တပ်နဲ့ နယ်ခြားစောင့်ရဲ (၆) ဦးကို အေအေဖမ်းဆီးထား

မောင်တော၊ ဩဂုတ် ၅- ၂၀၂၀

ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်မြောက်ဖက်ပိုင်း မောင်တောခရိုင်အတွင်း မေယုတောင်တန်းတကြောမှာ လွန်ခဲ့တဲ့ ဩဂုတ် ၃ ရက်နေ့ နေ့လည်ပိုင်းက တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် (၆) ဦးကို အရှင်ဖမ်းဆီးရမိကြောင်း မနေ့ ဩဂုဏ် ၄ ရက်နေ့ ရက်စွဲနဲ့ အေအေက ထုတ်ပြန်ထားပါတယ်။

တပ်မတော်ဖက်က မနေ့က ထုတ်ပြန်ချက်မှာတော့ ဩဂုတ် ၃ ရက်နေ့က နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို မေယုတောင်ကြောပေါ်ရှိ အင်းဒင်တောင်ကျော်လမ်းမှာ အေအေတပ်ဖွဲ့ဝင်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ (၂) ကြိမ်ချောင်းမြောင်းတိုက်ခိုက်တာကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရသေဆုံးသွားကြောင်းနဲ့ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက ဦးစီးမှူးတစ်ဦး သေဆုံးသွားကြောင်း ပါဝင်ပါတယ်။

အင်းဒင် စေတီပြင်ကျေးရွာတစ်ဝိုက်က တပ်မတော်နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေကို အေအေဖက်က ပစ်ခတ်တိုက်ခိုက်ပြီး ကျဆုံးဒဏ်ရာရတာနဲ့ပတ်သက်ပြီး စေတီပြင်ကျေးရွာအုပ်ချုပ်ရေးမှူကို ဆက်သွယ်ခဲ့ရာ သူက” သတင်းတွေက ကြားတော့ကြားတယ်။

ဒါပေမယ့် အဲဒါတွေကို ကျနော်တို့က အတိအကျမသိရဘူး။ ပစ်ခတ်မှု ဖြစ်တဲ့နေရာကိုလည်း အတိအကျမသိဘူး။ ပြောသံကြားတာကတော့ မောင်တောမြို့နယ် အင်းဒင်ဖက်မှာ ဖြစ်တာထင်တယ်။” လို့ ပြောပါတယ်။

အေအေဖက်က ဖမ်းဆီးသွားတဲ့ တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေမှာ ဘူးသီးတောင်အခြေစိုက် ခလရ (၂၆၃) တပ်ရင်းက တပ်ကြပ် ဇော်ဇော် (၄၈) နှစ်၊ အသက် (၂၇) နှစ်အရွယ် တပ်သား ကောင်းထက်နဲ့ အသက် (၃၆) နှစ်အရွယ် တပ်သား ရဲနိုင်တို့ဖြစ်ကြောင်းသိရကာ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေကတော့ အသက် (၃၇) နှစ်အရွယ် တပ်ကြပ် သက်စိုးလွင်၊ အသက် (၂၈) နှစ်အရွယ် တပ်ကြပ် ထွန်းကျော်ကျော်နဲ့ တပ်သား မိုးဝေစံ (၂၆) နှစ်တို့ဖြစ်ကြောင်း အေအေရဲ့ ထုတ်ပြန်ချက်အရ သိရတာဖြစ်ပါတယ်။

အေအေဖက်က ပြီးခဲ့တဲ့ ဩဂုဏ်လ ၃ ရက်နေ့က တပ်မတော်နဲ့ နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဝင် (၆) ယောက်ကို ဖမ်းဆီးရမိထားတယ်ဆိုတဲ့ အေအေဖက်က ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တပ်မတော်ဖက်က တစ်စုံတစ်ရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။

တပ်မတော်ဖက်က ဩဂုဏ်လ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး အေအေအဖွဲ့ကို အကြမ်းဖက်နှိမ်နှင်းမှုစစ်ဆင်ရေး Counter- Terriorism Operaeion ဆက်လက်ပြုလုပ်လျက်ရှိကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။

တပ်​မ​တော်​သတင်းမှန်​ပြန်​ကြား​ရေးအဖွဲ့အတွင်း​ရေးမှူးဗိုလ်​ချုပ်​ဇော်​မင်းထွန်းက​ ” ပျောက်​ဆုံး​နေတဲ့သူ​တွေ​တော့ရှိတယ်​၊ဩဂုတ်​လ ၃ ရက်​နေ့ဖြစ်​စဉ်​မှာတပ်​ကလည်း​ပျောက်​ဆုံး​နေတယ်​၊ရဲကလည်း​ပျောက်​ဆုံး​နေတဲ့ဖြစ်​စဉ်​တွေရှိခဲ့ပါတယ်​၊ဒါနဲ့ပတ်​သက်​ပြီးအဆက်​အသွယ်​မရ​သေးပါဘူး ၊ ဒီလို​ပျောက်​ဆုံးတပ်​ဖွဲ့ဝင်​တွေရဲ့သတင်းစုံစမ်းမှု​တွေလုပ်​နေပါတယ်​၊နယ်​မြေစိုးမိုး​ရေးကိစ္စ​တွေဆက်​လက်​လုပ်​ဆောင်​နေပါ​ကြောင်း ” ဖြစ်​စဉ်​နဲ့ပတ်​သက်​ပြီးသတင်းထုတ်​ပြန်​နိုင်​လောက်​တဲ့ အချက်​အလက်​တွေမရ​သေးတဲ့အတွက်​ သတင်းထုတ်​ပြန်​နိုင်​ခြင်းမရှိ​သေးပါ​ကြောင်း VOM က ဖုန်းနဲ့ဆက်​သွယ်​မေးမြန်းတာကို ဗိုလ်​ချူပ်​ဇော်​မင်းထွန်းကဖြေဆိုပါတယ်။

အေအေအဖွဲ့ဟာ ပြီးခဲ့တဲ့ ဩဂုဏ်လ ၂ ရက်နေ့ကလည်း မေယုတောင်တန်းပေါ်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကိုချောင်းမြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ တပ်မတော်ဖက်က မနေ့က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Photo- Arakan Army Website
#voiceofmyanmar #VOM #AA

ZAWGYI

တပ်နဲ့ နယ်ခြားစောင့်ရဲ (၆) ဦးကို အေအေဖမ်းဆီးထား

မောင်တော၊ ဩဂုတ် ၅- ၂၀၂၀

ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်မြောက်ဖက်ပိုင်း မောင်တောခရိုင်အတွင်း မေယုတောင်တန်းတကြောမှာ လွန်ခဲ့တဲ့ ဩဂုတ် ၃ ရက်နေ့ နေ့လည်ပိုင်းက တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် (၆) ဦးကို အရှင်ဖမ်းဆီးရမိကြောင်း မနေ့ ဩဂုဏ် ၄ ရက်နေ့ ရက်စွဲနဲ့ အေအေက ထုတ်ပြန်ထားပါတယ်။

တပ်မတော်ဖက်က မနေ့က ထုတ်ပြန်ချက်မှာတော့ ဩဂုတ် ၃ ရက်နေ့က နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို မေယုတောင်ကြောပေါ်ရှိ အင်းဒင်တောင်ကျော်လမ်းမှာ အေအေတပ်ဖွဲ့ဝင်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ (၂) ကြိမ်ချောင်းမြောင်းတိုက်ခိုက်တာကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရသေဆုံးသွားကြောင်းနဲ့ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက ဦးစီးမှူးတစ်ဦး သေဆုံးသွားကြောင်း ပါဝင်ပါတယ်။

အင်းဒင် စေတီပြင်ကျေးရွာတစ်ဝိုက်က တပ်မတော်နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေကို အေအေဖက်က ပစ်ခတ်တိုက်ခိုက်ပြီး ကျဆုံးဒဏ်ရာရတာနဲ့ပတ်သက်ပြီး စေတီပြင်ကျေးရွာအုပ်ချုပ်ရေးမှူကို ဆက်သွယ်ခဲ့ရာ သူက” သတင်းတွေက ကြားတော့ကြားတယ်။

ဒါပေမယ့် အဲဒါတွေကို ကျနော်တို့က အတိအကျမသိရဘူး။ ပစ်ခတ်မှု ဖြစ်တဲ့နေရာကိုလည်း အတိအကျမသိဘူး။ ပြောသံကြားတာကတော့ မောင်တောမြို့နယ် အင်းဒင်ဖက်မှာ ဖြစ်တာထင်တယ်။” လို့ ပြောပါတယ်။

အေအေဖက်က ဖမ်းဆီးသွားတဲ့ တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေမှာ ဘူးသီးတောင်အခြေစိုက် ခလရ (၂၆၃) တပ်ရင်းက တပ်ကြပ် ဇော်ဇော် (၄၈) နှစ်၊ အသက် (၂၇) နှစ်အရွယ် တပ်သား ကောင်းထက်နဲ့ အသက် (၃၆) နှစ်အရွယ် တပ်သား ရဲနိုင်တို့ဖြစ်ကြောင်းသိရကာ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေကတော့ အသက် (၃၇) နှစ်အရွယ် တပ်ကြပ် သက်စိုးလွင်၊ အသက် (၂၈) နှစ်အရွယ် တပ်ကြပ် ထွန်းကျော်ကျော်နဲ့ တပ်သား မိုးဝေစံ (၂၆) နှစ်တို့ဖြစ်ကြောင်း အေအေရဲ့ ထုတ်ပြန်ချက်အရ သိရတာဖြစ်ပါတယ်။

အေအေဖက်က ပြီးခဲ့တဲ့ ဩဂုဏ်လ ၃ ရက်နေ့က တပ်မတော်နဲ့ နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဝင် (၆) ယောက်ကို ဖမ်းဆီးရမိထားတယ်ဆိုတဲ့ အေအေဖက်က ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တပ်မတော်ဖက်က တစ်စုံတစ်ရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။

တပ်မတော်ဖက်က ဩဂုဏ်လ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး အေအေအဖွဲ့ကို အကြမ်းဖက်နှိမ်နှင်းမှုစစ်ဆင်ရေး Counter- Terriorism Operaeion ဆက်လက်ပြုလုပ်လျက်ရှိကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။


အေအေအဖွဲ့ဟာ ပြီးခဲ့တဲ့ ဩဂုဏ်လ ၂ ရက်နေ့ကလည်း မေယုတောင်တန်းပေါ်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကိုချောင်းမြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ တပ်မတော်ဖက်က မနေ့က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Photo- Arakan Army Website
#voiceofmyanmar #VOM #AA

Related posts

Leave a Comment

VOM News

FREE
VIEW