ဖားကန့် မြေပြိုကျမှုမှာပါသွားတဲ့ ဆယ်တန်းကျောင်းသား တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်

ဖားကန့် မြေပြိုကျမှုမှာပါသွားတဲ့ ဆယ်တန်းကျောင်းသား တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်

ရန်ကုန်၊ သြဂုတ် ၉-၂၀၂၀
သိင်္ဂီ (VOM)

ဖားကန့်၊ ဝှေခါမှော်ပြိုကျမှုမှာပါသွားခဲ့တဲ့ ဆယ်တန်းကျောင်းသားမောင်စိုးသူအောင်ဟာ ဒီကနေ့ သြဂုတ်လ ၉ ရက်နေ့ မှာ ထွက်ရှိတဲ့ ၂၀၂၀ ခုနှစ်ဆယ်တန်းအောင်စာမေးပွဲကို အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

သူဟာ မန္တလေးတိုင်းဒေသကြီး၊ အ.ထ.က မြို့လှ (ရမည်းသင်း) စာစစ်ဌာနကနေ ဝိဇ္ဇာဘာသာတွဲဖြင့် ဝင်ရောက်ဖြေဆိုခဲ့သူဖြစ်ပါတယ်။

“ဆယ်တန်းအောင်တယ် ဟုတ်ပါတယ်။ ဒီမှာက ကလေးနေတဲ့ ရမည်းသင်းက ဆရာတော်တစ်ပါးက ကျောင်းထိုင်တယ်။ဒီကို လာလည်ရင်း ကူညီရင်းနဲ့ ကျင်းထဲသွားကျင်းတူးရာကနေ ပါသွားတာပေါ့။ကလေးက ကံဆိုးတဲ့အထဲပါသွားခဲ့တာပါ။ “လို့ ဝှေခါကျေးရွာ တာဝန်ခံ ဦးကျော်မင်းကပြောပါတယ်။

ကျောင်းသားလေးဟာ ဒီနှစ် တက္ကသိုလ်ဝင်ဆယ်တန်းစာမေးပွဲကို ရိုရိုးအောင်မြင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

မောင်စိုးသူအောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကဖြစ်ပွားခဲ့ ဖားကန့် ၊ ဝှေခါမှော်မြေပြိုမှု မှာ သေဆုံးသွားခဲ့တာဖြစ်ပြီး အဲ့ဒီမြေပြိုမှုမှာ လူပေါင်း ၁၆၀ ကျော်သေဆုံးမှုရှိခဲ့ကာ ထိခိုက်ဒဏ်ရာရသူက ၇၀ ကျော်ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ဖားကန့် #မြေပြိုမှုမှာသေဆုံးတဲ့ကျောင်းသား #စာမေးပွဲအောင်မြင်

Zawgyi

ဖားကန္႔ ​ေျမၿပိဳက်မႈမွာပါသြားတဲ့ ဆယ္​တန္း​ေက်ာင္းသား​ တကၠသိုလ္ဝင္စာေမးပြဲေအာင္ျမင္

ရန္ကုန္၊ ၾသဂုတ္ ၉-၂၀၂၀
သိဂႌ (VOM)

ဖားကန္႔၊ ေဝွခါေမွာ္ၿပိဳက်မႈမွာပါသြားခဲ့တဲ့ ဆယ္တန္းေက်ာင္းသားေမာင္စိုးသူေအာင္ဟာ ဒီကေန႔ ျသဂုတ္လ ၉ ရက္ေန့ မွာ ထြက္႐ွိတဲ့ ၂၀၂၀ ခုႏွစ္ဆယ္တန္းေအာင္စာေမးပြဲကို ေအာင္ျမင္ခဲ့တယ္လို႔ သိရပါတယ္။

သူဟာ မႏၲေလးတိုင္းေဒသႀကီး၊ အ.ထ.က ၿမိဳ႕လွ (ရမည္းသင္း) စာစစ္ဌာနကေန ဝိဇၨာဘာသာတြဲျဖင့္ ဝင္ေရာက္ေျဖဆိုခဲ့သူျဖစ္ပါတယ္။

“ဆယ္တန္းေအာင္တယ္ ဟုတ္ပါတယ္။ ဒီမွာက ကေလးေနတဲ့ ရမည္းသင္းက ဆရာေတာ္တစ္ပါးက ေက်ာင္းထိုင္တယ္။ဒီကို လာလည္ရင္း ကူညီရင္းနဲ႔ က်င္းထဲသြားက်င္းတူးရာကေန ပါသြားတာေပါ့။ကေလးက ကံဆိုးတဲ့အထဲပါသြားခဲ့တာပါ။ “လို႔ ေဝွခါေက်းရြာ တာဝန္ခံ ဦးေက်ာ္မင္းကေျပာပါတယ္။

ေက်ာင္းသားေလးဟာ ဒီႏွစ္ တကၠသိုလ္ဝင္ဆယ္တန္းစာေမးပြဲကို ႐ို႐ိုးေအာင္ျမင္ခဲ့တာျဖစ္တယ္လို႔သိရပါတယ္။

ေမာင္စိုးသူေအာင္ဟာ ၿပီးခဲ့တဲ့ ဇူလိုင္လ ၂ ရက္ေန႔ကျဖစ္ပြားခဲ့ ဖားကန္႔ ၊ ေဝွခါေမွာ္ေျမျပိဳမႈ မွာ ေသဆုံးသြားခဲ့တာျဖစ္ၿပီး အဲ့ဒီေျမၿပိဳမႈမွာ လူေပါင္း ၁၆၀ ေက်ာ္ေသဆုံးမႈ႐ွိခဲ့ကာ ထိခိုက္ဒဏ္ရာရသူက ၇၀ ေက်ာ္ရွိခဲ့ပါတယ္။

#voiceofmyanmar #VOM #ဖားကန္႔ #ေျမၿပိဳမႈမွာေသဆံုးတဲ့ေက်ာင္းသား #စာေမးပြဲေအာင္ျမင္

Related posts

Leave a Comment

VOM News

FREE
VIEW