ပြည်ခိုင်ဖြိုးဥက္ကဌ ဦးသန်းဌေး နေပြည်တော်၊ ဇေယျာသီရိက ပြိုင်မယ်

ပြည်ခိုင်ဖြိုးဥက္ကဌ ဦးသန်းဌေး နေပြည်တော်၊ ဇေယျာသီရိက ပြိုင်မယ်

နေပြည်တော်၊ သြဂုတ် ၅-၂၀၂၀
စွမ်းရဲထွဋ် (VOM)

ပြည်ခိုင်ဖြိုးဥက္ကဌ ဦးသန်းဌေး နေပြည်တော်၊ ဇေယျာသီရိမဲဆန္ဒနယ်က ရွေးကောက်ပွဲဝင်ပြိုင်သွားမှာလို့ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးက သိရပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်းမှာ ပြည်ခိုင်ဖြိုးပါတီက နေပြည်တော်မှာရှိတဲ့ မဲဆန္ဒနယ်အားလုံးအတွက် အမည်စာရင်း ပေးသွင်းသွားတယ်လို့ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးမိုးဇော်က သတင်းမီဒီယာတွေကို ပြောပါတယ်။

ဇေယျာသီရိမဲဆန္ဒနယ်အတွက် ပြည်ခိုင်ဖြိုး ဥက္ကဌ ဦးသန်းဌေး၊ ပုပ္ဗသီရိမြို့နယ်အတွက် ဦးဝေလွင်၊ ဥ တ္တရသီရိမဲဆန္ဒနယ်အတွက် ဦးဝင်းရှိန်၊ ဇမ္ဗူသီရိမဲဆန္ဒနယ်အတွက် ဦးဝဏ္ဏမောင်လွင်၊ ပျဉ်းမနားမဲဆန္ဒနယ်အတွက် ဦးမြင့်အောင်သန်း၊ လယ်ဝေးမဲဆန္ဒနယ် အတွက် ဦးဌေးဝင်း၊ တပ်ကုန်းမဲဆန္ဒနယ်အတွက် ဦးကျော် ကျော်လတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁) အတွက် ဒေါ်ဝင်းဝင်းသီနဲ့ မဲဆန္ဒနယ်အမှတ် (၁၂) အတွက် ဦးခင်မောင်ဌေးတို့က အမည်စာရင်းပေးသွင်းခဲ့ကြတာဖြစ်ပါတယ်။

၃ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာတင်ပါတယ်။ သူတို့လည်း ၁၀ နေရာအားလုံးပြီး သွားပါပြီ။ နောက်ထပ် တင်ထားတဲ့ပါတီတွေကတော့ အမျိုးသားဒီမိုကရေစီအင်အားစု၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကလည်း ၄ ဦးလာသွားပါပြီလို့ ဦးမိုးဇော်က ပြောပါတယ်။

မဲဆန္ဒနယ်အပြည့် ၁၀ နေရာလုံး ဝင်ပြိုင်ကြမယ့် ပါတီတွေကတော့ အမျျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီတွေပဲဖြစ်ပါတယ်။ ယနေ့အချိန် ထိ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနဲ့ ပြည်သူ့ပါတီတို့ကတော့ အခုအချိန်ထိ ကိုယ်စားလှယ်လောင်းအမည်စာရင်းပေးသွင်းခြင်းမရှိသေးပါဘူး။

အခု ၂၀၂၀ ပြည်နှစ် ရွေးကောက်ပွဲဟာ အရင် ၂၀၁၅ ရွေးကောက်ပွဲထက် တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်မှုများနေတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ပြည်ခိုင်ဖြိုးပါတီ

ျပည္ခိုင္ၿဖိဳးဥကၠဌ ဦးသန္းေဌး ေနျပည္ေတာ္၊ ေဇယ်ာသီရိက ၿပိဳင္မယ္

ေနျပည္ေတာ္၊ ၾသဂုတ္ ၅-၂၀၂၀
စြမ္းရဲထြဋ္ (VOM)

ျပည္ခိုင္ၿဖိဳးဥကၠဌ ဦးသန္းေဌး ေနျပည္ေတာ္၊ ေဇယ်ာသီရိမဲဆႏၵနယ္က ေ႐ြးေကာက္ပြဲဝင္ၿပိဳင္သြားမွာလို႔ ျပည္ေထာင္စုနယ္ေျမ ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲ႐ုံးက သိရပါတယ္။

ဒီကေန႔ မြန္းလြဲပိုင္းမွာ ျပည္ခိုင္ၿဖိဳးပါတီက ေနျပည္ေတာ္မွာရွိတဲ့ မဲဆႏၵနယ္အားလုံးအတြက္ အမည္စာရင္း ေပးသြင္းသြားတယ္လို႔ ေကာ္မရွင္အဖြဲ႕ခြဲအဖြဲ႕ဝင္ ဦးမိုးေဇာ္က သတင္းမီဒီယာေတြကို ေျပာပါတယ္။

ေဇယ်ာသီရိမဲဆႏၵနယ္အတြက္ ျပည္ခိုင္ၿဖိဳး ဥကၠဌ ဦးသန္းေဌး၊ ပုပၺသီရိၿမိဳ႕နယ္အတြက္ ဦးေဝလြင္၊ ဥ တၱရသီရိမဲဆႏၵနယ္အတြက္ ဦးဝင္းရွိန္၊ ဇမၺဴသီရိမဲဆႏၵနယ္အတြက္ ဦးဝဏၰေမာင္လြင္၊ ပ်ဥ္းမနားမဲဆႏၵနယ္အတြက္ ဦးျမင့္ေအာင္သန္း၊ လယ္ေဝးမဲဆႏၵနယ္ အတြက္ ဦးေဌးဝင္း၊ တပ္ကုန္းမဲဆႏၵနယ္အတြက္ ဦးေက်ာ္ ေက်ာ္လတ္၊ မႏၲေလးတိုင္းေဒသႀကီး မဲဆႏၵနယ္အမွတ္ (၁၁) အတြက္ ေဒၚဝင္းဝင္းသီနဲ႔ မဲဆႏၵနယ္အမွတ္ (၁၂) အတြက္ ဦးခင္ေမာင္ေဌးတို႔က အမည္စာရင္းေပးသြင္းခဲ့ၾကတာျဖစ္ပါတယ္။

၃ရက္ေန႔က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က လာတင္ပါတယ္။ သူတို႔လည္း ၁၀ ေနရာအားလုံးၿပီး သြားပါၿပီ။ ေနာက္ထပ္ တင္ထားတဲ့ပါတီေတြကေတာ့ အမ်ိဳးသားဒီမိုကေရစီအင္အားစု၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီ၊ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီကလည္း ၄ ဦးလာသြားပါၿပီလို႔ ဦးမိုးေဇာ္က ေျပာပါတယ္။

မဲဆႏၵနယ္အျပည့္ ၁၀ ေနရာလုံး ဝင္ၿပိဳင္ၾကမယ့္ ပါတီေတြကေတာ့ အမ််ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၊ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီနဲ႔ ညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီေတြပဲျဖစ္ပါတယ္။ ယေန႔အခ်ိန္ ထိ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီနဲ႔ ျပည္သူ႔ပါတီတို႔ကေတာ့ အခုအခ်ိန္ထိ ကိုယ္စားလွယ္ေလာင္းအမည္စာရင္းေပးသြင္းျခင္းမရွိေသးပါဘူး။

အခု ၂၀၂၀ ျပည္ႏွစ္ ေ႐ြးေကာက္ပြဲဟာ အရင္ ၂၀၁၅ ေ႐ြးေကာက္ပြဲထက္ တစ္သီးပုဂၢလကိုယ္စား လွယ္ေလာင္းေတြ ဝင္ေရာက္ယွဥ္ၿပိဳင္မႈမ်ားေနတယ္လို႔ သိရပါတယ္။
#voiceofmyanmar #VOM #ျပည္ခိုင္ၿဖိဳးပါတီ

Related posts

Leave a Comment

VOM News

FREE
VIEW