ ဝါရှင်တန်၊ သြဂုတ်-၅-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနဲ့ မက္ကဆီကိုတို့မှာ ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံးသူဦးရေမြင့် တက်လာတာနဲ့အတူ ကမ္ဘာတစ်ဝန်းမှာ သေဆုံးသူစုစုပေါင်း ခုနှစ်သိန်းကျော်ထိရှိလာပြီဖြစ်ပါတယ်။ ရောဂါကြောင့် ၂၄ နာရီတိုင်း လူ ၅၉၀၀ နီးပါးပျှမ်းမျှသေဆုံးနေတယ်လို့ လွန်ခဲ့တဲ့နှစ်ပတ်အတွင်းက အချက်အလက်တွေကို အခြေခံပြီး ရိုက်တာသတင်းဌာနရဲ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အချက်အလက်တွေအရ ကိုဗစ်-၁၉ ရောဂါကြောင့် တစ်နာရီကြာတိုင်း လူ ၂၄၇ ဦးသေဆုံး သို့မဟုတ် ၁၅ စက္ကန့်တိုင်း လူတစ်ဦးနှုန်း သေဆုံးနေတယ်လို့ဆိုပါတယ်။ အမေရိကန်နဲ့ လက်တင်အမေရိကတို့ဟာ ကပ်ရောဂါဖြစ်ပွားရာ ဗဟိုချက်သစ်တွေဖြစ်နေပြီး နှစ်နိုင်ငံစလုံးဟာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ရုန်းကန်နေရပါတယ်။ လူဦးရေသန်း ၆၄၀ ကျော်နေထိုင်တဲ့ လက်တင်အမေရိကမှာတော့ ဗိုင်းရပ်စ်ကူးစက်မှုဟာ ကနဦးနှေးကွေးခဲ့ပေမယ့် ဒေသအတွင်း ဆင်းရဲမွဲတေမှုနဲ့ မြို့တွေမျာ လူဦးရေထူထပ်စွာနေထိုင်ကြတာတွေကြောင့်…
Read MoreDay: August 5, 2020
ရန်ကုန်-မန္တလေး မီးရထားလမ်း ရေကျော်လို့ ရထားခရီးစဥ်တွေအတွက် ယာယီရပ်နားထားရလို့ လက်မှတ်ခပြန်အမ်း
ရန်ကုန်-မန္တလေး မီးရထားလမ်း ရေကျော်လို့ ရထားခရီးစဥ်တွေအတွက် ယာယီရပ်နားထားရလို့ လက်မှတ်ခပြန်အမ်း နေပြည်တော်၊ဩဂုတ် ၅-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် တော်ဝိဘူတာနှင့် ပိန်းဇလုပ်ဘူတာကြာ/ မီးရထားလမ်း ရေတိုက်စားမှုဖြစ်ခဲ့တဲ့အတွက် ဩဂုတ်လ ၄ ရက် နံနက် ၈ နာရီေလာက်က စတင်ပြီး ရထားခရီးစဉ်များ ရပ်နားခဲ့ရတာကြောင့် တောင်ငူဘူတာ ရုံပိုင်ကြီး ဦးကျော်မိုးလွင်က “ရထား မထွက်ဖြစ်တဲ့အခါ မီးရထားလက် မှတ်ဖိုး ပြန်ထုတ်ပေးနေတယ်။ကနေ့လည်း မီးရထားလက် မှတ်တွေမရောင်းဘူးလို့ ” ပြောပြပါတယ်။ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်အတွင်း ရေကြီးရေလျံမှုတွေကြောင့် ရန်ကုန်-မန္တလေး မီးရထားလမ်း တော်ဝိဘူတာနဲ့ ပိန်းဇလုပ်ဘူတာအကြားမိုင်တိုင် ၉၈ အနီးတံတားတစ်စင်း ရေတိုက်စားပြီး ရေကျော် ပျက်ဆီးခဲ့တာေကြာင့် ဩဂုတ်လ ၄ ရက်က တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ပြီးနောက် အမှတ်(၅)အ ဆန်နဲ့အမှတ် (၃)အဆန်အမြန်ရထားတို့ကို ယာယီဖျက်သိမ်းလိုက်တာဖြစ်တယ်လို့မြန်မာ့မီးရထား တိုင်း ၆ ထံက…
Read Moreလက်ဘနွန်မှာ ပေါက်ကွဲမှုအကြီးအကျယ်ဖြစ် ၊ လူ၇၈ဦးထက်မနည်းသေဆုံးပြီး ၄၀၀၀ ကျော်ဒဏ်ရာရ
လက်ဘနွန်မှာ ပေါက်ကွဲမှုအကြီးအကျယ်ဖြစ် ၊ လူ၇၈ဦးထက်မနည်းသေဆုံးပြီး ၄၀၀၀ ကျော်ဒဏ်ရာရ ဘေရွတ်၊သြဂုတ်-၅-၂၀၂၀ မျိုးဆက် (VOM) လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်မှာ ပေါက်ကွဲမှုအကြီးအကျယ်ဖြစ်ပွားခဲ့တာကြောင့် လူပေါင်း ၇၈ဦးထက်မနည်းသေဆုံးပြီး အခြားလူ ၄၀၀၀ ကျော်လည်း ထိခိုက်ဒဏ်ရာတွေရရှိသွားပြီးနောက် နိုင်ငံအတွင်း ဝမ်းနည်းကြေကွဲခြင်းအထိန်းအမှတ်တွေ ပြုလုပ်နေပါတယ်။ ပေါက်ကွဲမှုကြောင့် ဘေရွတ်တစ်မြို့လုံးတုန်ခါသွားခဲ့ပြီး ဆိပ်ကမ်းမှာမီးလောင်မှုကအစပြုခဲ့တဲ့ ပေါက်ကွဲမှုကြောင့် မှိုပွင့်သဏ္ဍန်မီးခိုးလုံးကြီးတွေ ထွက်ပေါ်ခဲ့ပါတယ်။ အမိုနီယမ်နိုက်ထရိတ်တန်ချိန် ၂၇၅၀ကို ကုန်လှောင်ရုံတစ်ခုအတွင်း ဘေးကင်းလုံခြုံမှုကင်းမဲ့စွာနဲ့ ခြောက်နှစ်ကြာ သိုလှောင်ထားတာကြောင့်ဖြစ်တယ်လို့ သမ္မတမိုက်ကယ်အိုဝင်က ပြောပါတယ်။ သမ္မတက သြဂုတ်၅ရက်မှာ အစိုးရအဖွဲ့အရေးပေါ်အစည်းအဝေးတစ်ရပ်စီစဉ်ပြီး သီတင်းနှစ်ပတ်ကြာ အရေးပေါ်အခြေအနေကြေညာသင့်တယ်လို့ ဆိုပါတယ်။ လက်ဘနွန်နိုင်ငံမှာ ဒီဖြစ်ရပ်ကြောင့် သေဆုံးထိခိုက်ဒဏ်ရာရသူတွေအတွက် သြဂုတ်၅ရက်မှစပြီး သုံးရက်ကြာ ဝမ်းနည်းခြင်းအထိန်းအမှတ် တရားဝင်ကာလတစ်ခုသတ်မှတ်သွားမယ်လို့ ဆိုပါတယ်။ အစိုးရအနေနဲ့ အရေးပေါ်ရန်ပုံငွေအဖြစ် ဒေါ်လာ၆၆သန်းကို ထုတ်ပေးမှာဖြစ်တယ်လို့ သမ္မတအိုဝင်က ကြေညာပါတယ်။ ယခုဖြစ်ရပ်ဟာ အလွန်ဆိုးရွားတဲ့ ဘေးဒုက္ခဆိုးကြီးဖြစ်ပြီး နေရာတိုင်းမှာ ထိခိုက်သေဆုံးသူတွေကို…
Read Moreသီပေါမြို့မှာ ရဲတပ်သားက ဇနီးဖြစ်သူကို ဓားနဲ့ထိုးသတ်ပြီး သူ့ကိုယ်သူ သေကြောင်းကြံ
သီပေါမြို့မှာ ရဲတပ်သားက ဇနီးဖြစ်သူကို ဓားနဲ့ထိုးသတ်ပြီး သူ့ကိုယ်သူ သေကြောင်းကြံ သီပေါ၊ သြဂုတ် ၅-၂၀၂၀ ကိုတိုးကြီး ( VOM) ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် ၊ သီပေါမြို့ တောင်မြို့ရပ်ကွက် ၊ နယ်မြေအမှတ်(၈) ထဲက လူနေအိမ်တစ်လုံးမှာ ယခုလ ၄ ရက်နေ့ မနက် ၁၀ နာရီက ရဲတပ်သားတစ်ဦးက ဇနီးဖြစ်သူကို ဓားနဲ့ထိုး သတ်ပြီး သူ့ကိုယ်သူ ဓားဖြင့်သုံးချက်ဆင့်ထိုးကာ သေကြောင်းကြံစီခဲ့တဲ့ ပြစ်မှုတစ်ရပ်ပေါ်ပေါက်ခဲ့တယ်လို့ သီပေါမြို့မရဲစခန်းကနေ သိရပါတယ် ။ “ သေဆုံးသူက မနွယ်နီ၀င်း(ခေါ်) မသဲသဲ အသက်( ၂၄) နှစ်ဖြစ်တယ် ၊ ဝဲဘက်ရင်အုံ တည့်တည့်နေရာမှာ လေးလက္မခန့် ထိုးသွင်းဒဏ်ရာ(၁) ချက်၊ ဝဲဘက် ရင်အုံအောက် တည့်တည့် ထိုးသွင်း ဒဏ်ရာ(၁) ချက် နဲ့ ဝဲဘက်လက်ကောက်၀တ်မှာ ပြတ်ရှဒဏ်ရာ…
Read Moreလူငယ်ထိမ်းသိမ်းရေးကျောင်းက ဒုတိယမြောက် ကလေးတယောက် ထပ်မံသေဆုံး
လူငယ်ထိမ်းသိမ်းရေးကျောင်းက ဒုတိယမြောက် ကလေးတယောက် ထပ်မံသေဆုံး မန္တလေး၊ သြဂုတ်- ၅- ၂၀၂၀ မှူးသခင်(VOM) မန္တလေးလူငယ် ထိမ်းသိမ်းရေးသင်တန်းကျောင်းကနေ လွန်ခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့ က ထွက်ပြေးလို့ရိုက်နှက်ခံရတဲ့ ကလေး၅ယောက်အဖွဲ့ထဲက ခိုင်ဇော်ထွန်း အသက် (၁၇)နှစ်ဟာ မန္တလေးဆေးရုံကြီးမှာ သေဆုံးသွားပြီလို့ ကလေးရဲ့မိခင် ဖြစ်သူဒေါ်ခင်ချို က ပြောပါတယ်။ မောင်ခိုင်ဇော်ထွန်းက မန္တလေးဆေးရုံကြီးမှာ ဒီနေ့နေ့လည် ၃ နာရီခွဲအချိန်မှာ သေးဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးတဲ့ ခိုင်ဇော်ထွန်းရဲ့မိခင်ကဒေါ်ခင်ချို က” ဟုတ်ပါတယ်၊ ၃နာရီခွဲလောက်ကသေသွားတာပါ။ ဒဏ်ရာတွေကလဲညိုမဲလို့ ကလေးက ခါးလည်းကျိုး သွားတယ် လည်ချောင်းလဲကွဲနေတာ အဆုပ်မှာလဲထိတယ် နောက်ကလေး ၅ယောက်အတွက်လည်း စိုးရိမ်ရသေးတယ်။ ကျမကတော့ သက်ဆိုင်ရာကို အမှုမှန်ဖေါ်ထုတ်ပေးဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ လုယက်မှုနဲ့ဖမ်းဆီးခံခဲ့ရတဲ့ ကလေး…
Read Moreပြည်ခိုင်ဖြိုးဥက္ကဌ ဦးသန်းဌေး နေပြည်တော်၊ ဇေယျာသီရိက ပြိုင်မယ်
ပြည်ခိုင်ဖြိုးဥက္ကဌ ဦးသန်းဌေး နေပြည်တော်၊ ဇေယျာသီရိက ပြိုင်မယ် နေပြည်တော်၊ သြဂုတ် ၅-၂၀၂၀ စွမ်းရဲထွဋ် (VOM) ပြည်ခိုင်ဖြိုးဥက္ကဌ ဦးသန်းဌေး နေပြည်တော်၊ ဇေယျာသီရိမဲဆန္ဒနယ်က ရွေးကောက်ပွဲဝင်ပြိုင်သွားမှာလို့ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးက သိရပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းမှာ ပြည်ခိုင်ဖြိုးပါတီက နေပြည်တော်မှာရှိတဲ့ မဲဆန္ဒနယ်အားလုံးအတွက် အမည်စာရင်း ပေးသွင်းသွားတယ်လို့ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးမိုးဇော်က သတင်းမီဒီယာတွေကို ပြောပါတယ်။ ဇေယျာသီရိမဲဆန္ဒနယ်အတွက် ပြည်ခိုင်ဖြိုး ဥက္ကဌ ဦးသန်းဌေး၊ ပုပ္ဗသီရိမြို့နယ်အတွက် ဦးဝေလွင်၊ ဥ တ္တရသီရိမဲဆန္ဒနယ်အတွက် ဦးဝင်းရှိန်၊ ဇမ္ဗူသီရိမဲဆန္ဒနယ်အတွက် ဦးဝဏ္ဏမောင်လွင်၊ ပျဉ်းမနားမဲဆန္ဒနယ်အတွက် ဦးမြင့်အောင်သန်း၊ လယ်ဝေးမဲဆန္ဒနယ် အတွက် ဦးဌေးဝင်း၊ တပ်ကုန်းမဲဆန္ဒနယ်အတွက် ဦးကျော် ကျော်လတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁) အတွက် ဒေါ်ဝင်းဝင်းသီနဲ့ မဲဆန္ဒနယ်အမှတ် (၁၂) အတွက် ဦးခင်မောင်ဌေးတို့က အမည်စာရင်းပေးသွင်းခဲ့ကြတာဖြစ်ပါတယ်။ ၃ရက်နေ့က…
Read Moreလူငယ်ထိမ်းသိမ်းရေးကျောင်းက ထွက်ပြေးလို့ရိုက်နှက်ခံရတဲ့ ကလေးတယောက် ဆေးရုံမှာ အသက်အန္တရာယ်စိုးရိမ်ရ
လူငယ်ထိမ်းသိမ်းရေးကျောင်းက ထွက်ပြေးလို့ရိုက်နှက်ခံရတဲ့ ကလေးတယောက် ဆေးရုံမှာ အသက်အန္တရာယ်စိုးရိမ်ရ မန္တလေး၊ သြဂုတ်- ၅- ၂၀၂၀ မှူးသခင်(VOM) မန္တလေးလူငယ် ထိမ်းသိမ်းရေးသင်တန်းကျောင်းကနေ လွန်ခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့ က ထွက်ပြေးလို့ရိုက်နှက်ခံရတဲ့ ကလေး၅ယောက်အဖွဲ့ထဲက ခိုင်ဇော်ထွန်း အသက် (၁၈)နှစ်ဟာ မန္တလေးဆေးရုံကြီးမှာတတ်ရောက်နေရပြီး ကျန်းမာရေး အခြေအနေ ကတော့ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ကလေးရဲ့မိခင် ဖြစ်သူဒေါ်ခင်ချို က ပြောပါတယ်။ “ကလေးရဲ့ကျန်းမာရေးအခြေအနေက စိုးရိမ်ရတယ် အသံတွေလဲတုန်ပြီး စိုးရိမ်ရတဲ့ အခြေအနေကိုရောက်နေတယ် ဒဏ်ရာတွေကလဲညိုမဲလို့ ကလေးက ခါးလည်းကျိုး သွားတယ် လည်ချောင်းလဲကွဲနေတာ အဆုပ်မှာလဲထိတယ် ခေါင်းလဲဓာတ်မှန်ရိုက်ထား ရတာ ဒီနေ့မသိရမှာလို့” ဒေါ်ခင်ချိုကပြောပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ လုရက်မှုနဲ့ဖမ်းဆီးခံခဲ့ရတဲ့ ကလေး၇ယာက်ဟာ မန္တလေးလူငယ်ထိမ်းသိမ်းရေးစခန်းကို မုံရွာမြို့ကနေ ဂျူလိုင်၂၆ရက်နေ့ကရောက်ရှိခဲပြီး ဇူလိုင်လ ၃၁ ရက်နေ့ နေ့လည်…
Read Moreရုပ်ရှင်သရုပ်ဆောင်ယုန်လေးအား ရုပ်ရှင်အစည်းအရုံးမှ ရာသက်ပန်ထုတ်ပယ်ခဲ့သည်မှာ သတင်းအမှားသာဖြစ်
ရုပ်ရှင်သရုပ်ဆောင်ယုန်လေးအား ရုပ်ရှင်အစည်းအရုံးမှ ရာသက်ပန်ထုတ်ပယ်ခဲ့သည်မှာ သတင်းအမှားသာဖြစ် ရန်ကုန်၊သြဂုတ်၊၅ အေးချမ်းသူ(VOM) ရုပ်ရှင်သရုပ်ဆောင် အဆိုတော်ယုန်လေးအား မြန်မာနိူင်ငံရုပ်ရှင်အစည်းအရုံးမှ ရာသက်ပန်ထုတ်ပယ်လိုက်သည်ဟုသတင်းမှာအမှားဖြစ်ကြောင်း ဇာတ်ပို့ဇာတ်ရံ ဥက္ကဌဦးဝင်မြိုင်ကပြောပါတယ်။ “အဲ့သတင်းက အမှားပါ။အဆိုတော်ယုန်လေးကိစွနှင့် ပါတ်သတ်ပြီးရုပ်ရှင်အစည်းအရုံးက ဘာမှမထုတ်ပြန်ရသေးပါဘူး”လို့ပြောပါတယ်။ ရုပ်ရှင်သရုပ်ဆောင်အဆိုတော်ယုန်လေးနှင့်ပါတ်သတ်ပြီး မြန်မာနိူင်ငံရုပ်ရှင်အစည်းအရုံးမှ အစည်းအဝေးမထိုင်ရသေး၍ ထုတ်ပြန်ချက်ကိုလက်ရှိအခြေအနေတွင် ထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်း ဇာတ်ပို့ဇာတ်ရံဥက္ကဌဦးဝင်းမြိုင်က ပြောပါတယ်။ ရုပ်ရှင်သရုပ်ဆောင်အဆိုတော်ယုန်လေးမှ သြဂုတ်လ ၄ရက်နေ့တွင်လူ မှုကွန်ရက်စာမျက်နှာပေါ်တွင် ကိုယ်တိုင်ရိုက်ကူးတင်ဆက်ခဲ့သည့် စည်းလုံးသင့်ပြီမြန်မာပြည်MTVနှင့်ပါတ်သတ်ပြီးဝေဖန်မှုများပြင်းထန်ခဲ့ပါတယ်။ ယနေ့နံနက်တွင် ရုပ်ရှင်သရုပ်ဆောင်အဆိူတော်ယုန်လေး ကိုယ်တိုင်liveလွှင့်ကာ သူ၏ပရိတ်သတ်များအား တောင်းပန်ခဲ့ပြီးမည့်သည့်ရည်ရွယ်ချက်မှမရှိဘဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်သာ ရိုက်ကူးထုတ်လွှင့်ခဲ့တာဖြစ်ပြီး ဝေဖန်မှုပြင်းထန်နေသည့် အတွက် ယင်းMTVကိုဖြုတ်ချပေးမယ်လို့ပြောဆိုခဲ့ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်အဆိူတော်ယုန်လေးအပါအဝင်အဆိုတော်များဖြင့် သီဆိုရိုက်ကူးခဲ့သော စည်းလုံးသင့်ပြီမြန်မာပြည် MTVဟာဝေဖန်မှုများနှင့်အတူ မြန်မာနိူင်ငံရုပ်ရှင်အစည်းအရုံးမှ ရာသက်ပန်ထုတ်ပယ်လိုက်ပြီ ဆိုသောသတင်းအမှားများလည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာခဲ့တာပဲဖြစ်ပါတယ်။ #voiceofmyanmar #VOM #ယုန်လေး #ရုပ်ရှင်အစည်းအရုံး Zawgyi ရုပ်ရှင်သရုပ်ဆောင်ယုန်လေးအား ရုပ်ရှင်အစည်းအရုံးမှ ရာသက်ပန်ထုတ်ပယ်ခဲ့သည်မှာ သတင်းအမှားသာဖြစ် ရန်ကုန်၊သြဂုတ်၊၅ အေးချမ်းသူ(VOM) ရုပ်ရှင်သရုပ်ဆောင်…
Read Moreတပ်နဲ့ နယ်ခြားစောင့်ရဲ (၆) ဦးကို အေအေဖမ်းဆီးထား
တပ်နဲ့ နယ်ခြားစောင့်ရဲ (၆) ဦးကို အေအေဖမ်းဆီးထား မောင်တော၊ ဩဂုတ် ၅- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မြောက်ဖက်ပိုင်း မောင်တောခရိုင်အတွင်း မေယုတောင်တန်းတကြောမှာ လွန်ခဲ့တဲ့ ဩဂုတ် ၃ ရက်နေ့ နေ့လည်ပိုင်းက တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် (၆) ဦးကို အရှင်ဖမ်းဆီးရမိကြောင်း မနေ့ ဩဂုဏ် ၄ ရက်နေ့ ရက်စွဲနဲ့ အေအေက ထုတ်ပြန်ထားပါတယ်။ တပ်မတော်ဖက်က မနေ့က ထုတ်ပြန်ချက်မှာတော့ ဩဂုတ် ၃ ရက်နေ့က နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို မေယုတောင်ကြောပေါ်ရှိ အင်းဒင်တောင်ကျော်လမ်းမှာ အေအေတပ်ဖွဲ့ဝင်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ (၂) ကြိမ်ချောင်းမြောင်းတိုက်ခိုက်တာကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရသေဆုံးသွားကြောင်းနဲ့ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက ဦးစီးမှူးတစ်ဦး သေဆုံးသွားကြောင်း ပါဝင်ပါတယ်။ အင်းဒင် စေတီပြင်ကျေးရွာတစ်ဝိုက်က တပ်မတော်နဲ့…
Read Moreငပုတောမြို့နယ်မှာ တောဆင်ရိုင်းအုပ်များ ဝင်ရောက်သောင်းကျန်းနေ
ငပုတောမြို့နယ်မှာ တောဆင်ရိုင်းအုပ်များ ဝင်ရောက်သောင်းကျန်းနေ ပုသိမ်၊ သြဂုတ် ၅-၂၀၂၀ သူရိန် (VOM) ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ပိုးလောင်းကျေးရွာ အုပ်စုအတွင်းမှာဒေသခံတွေစိုက်ပျိုးထားတဲ့ လယ်မြေတွေကို တောဆင်ရိုင်းအုပ်ကဝင်ရောက်သောင်းကျန်းနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ “အခုချိန်က တောထဲမှာ ဆင်တွေကြိုက်တဲ့ မျှစ်တွေပေါက်နေချိန် အစာရေစာပါများတဲ့ အချိန်ဆိုတော့ ရွာနားကို ကပ်လာတာထူးဆန်းနေတယ်။ တောထဲမှာ ပျော်တဲ့ အချိန်ရောက်လာတာဆိုတော့ အန္တရာယ် တစ်ခုခုပေါ့။ တောထဲ ဆင်သတ်မုဆိုးတွေ ရောက်နေရင်လည်း လူနေအိမ်တွေနား လယ်ကွင်းတွေကို ကပ်လာတတ်တယ်။”လို့ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းလေးက ပြောပါတယ်။ တောဆင်ရိုင်းအုပ်တွေကသြဂုတ် ၂ ရက်ကစတင်ပြီး ၈ ကောင်အုပ်၊ ၄ ကောင်အုပ်နဲ့ နေ့စဉ် ဝင်ရောက်နေပြီး ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့EERU- အရေးပေါ် ကွန်ဂျီဆင်များအဖွဲ့ကကွန်ဂျီဆင် ၃ ကောင်နဲ့ လိုက်လံမောင်းထုတ်နေရပါတယ်။ လူနေအိမ်ခြေနား လယ်ကွင်းနားကိုကပ်လာတဲ့ တောဆင်ရိုင်းအုပ်များထဲမှာရှားပါးတဲ့ စွယ်စုံဆင်ကြီး တစ်ကောင် ပါဝင်နေပြီး…
Read More