ကွာရန်တင်းစင်တာမှာ ဘိန်းဖြူနဲ့ ဆေးထိုးအပ်တွေ ဖမ်းဆီးရမိ

ကွာရန်တင်းစင်တာမှာ ဘိန်းဖြူနဲ့ ဆေးထိုးအပ်တွေ ဖမ်းဆီးရမိ

မုံရွာ ၊ သြဂုတ် ၉ – ၂၀၂၀
ကိုတိုးကြီး (VOM)

မိုယ်းကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက် ပြည်သူ့အားကစားကွင်းထဲမှာ ဖွင့်လှစ်ထားတဲ့ COVID-19 Facility Quarantine Centreမှာ မနေ့သြဂုတ်လ ၈ရက်မနက်ပိုင်းက ဘိန်းဖြူဆေးထိုးအပ်တွေ ဖမ်းဆီးရမိတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

“ အဲ့ဒီစင်တာမှာ ထိုင်းကပြန်လာပြီး Q ဝင်နေတဲ့ ဖြိုးဇင်ဝင်းမောင်ဆီကို သူ့သူငယ်ချင်း ဇော်ဝင်းလတ်က မနက် ၁၀ နာရီခွဲလောက်မှာ အစားအသောက်တွေလာပို့တယ်၊ အဲ့ဒီမှာ တာဝန်ကျနေတဲ့ နယ်ထိန်း ဒုရဲအုပ် စိုးညွှန့်အောင်နဲ့အဖွဲ့က ပါဆယ်ထုပ်တွေကို စစ်ဆေးကြည့်တယ် ၊ ငှက်ပျောကြော်အထုပ်ထဲက ဘိန်းဖြူမှုန့်ထည့်ပြီးသား ပလပ်စတစ် ဆေးထိုးအပ် သုံးချောင်းတွေ့ရလို့ ဖမ်းဆီးခဲ့တာပါ ”လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ၊ ပြည်နယ်မှုခင်းအကူဌာနစိပ်ရှိ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ထိုင်းနိုင်ငံကပြန်လာပြီး မိုယ်းကောင်းမြို့ ကျန်းမာရေးစင်တာမှာ ကျန်းမာရေးအစစ်ဆေးခံနေတဲ့သူနဲ့ သူ့ကိုစားသောက်စရာ ပါဆယ်ထုပ်ပို့ဆောင်ပေးခဲ့တဲ့သူကို ဘိန်းဖြူဆေးထိုးပိုက် ၃ ချောင်းဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး မိုယ်းကောင်းမြို့မရဲစခန်းက မယ(ပ) ၄၇ /၂၀၂၀ မူးစိတ် ပုဒ်မ ၁၆ (ဂ) /၂၁ အရ အမှုဖွင့် အရေးယူထားတာဖြစ်ပါတယ်။

ဓာတ်ပုံ-ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံး
#voiceofmyanmar #VOM #မိုယ်းကောင်း

Zawgyi

ကြာရန္တင္းစင္တာမွာ ဘိန္းျဖဴနဲ႔ ေဆးထိုးအပ္ေတြ ဖမ္းဆီးရမိ

မံုရြာ ၊ ၾသဂုတ္ ၉ – ၂၀၂၀
ကိုတိုးၾကီး (VOM)

မိုယ္းေကာင္းျမိဳ႕ ေနာင္ကိုင္ေတာ္ရပ္ကြက္ ျပည္သူ႔အားကစားကြင္းထဲမွာ ဖြင္႔လွစ္ထားတဲ႔ COVID-19 Facility Quarantine Centreမွာ မေန႔ၾသဂုတ္လ ၈ရက္မနက္ပိုင္းက ဘိန္းျဖဴေဆးထိုးအပ္ေတြ ဖမ္းဆီးရမိတယ္လို႔ ကခ်င္ျပည္နယ္ ရဲတပ္ဖြဲ႔မွဴးရံုးကေန သိရပါတယ္။

“ အဲ႔ဒီစင္တာမွာ ထိုင္းကျပန္လာျပီး Q ၀င္ေနတဲ႔ ျဖိဳးဇင္၀င္းေမာင္ဆီကို သူ႕သူငယ္ခ်င္း ေဇာ္၀င္းလတ္က မနက္ ၁၀ နာရီခြဲေလာက္မွာ အစားအေသာက္ေတြလာပို႔တယ္၊ အဲ႔ဒီမွာ တာ၀န္က်ေနတဲ႔ နယ္ထိန္း ဒုရဲအုပ္ စိုးညႊန္႔ေအာင္နဲ႔အဖြဲ႔က ပါဆယ္ထုပ္ေတြကို စစ္ေဆးၾကည္႔တယ္ ၊ ငွက္ေပ်ာေၾကာ္အထုပ္ထဲက ဘိန္းျဖဴမႈန္႔ထည္႔ျပီးသား ပလပ္စတစ္ ေဆးထိုးအပ္ သံုးေခ်ာင္းေတြ႔ရလို႔ ဖမ္းဆီးခဲ႔တာပါ ”လို႔ ကခ်င္ျပည္နယ္ရဲတပ္ဖြဲ႔မွဴးရံုး ၊ ျပည္နယ္မႈခင္းအကူဌာနစိပ္ရွိ ရဲအရာရွိတစ္ဦးက ေျပာပါတယ္။

ထိုင္းနိုင္ငံကျပန္လာျပီး မိုယ္းေကာင္းျမိဳ႕ က်န္းမာေရးစင္တာမွာ က်န္းမာေရးအစစ္ေဆးခံေနတဲ႔သူနဲ႔ သူ႔ကိုစားေသာက္စရာ ပါဆယ္ထုပ္ပို႔ေဆာင္ေပးခဲ႔တဲ႔သူကို ဘိန္းျဖဴေဆးထိုးပိုက္ ၃ ေခ်ာင္းဖမ္းဆီးရမိတာနဲ႔ ပတ္သက္ျပီး မိုယ္းေကာင္းျမိဳ႕မရဲစခန္းက မယ(ပ) ၄၇ /၂၀၂၀ မူးစိတ္ ပုဒ္မ ၁၆ (ဂ) /၂၁ အရ အမႈဖြင္႔ အေရးယူထားတာျဖစ္ပါတယ္။

ဓာတ္ပံု-ကခ်င္ျပည္နယ္ရဲတပ္ဖြဲ႔ရံုး
#voiceofmyanmar #VOM #မိုယ္းေကာင္း

Related posts

Leave a Comment

VOM News

FREE
VIEW