သီပေါမြို့မှာ ရဲတပ်သားက ဇနီးဖြစ်သူကို ဓားနဲ့ထိုးသတ်ပြီး သူ့ကိုယ်သူ သေကြောင်းကြံ

သီပေါမြို့မှာ ရဲတပ်သားက ဇနီးဖြစ်သူကို ဓားနဲ့ထိုးသတ်ပြီး သူ့ကိုယ်သူ သေကြောင်းကြံ

သီပေါ၊ သြဂုတ် ၅-၂၀၂၀
ကိုတိုးကြီး ( VOM)

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် ၊ သီပေါမြို့ တောင်မြို့ရပ်ကွက် ၊ နယ်မြေအမှတ်(၈) ထဲက လူနေအိမ်တစ်လုံးမှာ ယခုလ ၄ ရက်နေ့ မနက် ၁၀ နာရီက ရဲတပ်သားတစ်ဦးက ဇနီးဖြစ်သူကို ဓားနဲ့ထိုး သတ်ပြီး သူ့ကိုယ်သူ ဓားဖြင့်သုံးချက်ဆင့်ထိုးကာ သေကြောင်းကြံစီခဲ့တဲ့ ပြစ်မှုတစ်ရပ်ပေါ်ပေါက်ခဲ့တယ်လို့ သီပေါမြို့မရဲစခန်းကနေ သိရပါတယ် ။

“ သေဆုံးသူက မနွယ်နီ၀င်း(ခေါ်) မသဲသဲ အသက်( ၂၄) နှစ်ဖြစ်တယ် ၊ ဝဲဘက်ရင်အုံ တည့်တည့်နေရာမှာ လေးလက္မခန့် ထိုးသွင်းဒဏ်ရာ(၁) ချက်၊ ဝဲဘက် ရင်အုံအောက် တည့်တည့် ထိုးသွင်း ဒဏ်ရာ(၁) ချက် နဲ့ ဝဲဘက်လက်ကောက်၀တ်မှာ ပြတ်ရှဒဏ်ရာ (၁) ချက် ရရှိပြီး နေအိမ်အိပ်ခန်းထဲမှာ လဲ ကျသေဆုံးနေတာဖြစ်တယ် ၊ သူ့ယောင်္ကျားက ဝဲဘက်ရင်အုံမှာ ထိုးသွင်းဒဏ်ရာ (၃) ချက် ၊ ဝဲဘက်ပုခုံး ပွန်းပဲ့ဒဏ်ရာ (၁) ချက်၊ ဝဲဘက်လက်ကောက်၀တ် ပြတ်ရှဒဏ်ရာ (၁) ချက် ရရှိတယ်..၊ စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ် ၊ အခုသီပေါဆေးရုံမှာ ဒုတိယအကြိမ် ခွဲစိပ်ခန်း၀င်နေတယ် ” သီပေါမြိုမရဲစခန်းမှာ တာ၀န်ကျနေတဲ့ ရဲအရာရှိတစ်ဦးကပြောပါတယ်။

သေဆုံးသူ မနွယ်နီး၀င် (ခေါ်) မသဲသဲရဲ့ ခင်ပွန်းဖြစ်သူဟာ မိတ္ထီလာမြို့မှာ အခြေစိုက်တဲ့ ရဲတပ်ရင်း အမှတ် (၃၅) မှာ တာ၀န်ထမ်းဆောင်နေတဲ့ ကိုယ်ပိုင်အမှတ် လ/ ၂၂၉၆၀၃ ရဲတပ်သား ပြည့်ဖြိုးဦး ဖြစ်ဆိုသူ ဖြစ်ကြောင်း သီပေါမြို့မရဲစခန်းရဲ့ မှုခင်းမှတ်တမ်းများတွင် ဖော်ပြထားပါတယ် ။

အဆိုပါ ပြစ်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ သီပေါမြို့မရဲစခန်း (ပ)၈၃ /၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ /၃၀၉ အရ အမှုရေးဖွင့်ထားပြီး ရဲစခန်းမှူး ဒုရဲမှူး သန်းထွေးမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ် ။

#voiceofmyanmar #VOM #သီပေါ

Zawgyi

သီေပါၿမိဳ႕မွာ ရဲတပ္သားက ဇနီးျဖစ္သူကို ဓားနဲ႔ထိုးသတ္ၿပီး သူ႔ကိုယ္သူ ေသေၾကာင္းႀကံ

သီေပါ၊ ၾသဂုတ္ ၅-၂၀၂၀
ကိုတိုးႀကီး ( VOM)

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲခ႐ိုင္ ၊ သီေပါၿမိဳ႕ ေတာင္ၿမိဳ႕ရပ္ကြက္ ၊ နယ္ေျမအမွတ္(၈) ထဲက လူေနအိမ္တစ္လုံးမွာ ယခုလ ၄ ရက္ေန႔ မနက္ ၁၀ နာရီက ရဲတပ္သားတစ္ဦးက ဇနီးျဖစ္သူကို ဓားနဲ႔ထိုး သတ္ၿပီး သူ႔ကိုယ္သူ ဓားျဖင့္သုံးခ်က္ဆင့္ထိုးကာ ေသေၾကာင္းႀကံစီခဲ့တဲ့ ျပစ္မႈတစ္ရပ္ေပၚေပါက္ခဲ့တယ္လို႔ သီေပါၿမိဳ႕မရဲစခန္းကေန သိရပါတယ္ ။

“ ေသဆုံးသူက မႏြယ္နီ၀င္း(ေခၚ) မသဲသဲ အသက္( ၂၄) ႏွစ္ျဖစ္တယ္ ၊ ဝဲဘက္ရင္အုံ တည့္တည့္ေနရာမွာ ေလးလကၼခန႔္ ထိုးသြင္းဒဏ္ရာ(၁) ခ်က္၊ ဝဲဘက္ ရင္အုံေအာက္ တည့္တည့္ ထိုးသြင္း ဒဏ္ရာ(၁) ခ်က္ နဲ႔ ဝဲဘက္လက္ေကာက္၀တ္မွာ ျပတ္ရွဒဏ္ရာ (၁) ခ်က္ ရရွိၿပီး ေနအိမ္အိပ္ခန္းထဲမွာ လဲ က်ေသဆုံးေနတာျဖစ္တယ္ ၊ သူ႔ေယာက်ၤားက ဝဲဘက္ရင္အုံမွာ ထိုးသြင္းဒဏ္ရာ (၃) ခ်က္ ၊ ဝဲဘက္ပုခုံး ပြန္းပဲ့ဒဏ္ရာ (၁) ခ်က္၊ ဝဲဘက္လက္ေကာက္၀တ္ ျပတ္ရွဒဏ္ရာ (၁) ခ်က္ ရရွိတယ္..၊ စိုးရိမ္ရတဲ့ အေျခအေနျဖစ္တယ္ ၊ အခုသီေပါေဆး႐ုံမွာ ဒုတိယအႀကိမ္ ခြဲစိပ္ခန္း၀င္ေနတယ္ ” သီေပါၿမိဳမရဲစခန္းမွာ တာ၀န္က်ေနတဲ့ ရဲအရာရွိတစ္ဦးကေျပာပါတယ္။

ေသဆုံးသူ မႏြယ္နီး၀င္ (ေခၚ) မသဲသဲရဲ႕ ခင္ပြန္းျဖစ္သူဟာ မိတၳီလာၿမိဳ႕မွာ အေျခစိုက္တဲ့ ရဲတပ္ရင္း အမွတ္ (၃၅) မွာ တာ၀န္ထမ္းေဆာင္ေနတဲ့ ကိုယ္ပိုင္အမွတ္ လ/ ၂၂၉၆၀၃ ရဲတပ္သား ျပည့္ၿဖိဳးဦး ျဖစ္ဆိုသူ ျဖစ္ေၾကာင္း သီေပါၿမိဳ႕မရဲစခန္းရဲ႕ မႈခင္းမွတ္တမ္းမ်ားတြင္ ေဖာ္ျပထားပါတယ္ ။

အဆိုပါ ျပစ္မႈျဖစ္စဥ္နဲ႔ ပတ္သက္လို႔ သီေပါၿမိဳ႕မရဲစခန္း (ပ)၈၃ /၂၀၂၀ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၀၂ /၃၀၉ အရ အမႈေရးဖြင့္ထားၿပီး ရဲစခန္းမႉး ဒုရဲမႉး သန္းေထြးမွ စစ္ေဆးေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရပါတယ္ ။

#voiceofmyanmar #VOM #သီေပါ

Related posts

Leave a Comment

VOM News

FREE
VIEW