ရသေ့တောင်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး (၁) နှစ်ကျော် ကလေးတစ်ဦးအပါဝင် (၄) ဦးဒဏ်ရာရ

ရသေ့တောင်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး (၁) နှစ်ကျော် ကလေးတစ်ဦးအပါဝင် (၄) ဦးဒဏ်ရာရ

ရသေ့တောင်၊ သြဂုဏ် ၉- ၂၀၂၀
ထက်အောင်းစိုင်း (VOM)

ရသေ့တောင်မြို့နယ်မှာ ဒီကနေ့မနက် ၁၀ နာရီကျော်လောက်က ပစ်ခတ်မှုတွေဖြစ်ပွားပြီး မေယုမြစ်အတွင်းက လက်နက်ကြီးကျည်ပစ်ခတ်မှုကြောင့် အောက်ကျောင်းတောင်ကျေးရွာထဲကိုကျရောက်ပေါက်ကွဲပြီး ကလေးတစ်ဦးအပါအဝင် (၄) ဦးဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။

အောက်ကျောင်းတောင်ကျေးရွာသား ဦးခင်မောင်ဌေး ပြောပြတာက” ကျနော်တို့ရွာမှာ လူတွေဒဏ်ရာရကြတာ ဟုတ်ပါတယ်။ အဓိကတော့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ကျည်စတွေထိမှန်တာလို့ သိရတယ်။ အပြန်အလှန်ပစ်ခတ်တာလား ဘယ်လိုမျိုးလဲဆိုတာ ကျနော်တို့မသိဘူး။ ဇက်ကလည်း ပစ်တယ်။ မြစ်တစ်ဖက်ကမ်းက လည်းပစ်တယ်လို့ ပြောသံကြားတယ်။ အတိအကျမသိဘူး။အဲဒီပစ်ခတ်မှုတွေကြောင့် အောက်ကျောင်းတောင် ကျေးရွာက ဒေသခံတချို့ စေတီပြင်ကျေးရွာဖက်ကို ထွက်ပြေးနေရတယ်၊ ခြေကျင်ပြေးတဲ့သူတွေရှိသလို စက်တပ် လှေတွေနဲ့ ပြေးတဲ့သူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

လက်နက်ကြီးကျည်ဟာ မေယုမြစ်ဖက်ကနေ အောက်ကျောင်းတောင်ကျေးရွာထဲကို ကျရောက်ပေါက်ကွဲရာ အသက် (၁) နှစ်ကျော်အရွယ် မောင်နိုင်ရဲလင်းမှာ ဦးခေါင်းဒဏ်ရာ၊ ဦးစိုးအောင်ဖြူ (၆၉) နှစ် ကျော်အရွယ်မှာ နားထင်ဒဏ်ရာ ၊ ဦးဦးရွှေစိုး အသက် (၆၃) နှစ်မှာ ဘယ်ခြေထောက်ဒဏ်ရာ နဲ့ ကိုကျော်စိုးတင် အသက် (၂၇) နှစ်မှာ နောက်ကျောဒဏ်ရာ တို့ရရှိခဲ့တယ်လို့ သိရပါတယ်။

သူတို့အားလုံးဟာ ကျေးရွာအတွင်းရှိနေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး လက်နက်ကြီးကျည်စထိမှန်သွားတာဖြစ်ကြောင်းနဲ့ အခုလိုမျိုး လက်နက်ကြီးကျည်ကျပြီး ဒဏ်ရာရရှိသွားသူတွေကို ဆေးရုံဆေးခန်းမပို့နိုင်ဘဲရှိနေတဲ့အပြင် လက်ရှိအချိန်အထိ ပစ်ခတ်မှုတွေရှိနေကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရသေ့တောင်မြို့နယ်က ဒေသခံအမျိုးသမီး ဒေါ်မမိုးပြောပြတာက” ဒီကနေ့ မနက်ပိုင်း ၁၀ နာရီလောက်က အောက်ကျောင်းတောင်ဖက်မှာ ပစ်ခတ်မှုတွေဖြစ်ကြတယ်။ အဲဒီမှာ မေယုမြစ်ထဲကပစ်လိုက်တဲ့ လက်နက်ကြီးကျလို့ အောက်ကျောင်းတောင်ရွာမှာ ကလေးတစ်ယောက်နဲ့ လူကြီး ၃ ယောက်ဒဏ်ရာ ရကြတယ်။ အခုအချိန်ထိ ပစ်ခတ်မှုဖြစ်နေကြတယ်။” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်တာဝန်ရှိသူတွေကို ဆက်သွယ်နေဆဲဖြစ်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကို ဆက်သွယ်ပေမယ့် ဖုန်းကိုင်ဖြေကြားတာမရှိပါဘူး။

ရသေ့တောင်မြို့နယ်မှာ ယခုရက်ပိုင်း တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးတင်းမာမှုတွေရှိနေပြီး လက်ရှိမှာ တပ်မတော်က ကျောက်တန်းတိုက်နယ်တဝိုက်မှာ စစ်ဆင်ရေးလုပ်နေ တာလည်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှု ရာနဲ့ချီ ရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရသေ့တောင်

Zawgyi

ရေသ့ေတာင္မွာ ပစ္ခတ္မႈျဖစ္ပြားၿပီး (၁) ႏွစ္ေက်ာ္ ကေလးတစ္ဦးအပါဝင္ (၄) ဦးဒဏ္ရာရ

ရေသ့ေတာင္၊ ၾသဂုဏ္ ၉- ၂၀၂၀
ထက္ေအာင္းစိုင္း (VOM)

ရေသ့ေတာင္ၿမိဳ႕နယ္မွာ ဒီကေန႔မနက္ ၁၀ နာရီေက်ာ္ေလာက္က ပစ္ခတ္မႈေတြျဖစ္ပြားၿပီး ေမယုျမစ္အတြင္းက လက္နက္ႀကီးက်ည္ပစ္ခတ္မႈေၾကာင့္ ေအာက္ေက်ာင္းေတာင္ေက်း႐ြာထဲကိုက်ေရာက္ေပါက္ကြဲၿပီး ကေလးတစ္ဦးအပါအဝင္ (၄) ဦးဒဏ္ရာရရွိသြားေၾကာင္း သိရပါတယ္။

ေအာက္ေက်ာင္းေတာင္ေက်း႐ြာသား ဦးခင္ေမာင္ေဌး ေျပာျပတာက” က်ေနာ္တို႔႐ြာမွာ လူေတြဒဏ္ရာရၾကတာ ​ဟုတ္ပါတယ္။ အဓိကေတာ့ လက္နက္ႀကီး က်ေရာက္ေပါက္ကြဲလို႔ က်ည္စေတြထိမွန္တာလို႔ သိရတယ္။ အျပန္အလွန္ပစ္ခတ္တာလား ဘယ္လိုမ်ိဳးလဲဆိုတာ က်ေနာ္တို႔မသိဘူး။ ဇက္ကလည္း ပစ္တယ္။ ျမစ္တစ္ဖက္ကမ္းက လည္းပစ္တယ္လို႔ ေျပာသံၾကားတယ္။ အတိအက်မသိဘူး။အဲဒီပစ္ခတ္မႈေတြေၾကာင့္ ေအာက္ေက်ာင္းေတာင္ ေက်း႐ြာက ေဒသခံတခ်ိဳ႕ ေစတီျပင္ေက်း႐ြာဖက္ကို ထြက္ေျပးေနရတယ္၊ ေျခက်င္ေျပးတဲ့သူေတြရွိသလို စက္တပ္ ေလွေတြနဲ႔ ေျပးတဲ့သူေတြလည္း ရွိတယ္” လို႔ ေျပာပါတယ္။

လက္နက္ႀကီးက်ည္ဟာ ေမယုျမစ္ဖက္ကေန ေအာက္ေက်ာင္းေတာင္ေက်း႐ြာထဲကို က်ေရာက္ေပါက္ကြဲရာ အသက္ (၁) ႏွစ္ေက်ာ္အ႐ြယ္ ေမာင္ႏိုင္ရဲလင္းမွာ ဦးေခါင္းဒဏ္ရာ၊ ဦးစိုးေအာင္ျဖဴ (၆၉) ႏွစ္ ေက်ာ္အ႐ြယ္မွာ နားထင္ဒဏ္ရာ ၊ ဦးဦးေ႐ႊစိုး အသက္ (၆၃) ႏွစ္မွာ ဘယ္ေျခေထာက္ဒဏ္ရာ နဲ႔ ကိုေက်ာ္စိုးတင္ အသက္ (၂၇) ႏွစ္မွာ ေနာက္ေက်ာဒဏ္ရာ တို႔ရရွိခဲ့တယ္လို႔ သိရပါတယ္။

သူတို႔အားလုံးဟာ ေက်း႐ြာအတြင္းရွိေနစဥ္ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲၿပီး လက္နက္ႀကီးက်ည္စထိမွန္သြားတာျဖစ္ေၾကာင္းနဲ႔ အခုလိုမ်ိဳး လက္နက္ႀကီးက်ည္က်ၿပီး ဒဏ္ရာရရွိသြားသူေတြကို ေဆး႐ုံေဆးခန္းမပို႔ႏိုင္ဘဲရွိေနတဲ့အျပင္ လက္ရွိအခ်ိန္အထိ ပစ္ခတ္မႈေတြရွိေနေၾကာင္း ေဒသခံေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္က ေဒသခံအမ်ိဳးသမီး ေဒၚမမိုးေျပာျပတာက” ဒီကေန႔ မနက္ပိုင္း ၁၀ နာရီေလာက္က ေအာက္ေက်ာင္းေတာင္ဖက္မွာ ပစ္ခတ္မႈေတြျဖစ္ၾကတယ္။ အဲဒီမွာ ေမယုျမစ္ထဲကပစ္လိုက္တဲ့ လက္နက္ႀကီးက်လို႔ ေအာက္ေက်ာင္းေတာင္႐ြာမွာ ကေလးတစ္ေယာက္နဲ႔ လူႀကီး ၃ ေယာက္ဒဏ္ရာ ရၾကတယ္။ အခုအခ်ိန္ထိ ပစ္ခတ္မႈျဖစ္ေနၾကတယ္။” လို႔ ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး တပ္မေတာ္တာဝန္ရွိသူေတြကို ဆက္သြယ္ေနဆဲျဖစ္ၿပီး ရခိုင္ျပည္နယ္ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးမင္းသန္းကို ဆက္သြယ္ေပမယ့္ ဖုန္းကိုင္ေျဖၾကားတာမရွိပါဘူး။

ရေသ့ေတာင္ၿမိဳ႕နယ္မွာ ယခုရက္ပိုင္း တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးတင္းမာမႈေတြရွိေနၿပီး လက္ရွိမွာ တပ္မေတာ္က ေက်ာက္တန္းတိုက္နယ္တဝိုက္မွာ စစ္ဆင္ေရးလုပ္ေန တာလည္းျဖစ္ၿပီး ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးပဋိပကၡေတြေၾကာင့္ အရပ္သားထိခိုက္ေသဆုံးမႈ ရာနဲ႔ခ်ီ ရွိေနတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ရေသ့ေတာင္

Related posts

Leave a Comment

VOM News

FREE
VIEW