ဖားကန့် မြေပြိုကျမှုမှာပါသွားတဲ့ ဆယ်တန်းကျောင်းသား တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်

ဖားကန့် မြေပြိုကျမှုမှာပါသွားတဲ့ ဆယ်တန်းကျောင်းသား တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင် ရန်ကုန်၊ သြဂုတ် ၉-၂၀၂၀ သိင်္ဂီ (VOM) ဖားကန့်၊ ဝှေခါမှော်ပြိုကျမှုမှာပါသွားခဲ့တဲ့ ဆယ်တန်းကျောင်းသားမောင်စိုးသူအောင်ဟာ ဒီကနေ့ သြဂုတ်လ ၉ ရက်နေ့ မှာ ထွက်ရှိတဲ့ ၂၀၂၀ ခုနှစ်ဆယ်တန်းအောင်စာမေးပွဲကို အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ မန္တလေးတိုင်းဒေသကြီး၊ အ.ထ.က မြို့လှ (ရမည်းသင်း) စာစစ်ဌာနကနေ ဝိဇ္ဇာဘာသာတွဲဖြင့် ဝင်ရောက်ဖြေဆိုခဲ့သူဖြစ်ပါတယ်။ “ဆယ်တန်းအောင်တယ် ဟုတ်ပါတယ်။ ဒီမှာက ကလေးနေတဲ့ ရမည်းသင်းက ဆရာတော်တစ်ပါးက ကျောင်းထိုင်တယ်။ဒီကို လာလည်ရင်း ကူညီရင်းနဲ့ ကျင်းထဲသွားကျင်းတူးရာကနေ ပါသွားတာပေါ့။ကလေးက ကံဆိုးတဲ့အထဲပါသွားခဲ့တာပါ။ “လို့ ဝှေခါကျေးရွာ တာဝန်ခံ ဦးကျော်မင်းကပြောပါတယ်။ ကျောင်းသားလေးဟာ ဒီနှစ် တက္ကသိုလ်ဝင်ဆယ်တန်းစာမေးပွဲကို ရိုရိုးအောင်မြင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ မောင်စိုးသူအောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကဖြစ်ပွားခဲ့ ဖားကန့် ၊ ဝှေခါမှော်မြေပြိုမှု မှာ သေဆုံးသွားခဲ့တာဖြစ်ပြီး…

Read More

တက္ကသိုလ်ဝင်တန်းမအောင်တဲ့ ကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံး

တက္ကသိုလ်ဝင်တန်းမအောင်တဲ့ ကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံး ကလေး၊ သြဂုတ် ၉၊၂၀၂၀ ငြိမ်းသူမင်း(VOM) စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာမှာနေထိုင်တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုထားတဲ့ ကျောင်းသားတစ်ဦး စာမေးပွဲမအောင်တာကြောင့် ကြိုးဆွဲချသေဆုံးတဲ့ ဖြစ်စဉ်တစ်ခု ဒီကနေ့နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ထန်းပင်ကုန်းကျေးရွာ တာဝန်ခံ ဦးတင်ထွန်း က ပြောပါတယ်။ ထန်းပင်ကုန်းကျေးရွာမှာ နေထိုင်တဲ့ မောင်လှဇော်ထွန်း အသက်(၁၈) နှစ်ဟာ နေအိမ်ခြံဝန်းထဲမှာရှိတဲ့ အိမ်အဟောင်းအပေါ်ထပ် ထုပ်တန်းမှာ ကြိုးဆွဲချသေဆုံးနေတာကို ဒီနေ့ နေ့လယ် ၁၂ နာရီ အချိန်ခန့်က နေအိမ်ကလူတွေက မြင်တွေ့ခဲ့တာဖြစ်ပြီး မောင်လှဇော်ထွန်းက တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့တာ ဒီနှစ်နဲ့ ဆိုရင် နှစ်ကြိမ်ရှိနေပြီဖြစ်ပေမယ့် စာမေးပွဲမအောင်မြင်တာကြောင့် ကြိုးဆွဲချသေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ကျေးရွာတာဝန်ခံ ဦးတင်ထွန်း ပြောပြတာက “အိမ်အသစ် ဆောက်တော့ အိမ်အဟောင်းက မဖျက်ရသေးဘူး။ အဲ့ဒီ အိမ်အဟောင်း အပေါ်ထပ်မှာဖြစ်တာ။ အိမ်အသစ်မှာတော့ လူတွေတက်နေကုန်ကျပြီ။ အိမ်အဟောင်းကို…

Read More

ရသေ့တောင်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး (၁) နှစ်ကျော် ကလေးတစ်ဦးအပါဝင် (၄) ဦးဒဏ်ရာရ

ရသေ့တောင်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး (၁) နှစ်ကျော် ကလေးတစ်ဦးအပါဝင် (၄) ဦးဒဏ်ရာရ ရသေ့တောင်၊ သြဂုဏ် ၉- ၂၀၂၀ ထက်အောင်းစိုင်း (VOM) ရသေ့တောင်မြို့နယ်မှာ ဒီကနေ့မနက် ၁၀ နာရီကျော်လောက်က ပစ်ခတ်မှုတွေဖြစ်ပွားပြီး မေယုမြစ်အတွင်းက လက်နက်ကြီးကျည်ပစ်ခတ်မှုကြောင့် အောက်ကျောင်းတောင်ကျေးရွာထဲကိုကျရောက်ပေါက်ကွဲပြီး ကလေးတစ်ဦးအပါအဝင် (၄) ဦးဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။ အောက်ကျောင်းတောင်ကျေးရွာသား ဦးခင်မောင်ဌေး ပြောပြတာက” ကျနော်တို့ရွာမှာ လူတွေဒဏ်ရာရကြတာ ဟုတ်ပါတယ်။ အဓိကတော့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ကျည်စတွေထိမှန်တာလို့ သိရတယ်။ အပြန်အလှန်ပစ်ခတ်တာလား ဘယ်လိုမျိုးလဲဆိုတာ ကျနော်တို့မသိဘူး။ ဇက်ကလည်း ပစ်တယ်။ မြစ်တစ်ဖက်ကမ်းက လည်းပစ်တယ်လို့ ပြောသံကြားတယ်။ အတိအကျမသိဘူး။အဲဒီပစ်ခတ်မှုတွေကြောင့် အောက်ကျောင်းတောင် ကျေးရွာက ဒေသခံတချို့ စေတီပြင်ကျေးရွာဖက်ကို ထွက်ပြေးနေရတယ်၊ ခြေကျင်ပြေးတဲ့သူတွေရှိသလို စက်တပ် လှေတွေနဲ့ ပြေးတဲ့သူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။ လက်နက်ကြီးကျည်ဟာ မေယုမြစ်ဖက်ကနေ အောက်ကျောင်းတောင်ကျေးရွာထဲကို…

Read More

အကျဉ်းဦးစီးဌာန စာဖြေဌာနတွေက လေးဘာသာဂုဏ်ထူးရှင်တစ်ဦးအပါအဝင် ၁၀၈ ဦးအောင်မြင်

အကျဉ်းဦးစီးဌာန စာဖြေဌာနတွေက လေးဘာသာဂုဏ်ထူးရှင်တစ်ဦးအပါအဝင် ၁၀၈ ဦးအောင်မြင် နေပြည်တော်၊ဩဂုတ် ၉-၂၀၂၀ ကောင်းလက်ျာ(VOM) ပြည်ထဲရေးဝန်ကြီးဌာနရဲ့လက်အောက်မှာရှိတဲ့ အကျဉ်းထောင်‌တွေကနေ ၂၀၁၉ -၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့ကြတဲ့ အကျဉ်းသားနဲ့အချုပ်ကျတရားခံ၁၇၈ ဦးထဲက လေးဘာသာ ဂုဏ်ထူးရှင်တစ်ဦးအပါအဝင် ၁၀၈ ဦးဖြေဆို အောင်မြင်ခဲ့တယ်လို့ အကျဉ်းဦးစီးဌာနကနေ သိရပါတယ်။ “‌ဖြေဆိုသူဦးရေ မတူပေမယ့် အခုနှစ်အာ အောင်မြင်ချက်ရာခိုင်နူန်းမြင့်တယ်ပြော ရပါမယ်။ မနှစ်က ၁၇၁ ယောက်မှာ ၉၄ ဦးအောင်တယ်။မနှစ်က အောင်ချက် ၅၄ ဒဿမ ၉၇ ဖြစ်ပြီး ၊ အခုနှစ် ၆၀ ရာခိုင်နူန်းပါ”လို့ အကျဉ်းဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ်ဦးရဲရင့်နိုင်က ပြောပါတယ်။ ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တိုင်းနဲ့ပြည်နယ်အသီးသီးက အကျဉ်းထောင်ပေါင်း ၁၁ ခုမှာအကျဉ်းသား ၁၆၂ ဦး၊အကျဉ်းသူ ၁၃ ဦး၊ အချုပ်ကျတရားခံ၂ ဦး၊ အချုပ်ကျတရားခံအမျိုးသမီး ၁…

Read More

ကွာရန်တင်းစင်တာမှာ ဘိန်းဖြူနဲ့ ဆေးထိုးအပ်တွေ ဖမ်းဆီးရမိ

ကွာရန်တင်းစင်တာမှာ ဘိန်းဖြူနဲ့ ဆေးထိုးအပ်တွေ ဖမ်းဆီးရမိ မုံရွာ ၊ သြဂုတ် ၉ – ၂၀၂၀ ကိုတိုးကြီး (VOM) မိုယ်းကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက် ပြည်သူ့အားကစားကွင်းထဲမှာ ဖွင့်လှစ်ထားတဲ့ COVID-19 Facility Quarantine Centreမှာ မနေ့သြဂုတ်လ ၈ရက်မနက်ပိုင်းက ဘိန်းဖြူဆေးထိုးအပ်တွေ ဖမ်းဆီးရမိတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ “ အဲ့ဒီစင်တာမှာ ထိုင်းကပြန်လာပြီး Q ဝင်နေတဲ့ ဖြိုးဇင်ဝင်းမောင်ဆီကို သူ့သူငယ်ချင်း ဇော်ဝင်းလတ်က မနက် ၁၀ နာရီခွဲလောက်မှာ အစားအသောက်တွေလာပို့တယ်၊ အဲ့ဒီမှာ တာဝန်ကျနေတဲ့ နယ်ထိန်း ဒုရဲအုပ် စိုးညွှန့်အောင်နဲ့အဖွဲ့က ပါဆယ်ထုပ်တွေကို စစ်ဆေးကြည့်တယ် ၊ ငှက်ပျောကြော်အထုပ်ထဲက ဘိန်းဖြူမှုန့်ထည့်ပြီးသား ပလပ်စတစ် ဆေးထိုးအပ် သုံးချောင်းတွေ့ရလို့ ဖမ်းဆီးခဲ့တာပါ ”လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ၊ ပြည်နယ်မှုခင်းအကူဌာနစိပ်ရှိ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ ထိုင်းနိုင်ငံကပြန်လာပြီး…

Read More

ကချင်ပြည်နယ်မှာ အရင်ကရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ရွာ ၁၀ ရွာ အခုနှစ် မဲရုံဖွင့်မယ်

ကချင်ပြည်နယ်မှာ အရင်ကရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ရွာ ၁၀ ရွာ အခုနှစ် မဲရုံဖွင့်မယ် မြစ်ကြီးနား၊ သြဂုတ် ၉-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်အတွင်းက ကျေးရွာ ၁၀ ရွာကို နယ်မြေအေးချမ်းလာတဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲပြန်ကျင်းပနိုင်မယ်လု့ိ ကချင်ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်က VOM ကို ပြောပါတယ်။ အဲ့ဒီရွာတွေကတော့ ခေါင်းလန်ဖူးမြို့နယ်က ခင်လွမ်ကျေးရွာ၊ ဝိုင်းမော်မြို့နယ်က နန်ဆန်ယန်နဲ့ ဇခုန်ကျေးရွာ၊ မိုးမောက်မြို့နယ်က ကျရီဒကော်ကျေးရွာ၊ စိန်လုံပန်မူကျေးရွာ၊ ကုန်ပြီကျေးရွာ၊ ဦးထန်ယန်ကျေးရွာ၊ မန်ပိန်ကျေးရွာနဲ့ ရွေကူမြို့နယ်က အမတ်ကြီးကုန်းကျေးရွာတို့ ဖြစ်ပါတယ်။ အဲ့ဒီကျေးရွာတွေဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေတုန်းက မဲစာရင်းကောက်ယူနိုင်ခြင်း မရှိတဲ့ ကျေးရွာတွေထဲမှာ ပါဝင်ခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ နယ်မြေလုံခြုံရေး အခြေအနေ ပြန်ကောင်းလာတဲ့အတွက် မဲရုံဖွင့်ပြီး ရွေးကောက်ပွဲကျင်းပဖို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ နယ်မြေအခြေအနေ အေးချမ်လာတဲ့အတွက် မန်စီမြို့နယ်၊ မုန်ဒိန်းပါကျေးရွာမှာ မဲရုံဖွင့်လှစ်နိုင်ဖို့ ဇူလိုင်လအတွင်းက…

Read More
VOM News

FREE
VIEW